Premier League Transfer News

လီဗာပူးလ်ဆီက ဖလားအပြင် ပစ်မှတ်ကစားသမားပါ လုယူတော့မယ့် မန်စီးတီး

လီဗာပူးလ်အသင်းဟာ ယခုနွေရာသီမှာ လိဒ်စ်ယူနိုက်တက်အသင်းကနေ ကယ်လ်ဗင် ဖိလစ်ပ်စ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကောင်း မျှော်လင့်နေနိုင်ပေမယ့် ဂွါဒီယိုလာကတော့ ဒီအပြောင်းအရွှေ့ကို ဖျက်ဆီးပစ်ဖွယ်ရှိနေပါတယ်။

လီဗာပူးလ်ဟာ လိဒ်စ်ယူနိုက်တက်က ဖိလစ်ပ်စ်ရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်းမရှိသေးတာဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းကတော့ ကွင်းလယ်ကြယ်ပွင့်ကစားသမားကို ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ချက်တွေ မြင့်တက်နေဆဲဖြစ်ပေမယ့်လည်း ယနေ့ 90Min ရဲ့ဖော်ပြချက်အရ မန်စီးတီးဟာ လက်ရှိမှာ ဖိလစ်ပ်စ်အတွက် ကမ်းလှမ်းမှုပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ပက် ဂွါဒီယိုလာနဲ့ မန်စီးတီး ကင်းထောက်တွေဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ကယ်လ်ဗင် ဖိလစ်ပ်စ်ရဲ့ တိုးတက်လာပုံကို အလွန်အမင်း အထင်ကြီးခဲ့ကြပြီး ၎င်းတို့ရဲ့ ကွင်းလယ်မှာ ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ ရှုမြင်ထားတာဖြစ်ပါတယ်။

သာမန်အားဖြင့် လိဒ်စ်ယူနိုက်တက်အသင်းဟာ ကြယ်ပွင့်ကစားသမားအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး လိုချင်မှာဖြစ်ပြီး ကယ်လ်ဗင် ဖိလစ်ပ်စ်ဟာ ပရိသတ်အချစ်တော် အဓိက ကွင်းလယ်ကစားသမားဖြစ်သလို အသင်းအပေါ်လည်း သံယောဇဉ်ကြီးမားတဲ့သူဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဖိလစ်ပ်စ်ကို အဲလန်းရုဒ်ကနေ ခေါ်ယူချင်တယ်ဆိုရင်တော့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပမာဏ ပေးဖို့ လိုအပ်လိမ့်မယ်ဆိုတာကို သိရှိနေမှာဖြစ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ ယခုရာသီမှာ ဟာလန်းနဲ့ ယူလီယန် အဲဗားရက်ဇ်တို့ကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းဟာ အစ်တီဟတ်ကို စွန့်ခွာဖို့ ပြင်ဆင်နေတဲ့ ကစားသမားတွေအများအပြားရှိနေတာကြောင့် နောက်ထပ် ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်သွားဖို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးနဲ့ လီဗာပူးလ်တို့ ၂ သင်းထဲမှာ ကယ်လ်ဗင် ဖိလစ်ပ်စ်အနေနဲ့ မာဆေးဆိုဒ်အသင်းနဲ့ ပိုမိုသင့်တော်ပုံရတယ်လို့ ပြောရမှာဖြစ်ပြီး လီဗာပူးလ်ကွင်းလယ်က သက်ကြီးကစားသမားတွေကြောင့် လိဒ်စ်ကြယ်ပွင့်အနေနဲ့ ပွဲထွက်ခွင့် ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းမှာတော့ ကွင်းလယ်မှာ ရိုဒရီကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်မှာဖြစ်ပြီး နည်းပြ ပက် ဂွါဒီယိုလာဟာ ကွင်းလယ်ခံစစ် ကစားသမား ၂ ဦးအထိုင်ထားပြီး ကစားခဲတာကြောင့် ကယ်လ်ဗင် ဖိလစ်ပ်စ်အတွက် ပွဲထွက်ကစားချိန် အကန့်အသတ်နဲ့သာ ရရှိနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ယခုေႏြရာသီမွာ လိဒ္စ္ယူႏိုက္တက္အသင္းကေန ကယ္လ္ဗင္ ဖိလစ္ပ္စ္ကို ေခၚယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေကာင္း ေမွ်ာ္လင့္ေနႏိုင္ေပမယ့္ ဂြါဒီယိုလာကေတာ့ ဒီအေျပာင္းအေ႐ႊ႕ကို ဖ်က္ဆီးပစ္ဖြယ္ရွိေနပါတယ္။

လီဗာပူးလ္ဟာ လိဒ္စ္ယူႏိုက္တက္က ဖိလစ္ပ္စ္ရဲ႕အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး အဂၤလန္ကြင္းလယ္ကစားသမားဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျခင္းမရွိေသးတာျဖစ္ပါတယ္။

လိဒ္စ္ယူႏိုက္တက္အသင္းကေတာ့ ကြင္းလယ္ၾကယ္ပြင့္ကစားသမားကို ထိန္းသိမ္းထားႏိုင္မယ္လို႔ ေမွ်ာ္လင့္ခ်က္ေတြ ျမင့္တက္ေနဆဲျဖစ္ေပမယ့္လည္း ယေန႔ 90Min ရဲ႕ေဖာ္ျပခ်က္အရ မန္စီးတီးဟာ လက္ရွိမွာ ဖိလစ္ပ္စ္အတြက္ ကမ္းလွမ္းမႈျပဳလုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ပက္ ဂြါဒီယိုလာနဲ႔ မန္စီးတီး ကင္းေထာက္ေတြဟာ လိဒ္စ္ယူႏိုက္တက္အသင္းနဲ႔အတူ ကယ္လ္ဗင္ ဖိလစ္ပ္စ္ရဲ႕ တိုးတက္လာပုံကို အလြန္အမင္း အထင္ႀကီးခဲ့ၾကၿပီး ၎တို႔ရဲ႕ ကြင္းလယ္မွာ ၿပီးျပည့္စုံတဲ့ ကစားသမားျဖစ္လာလိမ့္မယ္လို႔ ရႈျမင္ထားတာျဖစ္ပါတယ္။

သာမန္အားျဖင့္ လိဒ္စ္ယူႏိုက္တက္အသင္းဟာ ၾကယ္ပြင့္ကစားသမားအတြက္ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကး လိုခ်င္မွာျဖစ္ၿပီး ကယ္လ္ဗင္ ဖိလစ္ပ္စ္ဟာ ပရိသတ္အခ်စ္ေတာ္ အဓိက ကြင္းလယ္ကစားသမားျဖစ္သလို အသင္းအေပၚလည္း သံေယာဇဥ္ႀကီးမားတဲ့သူျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဖိလစ္ပ္စ္ကို အဲလန္း႐ုဒ္ကေန ေခၚယူခ်င္တယ္ဆိုရင္ေတာ့ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးပမာဏ ေပးဖို႔ လိုအပ္လိမ့္မယ္ဆိုတာကို သိရွိေနမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံေတြဟာ ယခုရာသီမွာ ဟာလန္းနဲ႔ ယူလီယန္ အဲဗားရက္ဇ္တို႔ကို ေခၚယူထားခဲ့ၿပီး ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းဟာ အစ္တီဟတ္ကို စြန႔္ခြာဖို႔ ျပင္ဆင္ေနတဲ့ ကစားသမားေတြအမ်ားအျပားရွိေနတာေၾကာင့္ ေနာက္ထပ္ ကစားသမားသစ္ေခၚယူမႈေတြ ျပဳလုပ္သြားဖို႔ ေမွ်ာ္မွန္းထားတာ ျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးနဲ႔ လီဗာပူးလ္တို႔ ၂ သင္းထဲမွာ ကယ္လ္ဗင္ ဖိလစ္ပ္စ္အေနနဲ႔ မာေဆးဆိုဒ္အသင္းနဲ႔ ပိုမိုသင့္ေတာ္ပုံရတယ္လို႔ ေျပာရမွာျဖစ္ၿပီး လီဗာပူးလ္ကြင္းလယ္က သက္ႀကီးကစားသမားေတြေၾကာင့္ လိဒ္စ္ၾကယ္ပြင့္အေနနဲ႔ ပြဲထြက္ခြင့္ ပိုမိုရရွိႏိုင္မွာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းမွာေတာ့ ကြင္းလယ္မွာ ႐ိုဒရီကို ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုအပ္မွာျဖစ္ၿပီး နည္းျပ ပက္ ဂြါဒီယိုလာဟာ ကြင္းလယ္ခံစစ္ ကစားသမား ၂ ဦးအထိုင္ထားၿပီး ကစားခဲတာေၾကာင့္ ကယ္လ္ဗင္ ဖိလစ္ပ္စ္အတြက္ ပြဲထြက္ကစားခ်ိန္ အကန႔္အသတ္နဲ႔သာ ရရွိႏိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.