International

ယူကရိန်းရဲ့ကမ္ဘာ့ဖလားဝင်ခွင့်ကို ဖျက်ဆီးမိရင် တောင်းပန်မှာမဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဂါရတ် ဘေးလ်

ဝေးလ်လက်ရွေးစင်ကြယ်ပွင့် ဂါရတ် ဘေးလ်က ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းခံနေရတဲ့ ယူကရိန်းရဲ့ ကမ္ဘာ့ဖလားဝင်ခွင့်အိပ်မက်ကို ငြင်းပယ်မိခဲ့ရင် တောင်းပန်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီး ၎င်းရဲ့ အနာဂတ်က ယနေ့ညနေ play-off ဗိုလ်လုပွဲအပေါ်မှာ မူတည်မနေဘူးလို့ ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲဖို့ နီးကပ်လာနေပြီဖြစ်တဲ့ ဂါရတ် ဘေးလ်ဟာ ယူကရိန်းအသင်းအနေနဲ့ ၎င်းတို့ရဲ့ အမိမြေမှာ ဖြစ်ပွားနေတဲ့ အရာတွေကြောင့် ကာဒစ်က ပွဲစဉ်ကို စိတ်ခံစားချက်အပြည့်နဲ့ ကစားသွားမယ်ဆိုတာကို သိရှိနေတာဖြစ်ပါတယ်။ ယူကရိန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးကတည်းက စစ်ဖြစ်နေခဲ့တာ ရက်ပေါင်း ၁၀၀ ကျော်သွားခဲ့ပြီဖြစ်ပြီး နေ့စဉ်နဲ့အမျှ ရှေ့တန်းကနေ ကြောက်မက်ဖွယ် သတင်းတွေကို ကြားနေရတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့် ဇင်ချန်ကိုက ယခုနှစ်နှောင်းပိုင်း ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်တဲ့ အိပ်မက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဂုဏ်ယူမှု၊ ပျော်ရွှင်မှုတွေနဲ့ အလွန်ထိုက်တန်တဲ့ ယူကရိန်းပြည်သူတွေအတွက် စွမ်းဆောင်ပေးချင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဝေးလ်အသင်းခေါင်းဆောင် ဘေးလ်က ယူကရိန်းနိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ကိုယ်ချင်းစာပေမယ့်လည်း ၆၄ ပွဲအတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့် ရရှိဖို့က ဝေးလ်အသင်းသားတွေရဲ့ စိတ်ထဲမှာ တစ်ခုတည်းသော အာရုံစိုက်ထားတဲ့အရာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဝေးလ်အသင်းအနေနဲ့ ယူကရိန်းရဲ့ ကမ္ဘာ့ဖလားမျှော်လင့်ချက်ကို အဆုံးသတ်မိခဲ့ရင် တောင်းပန်သွားမှာလားလို့ မေးမြန်းခဲ့ရာမှာ ဘေးလ်က “ကြားရတာတော့ တစ်မျိုးကြီးဖြစ်နေပါလိမ့်မယ်။ တောင်းပန်မှာမဟုတတ်ပါဘူး။ ဘောလုံးပြိုင်ပွဲဖြစ်တာရောကျွန်တော်တို့လည်း ပါဝင်ယှဉ်ပြိုင်ချင်တဲ့ ပြိုင်ပွဲဖြစ်နေတာကြောင့်လည်း ပါပါတယ်”

“ကမ္ဘာပေါ်က အားလုံးက ယူကရိန်းအတွက် ခံစားနေကြတယ်။ ဘောလုံးက အားလုံးကို စည်းလုံးစေတဲ့ အားကစားပါ။ ကျွန်တော်တို့ ယူကရိန်းအတွက် ကမ္ဘာ့ဖလားဝင်ခွင့်က ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ချင်ပါတယ်။ဒါက ကြောက်စရာကောင်းတဲ့ နေရာကနေ လာတဲ့အရာမဟုတ်ပါဘူး။ အဲဒါက ကျွန်တော်တို့ရဲ့ နိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ပရိသတ်တွေအတွက် လုပ်ဆောင်ပေးချင်တဲ့ နှလုံးသားထဲကနေ လာတာပါ”

ယူကရိန်းအသင်းဟာ ဗုဒ္ဓဟူးနေ့က ဟမ့်ပ်ဒန် ပါ့ခ်မှာ စကော့တလန်ကို ၃-၁ နဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားဝင်ခွင့် play-off ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်လာခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးက အားပေးထောက်ခံမှုကို ရရှိထားတယ်လို့ ပြောကြားခဲ့ရာမှာ ဘေးလ်က “ကျွန်တော်တို့က ကွင်းထဲမှာ ပိုပြီး လူသိများကျော်ကြားတဲ့အသင်းဖြစ်နေပါလိမ့်မယ်။ အဲဒါက အဓိကအရာပါ။ ကျွန်တော်တို့ ယူကရိန်းမှာ စိတ်ပျက်စရာကိစ္စတွေ ဖြစ်နေ်တယ်ဆိုတာကို နားလည်ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ ယူကရိန်းနိုင်ငံ ပြည်သူတွေ၊ မိသားစုတွေနဲ့ ကလေးတွေအတွက် ကိုယ်ချင်းစာနာစိတ်ရှိပါတယ်။ ကျွန်တော်တို့အားလုံး ဒီအချိန်အတွင်း ဆိုးရွားတဲ့စိတ်ခံစားမှုတွေ ရှိခဲ့ကြပြီး အများကြီး မလုပ်နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့ကို ရောက်လာတဲ့အခါမှာ အဲဒါက ဘောလုံးပွဲပါ။ ကျွန်တော်တို့ အနိုင်ရချင်ပါတယ်”

“အဲဒါက ပွဲကြီးပွဲကောင်းလားဆိုတာ ပြောဖို့ခက်ပါတယ်။ ကျွန်တော်တို့ ယူရိုမှာ ၁၆ သင်းရှုံးထွက်အဆင့်အထိ ကစားခဲ့တယ်။ ဒါပေမယ့် ဒီပွဲက ပွဲကြီးပွဲကောင်းပါ။ အဲဒါကို ဖုံးကွယ်ထားစရာမရှိပါဘူး။ ကျွန်တော်တို့က တစ်ခုတည်းသော ကမ္ဘာ့ဖလားပြိုင်ပွဲထဲမှာ ကစားနေတာပါ။ ဒီပွဲက အကြီးမားဆုံးအဆင့်ကို တက်ဖို့အတွက် နင်းတက်ရမယ့် ကျောက်တုံးတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိဖို့ အနိုင်ရချင်ပါတယ်။ ကမ္ဘာ့ဖလားမှာ အားလုံး ကစားချင်ကြပါတယ်။ အဲဒါက ကျွန်တော့်အတွက် ကွာခြားမှုမရှိပါဘူး။ ကမ္ဘာ့ဖလားက အသင်းလူစာရင်းထဲက အားလုံးနဲ့ နည်းပြအဖွဲ့ဝင်တွေအတွက် ပျောက်ဆုံးနေခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေဝးလ္လက္ေ႐ြးစင္ၾကယ္ပြင့္ ဂါရတ္ ေဘးလ္က ႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္ျခင္းခံေနရတဲ့ ယူကရိန္းရဲ႕ ကမာၻ႔ဖလားဝင္ခြင့္အိပ္မက္ကို ျငင္းပယ္မိခဲ့ရင္ ေတာင္းပန္သြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ၿပီး ၎ရဲ႕ အနာဂတ္က ယေန႔ညေန play-off ဗိုလ္လုပြဲအေပၚမွာ မူတည္မေနဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ လမ္းခြဲဖို႔ နီးကပ္လာေနၿပီျဖစ္တဲ့ ဂါရတ္ ေဘးလ္ဟာ ယူကရိန္းအသင္းအေနနဲ႔ ၎တို႔ရဲ႕ အမိေျမမွာ ျဖစ္ပြားေနတဲ့ အရာေတြေၾကာင့္ ကာဒစ္က ပြဲစဥ္ကို စိတ္ခံစားခ်က္အျပည့္နဲ႔ ကစားသြားမယ္ဆိုတာကို သိရွိေနတာျဖစ္ပါတယ္။ ယူကရိန္းဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလမွာ ႐ုရွားရဲ႕ က်ဴးေက်ာ္တိုက္ခိုက္ျခင္းကို ခံခဲ့ရၿပီးကတည္းက စစ္ျဖစ္ေနခဲ့တာ ရက္ေပါင္း ၁၀၀ ေက်ာ္သြားခဲ့ၿပီျဖစ္ၿပီး ေန႔စဥ္နဲ႔အမွ် ေရွ႕တန္းကေန ေၾကာက္မက္ဖြယ္ သတင္းေတြကို ၾကားေနရတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ဇင္ခ်န္ကိုက ယခုႏွစ္ေႏွာင္းပိုင္း ကာတာမွာ က်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ခ်င္တဲ့ အိပ္မက္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဂုဏ္ယူမႈ၊ ေပ်ာ္႐ႊင္မႈေတြနဲ႔ အလြန္ထိုက္တန္တဲ့ ယူကရိန္းျပည္သူေတြအတြက္ စြမ္းေဆာင္ေပးခ်င္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဝးလ္အသင္းေခါင္းေဆာင္ ေဘးလ္က ယူကရိန္းႏိုင္ငံသားေတြ ရင္ဆိုင္ေနရတဲ့အခက္အခဲေတြကို ကိုယ္ခ်င္းစာေပမယ့္လည္း ၆၄ ပြဲအတြင္း ပထမဆုံးအႀကိမ္ ကမာၻ႔ဖလားဝင္ခြင့္ ရရွိဖို႔က ေဝးလ္အသင္းသားေတြရဲ႕ စိတ္ထဲမွာ တစ္ခုတည္းေသာ အာ႐ုံစိုက္ထားတဲ့အရာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေဝးလ္အသင္းအေနနဲ႔ ယူကရိန္းရဲ႕ ကမာၻ႔ဖလားေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္မိခဲ့ရင္ ေတာင္းပန္သြားမွာလားလို႔ ေမးျမန္းခဲ့ရာမွာ ေဘးလ္က “ၾကားရတာေတာ့ တစ္မ်ိဳးႀကီးျဖစ္ေနပါလိမ့္မယ္။ ေတာင္းပန္မွာမဟုတတ္ပါဘူး။ ေဘာလုံးၿပိဳင္ပြဲျဖစ္တာေရာကြၽန္ေတာ္တို႔လည္း ပါဝင္ယွဥ္ၿပိဳင္ခ်င္တဲ့ ၿပိဳင္ပြဲျဖစ္ေနတာေၾကာင့္လည္း ပါပါတယ္”

“ကမာၻေပၚက အားလုံးက ယူကရိန္းအတြက္ ခံစားေနၾကတယ္။ ေဘာလုံးက အားလုံးကို စည္းလုံးေစတဲ့ အားကစားပါ။ ကြၽန္ေတာ္တို႔ ယူကရိန္းအတြက္ ကမာၻ႔ဖလားဝင္ခြင့္က ဘာေတြလုပ္ေပးႏိုင္မလဲဆိုတာကို နားလည္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔လည္း ကမာၻ႔ဖလားမွာ ပါဝင္ယွဥ္ၿပိဳင္ခ်င္ပါတယ္။ဒါက ေၾကာက္စရာေကာင္းတဲ့ ေနရာကေန လာတဲ့အရာမဟုတ္ပါဘူး။ အဲဒါက ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ပရိသတ္ေတြအတြက္ လုပ္ေဆာင္ေပးခ်င္တဲ့ ႏွလုံးသားထဲကေန လာတာပါ”

ယူကရိန္းအသင္းဟာ ဗုဒၶဟူးေန႔က ဟမ့္ပ္ဒန္ ပါ့ခ္မွာ စေကာ့တလန္ကို ၃-၁ နဲ႔ အႏိုင္ရရွိၿပီး ကမာၻ႔ဖလားဝင္ခြင့္ play-off ဗိုလ္လုပြဲအဆင့္အထိ တက္ေရာက္လာခဲ့တာျဖစ္ၿပီး တစ္ကမာၻလုံးက အားေပးေထာက္ခံမႈကို ရရွိထားတယ္လို႔ ေျပာၾကားခဲ့ရာမွာ ေဘးလ္က “ကြၽန္ေတာ္တို႔က ကြင္းထဲမွာ ပိုၿပီး လူသိမ်ားေက်ာ္ၾကားတဲ့အသင္းျဖစ္ေနပါလိမ့္မယ္။ အဲဒါက အဓိကအရာပါ။ ကြၽန္ေတာ္တို႔ ယူကရိန္းမွာ စိတ္ပ်က္စရာကိစၥေတြ ျဖစ္ေန္တယ္ဆိုတာကို နားလည္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ႏွလုံးသားေတြဟာ ယူကရိန္းႏိုင္ငံ ျပည္သူေတြ၊ မိသားစုေတြနဲ႔ ကေလးေတြအတြက္ ကိုယ္ခ်င္းစာနာစိတ္ရွိပါတယ္။ ကြၽန္ေတာ္တို႔အားလုံး ဒီအခ်ိန္အတြင္း ဆိုး႐ြားတဲ့စိတ္ခံစားမႈေတြ ရွိခဲ့ၾကၿပီး အမ်ားႀကီး မလုပ္ႏိုင္ခဲ့ၾကပါဘူး။ ဒါေပမယ့္ တနဂၤေႏြေန႔ကို ေရာက္လာတဲ့အခါမွာ အဲဒါက ေဘာလုံးပြဲပါ။ ကြၽန္ေတာ္တို႔ အႏိုင္ရခ်င္ပါတယ္”

“အဲဒါက ပြဲႀကီးပြဲေကာင္းလားဆိုတာ ေျပာဖို႔ခက္ပါတယ္။ ကြၽန္ေတာ္တို႔ ယူ႐ိုမွာ ၁၆ သင္းရႈံးထြက္အဆင့္အထိ ကစားခဲ့တယ္။ ဒါေပမယ့္ ဒီပြဲက ပြဲႀကီးပြဲေကာင္းပါ။ အဲဒါကို ဖုံးကြယ္ထားစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔က တစ္ခုတည္းေသာ ကမာၻ႔ဖလားၿပိဳင္ပြဲထဲမွာ ကစားေနတာပါ။ ဒီပြဲက အႀကီးမားဆုံးအဆင့္ကို တက္ဖို႔အတြက္ နင္းတက္ရမယ့္ ေက်ာက္တုံးတစ္ခုျဖစ္ၿပီး ကြၽန္ေတာ္တို႔ ရည္မွန္းခ်က္ပန္းတိုင္ကို ရရွိဖို႔ အႏိုင္ရခ်င္ပါတယ္။ ကမာၻ႔ဖလားမွာ အားလုံး ကစားခ်င္ၾကပါတယ္။ အဲဒါက ကြၽန္ေတာ့္အတြက္ ကြာျခားမႈမရွိပါဘူး။ ကမာၻ႔ဖလားက အသင္းလူစာရင္းထဲက အားလုံးနဲ႔ နည္းျပအဖြဲ႕ဝင္ေတြအတြက္ ေပ်ာက္ဆုံးေနခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.