International Match Report

ညီအစ်ကိုနှစ်ကောင် ဆေးထိုးလို့ အဲရစ်ဆန်ရဲ့ ဒိန်းမတ် ဗျင်းတာခံလိုက်ရတဲ့ အိမ်ရှင်ပြင်သစ်

ပြင်သစ်အသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပြီး ဂိုးသမား လိုရစ်၊ ခံစစ်မှာ ကွန်ဒီ၊ ဗာရွန်းနဲ့ လူကာ ဟာနန်ဒက်ဇ်တို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ကိုမွန်၊ ကွန်တေ၊ ချွယ်မင်နီနဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂရစ်ဇ်မန်း၊ ဘင်ဇီးမားနဲ့ အမ်ဘာပေတို့ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

ဒိန်းမတ်တို့ကတော့ သူတို့ရဲ့ အကောင်းဆုံး လူစာရင်းကို ထုတ်လာခဲ့ပြီး ဂိုးသမား ရှမိုက်ကယ်၊ ခံစစ်မှာ အန်ဒါဆန်၊ ဗက်စ်တာဂါ့ဒ်နဲ့ နယ်လ်ဆန်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ မေလီ၊ ဟွိုင်ဘယာ့ဂ်၊ ဒီလေးနီ၊ အဲရစ်ဆန်နဲ့ ဗာ့စ်တို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဒိုးလ်ဘတ်နဲ့ အော်လ်ဆန်တို့ ပွဲထွက်ခဲ့ကြတာပါ။

ပြင်သစ်တို့ရဲ့ ဘောလုံးကိုင်ကစားပြီး ထိုးဖောက်တဲ့ ပုံစံထက် တန်ပြန်တိုက်စစ်တွေကနေ တိကျတဲ့ ပေးပို့မှုတွေကို အဲရစ်ဆန် အားကိုးနဲ့ ပြုလုပ်ပြီး မိုက်လာခဲ့တဲ့ ဒိန်းမတ်တို့ရဲ့ ကစားပုံကတော့ ပိုမိုထိရောက်ခဲ့တာကို တွေ့ခဲ့ရပြီး ဘင်ဇီးမားနဲ့ အမ်ဘာပေတို့ရဲ့ အိမ်ရှင်တိုက်စစ်ကတော့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဒဏ်ရာအနည်းငယ်ရသွားတဲ့ အမ်ဘာပေအစား ဂျာမန်မြေမှာ ခြေစွမ်းပြနေခဲ့တဲ့ အန်ကွန်ကူးနဲ့ ပြင်သစ်တို့ လူလဲကစားခဲ့သလို အထနှေးခဲ့တဲ့ ဒိန်းမတ်တို့ကတော့ အိမ်ရှင်တိုက်စစ်မှူး ဘင်ဇီးမားရဲ့ ထိုးဖောက်မှုကနေ ဂိုးပေးရမလိုတောင် ဖြစ်ခဲ့တာပါ။

ပွဲချိန် ၅၁ မိနစ်မှာတော့ ပြင်သစ်တို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ချွယ်မင်နီရဲ့ ပေးပို့မှုကနေ ညာခြမ်းက ရသွားတဲ့ ဘင်ဇီးမားက လူစားဝင်ကစားသမား အန်ကွန်ကူးနဲ့ ဝမ်းတူးရိုက်အပြီး ဧရိယာထဲအရောက်မှာ ဒိန်းမတ်နောက်ခံလူ သုံးလေးယောက်ကြားကနေ တစ်ကိုယ်တော် အလိမ်အလှည့်အစွမ်းနဲ့ ဖြတ်ကျော်ပြီးမှ ဂိုးသမား ရှမိုက်ကယ် ဖမ်းမမိအောင် မြေလှိမ့်ဘော ထိုးထည့်သွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာတော့ ဒိန်းမတ်တို့ သူတင်ကိုယ်တင် ပြန်ကစားလာခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာတော့ ချေပဂိုး ပြန်လည်ရယူသွားခဲ့သလို ဒီဂိုးကိုတော့ ဟွိုင်ဘယာ့ဂ်ရဲ့ ပေးပို့မှုကနေ လူစားဝင်တိုက်စစ်မှူး ကော်နယ်လီးယပ်စ်က ဟာနန်ဒက်ဇ်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ နားလည်မှုမရှိတဲ့ လူကျွံဘောဖမ်းပုံကြောင့် ပါးပါးနပ်နပ် ဖောက်ထွက်သွားနိုင်ခဲ့ပြီး ဂိုးသမား လိုရစ်နဲ့အတွေ့မှာ မြေမကျ ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

တစ်ဂိုးစီသရေဖြစ်အပြီးမှာ ပြင်သစ်တို့ ဖိကစားခဲ့သလို ဒိန်းမတ်ကောင်တာဒဏ်ကိုလည်း ခံခဲ့ရပြီး ဂရစ်ဇ်မန်းရဲ့ ဖရီးကစ်ကတော့ ဘားကျော်သွားခဲ့သလို ပွဲချိန် ၈၁ မိနစ်မှာတော့ ကွင်းလယ်လူ ကွန်တေရဲ့ ဧရိယာထိပ်ကနေ တစ်ကိုယ်တော် အပေါက်ရှာပြီး ကန်သွင်းချက်က တိုင်ထိပြီး ပြန်ထွက်ခဲ့တာကြောင့် ဒိန်းမတ်တို့ သက်သာခဲ့ရပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ ဧည့်သည် ဒိန်းမတ်တို့ နောက်ကနေ ပြန်လာနိုင်ခဲ့ကြပြီး ဒီအနိုင်ဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်နောက်ခံလူ မေလီက ကန်တင်ပေးခဲ့ရာမှာ ကော်နယ်လီးယပ်စ်ကပဲ ဘယ်ခြမ်းတောက်လျှောက် ပြေးထွက်ပြီး ဧရိယာထဲအရောက်မှာ အပြင်းကန်သွင်းခဲ့တာက ဂိုးသမား လိုရစ် မကာကွယ်နိုင်အောင် ဂိုးပိုက်ခေါင်မိုးထဲ ခပ်ပြင်းပြင်းဝင်သွားခဲ့လို့ ဂိုးပေးခဲ့ရတာပါ။

ဒီနေ့ပွဲမှာ လူကျွံဘောဖမ်းကစားဖို့ချည်း ကြိုးစားနေပြီး မသပ်မရပ်နဲ့ လွတ်ထွက်နေခဲ့တဲ့ ပြင်သစ်နောက်တန်းက ဟာနန်ဒက်ဇ် ညီအစ်ကို နှစ်ယောက်ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဒိန်းမတ်တို့ ထိုးနှက်သွားနိုင်ခဲ့တာဖြစ်သလို ကော်နယ်လီးယပ်စ်ရဲ့ နှစ်ဂိုးစလုံးမှာ ကျောနံပါတ် ၂၂ အေစီမီလန်နောက်ခံလူ သီယိုကချည်း နောက်ကျန်နေခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပြင်သစ်တို့ ဘာမှ ထပ်မလုပ်နိုင်တော့ဘဲ အိမ်ကွင်းမှာ ငုတ်တုတ်မေ့ခဲ့ကြရသလို ဒိန်းမတ်တို့ကတော့ ပါးနပ်တဲ့ ကစားပုံနဲ့အတူ နှစ်ဂိုး-တစ်ဂိုးရလဒ်နဲ့ အဝေးကွင်းက Come Back နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့ကြပြီး နေးရှင်းလိဂ် အုပ်စု(က)ရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္အသင္းအေနနဲ႔ ဒီေန႔မွာ အိမ္ကြင္းမွာ လက္ခံကစားခဲ့ရၿပီး ဂိုးသမား လိုရစ္၊ ခံစစ္မွာ ကြန္ဒီ၊ ဗာ႐ြန္းနဲ႔ လူကာ ဟာနန္ဒက္ဇ္တို႔နဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ကိုမြန္၊ ကြန္ေတ၊ ခြၽယ္မင္နီနဲ႔ သီယို ဟာနန္ဒက္ဇ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂရစ္ဇ္မန္း၊ ဘင္ဇီးမားနဲ႔ အမ္ဘာေပတို႔ ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

ဒိန္းမတ္တို႔ကေတာ့ သူတို႔ရဲ႕ အေကာင္းဆုံး လူစာရင္းကို ထုတ္လာခဲ့ၿပီး ဂိုးသမား ရွမိုက္ကယ္၊ ခံစစ္မွာ အန္ဒါဆန္၊ ဗက္စ္တာဂါ့ဒ္နဲ႔ နယ္လ္ဆန္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ေမလီ၊ ဟြိဳင္ဘယာ့ဂ္၊ ဒီေလးနီ၊ အဲရစ္ဆန္နဲ႔ ဗာ့စ္တို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဒိုးလ္ဘတ္နဲ႔ ေအာ္လ္ဆန္တို႔ ပြဲထြက္ခဲ့ၾကတာပါ။

ျပင္သစ္တို႔ရဲ႕ ေဘာလုံးကိုင္ကစားၿပီး ထိုးေဖာက္တဲ့ ပုံစံထက္ တန္ျပန္တိုက္စစ္ေတြကေန တိက်တဲ့ ေပးပို႔မႈေတြကို အဲရစ္ဆန္ အားကိုးနဲ႔ ျပဳလုပ္ၿပီး မိုက္လာခဲ့တဲ့ ဒိန္းမတ္တို႔ရဲ႕ ကစားပုံကေတာ့ ပိုမိုထိေရာက္ခဲ့တာကို ေတြ႕ခဲ့ရၿပီး ဘင္ဇီးမားနဲ႔ အမ္ဘာေပတို႔ရဲ႕ အိမ္ရွင္တိုက္စစ္ကေတာ့ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ဘဲျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ဒဏ္ရာအနည္းငယ္ရသြားတဲ့ အမ္ဘာေပအစား ဂ်ာမန္ေျမမွာ ေျခစြမ္းျပေနခဲ့တဲ့ အန္ကြန္ကူးနဲ႔ ျပင္သစ္တို႔ လူလဲကစားခဲ့သလို အထေႏွးခဲ့တဲ့ ဒိန္းမတ္တို႔ကေတာ့ အိမ္ရွင္တိုက္စစ္မႉး ဘင္ဇီးမားရဲ႕ ထိုးေဖာက္မႈကေန ဂိုးေပးရမလိုေတာင္ ျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ျပင္သစ္တို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ခြၽယ္မင္နီရဲ႕ ေပးပို႔မႈကေန ညာျခမ္းက ရသြားတဲ့ ဘင္ဇီးမားက လူစားဝင္ကစားသမား အန္ကြန္ကူးနဲ႔ ဝမ္းတူး႐ိုက္အၿပီး ဧရိယာထဲအေရာက္မွာ ဒိန္းမတ္ေနာက္ခံလူ သုံးေလးေယာက္ၾကားကေန တစ္ကိုယ္ေတာ္ အလိမ္အလွည့္အစြမ္းနဲ႔ ျဖတ္ေက်ာ္ၿပီးမွ ဂိုးသမား ရွမိုက္ကယ္ ဖမ္းမမိေအာင္ ေျမလွိမ့္ေဘာ ထိုးထည့္သြားခဲ့တာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာေတာ့ ဒိန္းမတ္တို႔ သူတင္ကိုယ္တင္ ျပန္ကစားလာခဲ့ၿပီး ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ေခ်ပဂိုး ျပန္လည္ရယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ဟြိဳင္ဘယာ့ဂ္ရဲ႕ ေပးပို႔မႈကေန လူစားဝင္တိုက္စစ္မႉး ေကာ္နယ္လီးယပ္စ္က ဟာနန္ဒက္ဇ္တို႔ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ နားလည္မႈမရွိတဲ့ လူကြၽံေဘာဖမ္းပုံေၾကာင့္ ပါးပါးနပ္နပ္ ေဖာက္ထြက္သြားႏိုင္ခဲ့ၿပီး ဂိုးသမား လိုရစ္နဲ႔အေတြ႕မွာ ေျမမက် ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

တစ္ဂိုးစီသေရျဖစ္အၿပီးမွာ ျပင္သစ္တို႔ ဖိကစားခဲ့သလို ဒိန္းမတ္ေကာင္တာဒဏ္ကိုလည္း ခံခဲ့ရၿပီး ဂရစ္ဇ္မန္းရဲ႕ ဖရီးကစ္ကေတာ့ ဘားေက်ာ္သြားခဲ့သလို ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ကြင္းလယ္လူ ကြန္ေတရဲ႕ ဧရိယာထိပ္ကေန တစ္ကိုယ္ေတာ္ အေပါက္ရွာၿပီး ကန္သြင္းခ်က္က တိုင္ထိၿပီး ျပန္ထြက္ခဲ့တာေၾကာင့္ ဒိန္းမတ္တို႔ သက္သာခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ ဧည့္သည္ ဒိန္းမတ္တို႔ ေနာက္ကေန ျပန္လာႏိုင္ခဲ့ၾကၿပီး ဒီအႏိုင္ဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ေနာက္ခံလူ ေမလီက ကန္တင္ေပးခဲ့ရာမွာ ေကာ္နယ္လီးယပ္စ္ကပဲ ဘယ္ျခမ္းေတာက္ေလွ်ာက္ ေျပးထြက္ၿပီး ဧရိယာထဲအေရာက္မွာ အျပင္းကန္သြင္းခဲ့တာက ဂိုးသမား လိုရစ္ မကာကြယ္ႏိုင္ေအာင္ ဂိုးပိုက္ေခါင္မိုးထဲ ခပ္ျပင္းျပင္းဝင္သြားခဲ့လို႔ ဂိုးေပးခဲ့ရတာပါ။

ဒီေန႔ပြဲမွာ လူကြၽံေဘာဖမ္းကစားဖို႔ခ်ည္း ႀကိဳးစားေနၿပီး မသပ္မရပ္နဲ႔ လြတ္ထြက္ေနခဲ့တဲ့ ျပင္သစ္ေနာက္တန္းက ဟာနန္ဒက္ဇ္ ညီအစ္ကို ႏွစ္ေယာက္ရဲ႕ အားနည္းခ်က္ကို အခြင့္ေကာင္းယူၿပီး ဒိန္းမတ္တို႔ ထိုးႏွက္သြားႏိုင္ခဲ့တာျဖစ္သလို ေကာ္နယ္လီးယပ္စ္ရဲ႕ ႏွစ္ဂိုးစလုံးမွာ ေက်ာနံပါတ္ ၂၂ ေအစီမီလန္ေနာက္ခံလူ သီယိုကခ်ည္း ေနာက္က်န္ေနခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ျပင္သစ္တို႔ ဘာမွ ထပ္မလုပ္ႏိုင္ေတာ့ဘဲ အိမ္ကြင္းမွာ ငုတ္တုတ္ေမ့ခဲ့ၾကရသလို ဒိန္းမတ္တို႔ကေတာ့ ပါးနပ္တဲ့ ကစားပုံနဲ႔အတူ ႏွစ္ဂိုး-တစ္ဂိုးရလဒ္နဲ႔ အေဝးကြင္းက Come Back ႏိုင္ပြဲတစ္ပြဲကို ဖန္တီးႏိုင္ခဲ့ၾကၿပီး ေနးရွင္းလိဂ္ အုပ္စု(က)ရဲ႕ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.