International Match Report

အဆင့်မရှိတဲ့ နည်းပြ ဆောက်ဂိတ်ကြောင့် ဟန်ဂေရီကို ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်

ဟန်ဂေရီအသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်းမှာ ကစားခဲ့ရပြီး ဂိုးသမား ဂူလာချီ၊ ခံစစ်မှာ အော်ဘန်၊ လန်း၊ အက်တိလာ ဆာလိုင်းတို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ နီဂို၊ အဒမ် နာဂီ၊ ဇို့လ် နာဂီ၊ ရှေဖာတို့နဲ့ ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အဒမ် ဇာလိုင်း၊ ဆာလိုင်းနဲ့ ဆိုဘော့ဆ်လိုင်းတို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အဝေးကွင်းလာကစားခဲ့ရတဲ့ အင်္ဂလန်ကတော့ ယောင်ချာချာ နေရာချထားပုံနဲ့ ပွဲထွက်လာခဲ့သလို ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ မက်ဂွိုင်းယား၊ ကိုဒီ၊ ဝေါလ်ကာတို့ကို သုံးယောက်တန်းထားခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဘယ်လင်ဂမ်၊ ဂျပ်စ်တင်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဟာရီကိန်း၊ မေဆန်မောင်နဲ့ ဘိုဝင်တို့ကို ခင်းကျင်းလာခဲ့တာပါ။

ကလပ်အသင်းမှာ သုံးယောက်တန်းခံစစ် ကစားလေ့ မရှိတဲ့ အသင်းကြီးနောက်ခံလူတွေအနေနဲ့ နည်းပြ ဆောက်ဂိတ်ရဲ့ အဆင့်အတန်း မရှိတဲ့ ကစားကွက်မှာ ရုန်းကန်နေခဲ့ရပြီး အင်္ဂလန်နောက်ခံလူဟောင်းဘဝကနေ နည်းပြ အလွယ်တကူဖြစ်လာတဲ့သူအနေနဲ့ အသင့်သုံး အရည်အသွေးမြင့် ကစားသမားတွေကို လက်ခံရရှိထားခဲ့လို့သာ အလုပ်ဖြစ်ခဲ့ချိန်မှာ အသင်းကြီးတွေနဲ့တွေ့တိုင်း ရုန်းကန်နေခဲ့ရတာလည်းဖြစ်ပါတယ်။

ဒီနေ့ပွဲမှာလည်း ဟန်ဂေရီကို အခွင့်အရေး ရရှိမှုချင်းမှာ မပြိုင်နိုင်ခဲ့သလို ကွင်းလယ်မှာ ဘောလုံးကိုင်ကစားထားပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ တိုက်စစ်မှာ ဟာရီကိန်းနဲ့ ဘိုဝင်တို့ အတ္တချင်း ပြိုင်ခဲ့ကြချိန်မှာ ဘယ်လင်ဂမ်ဟာ ဖန်တီးမှုတွေအတွက် အာမခံနိုင်ဖို့ လုံလောက်အောင် မရင့်ကျက်သေးဘဲ ဖြစ်နေခဲ့ပြီး ဘယ်နောက်ခံ Wing Back အဖြစ် ကစားတဲ့ လက်စတာရဲ့ ဂျပ်စ်တင်ကိုလည်း ညာသန်မှန်း သိတောင် သိရဲ့လားလို့ မေးစရာဖြစ်ခဲ့တာပါ။

ချေးလ်ဝဲလ်နဲ့ လုခ်ရှောတို့ ဒဏ်ရာရနေခဲ့တာ မှန်ပေမယ့် ဘယ်နောက်ခံအတွက် ပရီးမီးယားလိဂ်မှာ ခရစ္စတယ်လ် ပဲလေ့စ်ရဲ့ မစ်ချဲလ်၊ ဝက်စ်ဟမ်းရဲ့ ခရက်စ်ဝဲလ်၊နယူးကာဆယ်လ်ရဲ့ တားဂက်၊ ဘရန့်ဖို့ဒ်ရဲ့ ရီကို ဟင်နရီတို့လို ကစားသမားတွေကို အခွင့်အရေး မပေးဘဲ ဂျပ်စ်တင်ကို ခေါ်လာတာက စိတ်ပျက်စရာဖြစ်ခဲ့ပြီး ဆောက်ဂိတ်အနေနဲ့ ဒီတစ်ပတ်ပွဲတွေအတွက် အာဆင်နယ်ရဲ့ ဆာကာကိုတောင် ဘယ်နောက်ခံမှာ သုံးဖို့ ရည်ရွယ်ခဲ့ပုံလည်း ပေါ်နေခဲ့ပါတယ်။

တန်ပြန်တိုက်စစ်ကစားတဲ့ ဟန်ဂေရီတို့ကတောင် ပိုပြီး ဂိုးပေါက်တည့်နေခဲ့သလို ဟာရီကိန်းက အဖြုန်းများချိန်မှာ တိုက်စစ်တွဲဖက်တွေအနေနဲ့ သူ့ကို မကြည်ဘဲဖြစ်နေခဲ့ပြီး ဘယ်ညာပေးရင်း အချိန်ကုန်ခဲ့ရချိန်မှာ ပွဲချိန် ၁၂ မိနစ်မှာ အိမ်ရှင်တွေရဲ့ တန်ပြန်တိုက်စစ်ကနေ နီဂို ဖြတ်ခင်းပေးတာကို ဆိုဘော့ဆ်လိုင်းရဲ့ ပိတ်သွင်းမှုက ဂိုးသမား ပစ်ခ်ဖို့ဒ်ကို ကျော်ဖြတ်သွားခဲ့ရာမှာ ကိုဒီက ဂိုးစည်းပေါ်က ရှင်းထုတ်သွားခဲ့ရတာပါ။

တိုက်စစ်လည်း မရ ခံစစ်လည်း မရတဲ့ နောက်ခံလူတွေကြောင့် ဂိုးသမား ပစ်ခ်ဖို့ဒ်အနေနဲ့ သူကစားနေရတာ အဲဗာတန်အသင်းမှာလိုပဲ ကူကယ်ရာမဲ့ ရုန်းကန်နေခဲ့ရသလို ဝေါ်လ်ကာနဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ကလည်း ကလပ်အသင်းပွဲတွေကြောင့် ပင်ပန်းနေပုံ ပေါ်နေခဲ့ပြီး ပထမပိုင်းမှာတော့ အင်္ဂလန်တို့ ဘယ်လိုမှ အလုပ်မဖြစ်မှုတွေနဲ့အတူ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ သုံးစားမရတဲ့ ဂျပ်စ်တင်အစား ဆာကာက Left Wing Back အဖြစ် ဝင်ကစားခဲ့သလို ကုန်နေတဲ့ ဝေါ်လ်ကာ၊ မောင့်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့အစား စတုန်းစ်၊ ဂရီးလစ်ရှ်နဲ့ ရီးစ် ဂျိမ်းစ်တို့ ဝင်ကစားလာခဲ့ပြီး ဆာကာကြောင့် ဘယ်ခြမ်းတိုက်စစ်က အနည်းငယ် တက်လာခဲ့ပေမယ့် ဂိုးရနိုင်ဖို့တော့ ခက်နေခဲ့တာပါ။

ဂိုးလိုချင်နေတဲ့ အင်္ဂလန်တို့အတွက်တော့ ပွဲချိန် ၆၄ မိနစ်မှာ ကံဆိုးမှုတွေ ရောက်ရှိလာခဲ့ပြီး ဟန်ဂေရီကွင်းလယ်က ကန်တင်ပေးလိုက်တဲ့ ဘောလုံးက ညာခြမ်းကို ကျလာခဲ့ရာမှာ ရီးစ် ဂျိမ်းစ်က ဘောလုံးရယူဖို့ ကြိုးစားရင်း ပင်နယ်တီဧရိယာထဲမှာ ဟန်ဂေရီကစားသမား ဇို့လ်စ် နာဂီကို ဝင်တိုက်ခဲ့မိလို့ ပယ်နယ်တီ ပေးခဲ့ရတာပါ။

VAR ပြကွက်တွေမှာတော့ ရီးစ် ဂျိမ်းစ်ဟာ ဘောလုံးရယူရင်းနဲ့ နာဂီကို နောက်ကနေ ဆွဲလှဲသလိုဖြစ်ခဲ့တာကို တွေ့မြင်ခဲ့ရတာကြောင့် ပင်နယ်တီက အတည်ဖြစ်ခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ဟန်ဂေရီကွင်းလယ်လူ ဆိုဘော့ဆ်လိုင်းက လျင်မြန်အားပါတဲ့ အနိမ့်ဘော ကန်ချက်နဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်ရဲ့ ညာဘက်တိုင်ခြေကို ကန်သွင်းနိုင်ခဲ့လို့ ပွဲချိန် ၆၆ မိနစ်မှာ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဘိုဝင်ကြောင့် ရတဲ့ ဖရီးကစ်ကနေ ရီးစ် ဂျိမ်းစ် အသာအယာ မ,တင်ပေးတာကို ဝုလ်ဗ်စ်အသင်းခေါင်းဆောင် ကိုဒီ လွတ်လွတ်ကျွတ်ကျွတ် အနီးကပ် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် အပိုင်အခွင့်အရေးက တိုင်ဘေးကပဲ ထွက်သွားခဲ့သလို ဘယ်သူနဲ့မှ မထိခဲ့တဲ့ ဘောလုံးကို အင်္ဂလန်ကစားသမားတွေက ထောင့်ကန်ဘော ဝိုင်းတောင်းခဲ့ကြတာကလည်း ရယ်စရာဖြစ်ခဲ့ရသေးတာပါ။

ဘာပလန်မှ မယ်မယ်ရရ မရှိတဲ့ ဆောက်ဂိတ်အနေနဲ့ ဟာရီကိန်းကို ကူဖို့ တိုက်စစ်မှူးတစ်ယောက်၊ ဒါမှမဟုတ် ကွင်းလယ်ကနေ ဖန်တီးပေမယ့် ကစားသမားတစ်ယောက် ထည့်သွင်းခဲ့သင့်ပေမယ့် အလုပ်မဖြစ်တဲ့ ဘယ်လင်ဂမ်နဲ့ ဘိုဝင်တို့ကို မထုတ်ခဲ့ဘဲ ထည့်သွင်းသင့်သူတွေဖြစ်တဲ့ ဝါ့ဒ်-ပရောက်စ်၊ ဂါလာဂါ၊ စတာလင်၊ အေဘရာဟမ်တို့ရဲ့အစား ကွင်းလယ်အဖျက်ကစားသမား ကယ်လ်ဗင် ဖိလစ်ကိုပဲ ကိုဒီအစား ထည့်သွင်းသွားခဲ့ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အင်္ဂလန်တို့ ဖိကစားခဲ့သေးပေမယ့် ဟန်ဂေရီရဲ့ တန်ပြန်တိုက်စစ်တွေကတောင် ပိုပြီး ရင်ခုန်စရာဖြစ်ခဲ့သလို ပွဲချိန် အပြည့်မှာ အောင်ပွဲခံနိုင်ဖို့အတွက် အိမ်ရှင်တွေ ထိန်းသိမ်းကစားသွားခဲ့ကြပြီး အဆင့်မရှိတဲ့ နည်းပြ ဆောက်ဂိတ်ကတော့ ဘူဒါပက်စ်က ပွတ်ရှ်ကပ်စ် အရီနာကွင်းကြီးထဲမှာ တစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ အရှက်ကွဲ ရှုံးနိမ့်ခဲ့ပြီး ၂၀၂၂ နေးရှင်းလိဂ်မှာ အဖွင့်မလှဘဲဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟန္ေဂရီအသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ကြင္းမွာ ကစားခဲ့ရၿပီး ဂိုးသမား ဂူလာခ်ီ၊ ခံစစ္မွာ ေအာ္ဘန္၊ လန္း၊ အက္တိလာ ဆာလိုင္းတို႔နဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ နီဂို၊ အဒမ္ နာဂီ၊ ဇို႔လ္ နာဂီ၊ ေရွဖာတို႔နဲ႔ ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ အဒမ္ ဇာလိုင္း၊ ဆာလိုင္းနဲ႔ ဆိုေဘာ့ဆ္လိုင္းတို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

အေဝးကြင္းလာကစားခဲ့ရတဲ့ အဂၤလန္ကေတာ့ ေယာင္ခ်ာခ်ာ ေနရာခ်ထားပုံနဲ႔ ပြဲထြက္လာခဲ့သလို ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ ကိုဒီ၊ ေဝါလ္ကာတို႔ကို သုံးေယာက္တန္းထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဘယ္လင္ဂမ္၊ ဂ်ပ္စ္တင္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ကို အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဟာရီကိန္း၊ ေမဆန္ေမာင္နဲ႔ ဘိုဝင္တို႔ကို ခင္းက်င္းလာခဲ့တာပါ။

ကလပ္အသင္းမွာ သုံးေယာက္တန္းခံစစ္ ကစားေလ့ မရွိတဲ့ အသင္းႀကီးေနာက္ခံလူေတြအေနနဲ႔ နည္းျပ ေဆာက္ဂိတ္ရဲ႕ အဆင့္အတန္း မရွိတဲ့ ကစားကြက္မွာ ႐ုန္းကန္ေနခဲ့ရၿပီး အဂၤလန္ေနာက္ခံလူေဟာင္းဘဝကေန နည္းျပ အလြယ္တကူျဖစ္လာတဲ့သူအေနနဲ႔ အသင့္သုံး အရည္အေသြးျမင့္ ကစားသမားေတြကို လက္ခံရရွိထားခဲ့လို႔သာ အလုပ္ျဖစ္ခဲ့ခ်ိန္မွာ အသင္းႀကီးေတြနဲ႔ေတြ႕တိုင္း ႐ုန္းကန္ေနခဲ့ရတာလည္းျဖစ္ပါတယ္။

ဒီေန႔ပြဲမွာလည္း ဟန္ေဂရီကို အခြင့္အေရး ရရွိမႈခ်င္းမွာ မၿပိဳင္ႏိုင္ခဲ့သလို ကြင္းလယ္မွာ ေဘာလုံးကိုင္ကစားထားေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ တိုက္စစ္မွာ ဟာရီကိန္းနဲ႔ ဘိုဝင္တို႔ အတၱခ်င္း ၿပိဳင္ခဲ့ၾကခ်ိန္မွာ ဘယ္လင္ဂမ္ဟာ ဖန္တီးမႈေတြအတြက္ အာမခံႏိုင္ဖို႔ လုံေလာက္ေအာင္ မရင့္က်က္ေသးဘဲ ျဖစ္ေနခဲ့ၿပီး ဘယ္ေနာက္ခံ Wing Back အျဖစ္ ကစားတဲ့ လက္စတာရဲ႕ ဂ်ပ္စ္တင္ကိုလည္း ညာသန္မွန္း သိေတာင္ သိရဲ႕လားလို႔ ေမးစရာျဖစ္ခဲ့တာပါ။

ေခ်းလ္ဝဲလ္နဲ႔ လုခ္ေရွာတို႔ ဒဏ္ရာရေနခဲ့တာ မွန္ေပမယ့္ ဘယ္ေနာက္ခံအတြက္ ပရီးမီးယားလိဂ္မွာ ခရစၥတယ္လ္ ပဲေလ့စ္ရဲ႕ မစ္ခ်ဲလ္၊ ဝက္စ္ဟမ္းရဲ႕ ခရက္စ္ဝဲလ္၊နယူးကာဆယ္လ္ရဲ႕ တားဂက္၊ ဘရန႔္ဖို႔ဒ္ရဲ႕ ရီကို ဟင္နရီတို႔လို ကစားသမားေတြကို အခြင့္အေရး မေပးဘဲ ဂ်ပ္စ္တင္ကို ေခၚလာတာက စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး ေဆာက္ဂိတ္အေနနဲ႔ ဒီတစ္ပတ္ပြဲေတြအတြက္ အာဆင္နယ္ရဲ႕ ဆာကာကိုေတာင္ ဘယ္ေနာက္ခံမွာ သုံးဖို႔ ရည္႐ြယ္ခဲ့ပုံလည္း ေပၚေနခဲ့ပါတယ္။

တန္ျပန္တိုက္စစ္ကစားတဲ့ ဟန္ေဂရီတို႔ကေတာင္ ပိုၿပီး ဂိုးေပါက္တည့္ေနခဲ့သလို ဟာရီကိန္းက အျဖဳန္းမ်ားခ်ိန္မွာ တိုက္စစ္တြဲဖက္ေတြအေနနဲ႔ သူ႔ကို မၾကည္ဘဲျဖစ္ေနခဲ့ၿပီး ဘယ္ညာေပးရင္း အခ်ိန္ကုန္ခဲ့ရခ်ိန္မွာ ပြဲခ်ိန္ ၁၂ မိနစ္မွာ အိမ္ရွင္ေတြရဲ႕ တန္ျပန္တိုက္စစ္ကေန နီဂို ျဖတ္ခင္းေပးတာကို ဆိုေဘာ့ဆ္လိုင္းရဲ႕ ပိတ္သြင္းမႈက ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို ေက်ာ္ျဖတ္သြားခဲ့ရာမွာ ကိုဒီက ဂိုးစည္းေပၚက ရွင္းထုတ္သြားခဲ့ရတာပါ။

တိုက္စစ္လည္း မရ ခံစစ္လည္း မရတဲ့ ေနာက္ခံလူေတြေၾကာင့္ ဂိုးသမား ပစ္ခ္ဖို႔ဒ္အေနနဲ႔ သူကစားေနရတာ အဲဗာတန္အသင္းမွာလိုပဲ ကူကယ္ရာမဲ့ ႐ုန္းကန္ေနခဲ့ရသလို ေဝၚလ္ကာနဲ႔ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔ကလည္း ကလပ္အသင္းပြဲေတြေၾကာင့္ ပင္ပန္းေနပုံ ေပၚေနခဲ့ၿပီး ပထမပိုင္းမွာေတာ့ အဂၤလန္တို႔ ဘယ္လိုမွ အလုပ္မျဖစ္မႈေတြနဲ႔အတူ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ သုံးစားမရတဲ့ ဂ်ပ္စ္တင္အစား ဆာကာက Left Wing Back အျဖစ္ ဝင္ကစားခဲ့သလို ကုန္ေနတဲ့ ေဝၚလ္ကာ၊ ေမာင့္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔အစား စတုန္းစ္၊ ဂရီးလစ္ရွ္နဲ႔ ရီးစ္ ဂ်ိမ္းစ္တို႔ ဝင္ကစားလာခဲ့ၿပီး ဆာကာေၾကာင့္ ဘယ္ျခမ္းတိုက္စစ္က အနည္းငယ္ တက္လာခဲ့ေပမယ့္ ဂိုးရႏိုင္ဖို႔ေတာ့ ခက္ေနခဲ့တာပါ။

ဂိုးလိုခ်င္ေနတဲ့ အဂၤလန္တို႔အတြက္ေတာ့ ပြဲခ်ိန္ ၆၄ မိနစ္မွာ ကံဆိုးမႈေတြ ေရာက္ရွိလာခဲ့ၿပီး ဟန္ေဂရီကြင္းလယ္က ကန္တင္ေပးလိုက္တဲ့ ေဘာလုံးက ညာျခမ္းကို က်လာခဲ့ရာမွာ ရီးစ္ ဂ်ိမ္းစ္က ေဘာလုံးရယူဖို႔ ႀကိဳးစားရင္း ပင္နယ္တီဧရိယာထဲမွာ ဟန္ေဂရီကစားသမား ဇို႔လ္စ္ နာဂီကို ဝင္တိုက္ခဲ့မိလို႔ ပယ္နယ္တီ ေပးခဲ့ရတာပါ။

VAR ျပကြက္ေတြမွာေတာ့ ရီးစ္ ဂ်ိမ္းစ္ဟာ ေဘာလုံးရယူရင္းနဲ႔ နာဂီကို ေနာက္ကေန ဆြဲလွဲသလိုျဖစ္ခဲ့တာကို ေတြ႕ျမင္ခဲ့ရတာေၾကာင့္ ပင္နယ္တီက အတည္ျဖစ္ခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ဟန္ေဂရီကြင္းလယ္လူ ဆိုေဘာ့ဆ္လိုင္းက လ်င္ျမန္အားပါတဲ့ အနိမ့္ေဘာ ကန္ခ်က္နဲ႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္ရဲ႕ ညာဘက္တိုင္ေျခကို ကန္သြင္းႏိုင္ခဲ့လို႔ ပြဲခ်ိန္ ၆၆ မိနစ္မွာ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ ဘိုဝင္ေၾကာင့္ ရတဲ့ ဖရီးကစ္ကေန ရီးစ္ ဂ်ိမ္းစ္ အသာအယာ မ,တင္ေပးတာကို ဝုလ္ဗ္စ္အသင္းေခါင္းေဆာင္ ကိုဒီ လြတ္လြတ္ကြၽတ္ကြၽတ္ အနီးကပ္ ေခါင္းတိုက္ခြင့္ ရခဲ့ေပမယ့္ အပိုင္အခြင့္အေရးက တိုင္ေဘးကပဲ ထြက္သြားခဲ့သလို ဘယ္သူနဲ႔မွ မထိခဲ့တဲ့ ေဘာလုံးကို အဂၤလန္ကစားသမားေတြက ေထာင့္ကန္ေဘာ ဝိုင္းေတာင္းခဲ့ၾကတာကလည္း ရယ္စရာျဖစ္ခဲ့ရေသးတာပါ။

ဘာပလန္မွ မယ္မယ္ရရ မရွိတဲ့ ေဆာက္ဂိတ္အေနနဲ႔ ဟာရီကိန္းကို ကူဖို႔ တိုက္စစ္မႉးတစ္ေယာက္၊ ဒါမွမဟုတ္ ကြင္းလယ္ကေန ဖန္တီးေပမယ့္ ကစားသမားတစ္ေယာက္ ထည့္သြင္းခဲ့သင့္ေပမယ့္ အလုပ္မျဖစ္တဲ့ ဘယ္လင္ဂမ္နဲ႔ ဘိုဝင္တို႔ကို မထုတ္ခဲ့ဘဲ ထည့္သြင္းသင့္သူေတြျဖစ္တဲ့ ဝါ့ဒ္-ပေရာက္စ္၊ ဂါလာဂါ၊ စတာလင္၊ ေအဘရာဟမ္တို႔ရဲ႕အစား ကြင္းလယ္အဖ်က္ကစားသမား ကယ္လ္ဗင္ ဖိလစ္ကိုပဲ ကိုဒီအစား ထည့္သြင္းသြားခဲ့ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အဂၤလန္တို႔ ဖိကစားခဲ့ေသးေပမယ့္ ဟန္ေဂရီရဲ႕ တန္ျပန္တိုက္စစ္ေတြကေတာင္ ပိုၿပီး ရင္ခုန္စရာျဖစ္ခဲ့သလို ပြဲခ်ိန္ အျပည့္မွာ ေအာင္ပြဲခံႏိုင္ဖို႔အတြက္ အိမ္ရွင္ေတြ ထိန္းသိမ္းကစားသြားခဲ့ၾကၿပီး အဆင့္မရွိတဲ့ နည္းျပ ေဆာက္ဂိတ္ကေတာ့ ဘူဒါပက္စ္က ပြတ္ရွ္ကပ္စ္ အရီနာကြင္းႀကီးထဲမွာ တစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ အရွက္ကြဲ ရႈံးနိမ့္ခဲ့ၿပီး ၂၀၂၂ ေနးရွင္းလိဂ္မွာ အဖြင့္မလွဘဲျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.