Premier League

အမ်းမရိတ်စ်မှာ အာစင်ဝင်းဂါးကို ပြန်မြင်ရဖို့ စီစဉ်နေတဲ့ အာဆင်နယ်

ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါးကို အမ်းမရိတ်စ်ကွင်းအပြင်ဘက်မှာ ရုပ်တုပုံစံနဲ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ဖို့ အာဆင်နယ်အသင်းက စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မြောက်လန်ဒန်ကလပ်အသင်းရဲ့ အအောင်မြင်ဆုံးနည်းပြဖြစ်တဲ့ အာစင်ဝင်းဂါးဟာ အသင်းခေါင်းဆောင်ဟောင်း တိုဒီ အဒမ်၊ ဂန္တဝင် တိုက်စစ်မှူး သီယာရီ အွန်နရီ၊ ဒန်းနစ် ဘားကမ့်တို့နဲ့အတူ ဂုဏ်ပြုခြင်းခံရမှာဖြစ်တယ်လို့ Gunnerblog ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပြင်သစ်လူမျိုးနည်းပြကြီးဟာ ၂၀၁၈ ခုနှစ်မှာ အသင်းနဲ့ လမ်းမခွဲခင် ၂၂ နှစ်ကြာ ကိုင်တွယ်ခဲ့စဉ်ကာလအတွင်း အာဆင်နယ်အသင်းအတွက် ဆုဖလား ၁၇ လုံးအထိ ရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်နည်းပြဘဝ နောက်ဆုံးကာလတွေမှာ အသင်းပရိသတ်တွေရဲ့ ဝေဖန်မှု အပြင်းအထန် ခံခဲ့ရပေမယ့်လည်း ပြင်သစ်လူမျိုးနည်းပြရဲ့ မြောက်လန်ဒန်မှာ ရှိနေခဲ့တဲ့ကာလတွေဟာ အသင်းသမိုင်းတလျှောက် အအောင်မြင်ဆုံးကာလတွေဆိုတာတော့ သံသယဖြစ်စရာမရှိခဲ့တာဖြစ်ပါတယ်။

ဂျပန်လိဂ်အသင်းဖြစ်တဲ့ နာဂိုယာ ဂရမ်းပက်စ် အိတ်ထ်ကနေ ၁၉၉၆ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီးနောက် အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂ နှစ်အတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ၂၀၀၁-၂၀၀၂ မှာလည်း နောက်ထပ်တစ်ကြိမ် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဂန္တဝင်နည်းပြကြီးရဲ့ အာဆင်နယ်အသင်းက အကြီးမားဆုံးအောင်မြင်မှုဟာ ဘားကမ့်နဲ့ အွန်နရီတို့ ပါဝင်ကစားပေးခဲ့တဲ့ ၎င်းရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရှုံးပွဲတစ်ပွဲမှ မရှိဘဲ ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး မရှုံးနိမ့်နိုင်သောသူများလို့ နာမည်ပြောင်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ်ဖလားကို ၃ ကြိမ်အထိ ရရှိခဲ့သလို အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းကို စံချိန်တင် ၇ ကြိမ် ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ၂-၁ နဲ့ ကပ်ရှုံးခဲ့ပြီး ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်မယ့်အခွင့်အရေးနဲ့ လက်မတင်လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မကြာခင်မှာ အာစင်ဝင်းဂါးရဲ့ ရုပ်တုပုံစံဟာ အမ်းမရိတ်စ်ကွင်း အပြင်ဘက်မှာ ရှိနေတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းက ၎င်းတို့ရဲ့ ဂန္တဝင်နည်းပြအတွက် နံရံဆေးရေးပန်းချီနဲ့ ဂုဏ်ပြုသွားဖို့ စီစဉ်ထားကြောင်းကို “ခင်ဗျားတို့ တစ်ယောက်ချင်းစီမှာရှိတဲ့ ကြီးကျယ်ခမ်းနားမှုကို ထုတ်ဖော်ဖို့ အခွင့်အရေး ရှိနေပြီ”လို့ အာဆင်နယ်အသင်းက ရေးသားခဲ့ပါတယ်။

အာစင်ဝင်းဂါး ထွက်ခွာပြီးနောက်ပိုင်း အာဆင်နယ်အသင်းဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ ထိပ်သီးအင်အားကြီးအသင်းတစ်သင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ရရှိဖို့ ရုန်းကန်ခဲ့ရပီး ၂၀၁၆-၂၀၁၇ ရာသီမှာ ဘိုင်ယန်မြူးနစ်ရဲ့ ၂ ကျော့ပေါင်း ၅-၁ နဲ့ ဒုတိယအဆင့်မှာ အနိုင်ယူခြင်းခံခဲ့ရပြီးနောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဂႏၲဝင္နည္းျပႀကီး အာစင္ဝင္းဂါးကို အမ္းမရိတ္စ္ကြင္းအျပင္ဘက္မွာ ႐ုပ္တုပုံစံနဲ႔ အထိမ္းအမွတ္ အခမ္းအနားျပဳလုပ္ဖို႔ အာဆင္နယ္အသင္းက စီစဥ္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေျမာက္လန္ဒန္ကလပ္အသင္းရဲ႕ အေအာင္ျမင္ဆုံးနည္းျပျဖစ္တဲ့ အာစင္ဝင္းဂါးဟာ အသင္းေခါင္းေဆာင္ေဟာင္း တိုဒီ အဒမ္၊ ဂႏၲဝင္ တိုက္စစ္မႉး သီယာရီ အြန္နရီ၊ ဒန္းနစ္ ဘားကမ့္တို႔နဲ႔အတူ ဂုဏ္ျပဳျခင္းခံရမွာျဖစ္တယ္လို႔ Gunnerblog ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ျပင္သစ္လူမ်ိဳးနည္းျပႀကီးဟာ ၂၀၁၈ ခုႏွစ္မွာ အသင္းနဲ႔ လမ္းမခြဲခင္ ၂၂ ႏွစ္ၾကာ ကိုင္တြယ္ခဲ့စဥ္ကာလအတြင္း အာဆင္နယ္အသင္းအတြက္ ဆုဖလား ၁၇ လုံးအထိ ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ အာစင္ဝင္းဂါးရဲ႕ အာဆင္နယ္နည္းျပဘဝ ေနာက္ဆုံးကာလေတြမွာ အသင္းပရိသတ္ေတြရဲ႕ ေဝဖန္မႈ အျပင္းအထန္ ခံခဲ့ရေပမယ့္လည္း ျပင္သစ္လူမ်ိဳးနည္းျပရဲ႕ ေျမာက္လန္ဒန္မွာ ရွိေနခဲ့တဲ့ကာလေတြဟာ အသင္းသမိုင္းတေလွ်ာက္ အေအာင္ျမင္ဆုံးကာလေတြဆိုတာေတာ့ သံသယျဖစ္စရာမရွိခဲ့တာျဖစ္ပါတယ္။

ဂ်ပန္လိဂ္အသင္းျဖစ္တဲ့ နာဂိုယာ ဂရမ္းပက္စ္ အိတ္ထ္ကေန ၁၉၉၆ ခုႏွစ္မွာ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ အာစင္ဝင္းဂါးဟာ အာဆင္နယ္အသင္းကို ၂ ႏွစ္အတြင္း ပရီးမီးယားလိဂ္ဖလား ၂ ႀကိမ္ ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး ၂၀၀၁-၂၀၀၂ မွာလည္း ေနာက္ထပ္တစ္ႀကိမ္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂႏၲဝင္နည္းျပႀကီးရဲ႕ အာဆင္နယ္အသင္းက အႀကီးမားဆုံးေအာင္ျမင္မႈဟာ ဘားကမ့္နဲ႔ အြန္နရီတို႔ ပါဝင္ကစားေပးခဲ့တဲ့ ၎ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ရႈံးပြဲတစ္ပြဲမွ မရွိဘဲ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ၿပီး မရႈံးနိမ့္ႏိုင္ေသာသူမ်ားလို႔ နာမည္ေျပာင္ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အာစင္ဝင္းဂါးဟာ အာဆင္နယ္အသင္းမွာ ပရီးမီးယားလိဂ္ဖလားကို ၃ ႀကိမ္အထိ ရရွိခဲ့သလို အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္းကို စံခ်ိန္တင္ ၇ ႀကိမ္ ရရွိခဲ့ၿပီး ၂၀၀၆ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ဘာစီလိုနာကို ၂-၁ နဲ႔ ကပ္ရႈံးခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား ရယူေပးႏိုင္မယ့္အခြင့္အေရးနဲ႔ လက္မတင္လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မၾကာခင္မွာ အာစင္ဝင္းဂါးရဲ႕ ႐ုပ္တုပုံစံဟာ အမ္းမရိတ္စ္ကြင္း အျပင္ဘက္မွာ ရွိေနေတာ့မွာျဖစ္ၿပီး အာဆင္နယ္အသင္းက ၎တို႔ရဲ႕ ဂႏၲဝင္နည္းျပအတြက္ နံရံေဆးေရးပန္းခ်ီနဲ႔ ဂုဏ္ျပဳသြားဖို႔ စီစဥ္ထားေၾကာင္းကို “ခင္ဗ်ားတို႔ တစ္ေယာက္ခ်င္းစီမွာရွိတဲ့ ႀကီးက်ယ္ခမ္းနားမႈကို ထုတ္ေဖာ္ဖို႔ အခြင့္အေရး ရွိေနၿပီ”လို႔ အာဆင္နယ္အသင္းက ေရးသားခဲ့ပါတယ္။

အာစင္ဝင္းဂါး ထြက္ခြာၿပီးေနာက္ပိုင္း အာဆင္နယ္အသင္းဟာ အဂၤလိပ္ေဘာလုံးေလာကရဲ႕ ထိပ္သီးအင္အားႀကီးအသင္းတစ္သင္းဆိုတဲ့ ဂုဏ္ပုဒ္ကို ျပန္လည္ရရွိဖို႔ ႐ုန္းကန္ခဲ့ရပီး ၂၀၁၆-၂၀၁၇ ရာသီမွာ ဘိုင္ယန္ျမဴးနစ္ရဲ႕ ၂ ေက်ာ့ေပါင္း ၅-၁ နဲ႔ ဒုတိယအဆင့္မွာ အႏိုင္ယူျခင္းခံခဲ့ရၿပီးေနာက္ပိုင္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရရွိျခင္းမရွိေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.