Premier League

အဓိကအပြောင်းအရွှေ့ ၂ ခုနဲ့ ကွန်တီရဲ့ကစားကွက်ကို အတုယူနိုင်တဲ့ အာတီတာ

အာဆင်နယ်ဟာ ယခုနွေရာသီမှာ နည်းပြ အာတီတာက လာမယ့်ရာသီအတွက် ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းကို သွေးသစ်လောင်းချင်နေတာကြောင့် နောက်ထပ်တစ်ကြိမ် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ပြင်နေပြီး ဂန်းနားတွေအနေနဲ့ ကွန်တီရဲ့ ကြွေတက်ခဲ့တဲ့ စပါးစ်ကိုကြည့်ပြီး ကိုယ်ပိုင်ပုံစံနဲ့ တည်ဆောက်နိုင်တဲ့အခွင့်အရေးရှိနေပါတယ်။

အာဆင်နယ်ဟာ ရာသီနှောင်းပိုင်းမှာ ရုပ်ရှင်ဆန်ဆန် လဲပြိုခဲ့တာကြောင့် ၃ ပွဲသာ ကစားဖို့ ကျန်တော့တဲ့အချိန်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ၄ မှတ်ကွာဟခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ လာမယ့်ရာသီ ဥရောပထိပ်သီးပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခွင့်နဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးကို ခေါ်ယူဖို့ ကမ်းလှမ်းနိုင်ပြီဖြစ်ပါတယ်။

ဂျေဆူးကို ခေါ်ယူဖို့ လွဲချော်တော့မှာက အာဆင်နယ်အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာမှာဖြစ်ပေမယ့် အာတီတာအနေနဲ့ ၎င်းရဲ့အသင်းထဲက တိုက်စစ်ပြဿနာအပြင် အခြားပြဿနာတွေလည်း ဖြေရှင်းစရာတွေ ရှိနေတာဖြစ်ပါတယ်။ ပထမဆုံး ပြဿနာကြီးကတော့ အာတီတာရဲ့အသင်းဟာ ရာသီနှောင်းပိုင်းမှာ သွင်းဂိုးတွေ မပေးသင့်ဘဲ ပေးခဲ့ရတာဖြစ်ပြီး နောက်ဆုံးပေးဂိုးမရှိပွဲစဉ်ဟာ အက်စတန် ဗီလာနဲ့ကစားခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က ပွဲစဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲအပြီးမှာတော့ အာဆင်နယ်ဟာ အဲဗာတန်၊ နယူးကာဆယ်လ် ယူနိုက်တက်တို့နဲ့ပွဲစဉ်တွေမှာ ဂိုးတွေ ခွင့်ပြုခဲ့ရပြီး တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ လိဒ်စ် ယူနိုက်တက်နဲ့ပွဲစဉ်မှာတောင် ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ အာတီတာအတွက်တော့ လာမယ့်ရာသီမှာ ပိုမိုအားကောင်းတဲ့ပုံစံနဲ့ ပြန်လာနိုင်ဖို့ ဟယ်ရီ ပေါ်တာလို မှော်တုတ်တံ ဝှေ့ယမ်းစရာမရှိဘဲ ခံစစ်မှာ ဂါဘရီယယ်လ်နဲ့ ဘန် ဝှိုက်တို့ရဲ့ ကောင်းမွန်ပြီး ကျစ်လစ်တဲ့အတွဲကို ပိုင်ဆိုင်ထားပုံ ပေါ်ခဲ့ပါတယ်။

ရာသီနှောင်းပိုင်းမှာ ဒီကစားသမား ၂ ဦးလုံး ဒဏ်ရာတွေ ရရှိခဲ့တယ်ဆိုတာကို သတိပြုသင့်ပြီး နွေရာသီအပြောင်းအရွှေ့ကာလမှာ အာတီတာအနေနဲ့ အဓိကဆုံးဖြတ်ချက် ၂ ခု ချမှတ်ခြင်းအားဖြင့် ခံစစ်ပိုင်းမှာ ဆိုးရွားနေမှုကို ဖြေရှင်းဖို့ လုပ်စရာအများကြီး ရှိနေနိုင်တာဖြစ်ပါတယ်။ ပထမတစ်ခုကတော့ နော်တင်ဟမ် ဖောရက်စ်ကို အငှားနဲ့ သွားကစားနေတဲ့ စပန့်စ်အတွက် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ဖြစ်ပြီး ဒီနွေရာသီမှာ သင့်တော်တဲ့စျေးနှုန်းနဲ့ ခေါ်ယူလို့ ရရှိနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။

ညာနောက်ခံတောင်ပံကစားသမား ရောက်ရှိလာမှုက အာဆင်နယ်အသင်းကို တော့တင်ဟမ် ဟော့စပါးအသင်းမှာ ကွန်တီ ချမှတ်ခဲ့တဲ့ ကစားကွက်အတိုင်း ခြေရာလိုက်နင်းနိုင်စေမှာ ဖြစ်ပါတယ်။ ၄-၂-၃-၁ ကစားကွက်ကို တစ်နှစ်ကြာအသုံးပြုခဲ့ပြီးနောက် လက်ရှိမှာတော့ အာတီတာအတွက် မြောက်လန်ဒန်ပြိုင်ဘက်အသင်းကို အတုခိုးပြီး အရာအားလုံးကို ပြောင်းလဲဖို့ အချိန်ကျလာတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကွန်တီရဲ့ ကစားကွက်ဟာ ချဲလ်ဆီး၊ ဂျူဗင်တပ်၊ အင်တာမီလန်တို့မှာတုန်းက အောင်မြင်မှုတွေနဲ့အတူ အလုပ်ဖြစ်ခဲ့ပြီး ဗဟိုခံစစ်ကစားသမား ၃ ဦးနဲ့ တိုက်စစ် နောက်ခံတောင်ပံကစားသမားတွေပါဝင်မှုအပေါ် အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ ဂါဘရီယယ်လ်နဲ့ ဘန်ဝှိုက်တို့အပြင် ဆာလီဘာကိုပါ ထပ်ထည့်လိုက်ရင် အာတီတာအတွက် ပြီးခဲ့တဲ့ရာသီကထက် ပိုမိုကျစ်လစ်တဲ့ ခံစစ်ပိုင်း ရရှိစေမှာဖြစ်ပြီး တိုက်စစ် နောက်ခံတောင်ပံကစားသမားတွေကိုလည်း ရှေ့တက်ပြီး ဆာကာ၊ မာတီနယ်လီ၊ စမစ် ရိုးတို့နဲ့ တိုက်စစ်ဆင်ဖို့ နေရာလွတ်တွေလည်း ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ကတော့ နဂိုကတည်းက ကမ္ဘာ့အဆင့် ခြေစွမ်းရှိနေသူ ဖြစ်ပြီး ၎င်းကို အခြားအသင်းမှာ ပုံတူကူးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘဲ စပါးစ်တိုက်စစ်မှူးရဲ့ ရွှေဖိနပ်ဆုက တောင်ပံကစားသမားတွေဟာ နောက်ခံတောင်ပံကစားသမားတွေအပေါ်မှာ အားကိုးတဲ့ ကစားကွက်နဲ့ တောက်ပနိုင်တယ်ဆိုတာကို သက်သေပြနေတာဖြစ်ပါတယ်။

ဂျေဆူးကို စပါးစ်ကလည်း လိုချင်နေတာကြောင့် အာဆင်နယ်အသင်းအတွက်တော့ စျေးကွက်ထဲမှာ ပစ်မှတ်ထားရလောက်တဲ့ အခြားရွေးချယ်စရာမရှိတော့တဲ့အတွက် အာတီတာ အသုံးပြုနိုင်ခြေရှိတဲ့ ကစားကွက်အသစ်က တောင်ပံတိုက်စစ်ကစားသမားတွေဆီကနေ အကောင်းဆုံးပုံစံ ရရှိစေပြီး လာမယ့်ရာသီမှာ တိုက်စစ်ကို ဦးဆောင်မယ့်သူတိုင်းအတွက် ဝန်ထုပ်ဝန်ပိုးကို သက်သာစေဖို့ အသုံးချနိုင်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္ဟာ ယခုေႏြရာသီမွာ နည္းၿပ အာတီတာက လာမယ့္ရာသီအတြက္ ပြဲထြက္ကစားသမား ၁၁ ဦးစာရင္းကို ေသြးသစ္ေလာင္းခ်င္ေနတာေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္ ျပဳျပင္ေျပာင္းလဲမႈေတြ ျပဳလုပ္ဖို႔ ျပင္ေနၿပီး ဂန္းနားေတြအေနနဲ႔ ကြန္တီရဲ့ ေႂကြတက္ခဲ့တဲ့ စပါးစ္ကိုၾကည့္ၿပီး ကိုယ္ပိုင္ပုံစံနဲ႔ တည္ေဆာက္နိုင္တဲ့အခြင့္အေရးရွိေနပါတယ္။

အာဆင္နယ္ဟာ ရာသီေႏွာင္းပိုင္းမွာ ႐ုပ္ရွင္ဆန္ဆန္ လဲၿပိဳခဲ့တာေၾကာင့္ ၃ ပြဲသာ ကစားဖို႔ က်န္ေတာ့တဲ့အခ်ိန္မွာ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ၄ မွတ္ကြာဟခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ လာမယ့္ရာသီ ဥေရာပထိပ္သီးၿပိဳင္ပြဲႀကီးမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္နဲ႔ မန္ခ်က္စတာစီးတီး တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးကို ေခၚယူဖို႔ ကမ္းလွမ္းနိုင္ၿပီျဖစ္ပါတယ္။

ေဂ်ဆူးကို ေခၚယူဖို႔ လြဲေခ်ာ္ေတာ့မွာက အာဆင္နယ္အတြက္ေတာ့ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္လာမွာျဖစ္ေပမယ့္ အာတီတာအေနနဲ႔ ၎ရဲ့အသင္းထဲက တိုက္စစ္ျပႆနာအျပင္ အျခားျပႆနာေတြလည္း ေျဖရွင္းစရာေတြ ရွိေနတာျဖစ္ပါတယ္။ ပထမဆုံး ျပႆနာႀကီးကေတာ့ အာတီတာရဲ့အသင္းဟာ ရာသီေႏွာင္းပိုင္းမွာ သြင္းဂိုးေတြ မေပးသင့္ဘဲ ေပးခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံးေပးဂိုးမရွိပြဲစဥ္ဟာ အက္စတန္ ဗီလာနဲ႔ကစားခဲ့တဲ့ မတ္လ ၁၉ ရက္ေန႔က ပြဲစဥ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲအၿပီးမွာေတာ့ အာဆင္နယ္ဟာ အဲဗာတန္၊ နယူးကာဆယ္လ္ ယူနိုက္တက္တို႔နဲ႔ပြဲစဥ္ေတြမွာ ဂိုးေတြ ခြင့္ျပဳခဲ့ရၿပီး တန္းဆင္းသြားခဲ့ရၿပီျဖစ္တဲ့ လိဒ္စ္ ယူနိုက္တက္နဲ႔ပြဲစဥ္မွာေတာင္ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ျခင္းမရွိတာ ျဖစ္ပါတယ္။ အာတီတာအတြက္ေတာ့ လာမယ့္ရာသီမွာ ပိုမိုအားေကာင္းတဲ့ပုံစံနဲ႔ ျပန္လာနိုင္ဖို႔ ဟယ္ရီ ေပၚတာလို ေမွာ္တုတ္တံ ေဝွ႕ယမ္းစရာမရွိဘဲ ခံစစ္မွာ ဂါဘရီယယ္လ္နဲ႔ ဘန္ ဝွိုက္တို႔ရဲ့ ေကာင္းမြန္ၿပီး က်စ္လစ္တဲ့အတြဲကို ပိုင္ဆိုင္ထားပုံ ေပၚခဲ့ပါတယ္။

ရာသီေႏွာင္းပိုင္းမွာ ဒီကစားသမား ၂ ဦးလုံး ဒဏ္ရာေတြ ရရွိခဲ့တယ္ဆိုတာကို သတိျပဳသင့္ၿပီး ေႏြရာသီအေျပာင္းအေရႊ႕ကာလမွာ အာတီတာအေနနဲ႔ အဓိကဆုံးျဖတ္ခ်က္ ၂ ခု ခ်မွတ္ျခင္းအားျဖင့္ ခံစစ္ပိုင္းမွာ ဆိုးရြားေနမႈကို ေျဖရွင္းဖို႔ လုပ္စရာအမ်ားႀကီး ရွိေနနိုင္တာျဖစ္ပါတယ္။ ပထမတစ္ခုကေတာ့ ေနာ္တင္ဟမ္ ေဖာရက္စ္ကို အငွားနဲ႔ သြားကစားေနတဲ့ စပန႔္စ္အတြက္ ကမ္းလွမ္းမႈ ျပဳလုပ္သြားဖို႔ျဖစ္ၿပီး ဒီေႏြရာသီမွာ သင့္ေတာ္တဲ့ေစ်းႏႈန္းနဲ႔ ေခၚယူလို႔ ရရွိနိုင္ဖြယ္ ရွိေနတာျဖစ္ပါတယ္။

ညာေနာက္ခံေတာင္ပံကစားသမား ေရာက္ရွိလာမႈက အာဆင္နယ္အသင္းကို ေတာ့တင္ဟမ္ ေဟာ့စပါးအသင္းမွာ ကြန္တီ ခ်မွတ္ခဲ့တဲ့ ကစားကြက္အတိုင္း ေျခရာလိုက္နင္းနိုင္ေစမွာ ျဖစ္ပါတယ္။ ၄-၂-၃-၁ ကစားကြက္ကို တစ္ႏွစ္ၾကာအသုံးျပဳခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ အာတီတာအတြက္ ေျမာက္လန္ဒန္ၿပိဳင္ဘက္အသင္းကို အတုခိုးၿပီး အရာအားလုံးကို ေျပာင္းလဲဖို႔ အခ်ိန္က်လာတာ ျဖစ္ေကာင္း ျဖစ္နိုင္ပါတယ္။

ကြန္တီရဲ့ ကစားကြက္ဟာ ခ်ဲလ္ဆီး၊ ဂ်ဴဗင္တပ္၊ အင္တာမီလန္တို႔မွာတုန္းက ေအာင္ျမင္မႈေတြနဲ႔အတူ အလုပ္ျဖစ္ခဲ့ၿပီး ဗဟိုခံစစ္ကစားသမား ၃ ဦးနဲ႔ တိုက္စစ္ ေနာက္ခံေတာင္ပံကစားသမားေတြပါဝင္မႈအေပၚ အေျခခံတည္ေဆာက္ထားတာျဖစ္ပါတယ္။ ဂါဘရီယယ္လ္နဲ႔ ဘန္ဝွိုက္တို႔အျပင္ ဆာလီဘာကိုပါ ထပ္ထည့္လိုက္ရင္ အာတီတာအတြက္ ၿပီးခဲ့တဲ့ရာသီကထက္ ပိုမိုက်စ္လစ္တဲ့ ခံစစ္ပိုင္း ရရွိေစမွာျဖစ္ၿပီး တိုက္စစ္ ေနာက္ခံေတာင္ပံကစားသမားေတြကိုလည္း ေရွ႕တက္ၿပီး ဆာကာ၊ မာတီနယ္လီ၊ စမစ္ ရိုးတို႔နဲ႔ တိုက္စစ္ဆင္ဖို႔ ေနရာလြတ္ေတြလည္း ဖန္တီးေပးနိုင္မွာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ကေတာ့ နဂိုကတည္းက ကမၻာ့အဆင့္ ေျခစြမ္းရွိေနသူ ျဖစ္ၿပီး ၎ကို အျခားအသင္းမွာ ပုံတူကူးနိုင္ဖို႔ဆိုတာ မျဖစ္နိုင္ဘဲ စပါးစ္တိုက္စစ္မႉးရဲ့ ေရႊဖိနပ္ဆုက ေတာင္ပံကစားသမားေတြဟာ ေနာက္ခံေတာင္ပံကစားသမားေတြအေပၚမွာ အားကိုးတဲ့ ကစားကြက္နဲ႔ ေတာက္ပနိုင္တယ္ဆိုတာကို သက္ေသျပေနတာျဖစ္ပါတယ္။

ေဂ်ဆူးကို စပါးစ္ကလည္း လိုခ်င္ေနတာေၾကာင့္ အာဆင္နယ္အသင္းအတြက္ေတာ့ ေစ်းကြက္ထဲမွာ ပစ္မွတ္ထားရေလာက္တဲ့ အျခားေရြးခ်ယ္စရာမရွိေတာ့တဲ့အတြက္ အာတီတာ အသုံးျပဳနိုင္ေျခရွိတဲ့ ကစားကြက္အသစ္က ေတာင္ပံတိုက္စစ္ကစားသမားေတြဆီကေန အေကာင္းဆုံးပုံစံ ရရွိေစၿပီး လာမယ့္ရာသီမွာ တိုက္စစ္ကို ဦးေဆာင္မယ့္သူတိုင္းအတြက္ ဝန္ထုပ္ဝန္ပိုးကို သက္သာေစဖို႔ အသုံးခ်နိုင္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.