Premier League

PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆန်ခါတင် ၆ ဦးစာရင်းမှာ ပါဝင်ခဲ့တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားတို့ဟာ အင်္ဂလိပ်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်းရဲ့ တစ်နှစ်တာအကောင်းဆုံးဆုအတွက် ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တဲ့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

ဒီဘရိုင်းနားဟာ PFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ပြီးခဲ့တဲ့ ၂ ရာသီစလုံးမှာ ရရှိခဲ့သူဖြစ်ပြီး ရော်နယ်လ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပထမဆုံးသက်တမ်းတုန်းက ၂၀၀၇၊ ၂၀၀၈ ခုနှစ်တို့မှာ ၂ ကြိမ် ရရှိခဲ့ဖူးတာဖြစ်ပါတယ်။

အခြား ဆန်ခါတင်စာရင်းဝင် ကစားသမားတွေကတော့ လီဗာပူးလ်နောက်ခံကစားသမား ဗန်ဒိုက်၊ ဆာဒီယို မာနေး၊ မိုဟာမက် ဆာလားနဲ့ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းတို့ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ မေလက ၂၀၂၁-၂၀၂၂ ရာသီအတွက် ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာ အကောင်းဆုံးကစားသမားဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

ကီဗင် ဒီဘရိုင်နားဟာ မန်ချက်စတာစီးတီးအသင်းနဲ့အတူ မကြာသေးမီက ပြီးဆုံးခဲ့တဲ့ရာသီကို နောက်ထပ်တစ်ကြိမ် အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့ပြီး စုစုပေါင်း ပြိုင်ပွဲစုံ ၄၅ ပွဲမှာ သွင်းဂိုး ၁၉ ဂိုး၊ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ပေးပြီး အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ဆုဖလားတစ်လုံးမှ မရရှိခဲ့တဲ့အပြင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ လွဲချော်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ၂၀၂၁-၂၀၂၂ ရာသီမှာ ပြိုင်ပွဲစုံ ၃၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

PFA က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဆန်ခါတင်စာရင်းထဲက ကျန်တဲ့ကစားသမား ၄ ဦးကလည်း ၎င်းတို့ရဲ့ သက်ဆိုင်ရာအသင်းတွေနဲ့အတူ ကောင်းမွန်တဲ့ရာသီတစ်ခု ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ကြယ်ပွင့်တွေဖြစ်တဲ့ မာနေး၊ ဗန်ဒိုက်၊ မိုဟာမက် ဆာလားတို့ဟာ အသင်းနဲ့အတူ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် တိုက်စစ်မှူး ဟာရီ ကိန်းကလည်း အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၅၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ အကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး မြောက်လန်ဒန်ကလပ်အသင်းဟာ နည်းပြကွန်တီရဲ့ လက်အောက်မှာ အသက်ပြန်ဝင်ခဲ့ပြီးနောက် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်ထက် နှာတစ်ဖျားအသာစီးနဲ့ ရရှိသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူနိုက္တက္ၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုနဲ႔ မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ကီဗင္ ဒီဘရိုင္းနားတို႔ဟာ အဂၤလိပ္ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမ်ားအဖြဲ႕အစည္းရဲ့ တစ္ႏွစ္တာအေကာင္းဆုံးဆုအတြက္ ဗုဒၶဟူးေန႔က ေၾကညာခဲ့တဲ့ ဆန္ခါတင္စာရင္းထဲမွာ ပါဝင္ခဲ့ပါတယ္။

ဒီဘရိုင္းနားဟာ PFA ရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ၿပီးခဲ့တဲ့ ၂ ရာသီစလုံးမွာ ရရွိခဲ့သူျဖစ္ၿပီး ေရာ္နယ္လ္ဒိုကေတာ့ မန္ခ်က္စတာယူနိုက္တက္နဲ႔ ပထမဆုံးသက္တမ္းတုန္းက ၂၀၀၇၊ ၂၀၀၈ ခုႏွစ္တို႔မွာ ၂ ႀကိမ္ ရရွိခဲ့ဖူးတာျဖစ္ပါတယ္။

အျခား ဆန္ခါတင္စာရင္းဝင္ ကစားသမားေတြကေတာ့ လီဗာပူးလ္ေနာက္ခံကစားသမား ဗန္ဒိုက္၊ ဆာဒီယို မာေနး၊ မိုဟာမက္ ဆာလားနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီ ကိန္းတို႔ျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီး ကြင္းလယ္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ေမလက ၂၀၂၁-၂၀၂၂ ရာသီအတြက္ ပရီးမီးယားလိဂ္ရဲ့ တစ္ရာသီတာ အေကာင္းဆုံးကစားသမားဆုကို ခ်ီးျမႇင့္ျခင္း ခံခဲ့ရသူ ျဖစ္ပါတယ္။

ကီဗင္ ဒီဘရိုင္နားဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔အတူ မၾကာေသးမီက ၿပီးဆုံးခဲ့တဲ့ရာသီကို ေနာက္ထပ္တစ္ႀကိမ္ အေကာင္းဆုံးပုံစံနဲ႔ အဆုံးသတ္နိုင္ခဲ့ၿပီး စုစုေပါင္း ၿပိဳင္ပြဲစုံ ၄၅ ပြဲမွာ သြင္းဂိုး ၁၉ ဂိုး၊ ဂိုးဖန္တီးမႈ ၁၄ ႀကိမ္ျပဳလုပ္ေပးၿပီး အသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ ကူညီေပးနိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္လ္ဒိုကေတာ့ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔အတူ ခက္ခဲၾကမ္းတမ္းတဲ့ ရာသီတစ္ခုကို ျဖတ္သန္းခဲ့ရၿပီး ဆုဖလားတစ္လုံးမွ မရရွိခဲ့တဲ့အျပင္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူနိုက္တက္အသင္းအတြက္ ၂၀၂၁-၂၀၂၂ ရာသီမွာ ၿပိဳင္ပြဲစုံ ၃၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ေပးနိုင္ခဲ့တာျဖစ္ပါတယ္။

PFA က ဗုဒၶဟူးေန႔မွာ ထုတ္ျပန္ခဲ့တဲ့ ဆန္ခါတင္စာရင္းထဲက က်န္တဲ့ကစားသမား ၄ ဦးကလည္း ၎တို႔ရဲ့ သက္ဆိုင္ရာအသင္းေတြနဲ႔အတူ ေကာင္းမြန္တဲ့ရာသီတစ္ခု ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္ၾကယ္ပြင့္ေတြျဖစ္တဲ့ မာေနး၊ ဗန္ဒိုက္၊ မိုဟာမက္ ဆာလားတို႔ဟာ အသင္းနဲ႔အတူ အက္ဖ္ေအဖလား၊ ကာရာေဘာင္းဖလားတို႔ကို ကိုင္ေျမႇာက္နိုင္ခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ တိုက္စစ္မႉး ဟာရီ ကိန္းကလည္း အသင္းအတြက္ ၿပိဳင္ပြဲစုံ ပြဲ ၅၀ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၀ အႀကိမ္အထိ ျပဳလုပ္ေပးနိုင္ခဲ့ၿပီး ေျမာက္လန္ဒန္ကလပ္အသင္းဟာ နည္းျပကြန္တီရဲ့ လက္ေအာက္မွာ အသက္ျပန္ဝင္ခဲ့ၿပီးေနာက္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ေျမာက္လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္ထက္ ႏွာတစ္ဖ်ားအသာစီးနဲ႔ ရရွိသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.