Premier League

လီဗာပူးလ်ကို စွန့်ခွာရတဲ့ ထူးထူးဆန်းဆန်းအကြောင်းအရင်းကို ထုတ်ပြောခဲ့တဲ့ မာနေး

လီဗာပူးလ်ကြယ်ပွင့် ဆာဒီယို မာနေးဟာ အန်းဖီးကို စွန့်ခွာချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒီလို ဆန္ဒရှိနေတာဟာ ဆီနီဂေါပြည်သူ ၇၀ ရာခိုင်နှုန်းလောက်က အသင်းပြောင်းစေချင်တာကြောင့်ဖြစ်တယ်လို့ ထူးထူးဆန်းဆန်း ပြောကြားခဲ့ပါတယ်။

မာနေးဟာ လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တာဖြစ်ပြီး မာဆေးဆိုဒ်အသင်းဟာ ဆီနီဂေါကြယ်ပွင့်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ကောလာဟလတွေ လပေါင်းများစွာ ထွက်ပေါ်ခဲ့ပြီးနောက် မာနေးက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ၎င်းရဲ့ အနာဂတ်ကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက အနာဂတ်နဲ့ပတ်သက်ပြီး တိတ်ဆိတ်နေခဲ့တာဖြစ်ပြီး သောကြာနေ့ညနေမှာတော့ အားလုံး အံ့အားသင့်စေမယ့် ထုတ်ဖော်ပြောဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘီနင်နဲ့ ယှဉ်ပြိုင်ကစားရမယ့် အာဖရိကဖလား ခြေစစ်ပွဲမတိုင်ခင် မာနေးက “အားလုံးလိုပဲ ကျွန်တော်လည်း လူမှုကွန်ရက်သုံးပြီး မှတ်ချက်တွေကို တွေ့ပါတယ်။ ဆီနီဂေါနိုင်ငံသား ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းက ကျွန်တော့်ကို လီဗာပူးလ်ကနေ ထွက်ခွာစေချင်နေကြတယ်မဟုတ်လား။ သူတို့ ဖြစ်စေချင်တာကို ကျွန်တော် လုပ်မှာပါ”

“ကျွန်တော်တို့ မကြာခင်မှာ တွေ့ရပါလိမ့်မယ်။ အလျင်မလိုပါနဲ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံး အတူတူ တွေ့ရမှာမို့လို့ပါ။ အနာဂတ်က ကျွန်တော်တို့ကို စကားပြောပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မာနေးဟာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းကို စွန့်ခွာချင်တယ်လို့ ပြောကြားခဲ့ကြောင်း ပြီးခဲ့တဲ့အပတ်က Diario AS က ဖော်ပြခဲ့ပါတယ်။

ယခုအပတ်အစောပိုင်းတုန်းက အခြားသတင်းတွေရဲ့ ဖော်ပြချက်အရ ဆီနီဂေါတိုက်စစ်မှူးဟာ ဘိုင်ယန်မြူးနစ်နဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရပြီး မာနေးဟာ ၂၀၁၆ ခုနှစ်နွေရာသီမှာ မာဆေးဆိုဒ်ကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက မိုဟာမက် ဆာလား၊ ဖာမီနိုတို့နဲ့အတူ ဥရောပရဲ့ ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန် ကြယ်ပွင့်ဟောင်းဟာ လီဗာပူးလ်အသင်းအတွက် ၂၆၉ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂၀ အထိ သွင်းယူပေးနိုင်ခဲ့ပြီး ပဲရစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ မာနေးရဲ့ လီဗာပူးလ်ဝတ်စုံနဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲစဉ် ဖြစ်လာတော့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ၾကယ္ပြင့္ ဆာဒီယို မာေနးဟာ အန္းဖီးကို စြန႔္ခြာခ်င္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အဲဒီလို ဆႏၵရွိေနတာဟာ ဆီနီေဂါျပည္သူ ၇၀ ရာခိုင္ႏႈန္းေလာက္က အသင္းေျပာင္းေစခ်င္တာေၾကာင့္ျဖစ္တယ္လို႔ ထူးထူးဆန္းဆန္း ေျပာၾကားခဲ့ပါတယ္။

မာေနးဟာ လီဗာပူးလ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္း ၁၂ လသာ က်န္ရွိေတာ့တာျဖစ္ၿပီး မာေဆးဆိုဒ္အသင္းဟာ ဆီနီေဂါၾကယ္ပြင့္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရရွိျခင္းမရွိခဲ့တာျဖစ္ပါတယ္။ ေကာလာဟလေတြ လေပါင္းမ်ားစြာ ထြက္ေပၚခဲ့ၿပီးေနာက္ မာေနးက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွာ ၎ရဲ႕ အနာဂတ္ကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္ကတည္းက ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္လည္း အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ကတည္းက အနာဂတ္နဲ႔ပတ္သက္ၿပီး တိတ္ဆိတ္ေနခဲ့တာျဖစ္ၿပီး ေသာၾကာေန႔ညေနမွာေတာ့ အားလုံး အံ့အားသင့္ေစမယ့္ ထုတ္ေဖာ္ေျပာဆိုမႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဘီနင္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ အာဖရိကဖလား ေျခစစ္ပြဲမတိုင္ခင္ မာေနးက “အားလုံးလိုပဲ ကြၽန္ေတာ္လည္း လူမႈကြန္ရက္သုံးၿပီး မွတ္ခ်က္ေတြကို ေတြ႕ပါတယ္။ ဆီနီေဂါႏိုင္ငံသား ၆၀ ရာခိုင္ႏႈန္းကေန ၇၀ ရာခိုင္ႏႈန္းက ကြၽန္ေတာ့္ကို လီဗာပူးလ္ကေန ထြက္ခြာေစခ်င္ေနၾကတယ္မဟုတ္လား။ သူတို႔ ျဖစ္ေစခ်င္တာကို ကြၽန္ေတာ္ လုပ္မွာပါ”

“ကြၽန္ေတာ္တို႔ မၾကာခင္မွာ ေတြ႕ရပါလိမ့္မယ္။ အလ်င္မလိုပါနဲ႔။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔အားလုံး အတူတူ ေတြ႕ရမွာမို႔လို႔ပါ။ အနာဂတ္က ကြၽန္ေတာ္တို႔ကို စကားေျပာပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ မာေနးဟာ ရီးရဲလ္မက္ဒရစ္ကို ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အသင္းကို စြန႔္ခြာခ်င္တယ္လို႔ ေျပာၾကားခဲ့ေၾကာင္း ၿပီးခဲ့တဲ့အပတ္က Diario AS က ေဖာ္ျပခဲ့ပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းက အျခားသတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ဆီနီေဂါတိုက္စစ္မႉးဟာ ဘိုင္ယန္ျမဴးနစ္နဲ႔ ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးျဖစ္တယ္လို႔ သိရၿပီး မာေနးဟာ ၂၀၁၆ ခုႏွစ္ေႏြရာသီမွာ မာေဆးဆိုဒ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးကတည္းက မိုဟာမက္ ဆာလား၊ ဖာမီႏိုတို႔နဲ႔အတူ ဥေရာပရဲ႕ ေၾကာက္မက္ဖြယ္အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ တိုးတက္လာခဲ့တာျဖစ္ပါတယ္။

ေဆာက္သမ္တန္ ၾကယ္ပြင့္ေဟာင္းဟာ လီဗာပူးလ္အသင္းအတြက္ ၂၆၉ ပြဲ ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၂၀ အထိ သြင္းယူေပးႏိုင္ခဲ့ၿပီး ပဲရစ္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဟာ မာေနးရဲ႕ လီဗာပူးလ္ဝတ္စုံနဲ႔ ကစားခဲ့တဲ့ ေနာက္ဆုံးပြဲစဥ္ ျဖစ္လာေတာ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.