Ligue1 Premier League Transfer News

မာနေးရဲ့နေရာမှာ လိဂန်းကြယ်ပွင့်နဲ့ အစားထိုးဖို့ ကြိုးပမ်းနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့် ဆာဒီယို မာနေးရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ရင်းနေး တိုက်စစ်မှူး မာတင် တယ်ရီရာကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ အင်္ဂလန်က သတင်းတွေအရ သိရပါတယ်။

လီဗာပူးလ်ဟာ ဘိုင်ယန်မြူးနစ်ကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်နေတဲ့ မာနေးရဲ့နေရာမှာ လစ်လပ်သွားမယ့် ဟာကွက်ကို ဖြည့်ဆည်းဖို့ ကွဲပြားခြားနားတဲ့ကစားသမားတွေကို ရှာဖွေနေတယ်လို့ The Daily Mirror က ဖော်ပြခဲ့ပါတယ်။ ယင်းသတင်းကပဲ မာနေးဟာ အန်းဖီးမှာ ၆ ရာသီ ကစားပေးခဲ့ပြီးနောက် ယခုနွေရာသီမှာ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်နေခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီသတင်းထဲမှာပဲ လီဗာပူးလ်ဟာ အသက် ၃၀ အရွယ် တိုက်စစ်မှူးကို ၂၀၂၂-၂၀၂၃ ရာသီမတိုင်ခင် စာချုပ်သစ် ချုပ်ဆိုအောင် စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မာနေးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်းနဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ တယ်ရီရာကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတာဖြစ်တယ်လို့ The Daily Mirror က ဖော်ပြခဲ့ပြီး ပြင်သစ်လူငယ်တိုက်စစ်မှူးဟာ စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့်ကစားသမားလို့ သိရပါတယ်။

ရင်းနေးအသင်းဟာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးအတွက် လွန်ခဲ့တဲ့ ၂ နှစ်က ပေါင် ၁၀ သန်းသာ ပေးချေခဲ့ရတာဖြစ်ပြီး တယ်ရီရာဟာ ပြီးခဲ့တဲ့ရာသီ လိဂန်းမှာ ၃၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ပစ်မှတ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၈၄ ပွဲမှာ သွင်းဂိုး ၃၀ အထိ သွင်းယူခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို လီလ်အသင်းမှာ စတင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ လီယွန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အီတလီနာမည်ကျော် ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာက ယခုအပတ်အစောပိုင်းမှာ မာနေးက စိန်ခေါ်မှုအသစ်တွေ ရှာဖွေချင်နေတာကြောင့် ယခုနွေရာသီမှာ အန်းဖီးကို စွန့်ခွာဖို့ ပြင်ဆင်နေတယ်လို့ ပြောကြားခဲ့ပြီးနောက် ဒီသတင်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ်အသင်းဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ့် ဆာဒီယို မာနေးရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ရင်းနေး တိုက်စစ်မှူး မာတင် တယ်ရီရာကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ အင်္ဂလန်က သတင်းတွေအရ သိရပါတယ်။



လီဗာပူးလ်အသင်းဟာ မာနေးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရင်းနဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ တယ်ရီရာကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေတာဖြစ်တယ်လို့ The Daily Mirror က ဖော်ပြခဲ့ပြီး ပြင်သစ်လူငယ်တိုက်စစ်မှူးဟာ ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မယ့်ကစားသမားလို့ သိရပါတယ်။




REF: INTERNET SOURCES
SPORTS A2Z.