International Match Report

ဟန်ဂေရီကို အနိုင်ယူပြီး ပြိုင်ပွဲကြီးတွေမှာ နိုင်ပွဲပျောက်မှုက ရုန်းထွက်နိုင်ခဲ့တဲ့ အီတလီ

အီတလီအသင်းအနေနဲ့ ဒီနေ့ပွဲကို အိမ်ကွင်းမှာ ကစားခဲ့ရတာဖြစ်ပြီး ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ စပင်နက်ဇိုလာ၊ ကာလာဘရီယာ၊ မန်ချီနီနဲ့ ဘက်စတိုနီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘာရဲလား၊ ခရစ္စတန်တေ၊ ပယ်လီဂရီနီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပိုလီတာနို၊ ရက်စ်ပါဒိုရီနဲ့ အိုင်ဗရီကို့စ်နွယ်ဖွားလူငယ် ဂနွန်တိုတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဟန်ဂေရီတို့ကတော့ ဂိုးသမား ဒီဘတ်ဇ်၊ ခံစစ်မှာ အော်ဘန်၊ အက်တိလာ ဆာလိုင်း၊ အဒမ်လန်းတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ နီဂို၊ အဒမ် နာဂီ၊ ဇို့လ်စ် နာဂီနဲ့ ရှေဖာတို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ အဒမ် ဆာလိုင်း၊ ဆိုဘော့ဆ်လိုင်းနဲ့ ဆယ်လိုင်းတို့ကို ပွဲထွက်စေခဲ့တာပါ။

အီတလီတို့ ဖိကစားနေခဲ့ပေမယ့် နာမည်တောင် သိပ်မရင်းနှီးကြတဲ့ တိုက်စစ်ကစားသမား သုံးယောက်နဲ့က ဂိုးပေါက်တည့်ဖို့ ခက်ခဲနေခဲ့သလို အခွင့်အရေးတွေ အသုံးချမှုပိုင်းမှာ တိကျမှု အားနည်းနေခဲ့တာကြောင့် အိမ်ကွင်းမှာဖြစ်ပေမယ့် ဂိုးရဖို့ ရုန်းကန်နေခဲ့ရပြီး ဟန်ဂေရီရဲ့ ကောင်တာတွေကနေ ထိုးဖောက်မှုတွေကိုတော့ ဒွန်နာရမ်မာ အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ အီတလီတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်နောက်ခံလူ စပင်နက်ဇိုလာက လိုက်လံရယူပြီး အတွင်းကို ပြန်ချိုးပေးရာမှာ ကွင်းလယ်လူ ဘာရဲလားက ဧရိယာထိပ်ကနေ လှမ်းကန်သွင်းခဲ့ရာမှာ ဟန်ဂေရီခံစစ်ရဲ့ နေရာယူပုံကြောင့် ဂိုးသမားမြင်ကွင်း ပိတ်နေခဲ့လို့ မကာကွယ်နိုင်ခဲ့ဘဲ အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ အီတလီတို့ ဒုတိယဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပြီး ညာခြမ်းကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဖောက်ထွက်သွားခဲ့တဲ့ ပိုလီတာနိုက ချိုးပေးတာကို တိုက်စစ်က ဂနွန်တိုနဲ့ ရက်စ်ပါဒိုရီတို့ အဖြစ်မရှိဘဲ လွဲချော်သွားခဲ့ပေမယ့် သူတို့နောက်ကနေ ပြေးဝင်လာခဲ့တဲ့ ကွင်းလယ်လူ ပယ်လီဂရီနီက ပိတ်သွင်းပြီး ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းမှာကတည်းက အလုပ်မဖြစ်တဲ့ အီတလီတိုက်စစ်က ဒုတိယပိုင်းမှာလည်း ပလာတာပိုများလာတာပဲ ထူးခဲ့ပြီး ပိုပြီးတောင် ထိရောက်မှု နည်းလာခဲ့သလို ဟန်ဂေရီတို့ကတောင် ပြန်ဖိကစားနိုင်ခဲ့ကြပြီး ဒွန်နာရမ်မာကို အလုပ်များစေခဲ့တာကြောင့် အိမ်ရှင်တွေ ကောင်တာပြန်ချောင်းခဲ့ရသလို ပွဲချိန် ၅၄ မိနစ်မှာတော့ ပိုလီတာနိုရဲ့ ကန်ချက်က ဘားထိထွက်ခဲ့လို့ တတိယဂိုးနဲ့ လွဲချော်ခဲ့ရတာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဧည့်သည် ဟန်ဂေရီတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ လူစားဝင်ကစားသမား ဖီယိုလာရဲ့ အနိမ့်ဘော ဖြတ်တင်ပေးမှုကို အီတလီနောက်ခံလူ မန်ချီနီက ရှင်းထုတ်ခဲ့ရာမှာ ထိချက်မမှန်ဘဲ ဂိုးထဲ ဝင်သွားခဲ့လို့ ဒွန်နာရမ်မာ ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ စိတ်ဓာတ်တက်လာပြီး ဖိကစားခဲ့တဲ့ ဟန်ဂေရီဘက်က အခွင့်အရေး နှစ်ကြိမ်သုံးကြိမ်လောက်ကို ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်သွားခဲ့ရပြီး အီတလီတို့ ခံစစ်ကို ပိုမိုအားပြုသွားခဲ့ရသလို လက်ကျန်ပွဲချိန်တွေမှာတော့ နှစ်ဖက်စလုံး ဂိုးထပ်ရဖို့လည်း မစွမ်းသာတော့တာကြောင့် ပွဲချိန်အပြည့်မှာ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ ပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် အီတလီတို့အနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြောက်မက်ဆီဒိုးနီးယားကို အိမ်ကွင်းမှာ ရှုံးနိမ့်ပြီးကတည်းက တရားဝင် ပွဲကြီးတွေမှာ အနိုင်မရသေးတဲ့ ၅ ပွဲဆက် နိုင်ပွဲပျောက်မှုကနေ ရုန်းထွက်လာနိုင်ခဲ့သလို နေးရှင်းလိဂ်(A)ရဲ့ အုပ်စု(၃)ကို ပထမနေရာက ဦးဆောင်နိုင်ခဲ့ကြောင်းလည်း ဖော်ပြုလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီတလီအသင္းအေနနဲ႔ ဒီေန႔ပြဲကို အိမ္ကြင္းမွာ ကစားခဲ့ရတာျဖစ္ၿပီး ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ စပင္နက္ဇိုလာ၊ ကာလာဘရီယာ၊ မန္ခ်ီနီနဲ႔ ဘက္စတိုနီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘာရဲလား၊ ခရစၥတန္ေတ၊ ပယ္လီဂရီနီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပိုလီတာႏို၊ ရက္စ္ပါဒိုရီနဲ႔ အိုင္ဗရီကို႔စ္ႏြယ္ဖြားလူငယ္ ဂႏြန္တိုတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ဟန္ေဂရီတို႔ကေတာ့ ဂိုးသမား ဒီဘတ္ဇ္၊ ခံစစ္မွာ ေအာ္ဘန္၊ အက္တိလာ ဆာလိုင္း၊ အဒမ္လန္းတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ နီဂို၊ အဒမ္ နာဂီ၊ ဇို႔လ္စ္ နာဂီနဲ႔ ေရွဖာတို႔ကို အသုံးျပဳခဲ့ၿပီး တိုက္စစ္မွာေတာ့ အဒမ္ ဆာလိုင္း၊ ဆိုေဘာ့ဆ္လိုင္းနဲ႔ ဆယ္လိုင္းတို႔ကို ပြဲထြက္ေစခဲ့တာပါ။

အီတလီတို႔ ဖိကစားေနခဲ့ေပမယ့္ နာမည္ေတာင္ သိပ္မရင္းႏွီးၾကတဲ့ တိုက္စစ္ကစားသမား သုံးေယာက္နဲ႔က ဂိုးေပါက္တည့္ဖို႔ ခက္ခဲေနခဲ့သလို အခြင့္အေရးေတြ အသုံးခ်မႈပိုင္းမွာ တိက်မႈ အားနည္းေနခဲ့တာေၾကာင့္ အိမ္ကြင္းမွာျဖစ္ေပမယ့္ ဂိုးရဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ဟန္ေဂရီရဲ႕ ေကာင္တာေတြကေန ထိုးေဖာက္မႈေတြကိုေတာ့ ဒြန္နာရမ္မာ အမွားအယြင္းမရွိ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ အီတလီတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန တင္ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ စပင္နက္ဇိုလာက လိုက္လံရယူၿပီး အတြင္းကို ျပန္ခ်ိဳးေပးရာမွာ ကြင္းလယ္လူ ဘာရဲလားက ဧရိယာထိပ္ကေန လွမ္းကန္သြင္းခဲ့ရာမွာ ဟန္ေဂရီခံစစ္ရဲ႕ ေနရာယူပုံေၾကာင့္ ဂိုးသမားျမင္ကြင္း ပိတ္ေနခဲ့လို႔ မကာကြယ္ႏိုင္ခဲ့ဘဲ အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ အီတလီတို႔ ဒုတိယဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ၿပီး ညာျခမ္းကေန တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ေဖာက္ထြက္သြားခဲ့တဲ့ ပိုလီတာႏိုက ခ်ိဳးေပးတာကို တိုက္စစ္က ဂႏြန္တိုနဲ႔ ရက္စ္ပါဒိုရီတို႔ အျဖစ္မရွိဘဲ လြဲေခ်ာ္သြားခဲ့ေပမယ့္ သူတို႔ေနာက္ကေန ေျပးဝင္လာခဲ့တဲ့ ကြင္းလယ္လူ ပယ္လီဂရီနီက ပိတ္သြင္းၿပီး ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာကတည္းက အလုပ္မျဖစ္တဲ့ အီတလီတိုက္စစ္က ဒုတိယပိုင္းမွာလည္း ပလာတာပိုမ်ားလာတာပဲ ထူးခဲ့ၿပီး ပိုၿပီးေတာင္ ထိေရာက္မႈ နည္းလာခဲ့သလို ဟန္ေဂရီတို႔ကေတာင္ ျပန္ဖိကစားႏိုင္ခဲ့ၾကၿပီး ဒြန္နာရမ္မာကို အလုပ္မ်ားေစခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ေကာင္တာျပန္ေခ်ာင္းခဲ့ရသလို ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ ပိုလီတာႏိုရဲ႕ ကန္ခ်က္က ဘားထိထြက္ခဲ့လို႔ တတိယဂိုးနဲ႔ လြဲေခ်ာ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ဧည့္သည္ ဟန္ေဂရီတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန လူစားဝင္ကစားသမား ဖီယိုလာရဲ႕ အနိမ့္ေဘာ ျဖတ္တင္ေပးမႈကို အီတလီေနာက္ခံလူ မန္ခ်ီနီက ရွင္းထုတ္ခဲ့ရာမွာ ထိခ်က္မမွန္ဘဲ ဂိုးထဲ ဝင္သြားခဲ့လို႔ ဒြန္နာရမ္မာ ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ စိတ္ဓာတ္တက္လာၿပီး ဖိကစားခဲ့တဲ့ ဟန္ေဂရီဘက္က အခြင့္အေရး ႏွစ္ႀကိမ္သုံးႀကိမ္ေလာက္ကို ဂိုးသမား ဒြန္နာရမ္မာ ကာကြယ္သြားခဲ့ရၿပီး အီတလီတို႔ ခံစစ္ကို ပိုမိုအားျပဳသြားခဲ့ရသလို လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ႏွစ္ဖက္စလုံး ဂိုးထပ္ရဖို႔လည္း မစြမ္းသာေတာ့တာေၾကာင့္ ပြဲခ်ိန္အျပည့္မွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ပဲ ၿပီးဆုံးခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ အီတလီတို႔အေနနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ေျမာက္မက္ဆီဒိုးနီးယားကို အိမ္ကြင္းမွာ ရႈံးနိမ့္ၿပီးကတည္းက တရားဝင္ ပြဲႀကီးေတြမွာ အႏိုင္မရေသးတဲ့ ၅ ပြဲဆက္ ႏိုင္ပြဲေပ်ာက္မႈကေန ႐ုန္းထြက္လာႏိုင္ခဲ့သလို ေနးရွင္းလိဂ္(A)ရဲ႕ အုပ္စု(၃)ကို ပထမေနရာက ဦးေဆာင္ႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပဳလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.