Analysis Bundesliga La Liga Premier League Serie A

ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ ရာသီကုန် စာရင်းချုပ် တန်းဆင်းတန်းတက်အသင်းများ

၂၀၂၁-၂၂ ဘောလုံးရာသီ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး တန်းဆင်းတန်းတက် Play-off နေရာလုတွေပွဲလည်း ကစားခဲ့ကြပြီးချိန်မှာ ဥရောပထိပ်တန်း အမှတ်ပေးပြိုင်ပွဲတွေမှာ ဘယ်အသင်းတွေ တန်းဆင်းပြီး ဘယ်အသင်းတွေ နောက်ရာသီသစ်အတွက် တန်းတက်ကစားကြမလဲဆိုတာ ပညာရှိ သတိဖြစ်ခဲ ဖြစ်နေနိုင်တဲ့ ပရိသတ်တွေအတွက် တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

လူတွေ စိတ်အဝင်စားဆုံး ပရီးမီးယားလိဂ်ကတော့ အမြဲတမ်း ကပ်လွတ်နေကျ ဘန်လေ ကံဆိုးသွားပြီး နော့ဝစ်ချ်၊ ဝတ်ဖို့ဒ်တို့နဲ့အတူ တန်းဆင်းသွားရချိန်မှာ လိဂ်ချန်ပီယံရှစ်ကနေ တန်းတက်လာခဲ့ကြတဲ့ အသင်းသုံးသင်းကတော့ ဖူလ်ဟမ်နဲ့ ဘုန်းမောက်တို့နောက်ကို Play-off ဗိုလ်စွဲသူ နော့တင်ဟမ်ဖောရက်စ်ရဲ့ ၂၃ နှစ်မှ ပြန်လာနိုင်ခဲ့မှုနဲ့ ပြည့်စုံသွားခဲ့ပြီဖြစ်ပါတယ်။

ဒီထဲမှာ ပရီးမီးယားလိဂ်မှာ ဆက်တိုက်ကစားနေနိုင်ခဲ့တာကို အကြောင်းပြပြီး ဘဏ်တွေကနေ ငွေချေးယူပြီး ဝမရှိဘဲ ဝိလုပ်ခဲ့တဲ့ ပိုင်ရှင်တွေရဲ့ ဘန်လေကတော့ ကံဆိုးသွားခဲ့ရပြီး လိဂ်ချန်ပီယံရှစ်မှာ ကြွေးမြီတွေကို စီမံခန့်ခွဲနိုင်ဖို့ ရုန်းကန်ရတော့မယ့် အချိန်မှာ နော့တင်ဟမ် ဖောရက်စ်တို့ကတော့ တန်းတက်လာမှုနဲ့အတူ ပေါင်သန်း ၁၇၀ လောက်ကို ပိုင်ဆိုင်နိုင်တော့မှာပါ။

စပိန်လာလီဂါ(ပရီမဲရာ)မှာတော့ ဂရန်နာဒါအသင်းက အဆင့် ၁၇ နေရာက ကာဒစ်ဇ်နဲ့ တစ်မှတ်အကွာ ရမှတ် ၃၈ မှတ်နဲ့ တန်းဆင်းသွားခဲ့ပြီး သူတို့နဲ့အတူ လီဗန်တေးနဲ့ အလာဗက်စ်တို့ အသီးသီး တန်းဆင်းခဲ့ကြသလို ဆီဂန်ဒါကနေတော့ အယ်လ်မီးရီးယားနဲ့ ဗယ်လာဒိုလစ်တို့ တန်းတက်ခဲ့ကြသလို Play-off ပွဲစဉ်တွေကိုတော့ ကစားရခြင်း မရှိသေးဘဲ အီဘာ၊ လာ့စ်ပါးလ်မားစ်၊ တီနီရိုက်ဖ်နဲ့ ဂီရိုနာတို့ လက်ကျန်တစ်နေရာကို လုကြမှာဖြစ်ပါတယ်။

ဂျာမန်ဘွန်ဒက်စ်လီဂါကနေ တန်းဆင်းခဲ့ကြသူတွေကတော့ အာမီးနီးယား ဘီလီဖဲလ်ဒ်နဲ့ ဂရိုက်သာဖာ့သ်တို့ဖြစ်ကြပြီး လီဂါတူးကနေ တန်းတက်လာခဲ့သူတွေကတော့ ရှော်လ်ကာနဲ့ ဝါဒါဘရီမင်တို့ဖြစ်ကြသလို Play-off မှာတော့ ဟာသာဘာလင်နဲ့ ဟမ်းဘတ်တို့ ကစားခဲ့ကြရာမှာ ဟာသာဘာလင်အနိုင်ရခဲ့တာကြောင့် တန်းမဆင်းခဲ့ရဘဲ ဟမ်းဘတ်ကတော့ တန်းတက်ခွင့် မရခဲ့တာပါ။

ဘွန်ဒက်စ်လီဂါရဲ့ Play-off တွေကတော့ အပေါ်အသင်းကြီးတွေကို အောက်လိဂ်က အသင်းငယ်တွေနဲ့ ယှဉ်ပြိုင်ပြီး နောက်ဆုံးအခွင့်အရေး ပေးထားတာဟာ လူအင်အား၊ အစဉ်အလာအရ မမျှတဘူးလို့ပဲ သုံးသပ်ရမှာဖြစ်ပြီး ဘွန်ဒက်စ်လီဂါ အဆင့် ၁၆ နဲ့ လီဂါတူး အဆင့် ၃ တို့ ကစားကြရင် ကစားသမားနဲ့ နည်းပြအင်အားမှာ ဘယ်သူသာမလဲဆိုတာက သိပ်ပြီး စဉ်းစားစရာ မလိုတဲ့ အခြေအနေလည်းဖြစ်နေခဲ့ပါတယ်။

အီတလီမှာတော့ စီးရီးအေကနေ ဒီပြိုင်ပွဲမှာ ကစားနေတာ ကြာလှပြီဖြစ်တဲ့ ကက်ဂ်လီယာရီအပြင် အသင်းလတ်တစ်သင်းအဖြစ် တော်တော်လေး ဂုဏ်သိက္ခာ မြင့်မားခဲ့ဖူးတဲ့ ဂျီနိုအာတို့အနေနဲ့ တန်းတက် ဗနီးဇီးယားနဲ့အတူ တန်းဆင်းသွားခဲ့ရပြီး စီးရီးဘီကနေတော့ ချန်ပီယံ လက်ချီ၊ ဒုတိယ ခရီမွန်နီစီနဲ့ Play-off Winner မွန်ဇာတို့ တန်းတက်ကစားလာတော့မှာပါ။

ပြင်သစ်မှာတော့ လိဂန်(Ligue 1)က စန်အီတျန်နဲ့ လိဒါ(Ligue 2)က အော်ဇဲရ်တို့ ကစားကြရာမှာတော့ နှစ်ကျော့ပေါင်း နှစ်ဂိုးစီ သရေကျနေခဲ့ကြလို့ ပင်နယ်တီ ကန်သွင်းရာမှာ အော်ဇဲရ်တို့ အနိုင်ရရှိပြီး တန်းတက်ခဲ့တာကြောင့် သူတို့အသင်းကို အစိမ်းရောင်ပရိသတ်တွေက ကွင်းထဲဆင်းပြီး ဝိုင်းရိုက်ဖို့ ကြိုးစားခဲ့ကြတာက ငိုအားထက် ရယ်အားသန်ခဲ့ရတာပါ။

လိဂန်ကနေ အဆင့် ၁၉ နဲ့ ၂၀ မှာ ရပ်တည်ပြီး တန်းဆင်းခဲ့ကြတဲ့ မက်ဇ်နဲ့ ဘော်ဒိုးတို့နောက်ကို မနေ့က စန်အီတျန်တို့ လိုက်ပါသွားခဲ့ရတာဖြစ်ပြီး လိဒါကနေတော့ ချန်ပီယံ တူးလူးစ်နဲ့ အာယက်စီယိုတို့ရဲ့နောက်ကို Play-off Winner အော်ဇဲရ်တို့ လိုက်ပါနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၁-၂၂ ေဘာလုံးရာသီ ၿပီးဆုံးသြားခဲ့ၿပီျဖစ္ၿပီး တန္းဆင္းတန္းတက္ Play-off ေနရာလုေတြပြဲလည္း ကစားခဲ့ၾကၿပီးခ်ိန္မွာ ဥေရာပထိပ္တန္း အမွတ္ေပးၿပိဳင္ပြဲေတြမွာ ဘယ္အသင္းေတြ တန္းဆင္းၿပီး ဘယ္အသင္းေတြ ေနာက္ရာသီသစ္အတြက္ တန္းတက္ကစားၾကမလဲဆိုတာ ပညာရွိ သတိျဖစ္ခဲ ျဖစ္ေနႏိုင္တဲ့ ပရိသတ္ေတြအတြက္ တစ္စုတစ္စည္းတည္း ဖတ္ရႈႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

လူေတြ စိတ္အဝင္စားဆုံး ပရီးမီးယားလိဂ္ကေတာ့ အၿမဲတမ္း ကပ္လြတ္ေနက် ဘန္ေလ ကံဆိုးသြားၿပီး ေနာ့ဝစ္ခ်္၊ ဝတ္ဖို႔ဒ္တို႔နဲ႔အတူ တန္းဆင္းသြားရခ်ိန္မွာ လိဂ္ခ်န္ပီယံရွစ္ကေန တန္းတက္လာခဲ့ၾကတဲ့ အသင္းသုံးသင္းကေတာ့ ဖူလ္ဟမ္နဲ႔ ဘုန္းေမာက္တို႔ေနာက္ကို Play-off ဗိုလ္စြဲသူ ေနာ့တင္ဟမ္ေဖာရက္စ္ရဲ႕ ၂၃ ႏွစ္မွ ျပန္လာႏိုင္ခဲ့မႈနဲ႔ ျပည့္စုံသြားခဲ့ၿပီျဖစ္ပါတယ္။

ဒီထဲမွာ ပရီးမီးယားလိဂ္မွာ ဆက္တိုက္ကစားေနႏိုင္ခဲ့တာကို အေၾကာင္းျပၿပီး ဘဏ္ေတြကေန ေငြေခ်းယူၿပီး ဝမရွိဘဲ ဝိလုပ္ခဲ့တဲ့ ပိုင္ရွင္ေတြရဲ႕ ဘန္ေလကေတာ့ ကံဆိုးသြားခဲ့ရၿပီး လိဂ္ခ်န္ပီယံရွစ္မွာ ေႂကြးၿမီေတြကို စီမံခန႔္ခြဲႏိုင္ဖို႔ ႐ုန္းကန္ရေတာ့မယ့္ အခ်ိန္မွာ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကေတာ့ တန္းတက္လာမႈနဲ႔အတူ ေပါင္သန္း ၁၇၀ ေလာက္ကို ပိုင္ဆိုင္ႏိုင္ေတာ့မွာပါ။

စပိန္လာလီဂါ(ပရီမဲရာ)မွာေတာ့ ဂရန္နာဒါအသင္းက အဆင့္ ၁၇ ေနရာက ကာဒစ္ဇ္နဲ႔ တစ္မွတ္အကြာ ရမွတ္ ၃၈ မွတ္နဲ႔ တန္းဆင္းသြားခဲ့ၿပီး သူတို႔နဲ႔အတူ လီဗန္ေတးနဲ႔ အလာဗက္စ္တို႔ အသီးသီး တန္းဆင္းခဲ့ၾကသလို ဆီဂန္ဒါကေနေတာ့ အယ္လ္မီးရီးယားနဲ႔ ဗယ္လာဒိုလစ္တို႔ တန္းတက္ခဲ့ၾကသလို Play-off ပြဲစဥ္ေတြကိုေတာ့ ကစားရျခင္း မရွိေသးဘဲ အီဘာ၊ လာ့စ္ပါးလ္မားစ္၊ တီနီ႐ိုက္ဖ္နဲ႔ ဂီ႐ိုနာတို႔ လက္က်န္တစ္ေနရာကို လုၾကမွာျဖစ္ပါတယ္။

ဂ်ာမန္ဘြန္ဒက္စ္လီဂါကေန တန္းဆင္းခဲ့ၾကသူေတြကေတာ့ အာမီးနီးယား ဘီလီဖဲလ္ဒ္နဲ႔ ဂ႐ိုက္သာဖာ့သ္တို႔ျဖစ္ၾကၿပီး လီဂါတူးကေန တန္းတက္လာခဲ့သူေတြကေတာ့ ေရွာ္လ္ကာနဲ႔ ဝါဒါဘရီမင္တို႔ျဖစ္ၾကသလို Play-off မွာေတာ့ ဟာသာဘာလင္နဲ႔ ဟမ္းဘတ္တို႔ ကစားခဲ့ၾကရာမွာ ဟာသာဘာလင္အႏိုင္ရခဲ့တာေၾကာင့္ တန္းမဆင္းခဲ့ရဘဲ ဟမ္းဘတ္ကေတာ့ တန္းတက္ခြင့္ မရခဲ့တာပါ။

ဘြန္ဒက္စ္လီဂါရဲ႕ Play-off ေတြကေတာ့ အေပၚအသင္းႀကီးေတြကို ေအာက္လိဂ္က အသင္းငယ္ေတြနဲ႔ ယွဥ္ၿပိဳင္ၿပီး ေနာက္ဆုံးအခြင့္အေရး ေပးထားတာဟာ လူအင္အား၊ အစဥ္အလာအရ မမွ်တဘူးလို႔ပဲ သုံးသပ္ရမွာျဖစ္ၿပီး ဘြန္ဒက္စ္လီဂါ အဆင့္ ၁၆ နဲ႔ လီဂါတူး အဆင့္ ၃ တို႔ ကစားၾကရင္ ကစားသမားနဲ႔ နည္းျပအင္အားမွာ ဘယ္သူသာမလဲဆိုတာက သိပ္ၿပီး စဥ္းစားစရာ မလိုတဲ့ အေျခအေနလည္းျဖစ္ေနခဲ့ပါတယ္။

အီတလီမွာေတာ့ စီးရီးေအကေန ဒီၿပိဳင္ပြဲမွာ ကစားေနတာ ၾကာလွၿပီျဖစ္တဲ့ ကက္ဂ္လီယာရီအျပင္ အသင္းလတ္တစ္သင္းအျဖစ္ ေတာ္ေတာ္ေလး ဂုဏ္သိကၡာ ျမင့္မားခဲ့ဖူးတဲ့ ဂ်ီႏိုအာတို႔အေနနဲ႔ တန္းတက္ ဗနီးဇီးယားနဲ႔အတူ တန္းဆင္းသြားခဲ့ရၿပီး စီးရီးဘီကေနေတာ့ ခ်န္ပီယံ လက္ခ်ီ၊ ဒုတိယ ခရီမြန္နီစီနဲ႔ Play-off Winner မြန္ဇာတို႔ တန္းတက္ကစားလာေတာ့မွာပါ။

ျပင္သစ္မွာေတာ့ လိဂန္(Ligue 1)က စန္အီတ်န္နဲ႔ လိဒါ(Ligue 2)က ေအာ္ဇဲရ္တို႔ ကစားၾကရာမွာေတာ့ ႏွစ္ေက်ာ့ေပါင္း ႏွစ္ဂိုးစီ သေရက်ေနခဲ့ၾကလို႔ ပင္နယ္တီ ကန္သြင္းရာမွာ ေအာ္ဇဲရ္တို႔ အႏိုင္ရရွိၿပီး တန္းတက္ခဲ့တာေၾကာင့္ သူတို႔အသင္းကို အစိမ္းေရာင္ပရိသတ္ေတြက ကြင္းထဲဆင္းၿပီး ဝိုင္း႐ိုက္ဖို႔ ႀကိဳးစားခဲ့ၾကတာက ငိုအားထက္ ရယ္အားသန္ခဲ့ရတာပါ။

လိဂန္ကေန အဆင့္ ၁၉ နဲ႔ ၂၀ မွာ ရပ္တည္ၿပီး တန္းဆင္းခဲ့ၾကတဲ့ မက္ဇ္နဲ႔ ေဘာ္ဒိုးတို႔ေနာက္ကို မေန႔က စန္အီတ်န္တို႔ လိုက္ပါသြားခဲ့ရတာျဖစ္ၿပီး လိဒါကေနေတာ့ ခ်န္ပီယံ တူးလူးစ္နဲ႔ အာယက္စီယိုတို႔ရဲ႕ေနာက္ကို Play-off Winner ေအာ္ဇဲရ္တို႔ လိုက္ပါႏိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.