Premier League

မာနေး မရှိရင် လာမယ့်ရာသီ မန်စီးတီးအောက် ပြားပြားဝပ်နေရမယ်လို့ သတိပေးခဲ့တဲ့ ဂန္တဝင်ကစားသမား

လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယို မာနေးရဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့မယ့်သတင်းတွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက အခိုင်အမာထွက်ပေါ်နေပေမယ့် လီဗာပူးလ်ဂန္တဝင်ကတော့ ဆီနီဂေါကြယ်ပွင့်အနေနဲ့ အန်းဖီးမှာ ဆက်နေမယ်လို့ မျှော်လင့်နေသေးတာဖြစ်ပါတယ်။

အီယန် ရက်ရှ်က မန်စီးတီးကို အမီလိုက်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ မာနေးလိုမျိုး အရည်အသွေးရှိပြီး အရေးပါတဲ့ ကစားသမားကို ဆုံးရှုံးခံလို့ မရနိုင်ဘူးလို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ရာသီမှာ မကြုံစဖူး ဖလား ၄ လုံး ရရှိနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရာသီကုန်ဖို့ တစ်ပတ်လိုတဲ့အထိ ရှိနေခဲ့ပေမယ့်လည်း မန်စီးတီးက ရာသီနောက်ဆုံးပိတ်ပွဲစဉ်မှာ ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

ပက် ဂွါဒီယိုလာရဲ့အသင်းဟာ အာလင်း ဟာလန်း၊ ယူလီယန် အဲဗားရက်ဇ်တို့လို ကစားသမားတွေကို ခေါ်ယူပြီး နောက်ထပ် အင်အားဖြည့်တင်းမှုတွေ လုပ်နေတာကြောင့် လီဗာပူးလ်အနေနဲ့ ၎င်းတို့ရဲ့ အရေးအကြီးဆုံးကစားသမားတွေထဲက တစ်ဦးကို ရောင်းထုတ်ရမယ့် အချိန်မဟုတ်ဘူးလို့ အီယန် ရက်ရှ်က ယုံကြည်နေတာဖြစ်ပါတယ်။

“လီဗာပူးလ်အခုအချိန်မှာ လုပ်ဖို့ လိုအပ်တဲ့ မှန်ကန်တဲ့အရာက သူတို့ရဲ့ လူစာရင်းကို အင်အားဖြည့်တင်းတာပဲ။ မာနေးကို ထွက်ခွင့်ပေးတာက အဲဒီလို အင်အားဖြည့်တင်းရာကျမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ လာမယ့်နှစ်မှာ မန်ချက်စတာစီးတီး ဘယ်လောက်တောင် အားကောင်းလာမလဲဆိုတာကို တွေးပြီး ကိုယ့်ဘာသာ ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ကြောက်စရာကောင်းတဲ့ပုံစံတောင် ပေါက်နေပြီမို့လို့ပါ”

“သူတို့တွေက ပိုပြီး အားကောင်းလာမှာဖြစ်တဲ့အတွက် ကျွန်တော်တို့လည်း ပိုအားကောင်းလာအောင် လုပ်ရမှာပါ။ အဲဒါက ကြီးမားတဲ့စိုးရိမ်စရာပါ။ ဘာလို့လဲဆိုတော့ မာနေးကို ဘယ်သူကမှ မထွက်ခွာစေချင်လို့ပါ။ အထူးသဖြင့် ဒီနှစ် သူ ပြသခဲ့တဲ့ ခြေစွမ်းကြောင့်ပါ”

“မာနေး၊ ဆာလား၊ ဖာမီနိုတို့ ၃ ဦးစလုံး ဆက်နေမယ်လို့ ကျွန်တော် မျှော်လင့်နေဆဲပါ။ ယာဂန် ကလော့ပ်လည်း အဲဒီအတိုင်း ခံစားရမယ်လို့ ကျွန်တော် သေချာသိပါတယ်။ အဲဒီတော့ အားလုံးပြေလည်သွားဖို့ပဲ မျှော်လင့်ကြတာပေါ့။ သူတို့တွေထဲက တစ်ယောက်ယောက်ထွက်ခွာခဲ့ရင် အဲဒါက ကြီးမားတဲ့ စိတ်ပျက်စရာဖြစ်ပါလိမ့်မယ။် ဒါပေမယ့် ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့ အနာဂတ်ကို မျှော်ကြည့်ထားရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး ဆာဒီယို မာေနးရဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းကို ေျပာင္းေ႐ႊ႕မယ့္သတင္းေတြဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ကတည္းက အခိုင္အမာထြက္ေပၚေနေပမယ့္ လီဗာပူးလ္ဂႏၲဝင္ကေတာ့ ဆီနီေဂါၾကယ္ပြင့္အေနနဲ႔ အန္းဖီးမွာ ဆက္ေနမယ္လို႔ ေမွ်ာ္လင့္ေနေသးတာျဖစ္ပါတယ္။

အီယန္ ရက္ရွ္က မန္စီးတီးကို အမီလိုက္ဖို႔ ႀကိဳးပမ္းေနတဲ့အခ်ိန္မွာ မာေနးလိုမ်ိဳး အရည္အေသြးရွိၿပီး အေရးပါတဲ့ ကစားသမားကို ဆုံးရႈံးခံလို႔ မရႏိုင္ဘူးလို႔ သတိေပးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ မႀကဳံစဖူး ဖလား ၄ လုံး ရရွိႏိုင္တဲ့ လမ္းေၾကာင္းေပၚမွာ ရာသီကုန္ဖို႔ တစ္ပတ္လိုတဲ့အထိ ရွိေနခဲ့ေပမယ့္လည္း မန္စီးတီးက ရာသီေနာက္ဆုံးပိတ္ပြဲစဥ္မွာ ၁ မွတ္အသာနဲ႔ ပရီးမီးယားလိဂ္ဖလားကို ရရွိသြားခဲ့တာျဖစ္ပါတယ္။

ပက္ ဂြါဒီယိုလာရဲ႕အသင္းဟာ အာလင္း ဟာလန္း၊ ယူလီယန္ အဲဗားရက္ဇ္တို႔လို ကစားသမားေတြကို ေခၚယူၿပီး ေနာက္ထပ္ အင္အားျဖည့္တင္းမႈေတြ လုပ္ေနတာေၾကာင့္ လီဗာပူးလ္အေနနဲ႔ ၎တို႔ရဲ႕ အေရးအႀကီးဆုံးကစားသမားေတြထဲက တစ္ဦးကို ေရာင္းထုတ္ရမယ့္ အခ်ိန္မဟုတ္ဘူးလို႔ အီယန္ ရက္ရွ္က ယုံၾကည္ေနတာျဖစ္ပါတယ္။

“လီဗာပူးလ္အခုအခ်ိန္မွာ လုပ္ဖို႔ လိုအပ္တဲ့ မွန္ကန္တဲ့အရာက သူတို႔ရဲ႕ လူစာရင္းကို အင္အားျဖည့္တင္းတာပဲ။ မာေနးကို ထြက္ခြင့္ေပးတာက အဲဒီလို အင္အားျဖည့္တင္းရာက်မွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ လာမယ့္ႏွစ္မွာ မန္ခ်က္စတာစီးတီး ဘယ္ေလာက္ေတာင္ အားေကာင္းလာမလဲဆိုတာကို ေတြးၿပီး ကိုယ့္ဘာသာ ျပင္ဆင္မႈေတြ လုပ္ဖို႔ လိုအပ္တယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက ေၾကာက္စရာေကာင္းတဲ့ပုံစံေတာင္ ေပါက္ေနၿပီမို႔လို႔ပါ”

“သူတို႔ေတြက ပိုၿပီး အားေကာင္းလာမွာျဖစ္တဲ့အတြက္ ကြၽန္ေတာ္တို႔လည္း ပိုအားေကာင္းလာေအာင္ လုပ္ရမွာပါ။ အဲဒါက ႀကီးမားတဲ့စိုးရိမ္စရာပါ။ ဘာလို႔လဲဆိုေတာ့ မာေနးကို ဘယ္သူကမွ မထြက္ခြာေစခ်င္လို႔ပါ။ အထူးသျဖင့္ ဒီႏွစ္ သူ ျပသခဲ့တဲ့ ေျခစြမ္းေၾကာင့္ပါ”

“မာေနး၊ ဆာလား၊ ဖာမီႏိုတို႔ ၃ ဦးစလုံး ဆက္ေနမယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ေနဆဲပါ။ ယာဂန္ ကေလာ့ပ္လည္း အဲဒီအတိုင္း ခံစားရမယ္လို႔ ကြၽန္ေတာ္ ေသခ်ာသိပါတယ္။ အဲဒီေတာ့ အားလုံးေျပလည္သြားဖို႔ပဲ ေမွ်ာ္လင့္ၾကတာေပါ့။ သူတို႔ေတြထဲက တစ္ေယာက္ေယာက္ထြက္ခြာခဲ့ရင္ အဲဒါက ႀကီးမားတဲ့ စိတ္ပ်က္စရာျဖစ္ပါလိမ့္မယ။္ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ေနပါေစ ကြၽန္ေတာ္တို႔ အနာဂတ္ကို ေမွ်ာ္ၾကည့္ထားရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.