Premier League Transfer News

တီလီမန်းစ်ကို အမ်းမရိတ်စ်သွားဖို့ တိုက်တွန်းခဲ့တဲ့ အာဆင်နယ်ဖန် စပါးစ်ကြယ်ပွင့်ဟောင်း

တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူးဟောင်း ဒါရင်း ဘန့်တ်က တီလီမန်းစ်အနေနဲ့ ယခုနွေရာသီမှာ လက်စတာစီးတီးကို စွန့်ခွာခဲ့မယ်ဆိုရင် အာတီတာရဲ့ အာဆင်နယ်ကို ပြောင်းရွှေ့စေချင်နေပါတယ်။

talkSPORT ဘောလုံးဝေဖန်သုံးသပ်သူ အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ အာဆင်နယ်ပရိသတ်ဖြစ်ပြီး တီလီမန်းစ်ကို လာမယ့်ရာသီ အမ်းမရိတ်စ်မှာ မြင်တွေ့ချင်နေတာဖြစ်ပါတယ်။ ယူရီ တီလီမန်းစ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ လက်စတာစီးတီးအသင်းကနေ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

The Sun ရဲ့ မေလတုန်းက ဖော်ပြချက်အရ အာဆင်နယ်ဟာ တစ်ပတ်လုပ်ခလလစာ ပေါင် ၁၂၀၀၀၀ ရရှိနေတဲ့ ဘယ်လ်ဂျီယမ် ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ကိစ္စနဲ့ပတ်သက်ပြီး အလွန် ယုံကြည်မှု ကြီးထွားနေတယ်လို့ သိရပါတယ်။

“သူ အသင်းကို စွန့်ခွာခဲ့မယ်ဆိုရင် ကျွန်တော်ကတော့ အာဆင်နယ်ကို လာစေချင်ပါတယ်။ ကျွန်တော် သူ့ကို တကယ်နှစ်သက်တာပါ။ သူက အရမ်းကောင်းတဲ့ကစားသမားလို့ ကျွန်တော် ထင်တယ်။ သူက ဘယ်လ်ဂျီယမ်အသင်းမှာလည်း ပွဲထွက်ပါဝင်ကစားခွင့်ရတယ်။ သူ့မှာ အရည်အသွေးကောင်းတွေ ရှိပါတယ်။ သူက အာဆင်နယ်နဲ့ ကောင်းကောင်း အံဝင်မယ်လို့ ကျွန်တော် တကယ်ကို ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူရီ တီလီမန်းစ်ကို လက်စတာစီးတီးအသင်းကနေ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူနိုင်ဖွယ်ရှိနေပြီး အသက် ၂၅ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာကြောင့် လက်စတာစီးတီးက လက်ရှိမှာတော့ ကြယ်ပွင့်ကစားသမားကို ရောင်းထုတ်ချင်နေပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ တစ်ကမ္ဘာလုံးက သိကြတဲ့ အသင်းကြီးတစ်သင်းဖြစ်ပြီး လာမယ့်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိထားသလို ၂၀၂၂-၂၀၂၃ ရာသီမှာလည်း ပြီးခဲ့တဲ့ရာသီတုန်းကအတိုင်း ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၄ နေရာအတွင်း ဝင်ရောက်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

လက်စတာစီးတီး ကွင်းလယ်ကစားသမား တီလီမန်းစ်ဟာ ၎င်းရဲ့ ကစားသမားဘဝတလျှောက် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၂၀ ကစားထားရာမှာ သွင်းဂိုး ၁၈ ဂိုး သွင်းယူထားတဲ့ ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ေတာ့တင္ဟမ္ေဟာ့စပါး တိုက္စစ္မႉးေဟာင္း ဒါရင္း ဘန႔္တ္က တီလီမန္းစ္အေနနဲ႔ ယခုေႏြရာသီမွာ လက္စတာစီးတီးကို စြန႔္ခြာခဲ့မယ္ဆိုရင္ အာတီတာရဲ႕ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ေစခ်င္ေနပါတယ္။

talkSPORT ေဘာလုံးေဝဖန္သုံးသပ္သူ အဂၤလန္တိုက္စစ္မႉးေဟာင္းဟာ အာဆင္နယ္ပရိသတ္ျဖစ္ၿပီး တီလီမန္းစ္ကို လာမယ့္ရာသီ အမ္းမရိတ္စ္မွာ ျမင္ေတြ႕ခ်င္ေနတာျဖစ္ပါတယ္။ ယူရီ တီလီမန္းစ္ဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ လက္စတာစီးတီးအသင္းကေန ပရီးမီးယားလိဂ္ၿပိဳင္ဘက္ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

The Sun ရဲ႕ ေမလတုန္းက ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ တစ္ပတ္လုပ္ခလလစာ ေပါင္ ၁၂၀၀၀၀ ရရွိေနတဲ့ ဘယ္လ္ဂ်ီယမ္ ကြင္းလယ္ၾကယ္ပြင့္ကို ေခၚယူဖို႔ကိစၥနဲ႔ပတ္သက္ၿပီး အလြန္ ယုံၾကည္မႈ ႀကီးထြားေနတယ္လို႔ သိရပါတယ္။

“သူ အသင္းကို စြန႔္ခြာခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ကေတာ့ အာဆင္နယ္ကို လာေစခ်င္ပါတယ္။ ကြၽန္ေတာ္ သူ႔ကို တကယ္ႏွစ္သက္တာပါ။ သူက အရမ္းေကာင္းတဲ့ကစားသမားလို႔ ကြၽန္ေတာ္ ထင္တယ္။ သူက ဘယ္လ္ဂ်ီယမ္အသင္းမွာလည္း ပြဲထြက္ပါဝင္ကစားခြင့္ရတယ္။ သူ႔မွာ အရည္အေသြးေကာင္းေတြ ရွိပါတယ္။ သူက အာဆင္နယ္နဲ႔ ေကာင္းေကာင္း အံဝင္မယ္လို႔ ကြၽန္ေတာ္ တကယ္ကို ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ယူရီ တီလီမန္းစ္ကို လက္စတာစီးတီးအသင္းကေန ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေခၚယူႏိုင္ဖြယ္ရွိေနၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ကြင္းလယ္ကစားသမားဟာ အသင္းရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာေၾကာင့္ လက္စတာစီးတီးက လက္ရွိမွာေတာ့ ၾကယ္ပြင့္ကစားသမားကို ေရာင္းထုတ္ခ်င္ေနၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာ တစ္ကမာၻလုံးက သိၾကတဲ့ အသင္းႀကီးတစ္သင္းျဖစ္ၿပီး လာမယ့္ရာသီမွာ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရရွိထားသလို ၂၀၂၂-၂၀၂၃ ရာသီမွာလည္း ၿပီးခဲ့တဲ့ရာသီတုန္းကအတိုင္း ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံး ၄ ေနရာအတြင္း ဝင္ေရာက္ႏိုင္ဖို႔ ရည္မွန္းထားတာ ျဖစ္ပါတယ္။

လက္စတာစီးတီး ကြင္းလယ္ကစားသမား တီလီမန္းစ္ဟာ ၎ရဲ႕ ကစားသမားဘဝတေလွ်ာက္ လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္ပြဲေပါင္း ၁၂၀ ကစားထားရာမွာ သြင္းဂိုး ၁၈ ဂိုး သြင္းယူထားတဲ့ ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.