Premier League UCL&UEL

လာမယ့်ရာသီ ဗိုလ်လုပွဲက အစ္စတန်ဘူလ်မှာဆိုရင် ဟိုတယ်ဘွတ်ကင်သာ လုပ်ထားလို့ ပြောခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က မကြုံစဖူး ဖလား ၄ လုံး ရရှိနိုင်တဲ့ရာသီဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး အဆုံးသတ်ခဲ့ပြီးနောက် လာမယ့်နှစ်မှာ ပိုအားကောင်းတဲ့ပုံစံနဲ့ ပြန်လာမယ်လို့ ကတိပေးခဲ့ပါတယ်။

ဗင်နစ်ရှပ် ဂျူနီယာရဲ့ တစ်လုံးတည်းသော သွင်းဂိုးက Stade de France ကွင်းထဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက ၁၄ ကြိမ်မြောက် ဥရောပဖလားကို စံချိန်တင်ဆွတ်ခူးနိုင်စေခဲ့ပြီး လီဗာပူးလ်အသင်းကတော့ ယခုရာသီ ၆၄ ပွဲအထိ ကစားခဲ့ရတဲ့ ခရီးရှည်ကြီးအဆုံးမှာ ကာရာဘောင်း၊ အက်ဖ်အေဖလားတို့နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့အပတ်က ပရီးမီးယားလိဂ်ဖလားကိုလည်း မန်ချက်စတာစီးတီးအသင်းဆီ ၁ မှတ်အကွာနဲ့ လက်လွှတ်ခဲ့ရပြီး စနေနေ့ညနေက ပြင်သစ်မှာလည်း ၇ ကြိမ်မြောက် ဥရောပချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေးဟာ ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့ညနေမှာ ချီတက်ပွဲကျင်းပဖို့အတွက် အင်္ဂလန်ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး ပရိသတ်ထောင်ပေါင်းများစွာက တက်ရောက်လိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

“ဒီကောင်လေးတွေက ထူးချွန်ထက်မြက်တဲ့ရာသီတစ်ခုကို ကစားခဲ့တယ်။ ပြိုင်ပွဲ ၂ ခုမှာ ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ ကျွန်တော်တို့ အသေးငယ်ဆုံးဖြစ်နိုင်တဲ့ကွာခြားချက် ၁ မှတ်၊ ၁-၀ နဲ့ မလုပ်နိုင်ခဲ့ဘူး။ ရာသီအတွင်းမှာ မန်စီးတီးက ၁ မှတ်ပဲ ပိုသာခဲ့ပြီး ဒီညမှာ မက်ဒရစ်ကလည်း ၁ ဂိုးပဲ ပိုသာခဲ့တာပါ။ အဲဒါက ကျွန်တော်တို့နဲ့ပတ်သက်ပြီး ဘာမှ မပြောနိုင်ပါဘူး။ ၂၀၁၈ ကနေ ခုအချိန်အထိ ကွာခြားချက်က နောက်ထပ်တစ်ကြိမ် ပြန်တွေ့ဆုံရတာပဲ”

“၂၀၁၈ တုန်းက ကျွန်တော် အဲဒီလိုဆန္ဒရှိခဲ့ပေမယ့် ကျွန်တော် မသိခဲ့ပါဘူး။ ဒါပေမယ့် ဒီကောင်လေးတွေက တကယ်ကို ယှဉ်ပြိုင်ချင်စိတ်ရှိပြီး သူတို့မှာ မယုံနိုင်စရာ ခံယူချက်ရှိပါတယ်။ ထူးခြားဆန်းကြယ်တဲ့ အစုအဖွဲ့ပါ။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ကျိန်းသေပေါက် ကြိုးစားသွားဦးမှာပါ”

“မနက်ဖြန် ကျွန်တော်တို့ ဒီရာသီကို အောင်ပွဲခံမယ်။ ကျွန်တော်တို့ အဲဒါကို ချက်ချင်း မလုပ်ရတာ ကောင်းပါတယ်။ ဒါပေမယ့် တစ်ညအိပ်ပြီးတာနဲ့ ကျွန်တော့်ဆီကနေ နောက်ထပ်မိန့်ခွန်းထပ်လာဖို့ ရှိတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကောင်လေးတွေက ကျွန်တော်တို့ လုပ်ခဲ့တာတွေက ဘယ်လောက်တောင် ထူးခြားလဲဆိုတာကို သိသွားပါလိမ့်မယ်”

“ဒီကမ္ဘာမြေပေါ်က ဘယ်သူကမှ မနက်ဖြန် ကျွန်တော်တို့ ချီတက်ပွဲလုပ်တာကို နားမလည်ဘူးဆိုရင်တောင်မှ ကျွန်တော်တို့ အဲဒါကို လုပ်ဦးမှာပါ။ မနက်ဖြန် လီဗာပူးလ်ကို လာပြီး ကျွန်တော်တို့ ဖြစ်စေချင်တဲ့အတိုင်း အဆုံးမသတ်ခဲ့တဲ့ ထူးခြားဆန်းကြယ်တဲ့ရာသီကို ကျွန်တော်တို့နဲ့အတူ အောင်ပွဲခံဖို့ အားလုံးအခွင့်အရေးရှိတယ်လို့ တကယ်မျှော်လင့်မိပါတယ်”

“အသင်းက ကောင်းမွန်တဲ့အခိုက်အတန့်မှာရှိနေတယ်။ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ကြိုးစားသွားဦးမှာပါ။ လာမယ့်ရာသီ ဗိုလ်လုပွဲက ဘယ်မှာ ကစားမှာလဲ။ အစ္စတန်ဘူလ်မှာလား။ ဟိုတယ်သာ ဘွတ်ကင်လုပ်ထားပေတော့”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္က မၾကဳံစဖူး ဖလား ၄ လုံး ရရွိနိုင္တဲ့ရာသီဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ၿပီး အဆုံးသတ္ခဲ့ၿပီးေနာက္ လာမယ့္ႏွစ္မွာ ပိုအားေကာင္းတဲ့ပုံစံနဲ႔ ျပန္လာမယ္လို႔ ကတိေပးခဲ့ပါတယ္။

ဗင္နစ္ရွပ္ ဂ်ဴနီယာရဲ့ တစ္လုံးတည္းေသာ သြင္းဂိုးက Stade de France ကြင္းထဲမွာ ရီးရဲလ္မက္ဒရစ္အသင္းက ၁၄ ႀကိမ္ေျမာက္ ဥေရာပဖလားကို စံခ်ိန္တင္ဆြတ္ခူးနိုင္ေစခဲ့ၿပီး လီဗာပူးလ္အသင္းကေတာ့ ယခုရာသီ ၆၄ ပြဲအထိ ကစားခဲ့ရတဲ့ ခရီးရွည္ႀကီးအဆုံးမွာ ကာရာေဘာင္း၊ အက္ဖ္ေအဖလားတို႔နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ့အသင္းဟာ ၿပီးခဲ့တဲ့အပတ္က ပရီးမီးယားလိဂ္ဖလားကိုလည္း မန္ခ်က္စတာစီးတီးအသင္းဆီ ၁ မွတ္အကြာနဲ႔ လက္လႊတ္ခဲ့ရၿပီး စေနေန႔ညေနက ျပင္သစ္မွာလည္း ၇ ႀကိမ္ေျမာက္ ဥေရာပခ်န္ပီယံျဖစ္နိုင္မယ့္ အခြင့္အေရးဟာ ျငင္းပယ္ခံခဲ့ရတာျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ တနဂၤေႏြေန႔ညေနမွာ ခ်ီတက္ပြဲက်င္းပဖို႔အတြက္ အဂၤလန္ကို ျပန္လည္ေရာက္ရွိလာမွာျဖစ္ၿပီး ပရိသတ္ေထာင္ေပါင္းမ်ားစြာက တက္ေရာက္လိမ့္မယ္လို႔ ေမၽွာ္မွန္းထားတာျဖစ္ပါတယ္။

“ဒီေကာင္ေလးေတြက ထူးခၽြန္ထက္ျမက္တဲ့ရာသီတစ္ခုကို ကစားခဲ့တယ္။ ၿပိဳင္ပြဲ ၂ ခုမွာ ကၽြန္ေတာ္တို႔ အနိုင္မရခဲ့ဘူး။ ကၽြန္ေတာ္တို႔ အေသးငယ္ဆုံးျဖစ္နိုင္တဲ့ကြာျခားခ်က္ ၁ မွတ္၊ ၁-၀ နဲ႔ မလုပ္နိုင္ခဲ့ဘူး။ ရာသီအတြင္းမွာ မန္စီးတီးက ၁ မွတ္ပဲ ပိုသာခဲ့ၿပီး ဒီညမွာ မက္ဒရစ္ကလည္း ၁ ဂိုးပဲ ပိုသာခဲ့တာပါ။ အဲဒါက ကၽြန္ေတာ္တို႔နဲ႔ပတ္သက္ၿပီး ဘာမွ မေျပာနိုင္ပါဘူး။ ၂၀၁၈ ကေန ခုအခ်ိန္အထိ ကြာျခားခ်က္က ေနာက္ထပ္တစ္ႀကိမ္ ျပန္ေတြ႕ဆုံရတာပဲ”

“၂၀၁၈ တုန္းက ကၽြန္ေတာ္ အဲဒီလိုဆႏၵရွိခဲ့ေပမယ့္ ကၽြန္ေတာ္ မသိခဲ့ပါဘူး။ ဒါေပမယ့္ ဒီေကာင္ေလးေတြက တကယ္ကို ယွဥ္ၿပိဳင္ခ်င္စိတ္ရွိၿပီး သူတို႔မွာ မယုံနိုင္စရာ ခံယူခ်က္ရွိပါတယ္။ ထူးျခားဆန္းၾကယ္တဲ့ အစုအဖြဲ႕ပါ။ ကၽြန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ က်ိန္းေသေပါက္ ႀကိဳးစားသြားဦးမွာပါ”

“မနက္ျဖန္ ကၽြန္ေတာ္တို႔ ဒီရာသီကို ေအာင္ပြဲခံမယ္။ ကၽြန္ေတာ္တို႔ အဲဒါကို ခ်က္ခ်င္း မလုပ္ရတာ ေကာင္းပါတယ္။ ဒါေပမယ့္ တစ္ညအိပ္ၿပီးတာနဲ႔ ကၽြန္ေတာ့္ဆီကေန ေနာက္ထပ္မိန႔္ခြန္းထပ္လာဖို႔ ရွိတာျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။ ေကာင္ေလးေတြက ကၽြန္ေတာ္တို႔ လုပ္ခဲ့တာေတြက ဘယ္ေလာက္ေတာင္ ထူးျခားလဲဆိုတာကို သိသြားပါလိမ့္မယ္”

“ဒီကမၻာေျမေပၚက ဘယ္သူကမွ မနက္ျဖန္ ကၽြန္ေတာ္တို႔ ခ်ီတက္ပြဲလုပ္တာကို နားမလည္ဘူးဆိုရင္ေတာင္မွ ကၽြန္ေတာ္တို႔ အဲဒါကို လုပ္ဦးမွာပါ။ မနက္ျဖန္ လီဗာပူးလ္ကို လာၿပီး ကၽြန္ေတာ္တို႔ ျဖစ္ေစခ်င္တဲ့အတိုင္း အဆုံးမသတ္ခဲ့တဲ့ ထူးျခားဆန္းၾကယ္တဲ့ရာသီကို ကၽြန္ေတာ္တို႔နဲ႔အတူ ေအာင္ပြဲခံဖို႔ အားလုံးအခြင့္အေရးရွိတယ္လို႔ တကယ္ေမၽွာ္လင့္မိပါတယ္”

“အသင္းက ေကာင္းမြန္တဲ့အခိုက္အတန႔္မွာရွိေနတယ္။ ကၽြန္ေတာ္တို႔ ေနာက္ထပ္တစ္ႀကိမ္ ႀကိဳးစားသြားဦးမွာပါ။ လာမယ့္ရာသီ ဗိုလ္လုပြဲက ဘယ္မွာ ကစားမွာလဲ။ အစၥတန္ဘူလ္မွာလား။ ဟိုတယ္သာ ဘြတ္ကင္လုပ္ထားေပေတာ့”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.