International Match Report

မြေနိမ့်ဒေသဒါဘီမှာ အိမ်ရှင် ဘယ်လ်ဂျီယမ်ကို အစဉ်အလာနဲ့ အနိုင်ယူတဲ့ နယ်သာလန်

ဥရောပ နေးရှင်းလိဂ်ရဲ့ ဒီနေ့ ကစားခဲ့တဲ့ League A က ပွဲစဉ်တွေမှာ အသင်းကြီးတွေ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ကလင်ဒါကျကို ရှေ့က ခရိုအေးရှား၊ ပြင်သစ်တို့နဲ့အတူ ဘယ်လ်ဂျီယမ်ကလည်း လိုက်မီသွားခဲ့ပြီး Low Countries Derby လို့ ခေါ်တဲ့ မြောက်ပင်လယ် မြေနိမ့်ဒေသ ဒါဘီမှာ နယ်သာလန်တို့ရဲ့ အဝေးကွင်းနိုင်ပွဲကို တွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲစဉ်ကို အိမ်ရှင်အဖြစ် လက်ခံကစားတဲ့ ဘယ်လ်ဂျီယမ်တို့အနေနဲ့ ဂိုးသမား မစ်နိုလက်၊ ခံစစ်မှာ အယ်လ်ဒါဗီရယ်လ်၊ ဘိုယာတာ၊ ဗာတွန်ဂန်တို့ သုံးဦးနဲ့ အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဝစ်ဆယ်လ်၊ ဒီဘရိုင်းနား၊ ဗာနာကင်၊ မူနီယေးနဲ့ ကက်စတာညာတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ လူကာကူးနဲ့ ဟာဇက်တို့ကို ထားရှိခဲ့တာဖြစ်ပါတယ်။

နယ်သာလန်တို့ကတော့ ဂိုးသမား ဆီလက်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ အာကေနဲ့ တင်ဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘလင်း၊ ဒမ်းဖရီးစ်၊ ကလာ့စ်ဆန်၊ ဒီယုံးနဲ့ ဘာ့ဂ်ဟာ့စ်တို့ကို တွဲပေးခဲ့သလို တိုက်စစ်မှာတော့ ဒီပိုင်းနဲ့ ဘာ့ဂ်ဗိုင်းတို့ကို အထောင်ထားပြီး ပွဲထွက်လာခဲ့ကြပါတယ်။

နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒတ်ချ်ဘာသာစကားပြော အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံရဲ့ ပြိုင်ပွဲမှာ နှစ်ဖက်ပရိသတ်တွေ ကွင်းအပြည့် အားပေးခဲ့ကြပြီး ကစားကွက်ပုံစံချင်း နီးစပ်တဲ့ အိမ်ရှင်ရော ဧည့်သည်တွေပါ တစ်ဖက်နဲ့တစ်ဖက် အတင်စီးမခံဘဲ အပြန်အလှန်ကစားနိုင်ခဲ့ကြလို့ ပွဲက ထင်တာထက်ပိုပြီး ကြည့်ကောင်းခဲ့တာပါ။

နှစ်ဖက်ဂိုးသမားတွေ သတိကြီးကြီးနဲ့ ကာကွယ်ခဲ့ရသလို ဒတ်ချ်တွေရဲ့ ကျဆင်းချိန်မှာ ဘောလုံးဇာတ်ခုံမြင့်ရဲ့ ထိပ်ပိုင်းနေရာကို တက်လှမ်း ရယူနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယမ်တွေအတွက်တော့ ဒီနေ့ပွဲမှာ အစဉ်အလာကို တော်လှန်ပစ်နိုင်ဖို့ ခက်ခဲခဲ့ရပြီး ပွဲချိန် ၂၇ မိနစ်မှာ တိုက်စစ်မှူး လူကာကူး ဒဏ်ရာ ရသွားခဲ့လို့ ထရော့ဆတ်နဲ့ လူစားလဲခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ ဧည့်သည် လိမ္မော်ရောင်တွေ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တစ်ချိန်လုံး ဖြုန်းတီးနေခဲ့တဲ့ ဘာ့ဂ်ဗိန်းက ကွင်းလယ်ကနေ ဒီယုံး ပေးတဲ့ ဘောလုံးကို ဧရိယာထိပ်ကနေ လျှပ်တစ်ပြက် ကန်သွင်းခဲ့ရာမှာ ဂိုးသမား မစ်နိုလက် အငိုက်မိသွားခဲ့လို့ မကာကွယ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့ နယ်သာလန်တို့ ဦးဆောင်ခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဘယ်လ်ဂျီယမ်တို့ဘက်က ဟာဇက်နဲ့ ဗာနာကင်တို့အစား မာတန်းစ်နဲ့ အိုနာနာတို့ လူစားဝင် ကစားခဲ့ကြပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘာ့ဂ်ဟာ့စ်ရဲ့ လျင်မြန်တိကျတဲ့ ပေးပို့မှုကနေ ဒီပိုင်းက ယုံတာမှားခဲ့တဲ့ မစ်နိုလက်နဲ့ တစ်ဦးချင်းအတွေ့မှာ အချိန်မဆိုင်းဘဲ ကန်သွင်းယူသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဘယ်လ်ဂျီယမ်တို့ ဖိကစားခဲ့ပေမယ့် အလွဲတွေ များခဲ့သလို ဂိုးပေါက်တည့်လာတဲ့ ကန်ချက်တွေကိုလည်း ဂိုးသမား ဆီလက်ဆန် အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့လို့ အိမ်ရှင်သရဲနီတွေ ဂိုးမရဘဲဖြစ်နေခဲ့ရပြီး ပွဲချိန် တစ်နာရီကျော်လာချိန်မှာတော့ ဧည့်သည်တွေက နောက်ထပ် နှစ်ဂိုးဆက်တိုက် သွင်းယူသွားနိုင်ခဲ့ကြတာပါ။

ပွဲချိန် ၆၁ မိနစ်မှာ နယ်သာလန်တို့အတွက် တတိယဂိုးကို ညာတောင်ပံကစားသမား ဒမ်းဖရီးစ်က သွင်းယူပေးသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်က လှမ်းကန်တဲ့ ဘောလုံးကို ဂိုးသမား မစ်နိုလက် ပုတ်ထုတ်လို့ ပြန်ကျလာတာကို ဘယ်တောင်ပံမှာ ကစားနေတဲ့ ဘလင်းက အနိမ့်ဘော ဖြတ်ချိုးပေးခဲ့ရာမှာတော့ အင်တာမီလန်နောက်ခံလူက ပြေးဝင်ပိတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဒတ်ချ်တွေပဲ အနိုင်ပြတ်သားစေမယ့် စတုတ္ထဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခဏခဏ လူပေးမှားနေခဲ့တဲ့ ဘယ်လ်ဂျီယမ်ကွင်းလယ်က ဘောလုံးအပျက်မှာ ဗန်ဒိုက်က မ,တင်ပေးလိုက်တာကို ဘလင်းက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ခေါင်းတိုက် ချပေးတာကနေ နောက်က ပြေးဝင်လာတဲ့ ဒီပိုင်းက ဖုန်းတစ်ဂိုးဖြစ်သွားတဲ့ မစ်နိုလက်ကို မြေမကျကန်ချက်နဲ့ အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘယ်လ်ဂျီယမ်တို့အတွက် တစ်လုံးတည်းသော နှစ်သိမ့်ဂိုးကိုတော့ နာကျင်အချိန်ပို ၃ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ဘက်ရွှာယီက ရယူပေးသွားခဲ့ပြီး ထောင့်ကန်ဘောကတစ်ဆင့် အတိုပေးပြီးမှ ညာခြမ်းက အယ်လ်ဒါဗီရယ်လ်ရဲ့ ဖြတ်တင်ဘောကို နယ်သာလန်ခံစစ်တန်းနောက်က ကျော်ပြေးသွားခဲ့တဲ့ ဘက်မန်းက အနီးကပ်ခေါင်းတိုက်သွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ မြေနိမ့်ဒေသဒါဘီမှာ ဘယ်လ်ဂျီယမ်တွေအပေါ် လေးဂိုး-တစ်ဂိုး ရလဒ်နဲ့ ဒတ်ချ်တွေ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဥရောပ ထိပ်တန်းအဆင့်မှာ ကစားမနေတော့တဲ့ ဂိုးသမား မစ်နိုလက်ကို ယုံမိမှားခဲ့တဲ့ နည်းပြ ရောဘတ်တို မာတီနက်ဇ်ကတော့ ပေးဆပ်မှု ကြီးမားခဲ့ပြီး အရှုံးနဲ့ပဲ ထိုက်တန်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဥေရာပ ေနးရွင္းလိဂ္ရဲ႕ ဒီေန႔ ကစားခဲ့တဲ့ League A က ပြဲစဥ္ေတြမွာ အသင္းႀကီးေတြ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ ကလင္ဒါက်ကို ေရွ႕က ခ႐ိုေအးရွား၊ ျပင္သစ္တို႔နဲ႔အတူ ဘယ္လ္ဂ်ီယမ္ကလည္း လိုက္မီသြားခဲ့ၿပီး Low Countries Derby လို႔ ေခၚတဲ့ ေျမာက္ပင္လယ္ ေျမနိမ့္ေဒသ ဒါဘီမွာ နယ္သာလန္တို႔ရဲ႕ အေဝးကြင္းႏိုင္ပြဲကို ေတြ႕ျမင္ခဲ့ရတာျဖစ္ပါတယ္။

ဒီေန႔ပြဲစဥ္ကို အိမ္ရွင္အျဖစ္ လက္ခံကစားတဲ့ ဘယ္လ္ဂ်ီယမ္တို႔အေနနဲ႔ ဂိုးသမား မစ္ႏိုလက္၊ ခံစစ္မွာ အယ္လ္ဒါဗီရယ္လ္၊ ဘိုယာတာ၊ ဗာတြန္ဂန္တို႔ သုံးဦးနဲ႔ အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဝစ္ဆယ္လ္၊ ဒီဘ႐ိုင္းနား၊ ဗာနာကင္၊ မူနီေယးနဲ႔ ကက္စတာညာတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ လူကာကူးနဲ႔ ဟာဇက္တို႔ကို ထားရွိခဲ့တာျဖစ္ပါတယ္။

နယ္သာလန္တို႔ကေတာ့ ဂိုးသမား ဆီလက္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ အာေကနဲ႔ တင္ဘာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘလင္း၊ ဒမ္းဖရီးစ္၊ ကလာ့စ္ဆန္၊ ဒီယုံးနဲ႔ ဘာ့ဂ္ဟာ့စ္တို႔ကို တြဲေပးခဲ့သလို တိုက္စစ္မွာေတာ့ ဒီပိုင္းနဲ႔ ဘာ့ဂ္ဗိုင္းတို႔ကို အေထာင္ထားၿပီး ပြဲထြက္လာခဲ့ၾကပါတယ္။

နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ဒတ္ခ်္ဘာသာစကားေျပာ အိမ္နီးခ်င္းႏိုင္ငံ ႏွစ္ႏိုင္ငံရဲ႕ ၿပိဳင္ပြဲမွာ ႏွစ္ဖက္ပရိသတ္ေတြ ကြင္းအျပည့္ အားေပးခဲ့ၾကၿပီး ကစားကြက္ပုံစံခ်င္း နီးစပ္တဲ့ အိမ္ရွင္ေရာ ဧည့္သည္ေတြပါ တစ္ဖက္နဲ႔တစ္ဖက္ အတင္စီးမခံဘဲ အျပန္အလွန္ကစားႏိုင္ခဲ့ၾကလို႔ ပြဲက ထင္တာထက္ပိုၿပီး ၾကည့္ေကာင္းခဲ့တာပါ။

ႏွစ္ဖက္ဂိုးသမားေတြ သတိႀကီးႀကီးနဲ႔ ကာကြယ္ခဲ့ရသလို ဒတ္ခ်္ေတြရဲ႕ က်ဆင္းခ်ိန္မွာ ေဘာလုံးဇာတ္ခုံျမင့္ရဲ႕ ထိပ္ပိုင္းေနရာကို တက္လွမ္း ရယူႏိုင္ခဲ့တဲ့ ဘယ္လ္ဂ်ီယမ္ေတြအတြက္ေတာ့ ဒီေန႔ပြဲမွာ အစဥ္အလာကို ေတာ္လွန္ပစ္ႏိုင္ဖို႔ ခက္ခဲခဲ့ရၿပီး ပြဲခ်ိန္ ၂၇ မိနစ္မွာ တိုက္စစ္မႉး လူကာကူး ဒဏ္ရာ ရသြားခဲ့လို႔ ထေရာ့ဆတ္နဲ႔ လူစားလဲခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ဧည့္သည္ လိေမၼာ္ေရာင္ေတြ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တစ္ခ်ိန္လုံး ျဖဳန္းတီးေနခဲ့တဲ့ ဘာ့ဂ္ဗိန္းက ကြင္းလယ္ကေန ဒီယုံး ေပးတဲ့ ေဘာလုံးကို ဧရိယာထိပ္ကေန လွ်ပ္တစ္ျပက္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား မစ္ႏိုလက္ အငိုက္မိသြားခဲ့လို႔ မကာကြယ္ႏိုင္ခဲ့ဘဲ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ နယ္သာလန္တို႔ ဦးေဆာင္ခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ဘယ္လ္ဂ်ီယမ္တို႔ဘက္က ဟာဇက္နဲ႔ ဗာနာကင္တို႔အစား မာတန္းစ္နဲ႔ အိုနာနာတို႔ လူစားဝင္ ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဘာ့ဂ္ဟာ့စ္ရဲ႕ လ်င္ျမန္တိက်တဲ့ ေပးပို႔မႈကေန ဒီပိုင္းက ယုံတာမွားခဲ့တဲ့ မစ္ႏိုလက္နဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အခ်ိန္မဆိုင္းဘဲ ကန္သြင္းယူသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ ဘယ္လ္ဂ်ီယမ္တို႔ ဖိကစားခဲ့ေပမယ့္ အလြဲေတြ မ်ားခဲ့သလို ဂိုးေပါက္တည့္လာတဲ့ ကန္ခ်က္ေတြကိုလည္း ဂိုးသမား ဆီလက္ဆန္ အမွားအယြင္းမရွိ ကာကြယ္သြားႏိုင္ခဲ့လို႔ အိမ္ရွင္သရဲနီေတြ ဂိုးမရဘဲျဖစ္ေနခဲ့ရၿပီး ပြဲခ်ိန္ တစ္နာရီေက်ာ္လာခ်ိန္မွာေတာ့ ဧည့္သည္ေတြက ေနာက္ထပ္ ႏွစ္ဂိုးဆက္တိုက္ သြင္းယူသြားႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာ နယ္သာလန္တို႔အတြက္ တတိယဂိုးကို ညာေတာင္ပံကစားသမား ဒမ္းဖရီးစ္က သြင္းယူေပးသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္က လွမ္းကန္တဲ့ ေဘာလုံးကို ဂိုးသမား မစ္ႏိုလက္ ပုတ္ထုတ္လို႔ ျပန္က်လာတာကို ဘယ္ေတာင္ပံမွာ ကစားေနတဲ့ ဘလင္းက အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးခဲ့ရာမွာေတာ့ အင္တာမီလန္ေနာက္ခံလူက ေျပးဝင္ပိတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဒတ္ခ်္ေတြပဲ အႏိုင္ျပတ္သားေစမယ့္ စတုတၳဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခဏခဏ လူေပးမွားေနခဲ့တဲ့ ဘယ္လ္ဂ်ီယမ္ကြင္းလယ္က ေဘာလုံးအပ်က္မွာ ဗန္ဒိုက္က မ,တင္ေပးလိုက္တာကို ဘလင္းက လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး ေခါင္းတိုက္ ခ်ေပးတာကေန ေနာက္က ေျပးဝင္လာတဲ့ ဒီပိုင္းက ဖုန္းတစ္ဂိုးျဖစ္သြားတဲ့ မစ္ႏိုလက္ကို ေျမမက်ကန္ခ်က္နဲ႔ အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘယ္လ္ဂ်ီယမ္တို႔အတြက္ တစ္လုံးတည္းေသာ ႏွစ္သိမ့္ဂိုးကိုေတာ့ နာက်င္အခ်ိန္ပို ၃ မိနစ္မွာ လူစားဝင္တိုက္စစ္မႉး ဘက္႐ႊာယီက ရယူေပးသြားခဲ့ၿပီး ေထာင့္ကန္ေဘာကတစ္ဆင့္ အတိုေပးၿပီးမွ ညာျခမ္းက အယ္လ္ဒါဗီရယ္လ္ရဲ႕ ျဖတ္တင္ေဘာကို နယ္သာလန္ခံစစ္တန္းေနာက္က ေက်ာ္ေျပးသြားခဲ့တဲ့ ဘက္မန္းက အနီးကပ္ေခါင္းတိုက္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ေျမနိမ့္ေဒသဒါဘီမွာ ဘယ္လ္ဂ်ီယမ္ေတြအေပၚ ေလးဂိုး-တစ္ဂိုး ရလဒ္နဲ႔ ဒတ္ခ်္ေတြ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဥေရာပ ထိပ္တန္းအဆင့္မွာ ကစားမေနေတာ့တဲ့ ဂိုးသမား မစ္ႏိုလက္ကို ယုံမိမွားခဲ့တဲ့ နည္းျပ ေရာဘတ္တို မာတီနက္ဇ္ကေတာ့ ေပးဆပ္မႈ ႀကီးမားခဲ့ၿပီး အရႈံးနဲ႔ပဲ ထိုက္တန္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.