International Match Report

၆၄ နှစ်ကြာ အိပ်မက်အတွက် ယူကရိန်းကို ချန်ထားပြီး ကမ္ဘာ့ဖလားကစားခွင့်ရတဲ့ ဝေးလ်စ်

ဝေးလ်စ်အသင်းအနေနဲ့ ဒီနေ့မှာ ကာဒစ်ဖ်အိမ်ကွင်းမှာ လက်ခံကစားခွင့်ရခဲ့ပြီး ဂိုးသမား ဟင်နက်ဆီ၊ ခံစစ်မှာ အမ်ပါဒူ၊ ရိုဒန်နဲ့ ဘင်ဒေးဗီးစ်တို့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ရောဘတ်စ်၊ ဂျိုးအယ်လင်၊ ရမ်ဆေးနဲ့ နီကို ဝီလီယမ်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂါရက် ဘေးလ်၊ ဒန်ဂျိမ်းစ်နဲ့ ကီဖာမိုးရ်တို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ယူကရိန်းအသင်းတော့ စကော့တလန်နဲ့ပွဲက လူစာရင်းကို တစ်ယောက်မှ မပြောင်းဘဲ ပွဲထွက်လာခဲ့ပြီး ဂိုးသမား ဘွတ်ရှ်ချန်၊ ခံစစ်မှာ ဇာဘာညီ၊ မစ်ကိုလန်ကို၊ မက်ဗီယင်ကိုနဲ့ ကာရာဗာယက်ဗ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ စတီပါနင်ကို၊ မာလီနော့ဗ်စကီးနဲ့ ဇင်ချန်ကိုတို့ ကစားခဲ့ကြချိန်မှာ တိုက်စစ်မှာတော့ ယာမိုလန်ကို၊ ဆီဂန်ကော့ဗ်နဲ့ ယာရမ်ချုခ်တို့နဲ့ ခင်းကျင်းလာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာ ဂျိုးအယ်လင်ကြောင့် ပေးရတဲ့ ဖရီးကစ်ကနေ ယူကရိန်းတို့ အမြန်ပြီး ဂိုးသွင်းယူခဲ့ကြပေမယ့် စပိန်ဒိုင်လူကြီး မာတီယူကတော့ စိတ်တောင်မဝင်စားဘဲ ကန်သွင်းမယ့်နေရာကို မှုတ်ဆေးနဲ့ သတ်မှတ်ပေးနေပြီး တရားမဝင်ကြောင်း ပြသသွားခဲ့တာကြောင့် ဝေးလ်စ်တို့ မနစ်နာခဲ့ရဘဲ ကံကောင်းခဲ့ပါတယ်။

သူတို့ရဲ့ ကမ္ဘာ့ဖလားအိပ်မက်အတွက် သက်ညှာမှာ မဟုတ်ကြောင်း ပွဲကြိုမှာ ကြုံးဝါးထားခဲ့တဲ့ ဝေးလ်စ်တို့ကတော့ အိမ်ကွင်းမှာ အောက်ကနေပဲ ခံစစ်ကစားသွားခဲ့တာကတော့ နည်းနည်တော့ ဟာသဆန်သလိုဖြစ်ခဲ့ရပြီး ယူကရိန်းရဲ့ အဝေးကန်ချက်တွေကိုတော့ ဘန်လေအရန်ဂိုးသမား ဟင်နက်ဆီက အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့တာပါ။

ယူကရိန်းတို့ ဆက်တိုက်ဖိကစားနေခဲ့တာကြောင့် ဝေးလ်စ်နောက်တန်းနဲ့ ဂိုးသမားတို့ တော်တော်လေး အလုပ်များနေခဲ့ပေမယ့် တစ်ချိန်တည်းမှာ နားလည်မှု အားနည်းနေသလို လွတ်ထွက်သွားတဲ့ ဘောလုံးတွေကို အပိုင်အခွင့်အရေး ရနိုင်တဲ့သူဆီ ဖန်တီးပေးရမယ့်အစား တစ်ကိုယ်ကောင်း အသုံးချဖို့ ကြိုးစားနေတဲ့ ယူကရိန်းရဲ့ ပုံစံကလည်း စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ အဖွင့်ဂိုး ရရှိသွားခဲ့သူတွေကတော့ ပက်ပက်စက်စက် ဖိကစားနေတဲ့ ယူကရိန်းတို့ မဟုတ်ခဲ့ဘဲ ဝေးလ်စ်တို့ပဲဖြစ်ခဲ့ပြီး ဘယ်ခြမ်းက ဘေးလ်ရဲ့ ဖရီးကစ်ကန်ချက်ကို ခေါင်းတိုက်ရှင်းထုတ်တဲ့ ယာမိုလန်ကိုရဲ့ အားထုတ်မှုက ကိုယ့်ဂိုးထဲကို ဝင်သွားခဲ့တာကြောင့် ဂိုးသမား ဘွတ်ရှ်ချန် ဟန်ချက်ပျက်ပြီး မကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့တာပါ။

ဂိုးပေးလိုက်ရအပြီးမှာ ချိတ်ဆက်ထိုးဖောက်ဖို့ထက် ဧရိယာအပြင်ကနေပဲ ကန်သွင်းဖို့ လုပ်နေတဲ့ ယူကရိန်းတို့ကြောင့် ဝေးလ်စ်ခံစစ်ကနေ Low Block နဲ့ ပိတ်ကစားသွားနိုင်ခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ အပိုင်အခွင့်အရေးကို ရမ်ဆေး ဘေးကန်ပစ်ခဲ့တာကြောင့် ဂိုးပြတ်နိုင်မယ့် အရေးကနေ လွဲချော်ခဲ့ရပါတယ်။

ဝေးလ်စ်ဂိုးသမား ဟင်နက်ဆီကတော့ လက်စွမ်းထက် ကံကောင်းမှုက ပိုခဲ့ပြီး သူ့ရဲ့ လေးလေးပင်ပင် ပုံစံနဲ့ လှဲချလိုက်တိုင်း ယူကရိန်းတို့ရဲ့ ကန်ချက်တွေနဲ့ တိုက်ဆိုင်နေခဲ့သလို ဧည့်သည်အသင်းရဲ့ အဆုံးသတ်ပုံတွေကလည်း မာမာထန်ထန် ကန်ချက်မျိုးတွေ မလုပ်နိုင်ခဲ့တာက သူတို့အတွက် ပြန်လာနိုင်ဖို့ ခက်ခဲစေခဲ့တာပါ။

ယူကရိန်းတို့ဘက်က အထောင်တိုက်စစ်မှူး ယာရမ်ချုခ် အလုပ်မဖြစ်တာကြောင့် ကွင်းလယ်က လှမ်းကန်နေရတဲ့ ပုံစံကတော့ ဘယ်လိုမှ ဂိုးရဖို့ မျှော်လင့်ချက် မရှိခဲ့သလို ပွဲချိန် မိနစ် ၇၀ ကျော်လာချိန်တွေမှာ ဂျွန်ဆန်နဲ့ ဘေးလ်တို့ရဲ့ ကန်ချက်တွေကို ဂိုးသမား ဘွတ်ရှ်ချန်ကတောင် အသည်းအသန် ကာကွယ်ခဲ့ရပြီး လူစားလဲမှုတွေကလည်း အလဟဿပဲဖြစ်ခဲ့ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ဒေါ့ဗ်ဘစ်ခ်ရဲ့ အနီးကပ်ခေါင်းတိုက်ချက်ကိုတော့ ဂိုးသမား ဟင်နက်ဆီ လက်စွမ်းပြကာကွယ်သွားခဲ့ပြီး ဒါက ဒီပွဲအတွက် နတ်ဘုရားတွေ ပြသလိုက်တဲ့ ကံကြမ္မာနိမိတ်လည်းဖြစ်ခဲ့သလို ဒီလို အကောင်းဆုံး အခွင့်အရေးမျိုးကိုမှ ဂိုးမဝင်ခဲ့တာကတော့ ယူကရိန်း အသင်းအတွက် ဂိုးရဖို့ မဖြစ်နိုင်စေတော့ဘဲ အဝေးကန်ချက်တွေကတော့ ဂိုးသမား ထရိန်နင်ဆင်းခိုင်းသလိုပဲဖြစ်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဂိုးကန်ခွင့် ၂၂ ကြိမ်မှာ ၉ ကြိမ် ဂိုးပေါက်တည့်ခဲ့တဲ့ ယူကရိန်းတို့ကို ၁၀ ကြိမ်ကန်ပြီး ၃ ကြိမ် ဂိုးပေါက်တည့်ခဲ့ပေမယ့် တစ်ဂိုးရသွားခဲ့တဲ့ ဝေးလ်စ်တို့က အလဲထိုးနိုင်ခဲ့ပြီး ကောင်းရှုံးကြီးဖြစ်ခဲ့တဲ့ ဧည့်သည်တွေအတွက်တော့ ဗြိတိန်မြေမှာ စကော့တလန်ကို ကျော်ဖြတ်နိုင်ရုံလောက်နဲ့ ရပ်တန့်ခဲ့ရတာလည်းဖြစ်ပါတယ်။

နိုင်ငံရဲ့ ပုံရိပ်အတွက် ရုန်းခဲ့ကြတဲ့ ယူကရိန်းတို့ကတော့ တိုက်စစ်မှာ ဂိုးသွင်းဖို့ ပုံမဖော်နိုင်မှုတွေကြောင့် ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းနဲ့ ဖိကစားပြီးမှ အထိနာခဲ့ရချိန်မှာ ဝေးလ်စ်တို့ကတော့ ၁၉၅၈ ကမ္ဘာ့ဖလားနောက်ပိုင်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် ကစားခွင့်ရတော့မှာဖြစ်ပြီး ဥရောပဇုန်ရဲ့ ခြေစစ်ပွဲအောင်ခဲ့တဲ့ ၁၃ သင်းမြောက်အဖြစ် အင်္ဂလန်၊ အမေရိကန်၊ အီရန်တို့နဲ့ အုပ်စု(B)မှာ ကစားရတော့မှာ ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဝးလ္စ္အသင္းအေနနဲ႔ ဒီေန႔မွာ ကာဒစ္ဖ္အိမ္ကြင္းမွာ လက္ခံကစားခြင့္ရခဲ့ၿပီး ဂိုးသမား ဟင္နက္ဆီ၊ ခံစစ္မွာ အမ္ပါဒူ၊ ႐ိုဒန္နဲ႔ ဘင္ေဒးဗီးစ္တို႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ေရာဘတ္စ္၊ ဂ်ိဳးအယ္လင္၊ ရမ္ေဆးနဲ႔ နီကို ဝီလီယမ္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂါရက္ ေဘးလ္၊ ဒန္ဂ်ိမ္းစ္နဲ႔ ကီဖာမိုးရ္တို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

ယူကရိန္းအသင္းေတာ့ စေကာ့တလန္နဲ႔ပြဲက လူစာရင္းကို တစ္ေယာက္မွ မေျပာင္းဘဲ ပြဲထြက္လာခဲ့ၿပီး ဂိုးသမား ဘြတ္ရွ္ခ်န္၊ ခံစစ္မွာ ဇာဘာညီ၊ မစ္ကိုလန္ကို၊ မက္ဗီယင္ကိုနဲ႔ ကာရာဗာယက္ဗ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ စတီပါနင္ကို၊ မာလီေနာ့ဗ္စကီးနဲ႔ ဇင္ခ်န္ကိုတို႔ ကစားခဲ့ၾကခ်ိန္မွာ တိုက္စစ္မွာေတာ့ ယာမိုလန္ကို၊ ဆီဂန္ေကာ့ဗ္နဲ႔ ယာရမ္ခ်ဳခ္တို႔နဲ႔ ခင္းက်င္းလာခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာ ဂ်ိဳးအယ္လင္ေၾကာင့္ ေပးရတဲ့ ဖရီးကစ္ကေန ယူကရိန္းတို႔ အျမန္ၿပီး ဂိုးသြင္းယူခဲ့ၾကေပမယ့္ စပိန္ဒိုင္လူႀကီး မာတီယူကေတာ့ စိတ္ေတာင္မဝင္စားဘဲ ကန္သြင္းမယ့္ေနရာကို မႈတ္ေဆးနဲ႔ သတ္မွတ္ေပးေနၿပီး တရားမဝင္ေၾကာင္း ျပသသြားခဲ့တာေၾကာင့္ ေဝးလ္စ္တို႔ မနစ္နာခဲ့ရဘဲ ကံေကာင္းခဲ့ပါတယ္။

သူတို႔ရဲ႕ ကမာၻ႔ဖလားအိပ္မက္အတြက္ သက္ညႇာမွာ မဟုတ္ေၾကာင္း ပြဲႀကိဳမွာ ႀကဳံးဝါးထားခဲ့တဲ့ ေဝးလ္စ္တို႔ကေတာ့ အိမ္ကြင္းမွာ ေအာက္ကေနပဲ ခံစစ္ကစားသြားခဲ့တာကေတာ့ နည္းနည္ေတာ့ ဟာသဆန္သလိုျဖစ္ခဲ့ရၿပီး ယူကရိန္းရဲ႕ အေဝးကန္ခ်က္ေတြကိုေတာ့ ဘန္ေလအရန္ဂိုးသမား ဟင္နက္ဆီက အမွားအယြင္းမရွိ ကာကြယ္သြားႏိုင္ခဲ့တာပါ။

ယူကရိန္းတို႔ ဆက္တိုက္ဖိကစားေနခဲ့တာေၾကာင့္ ေဝးလ္စ္ေနာက္တန္းနဲ႔ ဂိုးသမားတို႔ ေတာ္ေတာ္ေလး အလုပ္မ်ားေနခဲ့ေပမယ့္ တစ္ခ်ိန္တည္းမွာ နားလည္မႈ အားနည္းေနသလို လြတ္ထြက္သြားတဲ့ ေဘာလုံးေတြကို အပိုင္အခြင့္အေရး ရႏိုင္တဲ့သူဆီ ဖန္တီးေပးရမယ့္အစား တစ္ကိုယ္ေကာင္း အသုံးခ်ဖို႔ ႀကိဳးစားေနတဲ့ ယူကရိန္းရဲ႕ ပုံစံကလည္း စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ အဖြင့္ဂိုး ရရွိသြားခဲ့သူေတြကေတာ့ ပက္ပက္စက္စက္ ဖိကစားေနတဲ့ ယူကရိန္းတို႔ မဟုတ္ခဲ့ဘဲ ေဝးလ္စ္တို႔ပဲျဖစ္ခဲ့ၿပီး ဘယ္ျခမ္းက ေဘးလ္ရဲ႕ ဖရီးကစ္ကန္ခ်က္ကို ေခါင္းတိုက္ရွင္းထုတ္တဲ့ ယာမိုလန္ကိုရဲ႕ အားထုတ္မႈက ကိုယ့္ဂိုးထဲကို ဝင္သြားခဲ့တာေၾကာင့္ ဂိုးသမား ဘြတ္ရွ္ခ်န္ ဟန္ခ်က္ပ်က္ၿပီး မကာကြယ္ႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့တာပါ။

ဂိုးေပးလိုက္ရအၿပီးမွာ ခ်ိတ္ဆက္ထိုးေဖာက္ဖို႔ထက္ ဧရိယာအျပင္ကေနပဲ ကန္သြင္းဖို႔ လုပ္ေနတဲ့ ယူကရိန္းတို႔ေၾကာင့္ ေဝးလ္စ္ခံစစ္ကေန Low Block နဲ႔ ပိတ္ကစားသြားႏိုင္ခဲ့ၿပီး ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့သလို ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ အပိုင္အခြင့္အေရးကို ရမ္ေဆး ေဘးကန္ပစ္ခဲ့တာေၾကာင့္ ဂိုးျပတ္ႏိုင္မယ့္ အေရးကေန လြဲေခ်ာ္ခဲ့ရပါတယ္။

ေဝးလ္စ္ဂိုးသမား ဟင္နက္ဆီကေတာ့ လက္စြမ္းထက္ ကံေကာင္းမႈက ပိုခဲ့ၿပီး သူ႔ရဲ႕ ေလးေလးပင္ပင္ ပုံစံနဲ႔ လွဲခ်လိုက္တိုင္း ယူကရိန္းတို႔ရဲ႕ ကန္ခ်က္ေတြနဲ႔ တိုက္ဆိုင္ေနခဲ့သလို ဧည့္သည္အသင္းရဲ႕ အဆုံးသတ္ပုံေတြကလည္း မာမာထန္ထန္ ကန္ခ်က္မ်ိဳးေတြ မလုပ္ႏိုင္ခဲ့တာက သူတို႔အတြက္ ျပန္လာႏိုင္ဖို႔ ခက္ခဲေစခဲ့တာပါ။

ယူကရိန္းတို႔ဘက္က အေထာင္တိုက္စစ္မႉး ယာရမ္ခ်ဳခ္ အလုပ္မျဖစ္တာေၾကာင့္ ကြင္းလယ္က လွမ္းကန္ေနရတဲ့ ပုံစံကေတာ့ ဘယ္လိုမွ ဂိုးရဖို႔ ေမွ်ာ္လင့္ခ်က္ မရွိခဲ့သလို ပြဲခ်ိန္ မိနစ္ ၇၀ ေက်ာ္လာခ်ိန္ေတြမွာ ဂြၽန္ဆန္နဲ႔ ေဘးလ္တို႔ရဲ႕ ကန္ခ်က္ေတြကို ဂိုးသမား ဘြတ္ရွ္ခ်န္ကေတာင္ အသည္းအသန္ ကာကြယ္ခဲ့ရၿပီး လူစားလဲမႈေတြကလည္း အလဟႆပဲျဖစ္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာ လူစားဝင္တိုက္စစ္မႉး ေဒါ့ဗ္ဘစ္ခ္ရဲ႕ အနီးကပ္ေခါင္းတိုက္ခ်က္ကိုေတာ့ ဂိုးသမား ဟင္နက္ဆီ လက္စြမ္းျပကာကြယ္သြားခဲ့ၿပီး ဒါက ဒီပြဲအတြက္ နတ္ဘုရားေတြ ျပသလိုက္တဲ့ ကံၾကမၼာနိမိတ္လည္းျဖစ္ခဲ့သလို ဒီလို အေကာင္းဆုံး အခြင့္အေရးမ်ိဳးကိုမွ ဂိုးမဝင္ခဲ့တာကေတာ့ ယူကရိန္း အသင္းအတြက္ ဂိုးရဖို႔ မျဖစ္ႏိုင္ေစေတာ့ဘဲ အေဝးကန္ခ်က္ေတြကေတာ့ ဂိုးသမား ထရိန္နင္ဆင္းခိုင္းသလိုပဲျဖစ္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဂိုးကန္ခြင့္ ၂၂ ႀကိမ္မွာ ၉ ႀကိမ္ ဂိုးေပါက္တည့္ခဲ့တဲ့ ယူကရိန္းတို႔ကို ၁၀ ႀကိမ္ကန္ၿပီး ၃ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ေပမယ့္ တစ္ဂိုးရသြားခဲ့တဲ့ ေဝးလ္စ္တို႔က အလဲထိုးႏိုင္ခဲ့ၿပီး ေကာင္းရႈံးႀကီးျဖစ္ခဲ့တဲ့ ဧည့္သည္ေတြအတြက္ေတာ့ ၿဗိတိန္ေျမမွာ စေကာ့တလန္ကို ေက်ာ္ျဖတ္ႏိုင္႐ုံေလာက္နဲ႔ ရပ္တန႔္ခဲ့ရတာလည္းျဖစ္ပါတယ္။

ႏိုင္ငံရဲ႕ ပုံရိပ္အတြက္ ႐ုန္းခဲ့ၾကတဲ့ ယူကရိန္းတို႔ကေတာ့ တိုက္စစ္မွာ ဂိုးသြင္းဖို႔ ပုံမေဖာ္ႏိုင္မႈေတြေၾကာင့္ ဒီေန႔ပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၈ ရာခိုင္ႏႈန္းနဲ႔ ဖိကစားၿပီးမွ အထိနာခဲ့ရခ်ိန္မွာ ေဝးလ္စ္တို႔ကေတာ့ ၁၉၅၈ ကမာၻ႔ဖလားေနာက္ပိုင္းမွာ ဒုတိယအႀကိမ္ေျမာက္အျဖစ္ ကစားခြင့္ရေတာ့မွာျဖစ္ၿပီး ဥေရာပဇုန္ရဲ႕ ေျခစစ္ပြဲေအာင္ခဲ့တဲ့ ၁၃ သင္းေျမာက္အျဖစ္ အဂၤလန္၊ အေမရိကန္၊ အီရန္တို႔နဲ႔ အုပ္စု(B)မွာ ကစားရေတာ့မွာ ျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.