International Match Report

ရုရှားကျူးကျော်မှုကို မြိုသိပ်ထားရသမျှ စကော့တလန်နဲ့ပွဲမှာ ပေါက်ကွဲအနိုင်ယူတဲ့ ယူကရိန်း

စကော့တလန်အသင်းအနေနဲ့ ကာတာကမ္ဘာ့ဖလားသွား နောက်ဆုံးတစ်နေရာ Play-off မှာ အိမ်ရှင်အဖြစ် လက်ခံကစားခဲ့ရပြီး ဂိုးသမား ဂေါ်ဒန်၊ ခံစစ်မှာ ကူးပါး၊ ဟန်လီ၊ မက်တော်မီနေးတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ရောဘတ်ဆန်၊ မဂ္ဂရီဂါ၊ မက်ဂင်း၊ ဂီးလ်မိုးနဲ့ ဟစ်ကီတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဒိုက်ခ်နဲ့ ရှေအက်ဒမ်စ်တို့ ကစားခဲ့ကြပါတယ်။

ယူကရိန်းတို့ကတော့ ဂိုးသမား ဘွတ်ရှ်ချန်၊ ခံစစ်မှာ မစ်ကိုလန်ကို၊ မက်ဗီယန်ကို၊ ဇာဘာညီနဲ့ ကာရာဗာယက်ဗ်တို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ စတီပါနင်ကို၊ ဇင်ချန်ကို၊ မာလီနော့ဗ်စကီး၊ ဆီဂန်ကော့ဗ်နဲ့ ကပ္ပတိန် ယာမိုလန်ကိုတို့ ပွဲထွက်ခဲ့ကြသလို တိုက်စစ်မှာတော့ ယာရမ်ချုခ်ကို တစ်ဦးတည်း အထောင်ထားလာခဲ့တာဖြစ်ပါတယ်။

ခံစစ်ဦးစားပေးကစားတဲ့ စကော့တလန်နဲ့ တိုက်စစ်ကို ကွင်းလယ်ကနေ စုဖွဲ့ပုံဖော်တဲ့ ယူကရိန်းတို့ရဲ့ ကြားက ကစားဟန်ချင်းကတော့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ခဲ့ပြီး ဂိုးကန်သွင်းခွင့်ချင်း သိပ်မကွာဘဲ ရရှိခဲ့ကြပေမယ့် အခွင့်အရေးတွေကို အသုံးချမှုပိုင်းမှာတော့ စစ်ဒဏ်ခံနေရတဲ့ ဧည့်သည်တွေက ပိုမိုသာလွန်ခဲ့တာပါ။

နှေးကွေးလွန်းတဲ့ ကစားသမားနှစ်ယောက်ဖြစ်တဲ့ ကူးပါးနဲ့ ဟန်လီတို့ကို တွဲပေးထားတဲ့ စကော့တလန်ခံစစ်ကတော့ ယူကရိန်းတိုက်စစ်မှူး ယီရမ်ချုခ်နဲ့ ယာမိုလန်ကိုတို့နှစ်ဦးကို အကြိမ်ကြိမ် အခွင့်အရေးတွေ ပေးနေခဲ့ပေမယ့် အဆုံးသတ်ဖို့ အနည်းငယ် နှေးကွေးနေတဲ့ ဧည့်သည်တွေကြောင့် သက်သာခဲ့ရသလို ပွဲချိန် နာရီဝက်လောက်အထိတော့ နှစ်ဖက်စလုံး လွဲချော်မှုတွေ များနေခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ ယူကရိန်းတို့ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို နှေးကွေးတဲ့ စကော့တလန် ဗဟိုခံစစ်သမားတွေရဲ့ ကြားကနေ ပြေးထွက်ကျော်ဖြတ်သွားခဲ့တဲ့ ယာမိုလန်ကိုက ဂိုးသမား ဂေါ်ဒန်နဲ့ တွေ့မှာ ခေါင်းပေါ်က ကျော်ချပြီး သွင်းယူသွားနိုင်ခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေကို ဧည့်သည်တွေက ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း စကော့တွေရဲ့ အီလည်လည်ကစားပုံကြောင့် ယူကရိန်းတို့ပဲ နောက်တစ်ဂိုး သွင်းယူသွားခဲ့ပြီး ပွဲချိန် ၄၉ မိနစ်မှာ ခံစစ်က ပေးလိုက်တဲ့ ဘောလုံးကို ညာခြမ်းက ရသွားတဲ့ ယာမိုလန်ကိုက ပြန်ခေါက်ပြီး နောက်ကို ချပေးရာမှာ ကာရာဗာယက်ဗ်ရဲ့ ဖြတ်တင်ပေးပို့မှုကို တိုက်စစ်မှူး ယာရမ်ချုခ်က နောက်ခံလူနှစ်ယောက်နဲ့ ယှဉ်ပြီး ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ စကော့တလန်တို့ ဘောလုံးပြန်ကိုင်ပြီး ထိုးဖောက်လာနိုင်ခဲ့သလို ညာခြမ်းက မက်တော်မီနေးရဲ့ ဖြတ်တင်ဘောကို ဂိုးသမား ဘွတ်ရှ်ချန် ပုတ်ထုတ်ရာက ပြန်ကျလာတဲ့ ဘောလုံးကို ပွဲချိန် ၆၇ မိနစ်မှာ ကွင်းလယ်လူ မက်ဂင်းက အနီးကပ် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် တိုင်ဘေးက ထွက်သွားခဲ့တာကတော့ အိမ်ရှင်တွေအတွက် နစ်နာမှု ကြီးမားခဲ့တာပါ။

ပွဲချိန် ၇၉ မိနစ်မှာတော့ စကောတလန်တို့ တစ်ဂိုးပြန်လည်ချေပနိုင်ခဲ့ကြပြီး ဒီဂိုးကတော့ အမ်းစ်ထရောင်းရဲ့ ညာခြမ်းက ဖြတ်တင်ဘောကို ဂိုးသမား ပုတ်ထုတ်လို့ ပြန်ကျလာတာကနေ ကွင်းလယ်လူ မဂ္ဂရီဂါက ပြေးဝင်ကန်သွင်းခဲ့ရာမှာ ဂိုးထဲ ဝင်သွားတဲ့ ဘောလုံးကို ယူကရိန်းရဲ့ စတီပါနင်ကိုက လိုက်လံဖျက်ထုတ်ခဲ့ပေမယ့် ဂိုးစည်းကျော်သွားခဲ့လို့ ဒိုင်လူကြီးက အချက်ပြီး ဂိုးပေးခဲ့တာဖြစ်ပါတယ်။

ချေပဂိုးတစ်ဂိုးရအပြီးမှာ စကော့တလန်တို့ သရေရနိုင်ဖို့ နောက်ဆုံးမိနစ်တွေအထိ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ဘဲဖြစ်ခဲ့ပြီး ပိုမို ဆိုးရွားခဲ့တာကတော့ နာကျင်အချိန်ပို ၄ မိနစ်ပေးတဲ့ အချိန်အထိ အိမ်ရှင်ကွင်းလယ်နဲ့ တောင်ပံတွေရဲ့ ဖန်တီးမှုတွေက အားရစရာ မရှိခဲ့သလို တိုက်စစ်က အလုပ်မဖြစ်ခဲ့ဘဲ ဂိုးထပ်ပေးခဲ့ရတာဖြစ်ပါတယ်။

ယူကရိန်းဘက်က စတီပါနင်ကို,ကို ဆီဒေါ်ချုခ်နဲ့ လူစားလဲခဲ့လို့ အပိုတစ်မိနစ်ပေးခဲ့တဲ့ နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ဂိုးရှေ့မှာ ဘောလုံး လုယူနိုင်ခဲ့တဲ့ ဇင်ချန်ကိုက ကွင်းလယ်ကနေ ဆွဲပြေးလာပြီး ထိုးပေးခဲ့တာကို လူစားဝင်တိုက်စစ်မှူး ဒေါ့ဗ်ဘစ်ခ်က လူကျွံထောင်ချောက်ကို ကျော်ဖြတ်ပြီး ဂိုးသမား ဂေါ်ဒန်နဲ့ အတွေ့မှာ အေးအေးဆေးဆေး ကန်သွင်းနိုင်ခဲ့လို့ သုံးဂိုး-တစ်ဂိုးနဲ့ ပွဲပြီးဆုံးခဲ့တာပါ။

ဒီနေ့ပွဲမှာတော့ စကော့တလန်တို့ရဲ့ လူကျွံဘောဖမ်းမှုတွေထဲက အသင်းခေါင်းဆောင် ရောဘတ်ဆန် နောက်ကျကျန်နေခဲ့လို့ချည်းဖြစ်ခဲ့တဲ့ ထောင်ချောက်အမှားတွေက ယူကရိန်းတို့ နှစ်ဂိုးသွင်းယူသွားနိုင်ခဲ့ပြီး ရုရှားရဲ့ ကျူးကျော်ဖျက်ဆီးကြောင့် ပျက်စီးနေခဲ့ရတဲ့ တိုင်းပြည်ရဲ့ မျှော်လင့်ချက်တွေနဲ့ စိတ်ဒဏ်ရာတွေကို ကမ္ဘာ့ဖလားဆီ သွားရောက်ခွင့်နဲ့အတူ ကုစားပေးနိုင်ခဲ့တာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စေကာ့တလန္အသင္းအေနနဲ႔ ကာတာကမာၻ႔ဖလားသြား ေနာက္ဆုံးတစ္ေနရာ Play-off မွာ အိမ္ရွင္အျဖစ္ လက္ခံကစားခဲ့ရၿပီး ဂိုးသမား ေဂၚဒန္၊ ခံစစ္မွာ ကူးပါး၊ ဟန္လီ၊ မက္ေတာ္မီေနးတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ေရာဘတ္ဆန္၊ မဂၢရီဂါ၊ မက္ဂင္း၊ ဂီးလ္မိုးနဲ႔ ဟစ္ကီတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒိုက္ခ္နဲ႔ ေရွအက္ဒမ္စ္တို႔ ကစားခဲ့ၾကပါတယ္။

ယူကရိန္းတို႔ကေတာ့ ဂိုးသမား ဘြတ္ရွ္ခ်န္၊ ခံစစ္မွာ မစ္ကိုလန္ကို၊ မက္ဗီယန္ကို၊ ဇာဘာညီနဲ႔ ကာရာဗာယက္ဗ္တို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ စတီပါနင္ကို၊ ဇင္ခ်န္ကို၊ မာလီေနာ့ဗ္စကီး၊ ဆီဂန္ေကာ့ဗ္နဲ႔ ကပၸတိန္ ယာမိုလန္ကိုတို႔ ပြဲထြက္ခဲ့ၾကသလို တိုက္စစ္မွာေတာ့ ယာရမ္ခ်ဳခ္ကို တစ္ဦးတည္း အေထာင္ထားလာခဲ့တာျဖစ္ပါတယ္။

ခံစစ္ဦးစားေပးကစားတဲ့ စေကာ့တလန္နဲ႔ တိုက္စစ္ကို ကြင္းလယ္ကေန စုဖြဲ႕ပုံေဖာ္တဲ့ ယူကရိန္းတို႔ရဲ႕ ၾကားက ကစားဟန္ခ်င္းကေတာ့ ျပဒါးတစ္လမ္း သံတစ္လမ္းျဖစ္ခဲ့ၿပီး ဂိုးကန္သြင္းခြင့္ခ်င္း သိပ္မကြာဘဲ ရရွိခဲ့ၾကေပမယ့္ အခြင့္အေရးေတြကို အသုံးခ်မႈပိုင္းမွာေတာ့ စစ္ဒဏ္ခံေနရတဲ့ ဧည့္သည္ေတြက ပိုမိုသာလြန္ခဲ့တာပါ။

ေႏွးေကြးလြန္းတဲ့ ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ ကူးပါးနဲ႔ ဟန္လီတို႔ကို တြဲေပးထားတဲ့ စေကာ့တလန္ခံစစ္ကေတာ့ ယူကရိန္းတိုက္စစ္မႉး ယီရမ္ခ်ဳခ္နဲ႔ ယာမိုလန္ကိုတို႔ႏွစ္ဦးကို အႀကိမ္ႀကိမ္ အခြင့္အေရးေတြ ေပးေနခဲ့ေပမယ့္ အဆုံးသတ္ဖို႔ အနည္းငယ္ ေႏွးေကြးေနတဲ့ ဧည့္သည္ေတြေၾကာင့္ သက္သာခဲ့ရသလို ပြဲခ်ိန္ နာရီဝက္ေလာက္အထိေတာ့ ႏွစ္ဖက္စလုံး လြဲေခ်ာ္မႈေတြ မ်ားေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ယူကရိန္းတို႔ အဖြင့္ဂိုးကို စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ေႏွးေကြးတဲ့ စေကာ့တလန္ ဗဟိုခံစစ္သမားေတြရဲ႕ ၾကားကေန ေျပးထြက္ေက်ာ္ျဖတ္သြားခဲ့တဲ့ ယာမိုလန္ကိုက ဂိုးသမား ေဂၚဒန္နဲ႔ ေတြ႕မွာ ေခါင္းေပၚက ေက်ာ္ခ်ၿပီး သြင္းယူသြားႏိုင္ခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္ေတြကို ဧည့္သည္ေတြက ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း စေကာ့ေတြရဲ႕ အီလည္လည္ကစားပုံေၾကာင့္ ယူကရိန္းတို႔ပဲ ေနာက္တစ္ဂိုး သြင္းယူသြားခဲ့ၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာ ခံစစ္က ေပးလိုက္တဲ့ ေဘာလုံးကို ညာျခမ္းက ရသြားတဲ့ ယာမိုလန္ကိုက ျပန္ေခါက္ၿပီး ေနာက္ကို ခ်ေပးရာမွာ ကာရာဗာယက္ဗ္ရဲ႕ ျဖတ္တင္ေပးပို႔မႈကို တိုက္စစ္မႉး ယာရမ္ခ်ဳခ္က ေနာက္ခံလူႏွစ္ေယာက္နဲ႔ ယွဥ္ၿပီး ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာ စေကာ့တလန္တို႔ ေဘာလုံးျပန္ကိုင္ၿပီး ထိုးေဖာက္လာႏိုင္ခဲ့သလို ညာျခမ္းက မက္ေတာ္မီေနးရဲ႕ ျဖတ္တင္ေဘာကို ဂိုးသမား ဘြတ္ရွ္ခ်န္ ပုတ္ထုတ္ရာက ျပန္က်လာတဲ့ ေဘာလုံးကို ပြဲခ်ိန္ ၆၇ မိနစ္မွာ ကြင္းလယ္လူ မက္ဂင္းက အနီးကပ္ ေခါင္းတိုက္ခြင့္ ရခဲ့ေပမယ့္ တိုင္ေဘးက ထြက္သြားခဲ့တာကေတာ့ အိမ္ရွင္ေတြအတြက္ နစ္နာမႈ ႀကီးမားခဲ့တာပါ။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ စေကာတလန္တို႔ တစ္ဂိုးျပန္လည္ေခ်ပႏိုင္ခဲ့ၾကၿပီး ဒီဂိုးကေတာ့ အမ္းစ္ထေရာင္းရဲ႕ ညာျခမ္းက ျဖတ္တင္ေဘာကို ဂိုးသမား ပုတ္ထုတ္လို႔ ျပန္က်လာတာကေန ကြင္းလယ္လူ မဂၢရီဂါက ေျပးဝင္ကန္သြင္းခဲ့ရာမွာ ဂိုးထဲ ဝင္သြားတဲ့ ေဘာလုံးကို ယူကရိန္းရဲ႕ စတီပါနင္ကိုက လိုက္လံဖ်က္ထုတ္ခဲ့ေပမယ့္ ဂိုးစည္းေက်ာ္သြားခဲ့လို႔ ဒိုင္လူႀကီးက အခ်က္ၿပီး ဂိုးေပးခဲ့တာျဖစ္ပါတယ္။

ေခ်ပဂိုးတစ္ဂိုးရအၿပီးမွာ စေကာ့တလန္တို႔ သေရရႏိုင္ဖို႔ ေနာက္ဆုံးမိနစ္ေတြအထိ ႀကိဳးစားခဲ့ၾကေပမယ့္ မေအာင္ျမင္ဘဲျဖစ္ခဲ့ၿပီး ပိုမို ဆိုး႐ြားခဲ့တာကေတာ့ နာက်င္အခ်ိန္ပို ၄ မိနစ္ေပးတဲ့ အခ်ိန္အထိ အိမ္ရွင္ကြင္းလယ္နဲ႔ ေတာင္ပံေတြရဲ႕ ဖန္တီးမႈေတြက အားရစရာ မရွိခဲ့သလို တိုက္စစ္က အလုပ္မျဖစ္ခဲ့ဘဲ ဂိုးထပ္ေပးခဲ့ရတာျဖစ္ပါတယ္။

ယူကရိန္းဘက္က စတီပါနင္ကို,ကို ဆီေဒၚခ်ဳခ္နဲ႔ လူစားလဲခဲ့လို႔ အပိုတစ္မိနစ္ေပးခဲ့တဲ့ နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ ဂိုးေရွ႕မွာ ေဘာလုံး လုယူႏိုင္ခဲ့တဲ့ ဇင္ခ်န္ကိုက ကြင္းလယ္ကေန ဆြဲေျပးလာၿပီး ထိုးေပးခဲ့တာကို လူစားဝင္တိုက္စစ္မႉး ေဒါ့ဗ္ဘစ္ခ္က လူကြၽံေထာင္ေခ်ာက္ကို ေက်ာ္ျဖတ္ၿပီး ဂိုးသမား ေဂၚဒန္နဲ႔ အေတြ႕မွာ ေအးေအးေဆးေဆး ကန္သြင္းႏိုင္ခဲ့လို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ပြဲၿပီးဆုံးခဲ့တာပါ။

ဒီေန႔ပြဲမွာေတာ့ စေကာ့တလန္တို႔ရဲ႕ လူကြၽံေဘာဖမ္းမႈေတြထဲက အသင္းေခါင္းေဆာင္ ေရာဘတ္ဆန္ ေနာက္က်က်န္ေနခဲ့လို႔ခ်ည္းျဖစ္ခဲ့တဲ့ ေထာင္ေခ်ာက္အမွားေတြက ယူကရိန္းတို႔ ႏွစ္ဂိုးသြင္းယူသြားႏိုင္ခဲ့ၿပီး ႐ုရွားရဲ႕ က်ဴးေက်ာ္ဖ်က္ဆီးေၾကာင့္ ပ်က္စီးေနခဲ့ရတဲ့ တိုင္းျပည္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ စိတ္ဒဏ္ရာေတြကို ကမာၻ႔ဖလားဆီ သြားေရာက္ခြင့္နဲ႔အတူ ကုစားေပးႏိုင္ခဲ့တာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.