International Match Report

နာမည်ကြီး ခရိုအေးရှားကို အဝေးကွင်းမှာ ဂိုးပြတ်သိပ်ထည့်လိုက်တဲ့ ဩစတြီးယား

ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပြီး ဂိုးသမား အီဗူရှစ်ချ်၊ ခံစစ်မှာ ချာလက်တာ-ဆာ၊ ပွန်ဂရာချစ်၊ ယူရာနိုဗစ်ချ်၊ ဆိုဆာတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ချ်ကို အရန်ခုံမှာ ထားခဲ့ပြီး ဘရိုဇိုဗစ်ချ်၊ ကိုဗာချစ်၊ မေယာ၊ ဘရက်ကာလိုနဲ့ ပါဆာလစ်ချ်တို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ကရာမာရစ်ချ်တစ်ဦးတည်းကို အထောင်ထားလာခဲ့ပါတယ်။

ဧည့်သည် ဩစတြီးယားတို့ကတော့ နည်းပြ ရန်းနစ်ခ်ရဲ့ လမ်းညွှန်မှုအောက်မှာ ဂိုးသမား လင်ဒါ၊ ခံစစ်မှာ ထရော်နာ၊ ဒန်ဆိုနဲ့ ဗိုးဘားတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ရှလေဂါ၊ လိုင်မာ၊ ဆာဘစ်ဇာ၊ ဗိုင်းမန်းနဲ့ လိန်နာတို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာ အိုနီဆီဝို၊ အာနော်တိုဗစ်ချ်တို့နဲ့ ၃-၅-၂ ပုံစံ ကစားလာခဲ့ကြတာပါ။

မိုဒရစ်ချ်ကို အရန်ခုံမှာ ထားခဲ့တဲ့ ခရိုအေးရှားတို့ရဲ့ တိုက်စစ်ပိုင်း ဖန်တီးမှုနဲ့ End Product တွေကတော့ သိပ်ပြီး အလုပ်မဖြစ်ခဲ့သလို နာမည်ကြီး တိုက်စစ်မှူးတွေ ရှားပါလာခဲ့တာကလည်း သူတို့အတွက်တော့ မျိုးဆက်သစ် ပေါ်ထွက်ဖို့ ရုန်းကန်ရဆဲဖြစ်နေသလို ဝါရင့်ကစားသမားတွေကိုပဲ မှီခိုနေခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာ ဩစတြီးယားတို့ အဖွင့်ဂိုး ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အိုနီဆီဝို ပေးတာကို ဘောလုံးရသွားခဲ့တဲ့ အာနော်တိုဗစ်ချ်က အလယ်ကြောတစ်လျှောက် ဆွဲပြေးပြီး ဂိုးဧရိယာထိပ်ကနေ ကန်သွင်းခဲ့ရာမှာ ခရိုအေးရှားဂိုးသမား အီဗူရှစ်ချ် မကာကွယ်နိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ခရိုအေးရှားတို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့တဲ့ ဒီနေ့ပွဲမှာ ဒုတိယပိုင်းမှာလည်း ဆက်လက်ဖိကစားနေခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေ အားရစရာ မရှိခဲ့တာကြောင့် တိုက်စစ်က ဘဲဥမကွဲဘဲဖြစ်နေခဲ့သလို ဩစတြီးယားရဲ့ သိပ်အထင်ကြီးစရာ နာမည်တွေ မပါပေမယ့် မာကျောကျစ်လျစ်နေတဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဂိုးလိုနေတဲ့ အိမ်ရှင်တွေကို ဩစတြီးယားတို့ပဲ ထပ်သုတ်သွားနိုင်ခဲ့ပြီး ဒုတိယဦးဆောင်ဂိုး ရယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးပြန်ရလာခဲ့တဲ့ ဗိုးဘားရဲ့ ပေးပို့မှုကို ဒုတိယပိုင်းအစမှာ အိုနီဆီဝိုအစား ဝင်ကစားရဲ့ ဂရီဂေါ်ရစ်ရှ်က ဘယ်ခြေကန်ချက်နဲ့ အဆုံးသတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် သုံးမိနစ်အကြာ ပွဲချိန် ၅၇ မိနစ်မှာတော့ ဩစတြီးယားတို့ပဲ တတိယဂိုး ရယူသွားခဲ့ပြီး ဒီဂိုးကိုတော့ နောက်ခံလူ ဗိုးဘားရဲ့ ဖန်တီးပေးပို့မှုကနေ ရလာခဲ့တဲ့ ဘောလုံးကို ကွင်းလယ်လူ ဆာဘစ်ဇာက ဧရိယာအပြင်ကနေ ကန်သွင်းသွားခဲ့ပြီး သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

သုံးဂိုးပြတ်သွားအပြီးမှာတော့ ခရိုအေးရှားတို့ဘက်က မိုဒရစ်ချ်ကို မေယာအစား လူစားလဲသွားခဲ့ပြီး တိုက်စစ်ပိုင်းမှာလည်း ကိုဗာချစ်အစား အော်ရှစ်ချ်ကို ထည့်သွင်းသွားခဲ့ပေမယ့် ဩစတြီးယားတို့ဘက်ကလည်း ခံစစ်အားသန် ကစားသမားတွေကို ထည့်ကစားပြီး အိမ်ရှင်တွေကို ဘောလုံးပေးကိုင်ပြီးမှ ပိတ်ကစားဖို့ လုပ်သွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကမ္ဘာ့အဆင့်ကစားသမားတွေ ပါဝင်တဲ့ အိမ်ရှင် ခရိုအေးရှားတို့ နာမည်ကြီး ထမင်းငတ်ဖြစ်ခဲ့ရပြီး အိမ်ကွင်းမှာ ဘဲဥမကွဲဘဲ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရသလို အဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့တဲ့ ဩစတြီးယားတို့ကတော့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်ရဲ့ အုပ်စု(က)မှာ ပွဲစဉ်(၁)အပြီး ထိပ်ဆုံးကနေ ဦးဆောင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရိုအေးရှားအသင်းအနေနဲ့ ဒီနေ့မှာ အိမ်ကွင်းမှာ လက်ခံကစားခဲ့ရပြီး ဂိုးသမား အီဗူရှစ်ခ်ျ၊ ခံစစ်မှာ ချာလက်တာ-ဆာ၊ ပွန်ဂရာချစ်၊ ယူရာနိုဗစ်ခ်ျ၊ ဆိုဆာတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာတော့ မိုဒရစ်ခ်ျကို အရန်ခုံမှာ ထားခဲ့ပြီး ဘရိုဇိုဗစ်ခ်ျ၊ ကိုဗာချစ်၊ မေယာ၊ ဘရက်ကာလိုနဲ့ ပါဆာလစ်ခ်ျတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ကရာမာရစ်ခ်ျတစ်ဦးတည်းကို အထောင်ထားလာခဲ့ပါတယ်။

ဧည့်သည် ဩစတြီးယားတို့ကတော့ နည်းပြ ရန်းနစ်ခ်ရဲ့ လမ်းညွှန်မှုအောက်မှာ ဂိုးသမား လင်ဒါ၊ ခံစစ်မှာ ထရော်နာ၊ ဒန်ဆိုနဲ့ ဗိုးဘားတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ရှလေဂါ၊ လိုင်မာ၊ ဆာဘစ်ဇာ၊ ဗိုင်းမန်းနဲ့ လိန်နာတို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာ အိုနီဆီဝို၊ အာနော်တိုဗစ်ခ်ျတို့နဲ့ ၃-၅-၂ ပုံစံ ကစားလာခဲ့ကြတာပါ။

မိုဒရစ်ခ်ျကို အရန်ခုံမှာ ထားခဲ့တဲ့ ခရိုအေးရှားတို့ရဲ့ တိုက်စစ်ပိုင်း ဖန်တီးမှုနဲ့ End Product တွေကတော့ သိပ်ပြီး အလုပ်မဖြစ်ခဲ့သလို နာမည်ကြီး တိုက်စစ်မှူးတွေ ရှားပါလာခဲ့တာကလည်း သူတို့အတွက်တော့ မျိုးဆက်သစ် ပေါ်ထွက်ဖို့ ရုန်းကန်ရဆဲဖြစ်နေသလို ဝါရင့်ကစားသမားတွေကိုပဲ မှီခိုနေခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာ ဩစတြီးယားတို့ အဖွင့်ဂိုး ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အိုနီဆီဝို ပေးတာကို ဘောလုံးရသွားခဲ့တဲ့ အာနော်တိုဗစ်ခ်ျက အလယ်ကြောတစ်လျှောက် ဆွဲပြေးပြီး ဂိုးဧရိယာထိပ်ကနေ ကန်သွင်းခဲ့ရာမှာ ခရိုအေးရှားဂိုးသမား အီဗူရှစ်ခ်ျ မကာကွယ်နိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။




သုံးဂိုးပြတ်သွားအပြီးမှာတော့ ခရိုအေးရှားတို့ဘက်က မိုဒရစ်ခ်ျကို မေယာအစား လူစားလဲသွားခဲ့ပြီး တိုက်စစ်ပိုင်းမှာလည်း ကိုဗာချစ်အစား အော်ရှစ်ခ်ျကို ထည့်သွင်းသွားခဲ့ပေမယ့် ဩစတြီးယားတို့ဘက်ကလည်း ခံစစ်အားသန် ကစားသမားတွေကို ထည့်ကစားပြီး အိမ်ရှင်တွေကို ဘောလုံးပေးကိုင်ပြီးမှ ပိတ်ကစားဖို့ လုပ်သွားခဲ့ပါတယ်။


REF: INTERNET SOURCES
SPORTS A2Z.