International Match Report

ဖိုင်နယ်လစ်ဆီမာပွဲမှာ မက်ဆီခြေစွမ်းပြပြီး အီတလီကို နှိပ်ကွပ်လိုက်တဲ့ အာဂျင်တီးနား

ဥရောပချန်ပီယံ အီတလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ခေးလီနီ၊ ဘိုနူချီ၊ ဒီလော်ရန်ဇိုနဲ့ အီမာဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဘာရဲလားနဲ့ ပက်ဆီနာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရက်စ်ပါဒိုရီ၊ ဘယ်လော့တီနဲ့ ဘာနာဒက်စ်ခီတို့ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

တောင်အမေရိကချန်ပီယံ အာဂျင်တီးနားတို့ကတော့ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ရိုမဲရိုး၊ အော့တာမန်ဒီ၊ မိုလီနာနဲ့ တာဂလီယာဖီကိုတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဒီပေါလ်၊ ဂီဒို ရိုဒရီးရက်ဇ်နဲ့ လိုဆဲလ်ဆိုတို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ မက်ဆီ၊ လော်တာရို မာတီနက်ဇ်နဲ့ ဒီမာရီယာတို့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲစပြီး တစ်မိနစ်မှာပဲ ဒီမာရီယာက ရှေ့ရောက်နေတဲ့ သူ့ရဲ့ ပီအက်စ်ဂျီအသင်းဖော် ဒွန်နာရမ်မာကို အနိုင်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့သလို မက်ဆီရဲ့ ဖရီးကစ်ကတော့ လူတံတိုင်းကို မကျော်နိုင်ဘဲဖြစ်ခဲ့ပြီး အီတလီဘက်က ရက်စ်ပါဒိုရီနဲ့ ဘယ်လော့တီတို့ရဲ့ ထိုးဖောက်မှုတွေ ကိုတော့ အာဂျင်တီးနားဂိုးသမား မာတီနက်ဇ် ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ အာဂျင်တီးနားတို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဘာနာဒက်စ်ခီ ဘောလုံးပျက်ရာကနေ ပြန်ရသွားခဲ့တဲ့ လိုဆဲလ်ဆိုက ထိုးပေးတာကို မက်ဆီက တစ်ကိုယ်တော်အစွမ်းနဲ့ အီတလီနောက်ခံလူ ဒီလော်ရန်ဇိုရဲ့ ဖိအားကို တောင့်ခံပြီးမှ အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ပါးပါးနပ်နပ် ပြေးဝင်လာတဲ့ လော်တာရို မာတီနက်ဇ်က ဂိုးနဲ့ အနီးကပ်ကနေ ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၃၀ မှာ လော်တာရို မာတီနက်ဇ်ရဲ့ ခံစစ်ဇုန်မှာ ပေါ့လျော့တဲ့ ဘောလုံးထုတ်ပုံကနေ သူ့ရဲ့ အင်တာမီလန်အသင်းဖော် ဘာရဲလားက လုတောင်မလုဘဲ ရှည်ထွက်လာတဲ့ ဘောစကို တိုက်ရိုက်ဖြတ်ကန်တဲ့ အဝေးကစ်ကို ဂိုးသမား အီမီ မာတီနက်ဇ် ပုတ်ထုတ်နိုင်ခဲ့လို့ အာဂျင်တီးနားတို့ သက်သာခဲ့ရပြီး အီတလီတို့အတွက်တော့ ကံခေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို တစ်မိနစ်မှာတော့ စုဖွဲ့မှု ပိုကောင်းတဲ့ အာဂျင်တီးနားတို့ ဂိုးထပ်ရခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ရဲ့ ဘယ်ခြမ်းကနေ ဘိုနူချီရဲ့ မာကင်ကို လှည့်ထွက်သွားခဲ့တဲ့ လော်တာရို မာတီနက်ဇ် ထိုးပေးလိုက်တဲ့ ဘောလုံးကို ၃၄ နှစ်သားကြီး ဒီမာရီယာက သူ့ထက် သုံးနှစ်ကြီးတဲ့ ခေးလီနီနောက်ကနေ ကျော်ပြေးပြီး ရှေ့ထွက်လာတဲ့ ဒွန်နာရမ်မာပေါ်ကနေ အသာကျော်ကန်သွင်းယူသွားခဲ့တာပါ။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဝင်ဘလီကွင်းကြီးမှာ ကျင်းပတဲ့ ကွန်မီဘောလ်-ယူအီးအက်ဖ်အေ ဖိုင်နယ်လစ်ဆီမာပွဲရဲ့ ပထမပိုင်းကိုတော့ စုဖွဲ့မှု ကောင်းမွန်တဲ့ အာဂျင်တီးနားတို့က ကမ္ဘာ့ဖလားမှာ ပြုတ်ခဲ့ကတည်းက ဝါးအစည်း ပြေသလိုဖြစ်နေပြီး ဖီးလ်ကျဲနေတဲ့ အီတလီတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ရာမှာ အီတလီတို့ဘက်က အပြောင်းအလဲလုပ်လာခဲ့ပြီး ခေးလီနီ၊ ဘယ်လော့တီနဲ့ ဘာနာဒက်စ်ခီတို့ကို ကွင်းထဲ ပြန်မဝင်ခိုင်းတော့ဘဲ လက်ဇာရီ၊ စကာမက်ကာနဲ့ လိုကာတယ်လီတို့ကို လူလဲကစားခဲ့သလို ဖိကစားခဲ့ပေမယ့် ပွဲချိန် ၅၆ မိနစ်မှာတော့ ဘိုနူချီ နောက်ပြန်ပေးတာက ဂိုးထဲဝင်မလိုဖြစ်သွားလို့ ပေါ့လျော့တဲ့ ဂိုးသမား ဒွန်နာရမ်မာ မနည်းလိုက်လံ ရှင်းထုတ်ခဲ့ရသေးတာပါ။

ဖိကစားနေတဲ့ အီတလီတို့ အာဂျင်တီးနားခံစစ်ကို မကျော်ခဲ့ချိန်မှာ ကောင်တာတွေကနေ အာဂျင်တီးနားတို့ကတောင် ပိုမိုခြိမ်းခြောက်နိုင်ခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာ တန်ပြန်တိုက်စစ်ကနေ ဒီမာရီယာရဲ့ တစ်ကိုယ်တော် ဝေ့ဝိုက်ကန်ချက်ကို ဒွန်နာရမ်မာ ပုတ်ထုတ်နိုင်ခဲ့လို့သာ သက်သာခဲ့သလို ပွဲချိန် ၆၂ မိနစ်မှာလည်း ထောင့်ကန်ဘောက ဒီမာရီယာရဲ့ Volley ကန်ချက်ကို ဂိုးသမားနဲ့ နောက်တန်းက အသေအလဲကာကွယ်ခဲ့ရတာဖြစ်ပါတယ်။

အာဂျင်တီးနားတို့ ဂိုးသွင်းသေချာရင် ငါးဂိုးလောက် ပြတ်သွားနိုင်ပြီး မက်ဆီတို့အဖွဲ့ ဖြုန်းတီးခဲ့လို့သာ ဂိုးထပ်မရခဲ့ဘဲဖြစ်နေသလို ပွဲပြီးခါနီးမှာတော့ မန်စီးတီးကို ပြောင်းတော့မယ့် အာလ်ဗာရက်ဇ်၊ ဒီဘားလားနဲ့ နီကိုလတ်စ် ဂွန်ဇာလက်ဇ်တို့ လူစားဝင်ကစားခဲ့ကြပြီး အီတလီတို့ကတော့ အလုပ်မဖြစ်ဘဲ ဖိကစားတဲ့ တိုက်စစ်နဲ့ ကောင်တာတွေကိုပဲ အလူးအလဲခံနေခဲ့ရတာပါ။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ အာဂျင်တီးနားတို့ ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မက်ဆီ ဘောလုံးဆွဲပြေးလာပြီး အီတလီနောက်တန်းနဲ့ ငြိပြီး ထွက်လာခဲ့တာကို နောက်ကနေ ပါလာခဲ့တဲ့ ဒီဘားလားက တစ်ချက်ထိန်းပြီး အနိမ့်ဘော ကန်သွင်းရာမှာ ညာဘက်တိုင်ခြေကို တိတိကျကျ ဝင်သွားခဲ့တာကြောင့် ဒွန်နာရမ်မာ မကာကွယ်နိုင်လိုက်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ ရပ်တည်မှု အမြင့်မားဆုံး ထိပ်တန်းတိုက်ကြီးနှစ်ခုရဲ့ ချန်ပီယံနှစ်သင်း ဂုဏ်သိက္ခာအတွက် ဗိုလ်လုကြတဲ့ ယူရို-ကိုပါ ဖိုင်နယ်လစ်ဆီမာပွဲမှာ အာဂျင်တီးနားတို့က ထိရောက်တဲ့ ကစားဟန်နဲ့ သုံးဂိုး-ဂိုးမရှိနိုင်ပွဲကို ရယူသွားခဲ့ပြီး အီတလီတို့ရဲ့ ခေါင်းဆောင်မှု မျိုးဆက်ပြတ်သလို ပုံစံကတော့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဥေရာပခ်န္ပီယံ အီတလီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ေခးလီနီ၊ ဘိုႏူခ်ီ၊ ဒီေလာ္ရန္ဇိုနဲ႔ အီမာဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ဘာရဲလားနဲ႔ ပက္ဆီနာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရက္စ္ပါဒိုရီ၊ ဘယ္ေလာ့တီနဲ႔ ဘာနာဒက္စ္ခီတို႔ ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

ေတာင္အေမရိကခ်န္ပီယံ အာဂ်င္တီးနားတို႔ကေတာ့ ဂိုးသမား အီမီ မာတီနက္ဇ္၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ေအာ့တာမန္ဒီ၊ မိုလီနာနဲ႔ တာဂလီယာဖီကိုတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဒီေပါလ္၊ ဂီဒို ႐ိုဒရီးရက္ဇ္နဲ႔ လိုဆဲလ္ဆိုတို႔ကို အသုံးျပဳခဲ့ၿပီး တိုက္စစ္မွာေတာ့ မက္ဆီ၊ ေလာ္တာ႐ို မာတီနက္ဇ္နဲ႔ ဒီမာရီယာတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲစၿပီး တစ္မိနစ္မွာပဲ ဒီမာရီယာက ေရွ႕ေရာက္ေနတဲ့ သူ႔ရဲ႕ ပီအက္စ္ဂ်ီအသင္းေဖာ္ ဒြန္နာရမ္မာကို အႏိုင္ယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဂိုးေပါက္နဲ႔ လြဲေခ်ာ္သြားခဲ့သလို မက္ဆီရဲ႕ ဖရီးကစ္ကေတာ့ လူတံတိုင္းကို မေက်ာ္ႏိုင္ဘဲျဖစ္ခဲ့ၿပီး အီတလီဘက္က ရက္စ္ပါဒိုရီနဲ႔ ဘယ္ေလာ့တီတို႔ရဲ႕ ထိုးေဖာက္မႈေတြ ကိုေတာ့ အာဂ်င္တီးနားဂိုးသမား မာတီနက္ဇ္ ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဘာနာဒက္စ္ခီ ေဘာလုံးပ်က္ရာကေန ျပန္ရသြားခဲ့တဲ့ လိုဆဲလ္ဆိုက ထိုးေပးတာကို မက္ဆီက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ အီတလီေနာက္ခံလူ ဒီေလာ္ရန္ဇိုရဲ႕ ဖိအားကို ေတာင့္ခံၿပီးမွ အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ ပါးပါးနပ္နပ္ ေျပးဝင္လာတဲ့ ေလာ္တာ႐ို မာတီနက္ဇ္က ဂိုးနဲ႔ အနီးကပ္ကေန ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၃၀ မွာ ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ခံစစ္ဇုန္မွာ ေပါ့ေလ်ာ့တဲ့ ေဘာလုံးထုတ္ပုံကေန သူ႔ရဲ႕ အင္တာမီလန္အသင္းေဖာ္ ဘာရဲလားက လုေတာင္မလုဘဲ ရွည္ထြက္လာတဲ့ ေဘာစကို တိုက္႐ိုက္ျဖတ္ကန္တဲ့ အေဝးကစ္ကို ဂိုးသမား အီမီ မာတီနက္ဇ္ ပုတ္ထုတ္ႏိုင္ခဲ့လို႔ အာဂ်င္တီးနားတို႔ သက္သာခဲ့ရၿပီး အီတလီတို႔အတြက္ေတာ့ ကံေခခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းၿပီးခါနီး နာက်င္အခ်ိန္ပို တစ္မိနစ္မွာေတာ့ စုဖြဲ႕မႈ ပိုေကာင္းတဲ့ အာဂ်င္တီးနားတို႔ ဂိုးထပ္ရခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ရဲ႕ ဘယ္ျခမ္းကေန ဘိုႏူခ်ီရဲ႕ မာကင္ကို လွည့္ထြက္သြားခဲ့တဲ့ ေလာ္တာ႐ို မာတီနက္ဇ္ ထိုးေပးလိုက္တဲ့ ေဘာလုံးကို ၃၄ ႏွစ္သားႀကီး ဒီမာရီယာက သူ႔ထက္ သုံးႏွစ္ႀကီးတဲ့ ေခးလီနီေနာက္ကေန ေက်ာ္ေျပးၿပီး ေရွ႕ထြက္လာတဲ့ ဒြန္နာရမ္မာေပၚကေန အသာေက်ာ္ကန္သြင္းယူသြားခဲ့တာပါ။

အဂၤလန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕က ဝင္ဘလီကြင္းႀကီးမွာ က်င္းပတဲ့ ကြန္မီေဘာလ္-ယူအီးအက္ဖ္ေအ ဖိုင္နယ္လစ္ဆီမာပြဲရဲ႕ ပထမပိုင္းကိုေတာ့ စုဖြဲ႕မႈ ေကာင္းမြန္တဲ့ အာဂ်င္တီးနားတို႔က ကမာၻ႔ဖလားမွာ ျပဳတ္ခဲ့ကတည္းက ဝါးအစည္း ေျပသလိုျဖစ္ေနၿပီး ဖီးလ္က်ဲေနတဲ့ အီတလီတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ရာမွာ အီတလီတို႔ဘက္က အေျပာင္းအလဲလုပ္လာခဲ့ၿပီး ေခးလီနီ၊ ဘယ္ေလာ့တီနဲ႔ ဘာနာဒက္စ္ခီတို႔ကို ကြင္းထဲ ျပန္မဝင္ခိုင္းေတာ့ဘဲ လက္ဇာရီ၊ စကာမက္ကာနဲ႔ လိုကာတယ္လီတို႔ကို လူလဲကစားခဲ့သလို ဖိကစားခဲ့ေပမယ့္ ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ဘိုႏူခ်ီ ေနာက္ျပန္ေပးတာက ဂိုးထဲဝင္မလိုျဖစ္သြားလို႔ ေပါ့ေလ်ာ့တဲ့ ဂိုးသမား ဒြန္နာရမ္မာ မနည္းလိုက္လံ ရွင္းထုတ္ခဲ့ရေသးတာပါ။

ဖိကစားေနတဲ့ အီတလီတို႔ အာဂ်င္တီးနားခံစစ္ကို မေက်ာ္ခဲ့ခ်ိန္မွာ ေကာင္တာေတြကေန အာဂ်င္တီးနားတို႔ကေတာင္ ပိုမိုၿခိမ္းေျခာက္ႏိုင္ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာ တန္ျပန္တိုက္စစ္ကေန ဒီမာရီယာရဲ႕ တစ္ကိုယ္ေတာ္ ေဝ့ဝိုက္ကန္ခ်က္ကို ဒြန္နာရမ္မာ ပုတ္ထုတ္ႏိုင္ခဲ့လို႔သာ သက္သာခဲ့သလို ပြဲခ်ိန္ ၆၂ မိနစ္မွာလည္း ေထာင့္ကန္ေဘာက ဒီမာရီယာရဲ႕ Volley ကန္ခ်က္ကို ဂိုးသမားနဲ႔ ေနာက္တန္းက အေသအလဲကာကြယ္ခဲ့ရတာျဖစ္ပါတယ္။

အာဂ်င္တီးနားတို႔ ဂိုးသြင္းေသခ်ာရင္ ငါးဂိုးေလာက္ ျပတ္သြားႏိုင္ၿပီး မက္ဆီတို႔အဖြဲ႕ ျဖဳန္းတီးခဲ့လို႔သာ ဂိုးထပ္မရခဲ့ဘဲျဖစ္ေနသလို ပြဲၿပီးခါနီးမွာေတာ့ မန္စီးတီးကို ေျပာင္းေတာ့မယ့္ အာလ္ဗာရက္ဇ္၊ ဒီဘားလားနဲ႔ နီကိုလတ္စ္ ဂြန္ဇာလက္ဇ္တို႔ လူစားဝင္ကစားခဲ့ၾကၿပီး အီတလီတို႔ကေတာ့ အလုပ္မျဖစ္ဘဲ ဖိကစားတဲ့ တိုက္စစ္နဲ႔ ေကာင္တာေတြကိုပဲ အလူးအလဲခံေနခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ အာဂ်င္တီးနားတို႔ ပြဲသိမ္းအႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန မက္ဆီ ေဘာလုံးဆြဲေျပးလာၿပီး အီတလီေနာက္တန္းနဲ႔ ၿငိၿပီး ထြက္လာခဲ့တာကို ေနာက္ကေန ပါလာခဲ့တဲ့ ဒီဘားလားက တစ္ခ်က္ထိန္းၿပီး အနိမ့္ေဘာ ကန္သြင္းရာမွာ ညာဘက္တိုင္ေျခကို တိတိက်က် ဝင္သြားခဲ့တာေၾကာင့္ ဒြန္နာရမ္မာ မကာကြယ္ႏိုင္လိုက္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ကမာၻ႔ေဘာလုံးေလာကရဲ႕ ရပ္တည္မႈ အျမင့္မားဆုံး ထိပ္တန္းတိုက္ႀကီးႏွစ္ခုရဲ႕ ခ်န္ပီယံႏွစ္သင္း ဂုဏ္သိကၡာအတြက္ ဗိုလ္လုၾကတဲ့ ယူ႐ို-ကိုပါ ဖိုင္နယ္လစ္ဆီမာပြဲမွာ အာဂ်င္တီးနားတို႔က ထိေရာက္တဲ့ ကစားဟန္နဲ႔ သုံးဂိုး-ဂိုးမရွိႏိုင္ပြဲကို ရယူသြားခဲ့ၿပီး အီတလီတို႔ရဲ႕ ေခါင္းေဆာင္မႈ မ်ိဳးဆက္ျပတ္သလို ပုံစံကေတာ့ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.