ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ဖာနန်ဒို ဆန်းတို့စ်ရဲ့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် သက်တောင့်သက်သာဖြစ်နေပုံ ပေါ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ကြာသပတေးနေ့ညက စပိန်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ နောက်ဆုံး မိနစ် ၃၀ မှသာ အရန်ခုံကနေ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ရီကာဒို ဟော်တာရဲ့ ပွဲကစားချိန်ပြည့်ဖို့ ၈ မိနစ်အလိုမှာ သွင်းယူခဲ့တဲ့ ချေပဂိုးကြောင့် ပထမပိုင်းက မိုရာတာရဲ့ ဦးဆောင်ဂိုးကို ချေဖျက်နိုင်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုလို ကစားသမားမျိုးကို စပိန်နဲ့ပွဲမှာ အရန်ခုံထိုင်ခိုင်းခဲ့တဲ့ နည်းပြဆန်းတို့စ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အများစုက အံ့အားသင့်ခဲ့ကြတာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းရဲ့ တိုက်စစ်မှာ ရော်နယ်လ်ဒိုအစား အန်ဒရေး ဆေးလ်ဗားကို ဦးဆောင်စေခဲ့ပေမယ့် နည်းပြ ဆန်းတို့စ်က ၎င်းရွေးချယ်ခဲ့တဲ့ ကစားသမားတွေဟာ ပွဲအစီအစဉ်နဲ့ သင့်တော်တာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ရော်နယ်လ်ဒိုကို ဘာလို့ ပွဲထွက်ခွင့်မပေးတာလဲလို့ ခဏခဏ မေးကြတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲမှာ ကျွန်ောတ် သုံးနေကျ ကစားသမားတွေကို သုံးတာ ပိုကောင်းမယ်လို့ ကျွန်တော် နားလည်ထားလို့ပါ။ ဒီပွဲအစကတည်းက အဲဒါက ရွေးချယ်စရာဖြစ်ခဲ့ပြီး ကျွန်တော်တို့ ကစားချင်တဲ့ပုံစံနဲ့ ပွဲကို ချဉ်းကပ်ပုံကြောင့်ပါ။ ဒါက အကောင်းဆုံးဖြေရှင်းနည်းဖြစ်ခဲ့တယ်လို့ ကျွန်တော်တို့အတွက် မြင်စရာဖြစ်ခဲ့ပါတယ်”
“အဲဒါက ခရစ္စတီယာနိုရဲ့ တန်ုဖိုးနဲ့ ဘာမှမဆိုင်ပါဘူး။ အဲဒါကြောင့်တောင်မှ မဟုတ်ခဲ့ပါဘူး။ သူ့အနေနဲ့ ဒုတိယပိုင်းမှာ ဝင်ကစားပြီး ပွဲကို ဖြေရှင်းနိုင်မယ်လို့ အမြဲတမ်း အားကိုးခဲ့ရတာပါ။ အဲဒီလိုပဲ တွေးခဲ့တာပါ”လို့ နည်းပြ ဆန်းတို့စ်က ပွဲအပြီးမှာ ရှင်းပြခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ရာသီတုန်းက မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲထွက်လူစာရင်းအတွက် ရွေးချယ်မခံရရင် စိတ်မကျေနပ်မှုကို ပြသခဲ့သူအဖြစ် လူသိများခဲ့ပေမယ့်လည်း စပိန်နဲ့ပွဲအပြီးမှာ ပေါ်တူဂီတိုက်စစ်မှူးက နည်းပြရဲ့ လူရွေးချယ်မှုနဲ့ပတ်သက်ပြီး စောဒကတက်ရမယ့်အစား နေးရှင်းလိဂ်ဖလားကို နောက်ထပ်တစ်ကြိမ် ရယူချင်တဲ့ အသင်းရဲ့ စိတ်ဆန္ဒကို အသားပေးပြောကြားခဲ့ပါတယ်။
“နေးရှင်းလိဂ်က နိုင်ငံအသင်းနဲ့ ထာဝရဆက်စပ်နေတဲ့ ပြိုင်ပွဲဖြစ်ပြီး ပထမဆုံးအနေနဲ့ ဒီဖလားကို ရယူရမှာပါ။ ကျွန်တော်တို့ ဒီပြိုင်ပွဲအစ စပိန်မှာ အရေးပါတဲ့ သရေပွဲနဲ့အတူ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ပြန်လည်သတ်မှတ်ခဲ့ပါတယ်။ အမြဲတမ်းလိုပဲ ပေါ်တူဂီအတွက် အနိုင်ရဖို့ ကျွန်တော်တို့ကို ရှေ့ဆက်သွားစေပြီး စည်းလုံးစေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းဟာ ဇွန်လမကုန်ခင် ဆွစ်ဇာလန်နဲ့ ၂ ကြိမ်၊ ချက်အသင်းနဲ့ တစ်ကြိမ် တွေ့ဆုံသွားရမှာဖြစ်ပြီး အဲဒါအပြီးမှာတော့ ကစားသမားတွေဟာ ကလပ်အသင်းအတွက် ပြန်လည် အာရုံစိုက်ကြတော့မှာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီလက္ေ႐ြးစင္အသင္းနည္းျပ ဖာနန္ဒို ဆန္းတို႔စ္ရဲ႕ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ျခင္းခံခဲ့ရၿပီးေနာက္ သက္ေတာင့္သက္သာျဖစ္ေနပုံ ေပၚပါတယ္။
ေပၚတူဂီအသင္းဟာ ၾကာသပေတးေန႔ညက စပိန္အသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုဟာ ေနာက္ဆုံး မိနစ္ ၃၀ မွသာ အရန္ခုံကေန လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။
ရီကာဒို ေဟာ္တာရဲ႕ ပြဲကစားခ်ိန္ျပည့္ဖို႔ ၈ မိနစ္အလိုမွာ သြင္းယူခဲ့တဲ့ ေခ်ပဂိုးေၾကာင့္ ပထမပိုင္းက မိုရာတာရဲ႕ ဦးေဆာင္ဂိုးကို ေခ်ဖ်က္ႏိုင္ခဲ့တာျဖစ္ၿပီး ေရာ္နယ္လ္ဒိုလို ကစားသမားမ်ိဳးကို စပိန္နဲ႔ပြဲမွာ အရန္ခုံထိုင္ခိုင္းခဲ့တဲ့ နည္းျပဆန္းတို႔စ္ရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ အမ်ားစုက အံ့အားသင့္ခဲ့ၾကတာျဖစ္ပါတယ္။
ေပၚတူဂီအသင္းရဲ႕ တိုက္စစ္မွာ ေရာ္နယ္လ္ဒိုအစား အန္ဒေရး ေဆးလ္ဗားကို ဦးေဆာင္ေစခဲ့ေပမယ့္ နည္းျပ ဆန္းတို႔စ္က ၎ေ႐ြးခ်ယ္ခဲ့တဲ့ ကစားသမားေတြဟာ ပြဲအစီအစဥ္နဲ႔ သင့္ေတာ္တာေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“ေရာ္နယ္လ္ဒိုကို ဘာလို႔ ပြဲထြက္ခြင့္မေပးတာလဲလို႔ ခဏခဏ ေမးၾကတယ္။ ဘာလို႔လဲဆိုေတာ့ ဒီပြဲမွာ ကြၽန္ောတ္ သုံးေနက် ကစားသမားေတြကို သုံးတာ ပိုေကာင္းမယ္လို႔ ကြၽန္ေတာ္ နားလည္ထားလို႔ပါ။ ဒီပြဲအစကတည္းက အဲဒါက ေ႐ြးခ်ယ္စရာျဖစ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ ကစားခ်င္တဲ့ပုံစံနဲ႔ ပြဲကို ခ်ဥ္းကပ္ပုံေၾကာင့္ပါ။ ဒါက အေကာင္းဆုံးေျဖရွင္းနည္းျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္တို႔အတြက္ ျမင္စရာျဖစ္ခဲ့ပါတယ္”
“အဲဒါက ခရစၥတီယာႏိုရဲ႕ တႏ္ုဖိုးနဲ႔ ဘာမွမဆိုင္ပါဘူး။ အဲဒါေၾကာင့္ေတာင္မွ မဟုတ္ခဲ့ပါဘူး။ သူ႔အေနနဲ႔ ဒုတိယပိုင္းမွာ ဝင္ကစားၿပီး ပြဲကို ေျဖရွင္းႏိုင္မယ္လို႔ အၿမဲတမ္း အားကိုးခဲ့ရတာပါ။ အဲဒီလိုပဲ ေတြးခဲ့တာပါ”လို႔ နည္းျပ ဆန္းတို႔စ္က ပြဲအၿပီးမွာ ရွင္းျပခဲ့ပါတယ္။
ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ရာသီတုန္းက မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပြဲထြက္လူစာရင္းအတြက္ ေ႐ြးခ်ယ္မခံရရင္ စိတ္မေက်နပ္မႈကို ျပသခဲ့သူအျဖစ္ လူသိမ်ားခဲ့ေပမယ့္လည္း စပိန္နဲ႔ပြဲအၿပီးမွာ ေပၚတူဂီတိုက္စစ္မႉးက နည္းျပရဲ႕ လူေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး ေစာဒကတက္ရမယ့္အစား ေနးရွင္းလိဂ္ဖလားကို ေနာက္ထပ္တစ္ႀကိမ္ ရယူခ်င္တဲ့ အသင္းရဲ႕ စိတ္ဆႏၵကို အသားေပးေျပာၾကားခဲ့ပါတယ္။
“ေနးရွင္းလိဂ္က ႏိုင္ငံအသင္းနဲ႔ ထာဝရဆက္စပ္ေနတဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ပထမဆုံးအေနနဲ႔ ဒီဖလားကို ရယူရမွာပါ။ ကြၽန္ေတာ္တို႔ ဒီၿပိဳင္ပြဲအစ စပိန္မွာ အေရးပါတဲ့ သေရပြဲနဲ႔အတူ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ကို ျပန္လည္သတ္မွတ္ခဲ့ပါတယ္။ အၿမဲတမ္းလိုပဲ ေပၚတူဂီအတြက္ အႏိုင္ရဖို႔ ကြၽန္ေတာ္တို႔ကို ေရွ႕ဆက္သြားေစၿပီး စည္းလုံးေစပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
ေပၚတူဂီအသင္းဟာ ဇြန္လမကုန္ခင္ ဆြစ္ဇာလန္နဲ႔ ၂ ႀကိမ္၊ ခ်က္အသင္းနဲ႔ တစ္ႀကိမ္ ေတြ႕ဆုံသြားရမွာျဖစ္ၿပီး အဲဒါအၿပီးမွာေတာ့ ကစားသမားေတြဟာ ကလပ္အသင္းအတြက္ ျပန္လည္ အာ႐ုံစိုက္ၾကေတာ့မွာ ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.