La Liga Premier League Transfer News

အာဆင်နယ်နဲ့သတင်းတွေကို အဖြေပေးခဲ့တဲ့ ရီးရဲလ်တိုက်စစ်ကစားသမား

ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား အဆန်စီယိုဟာ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ စပါးစ်အသင်းတို့ဆီကနေ စိတ်ဝင်စားခြင်းခံနေရချိန်မှာ ၎င်းရဲ့ အနာဂတ်အပေါ် မှတ်ချက်ပေးခဲ့ပါတယ်။

စပိန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေတဲ့ ရီးရဲလ်ကြယ်ပွင့်က ၎င်းရဲ့ ရှေ့အနာဂတ်မှာ ဘာတွေဖြစ်မလဲ မသေချာဘူးလို့ ဝန်ခံပြောကြားခဲ့ပြီး နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင် ဖြစ်နိုင်ခြေ ၃ ခုရှိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် စပိန်လက်ရွေးစင်ကစားသမားကို အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့က စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

အဆန်စီယိုဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိပြီး ပြန်လည်ကစားနိုင်ခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ရာသီတွေမှာ ပုံမှန်ခြေစွမ်းထက် လျော့ကျနေခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ၄၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဆန်စီယိုရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လာလီဂါချန်ပီယံဟာ တောင်ပံတိုက်စစ်ကစားသမားသစ် ရှာဖွေနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

အဆန်စီယိုဟာ မြောက်လန်ဒန်ကလပ်အသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပြီး အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ မကြာသေးမီကမှ စပါးစ်အသင်းဆီ ကမ်းလှမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်၊ စပါးစ်တို့နဲ့အတူ မန်ချက်စတာယူနိုက်တက်ကလည်း ရီးရဲလ်မက်ဒရစ်ကနေ စပိန်တိုက်စစ်ကစားသမားကို ခေါ်ယူဖို့ ပြိုင်ပွဲထဲ ဝင်ရောက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

“ကျွန်တော် လက်ရွေးစင်အသင်းအပေါ်မှာ အာရုံစိုက်နေပါတယ်။ ဒီ အာရုံစိုက်မှု ပြီးဆုံးသွားတဲ့အခါ ကျွန်တော်တို့ စကားပြောမှာပါ။ ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး ဘာလုပ်နိုင်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ စာချုပ်သစ် ချုပ်မလား ဒါမှမဟုတ် ရီးရဲလ်ကို စွန့်ခွာမလားဆိုရင် ဖြစ်နိုင်ခြေ ၃ ခုရှိတယ်လို့ ကျွန်တော် ထင်တယ်။ ဆက်နေပြီး ကျွန်တော့် စာချုပ်ကုန်တဲ့အထိ နေဖို့ကလည်း ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေပါတယ်”

“ကျွန်တော် လာမယ့် ကမ္ဘာ့ဖလားမှာ တစ်နေရာ ရ၊ မရဆိုတဲ့အပေါ်မှာ ကျွန်တော့်အနာဂတ်က မူတည်မနေပါဘူး။ ကောလာဟလတွေဆိုတာ ဘောလုံးရဲ့အစိတ်အပိုင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ ကစားရင် ပိုလို့တောင် များပါသေးတယ်။ မြင့်မားတဲ့အဆင့်မှာရှိတဲ့ ကစားသမားတွေက အဲဒါတွေနဲ့ အမြဲမဆုံချင်လည်း ဆုံနေရတာပါ။ နွေရာသီတိုင်းမှာ ကစားသမားတွေရဲ့ ကောလာလဟတွေ ထွက်ပေါ်တတ်ပြီး အဲဒါက ကျွန်တော်တို့ အသားကျအောင် လုပ်မယ့်အရာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္ တိုက္စစ္ကစားသမား အဆန္စီယိုဟာ အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္၊ စပါးစ္အသင္းတို႔ဆီကေန စိတ္ဝင္စားျခင္းခံေနရခ်ိန္မွာ ၎ရဲ႕ အနာဂတ္အေပၚ မွတ္ခ်က္ေပးခဲ့ပါတယ္။

စပိန္လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းေနတဲ့ ရီးရဲလ္ၾကယ္ပြင့္က ၎ရဲ႕ ေရွ႕အနာဂတ္မွာ ဘာေတြျဖစ္မလဲ မေသခ်ာဘူးလို႔ ဝန္ခံေျပာၾကားခဲ့ၿပီး ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမတိုင္ခင္ ျဖစ္ႏိုင္ေျခ ၃ ခုရွိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အသက္ ၂၆ ႏွစ္အ႐ြယ္ စပိန္လက္ေ႐ြးစင္ကစားသမားကို အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔က စိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

အဆန္စီယိုဟာ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရရွိၿပီး ျပန္လည္ကစားႏိုင္ခဲ့ၿပီးေနာက္ပိုင္း ၿပီးခဲ့တဲ့ ရာသီေတြမွာ ပုံမွန္ေျခစြမ္းထက္ ေလ်ာ့က်ေနခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ၄၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အဆန္စီယိုရဲ႕ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၃ ခုႏွစ္ ေႏြရာသီမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး လာလီဂါခ်န္ပီယံဟာ ေတာင္ပံတိုက္စစ္ကစားသမားသစ္ ရွာေဖြေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

အဆန္စီယိုဟာ ေျမာက္လန္ဒန္ကလပ္အသင္းရဲ႕ ပစ္မွတ္စာရင္းထဲမွာ ရွိေနခဲ့တာ အေတာ္ၾကာခဲ့ၿပီျဖစ္ၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ ကစားသမားဟာ မၾကာေသးမီကမွ စပါးစ္အသင္းဆီ ကမ္းလွမ္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။ အာဆင္နယ္၊ စပါးစ္တို႔နဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္ကလည္း ရီးရဲလ္မက္ဒရစ္ကေန စပိန္တိုက္စစ္ကစားသမားကို ေခၚယူဖို႔ ၿပိဳင္ပြဲထဲ ဝင္ေရာက္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

“ကြၽန္ေတာ္ လက္ေ႐ြးစင္အသင္းအေပၚမွာ အာ႐ုံစိုက္ေနပါတယ္။ ဒီ အာ႐ုံစိုက္မႈ ၿပီးဆုံးသြားတဲ့အခါ ကြၽန္ေတာ္တို႔ စကားေျပာမွာပါ။ ကြၽန္ေတာ့္အနာဂတ္နဲ႔ပတ္သက္ၿပီး ဘာလုပ္ႏိုင္မလဲဆိုတာ ကြၽန္ေတာ္တို႔ ၾကည့္ၾကတာေပါ့။ စာခ်ဳပ္သစ္ ခ်ဳပ္မလား ဒါမွမဟုတ္ ရီးရဲလ္ကို စြန႔္ခြာမလားဆိုရင္ ျဖစ္ႏိုင္ေျခ ၃ ခုရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဆက္ေနၿပီး ကြၽန္ေတာ့္ စာခ်ဳပ္ကုန္တဲ့အထိ ေနဖို႔ကလည္း ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ရွိေနပါတယ္”

“ကြၽန္ေတာ္ လာမယ့္ ကမာၻ႔ဖလားမွာ တစ္ေနရာ ရ၊ မရဆိုတဲ့အေပၚမွာ ကြၽန္ေတာ့္အနာဂတ္က မူတည္မေနပါဘူး။ ေကာလာဟလေတြဆိုတာ ေဘာလုံးရဲ႕အစိတ္အပိုင္းျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္မွာ ကစားရင္ ပိုလို႔ေတာင္ မ်ားပါေသးတယ္။ ျမင့္မားတဲ့အဆင့္မွာရွိတဲ့ ကစားသမားေတြက အဲဒါေတြနဲ႔ အၿမဲမဆုံခ်င္လည္း ဆုံေနရတာပါ။ ေႏြရာသီတိုင္းမွာ ကစားသမားေတြရဲ႕ ေကာလာလဟေတြ ထြက္ေပၚတတ္ၿပီး အဲဒါက ကြၽန္ေတာ္တို႔ အသားက်ေအာင္ လုပ္မယ့္အရာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.