Analysis La Liga Premier League UCL&UEL

ရီးရဲလ်တို့ ၁၄ ကြိမ်မြောက် ဗိုလ်စွဲတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်က ထူးခြားထင်ရှားခဲ့တဲ့ အရာများ

နတ်ဘုရားအသစ်စက်စက် ကူတွာ
ဆွီဒင်တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ချ်ကို နတ်ဘုရားကြီးလို့ ပြောခဲ့ကြတာက သူ့အသက်အရွယ်နဲ့ သိပ်မွှန်းလို့ မကောင်းတော့ချိန်မှာပဲ ဘောလုံးပရိသတ်တွေအတွက် နတ်ဘုရားအသစ်စက်စက် တစ်ပါးက စတေဒီဖရန့်စ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ တိုက်စစ်နဲ့ ကွင်းလယ်ကို ယှဉ်ကစားလို့ မရဘဲ ခံစစ်ကလည်း အသည်းအသန် ပိတ်ဆို့နေရတဲ့ ရီးရဲလ်မက်ဒရစ်အတွက် သီဘို ကူတွာကတော့ သူရဲကောင်းသစ်ပါပဲ။ ဂိုးပေါက်တည့်မှု ၉ ကြိမ်မှာ ၇ ကြိမ်က ခက်ခက်ခဲခဲ ကာကွယ်ပုတ်ထုတ်ခဲ့ရတာဖြစ်သလို ကြိုးကြာတွေ အားကိုးတဲ့ ဖြတ်တင်ဘောတွေကိုလည်း ဘောလုံးလမ်းကြောင်း တွက်ဆမှု ကောင်းကောင်းနဲ့ ပိတ်ဆို့ဖမ်းယူထားနိုင်ခဲ့လို့ ဒီနေ့ပွဲရဲ့ Man of the Match အဖြစ်နဲ့ တောက်ပခဲ့တာဖြစ်ပါတယ်။

၁၄ ကြိမ်မြောက်လို့ အားကြီးနဲ့ အောင်ပွဲခံတဲ့ ရီးရဲလ်
ရီးရဲလ်မက်ဒရစ်အတွက်တော့ ဒီနှစ် လာလီဂါဆုဖလားကို ၃၅ ကြိမ်မြောက် စံချိန်တင် ရယူနိုင်ခဲ့သလို ဥရောပအဆင့်မှာလည်း ချန်ပီယံလိဂ် ဖလားကို ၁၄ ကြိမ်မြောက် ကိုင်ပြီး အောင်ပွဲခံနိုင်ခဲ့ကြတာပါ။ အနီးဆုံးနေရာက အေစီမီလန်အသင်း(၇ ကြိမ်)ထက် နှစ်ဆတိတိ အသာရသွားခဲ့သလို နောက်ဆုံး ၉ ရာသီမှာ ၅ ရာသီကို ဗိုလ်စွဲနိုင်ခဲ့တဲ့ တော်ဝင်မက်ဒရစ်သားတွေကတော့ နည်းနည်းလွန်နေပြီထင်တယ်လို့တောင် ပြောချင်စရာဖြစ်ခဲ့ပြီး နည်းပြ အန်ချယ်လော့တီကတော့ ဒီအသင်းနဲ့ ဒုတိယအကြိမ် ဒီဖလားကို ရခဲ့တာဖြစ်သလို ဝါရင့်ကစားသမားတွေဖြစ်ကြတဲ့ မာဆယ်လို၊ မိုဒရစ်ချ်၊ ဘင်ဇီးမား၊ ဘေးလ်၊ အစ္စကို၊ နာချိုနဲ့ ကာဗာဟယ်လ်တို့ကတော့ ဒီဆုဖလားကို ၅ ကြိမ်စလုံးမှာ ပါဝင် ရယူခဲ့သူတွေလည်းဖြစ်ခဲ့ကြပါတယ်။

တိကျ မက်ဒရစ်
လီဗာပူးလ်တို့အနေနဲ့ ဒီနေ့ပွဲကို ထိန်းချုပ်ကစားပြီး ဂိုးပေါက်ကန်ခွင့် ၂၄ ကြိမ်အထိ ရရှိခဲ့သလို ၉ ကြိမ် ဂိုးပေါက်တည့်ခဲ့တဲ့ အချိန်မှာ စပိန်ကလပ်ကတော့ ၄ ကြိမ်ကန်ခွင့်ရပြီး ၂ ကြိမ်သာ ဂိုးပေါက်တည့်နိုင်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်တို့အနေနဲ့ ဒီနေ့မှာ ပွဲချိန် ၃၅ မိနစ်မှာ တစ်ကြိမ်၊ ပွဲချိန် ၅၉ မိနစ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် ဂိုးပေါက်တည့်မှုမှာတော့ ဗီနီးရှပ်စ် ဂျူနီယာက ပါးနပ်ပြီး တိကျတဲ့ ကန်ချက်နဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူပေးနိုင်ခဲ့သလို ဂိုးရှေ့ လူများပြီး ပွဲမစည်တဲ့ လီဗာပူးလ်တို့အတွက်တော့ ဂုဏ်သိက္ခာအရပါ ထိခိုက်ခဲ့ရတာပါ။

ဆာလား၊ မာနေးတို့ ကံမကောင်းတဲ့ပွဲ
ဒီပွဲမတိုင်ခင်က ဆာဂျီယို ရာမို့စ်ရဲ့ အကြွေးကို ကျန်တဲ့သူတွေဆီမှာ တောင်းမယ်လို့ ပြောခဲ့တဲ့ အီဂျစ်သားတစ်ယောက်တော့ နောက်တစ်ခါထပ်ပြီး ချေးပေးလိုက်ရပြန်ပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်က ရာမို့စ်က ညစ်ပြီး အကြွေးယူသွားခဲ့တယ်ဆိုရင် ဒီတစ်ခေါက်မှာတော့ ကူတွာက သာသာယာယာပဲ ဆွဲသုံးသွားခဲ့တာပါ။ ပရီးမီးယားလိဂ်မှာဆို ဂိုးနေလောက်ပြီဖြစ်တဲ့ ကန်ချက်တွေကို ဘယ်လ်ဂျီယမ်သားက မယုံနိုင်လောက်စရာ ကာကွယ်သွားခဲ့တဲ့ ဆာလားအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသလို ဒီနှစ်ထဲမှာ ဆီနီဂေါ၊ လီဗာပူးလ်တို့နဲ့ ဖိုင်နယ်သုံးပွဲ ကစားထားရာမှာ ရာနှုန်းပြည့်ရလဒ်ကို ပိုင်ဆိုင်ထားတဲ့ မာနေးအတွက်တော့ ချန်ပီယံလိဂ်မှာ ကံဆိုးခဲ့ရတာဖြစ်ပါတယ်။

မျက်နှာမှာ အရေးအကြောင်းတွေနဲ့ လန်းဆတ်နေဆဲ ခြေစွမ်း
မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်နေပြီး ခပ်ချောင်ချောင်ဖြစ်နေတဲ့ လူကာ မိုဒရစ်ချ်မှာ ဇရာရဲ့ အရိပ်အယောင်တွေ မြင်ရတယ်ဆိုရင်လည်း ကစားဟန်နဲ့ ခြေစွမ်းကတော့ ပြဒါးရှင်လုံး မျိုချထားသလို နုပျိုလန်းဆတ်(လန်းဆန်း+လတ်ဆတ်)နေခဲ့တာဖြစ်ပါတယ်။ ဗယ်လ်ဗာဒီရဲ့ အတွေ့အကြုံ လိုအပ်မှု၊ ကာစီမီရိုရဲ့ အရင်လို မာကျောခြင်း မရှိတော့မှု၊ တိုနီ ခရူးစ်ရဲ့ ခြေပျောက်နေမှုတွေနဲ့ ရီးရဲလ်ကွင်းလယ်ကို သူ့တစ်ယောက်တည်းရဲ့ ခြေစွမ်း၊ ဖိအားဒဏ် ခံနိုင်မှုတွေနဲ့ ၃၆ နှစ်သားကြီးက ကျားကန်ပေးခဲ့တာပါ။ ရီးရဲလ်တို့ ရသွားတဲ့ ဂိုးဟာ ခရိုအေးရှားသားကြီးရဲ့ မထင်မှတ်တဲ့ အယိမ်းအနွဲ့နဲ့ လီဗာပူးလ်ရဲ့ Pressing ကြားကနေ ဘယ်ခြေပေးပို့မှုကြောင့် အငိုက်ဖမ်း ကောင်တာစနိုင်ခဲ့တာဖြစ်ပြီး နှစ်ချို့ဝိုင်ဆိုရင်လည်း တန်ဖိုးအမြင့်မားဆုံး ဝိုင်ပဲ ဖြစ်ရပါလိမ့်မယ်။

ဘောလုံးနိုင်ငံတော်ရဲ့ ဂျူးလီးယပ်စ် ဆီဇာ
ရောမနိုင်ငံတော်ရဲ့ ဘုရင် ဂျူးလီးယပ်စ် ဆီဇာဆိုတာ ရာဇဝင်ထဲမှာပဲ ရှိခဲ့ဖူးပေမယ့် ဘောလုံးလောကမှာတော့ သူ့ရဲ့ ဝိညာဉ်နဲ့ တစ်သားတည်း ကျနေပြီး နယ်မြေသစ်များစွာကို သိမ်းပိုက်နိုင်ခဲ့တဲ့ သားမြေးအဆက်အနွယ်က ကာလို အန်ချယ်လော့တီဖြစ်နေမလား DNA စစ်ကြည့်ဖို့ ကောင်းနေပါပြီ။ ပြီးခဲ့တဲ့လက ဥရောပရဲ့ ထိပ်ဆုံးအမှတ်ပေးပြိုင်ပွဲ ၅ ခုမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန်နဲ့ စပိန်နိုင်ငံတွေမှာ ဂုဏ်ခံနိုင်ခဲ့ပြီး မေလ ၅ ရက်နေ့မှာတော့ ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ်ကို ၅ ကြိမ် တက်ရောက်နိုင်သူ နည်းပြဖြစ်လာခဲ့သလို ဒီနေ့မှာတော့ ၅ ကြိမ်မှာ ၄ ကြိမ် ဗိုလ်စွဲပြီး ချန်ပီယံလိဂ်ဖလားကို အများဆုံး ရယူထားနိုင်တဲ့ နည်းပြအဖြစ် သုံးကြိမ်ချင်း တူညီနေတဲ့ အသင်းနည်းပြဟောင်း ဇီနီဒန်း ဇီဒန်းနဲ့ လီဗာပူးလ်ရဲ့ ဘော့ဘ် ပေ့စ်လီတို့ကို ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂိုးမသွင်းနိုင်တဲ့ ၅ နာရီခွဲ
လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီမှာ သုံးကြိမ်မြောက် ဗိုလ်လုပွဲကို ကစားခဲ့ရချိန်မှာတော့ ကစားချိန် မိနစ်ပေါင်းက ၃၃၀ အထိ ရှိသွားခဲ့ပြီး နာရီနဲ့ဆိုရင် ၅ နာရီခွဲတိတိ ရှိသွားခဲ့ချိန်မှာ ကာရာဘောင်း၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်တွေအတွင်း တစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်တို့ရဲ့ ဗိုလ်လုပွဲမိနစ် ၃၃၀ မှာ ဂိုးကန်သွင်းမှု ၆၁ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁၇ ကြိမ်နဲ့ မျှော်မှန်းသွင်းဂိုး xG ၅.၇ ဂိုးအထိ ရှိခဲ့ပေမယ့် ဘဲဥမကွဲခဲ့သလို ဗီနီးရှပ်စ်ရဲ့ သွင်းဂိုးကြောင့် ရှေ့က ပွဲတွေလိုမျိုး ပင်နယ်တီအထိ သွားပြီးမှ ဗိုလ်စွဲနိုင်ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နတ္ဘုရားအသစ္စက္စက္ ကူတြာ
ဆြီဒင္တိုက္စစ္မႉး ဇလာတန္ အီဘရာဟီမိုဗစ္ခ်္ကို နတ္ဘုရားႀကီးလို႔ ေျပာခဲ့ၾကတာက သူ႔အသက္အ႐ြယ္နဲ႔ သိပ္မႊန္းလို႔ မေကာင္းေတာ့ခ်ိန္မွာပဲ ေဘာလုံးပရိသတ္ေတြအတြက္ နတ္ဘုရားအသစ္စက္စက္ တစ္ပါးက စေတဒီဖရန႔္စ္မွာ ေပၚထြက္လာခဲ့ပါတယ္။ လီဗာပူးလ္ရဲ႕ တိုက္စစ္နဲ႔ ကြင္းလယ္ကို ယွဥ္ကစားလို႔ မရဘဲ ခံစစ္ကလည္း အသည္းအသန္ ပိတ္ဆို႔ေနရတဲ့ ရီးရဲလ္မက္ဒရစ္အတြက္ သီဘို ကူတြာကေတာ့ သူရဲေကာင္းသစ္ပါပဲ။ ဂိုးေပါက္တည့္မႈ ၉ ႀကိမ္မွာ ၇ ႀကိမ္က ခက္ခက္ခဲခဲ ကာကြယ္ပုတ္ထုတ္ခဲ့ရတာျဖစ္သလို ႀကိဳးၾကာေတြ အားကိုးတဲ့ ျဖတ္တင္ေဘာေတြကိုလည္း ေဘာလုံးလမ္းေၾကာင္း တြက္ဆမႈ ေကာင္းေကာင္းနဲ႔ ပိတ္ဆို႔ဖမ္းယူထားႏိုင္ခဲ့လို႔ ဒီေန႔ပြဲရဲ႕ Man of the Match အျဖစ္နဲ႔ ေတာက္ပခဲ့တာျဖစ္ပါတယ္။

၁၄ ႀကိမ္ေျမာက္လို႔ အားႀကီးနဲ႔ ေအာင္ပြဲခံတဲ့ ရီးရဲလ္
ရီးရဲလ္မက္ဒရစ္အတြက္ေတာ့ ဒီႏွစ္ လာလီဂါဆုဖလားကို ၃၅ ႀကိမ္ေျမာက္ စံခ်ိန္တင္ ရယူႏိုင္ခဲ့သလို ဥေရာပအဆင့္မွာလည္း ခ်န္ပီယံလိဂ္ ဖလားကို ၁၄ ႀကိမ္ေျမာက္ ကိုင္ၿပီး ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။ အနီးဆုံးေနရာက ေအစီမီလန္အသင္း(၇ ႀကိမ္)ထက္ ႏွစ္ဆတိတိ အသာရသြားခဲ့သလို ေနာက္ဆုံး ၉ ရာသီမွာ ၅ ရာသီကို ဗိုလ္စြဲႏိုင္ခဲ့တဲ့ ေတာ္ဝင္မက္ဒရစ္သားေတြကေတာ့ နည္းနည္းလြန္ေနၿပီထင္တယ္လို႔ေတာင္ ေျပာခ်င္စရာျဖစ္ခဲ့ၿပီး နည္းျပ အန္ခ်ယ္ေလာ့တီကေတာ့ ဒီအသင္းနဲ႔ ဒုတိယအႀကိမ္ ဒီဖလားကို ရခဲ့တာျဖစ္သလို ဝါရင့္ကစားသမားေတြျဖစ္ၾကတဲ့ မာဆယ္လို၊ မိုဒရစ္ခ်္၊ ဘင္ဇီးမား၊ ေဘးလ္၊ အစၥကို၊ နာခ်ိဳနဲ႔ ကာဗာဟယ္လ္တို႔ကေတာ့ ဒီဆုဖလားကို ၅ ႀကိမ္စလုံးမွာ ပါဝင္ ရယူခဲ့သူေတြလည္းျဖစ္ခဲ့ၾကပါတယ္။

တိက် မက္ဒရစ္
လီဗာပူးလ္တို႔အေနနဲ႔ ဒီေန႔ပြဲကို ထိန္းခ်ဳပ္ကစားၿပီး ဂိုးေပါက္ကန္ခြင့္ ၂၄ ႀကိမ္အထိ ရရွိခဲ့သလို ၉ ႀကိမ္ ဂိုးေပါက္တည့္ခဲ့တဲ့ အခ်ိန္မွာ စပိန္ကလပ္ကေတာ့ ၄ ႀကိမ္ကန္ခြင့္ရၿပီး ၂ ႀကိမ္သာ ဂိုးေပါက္တည့္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္တို႔အေနနဲ႔ ဒီေန႔မွာ ပြဲခ်ိန္ ၃၅ မိနစ္မွာ တစ္ႀကိမ္၊ ပြဲခ်ိန္ ၅၉ မိနစ္မွာ တစ္ႀကိမ္၊ ႏွစ္ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာျဖစ္ၿပီး ဒုတိယအႀကိမ္ ဂိုးေပါက္တည့္မႈမွာေတာ့ ဗီနီးရွပ္စ္ ဂ်ဴနီယာက ပါးနပ္ၿပီး တိက်တဲ့ ကန္ခ်က္နဲ႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ရယူေပးႏိုင္ခဲ့သလို ဂိုးေရွ႕ လူမ်ားၿပီး ပြဲမစည္တဲ့ လီဗာပူးလ္တို႔အတြက္ေတာ့ ဂုဏ္သိကၡာအရပါ ထိခိုက္ခဲ့ရတာပါ။

ဆာလား၊ မာေနးတို႔ ကံမေကာင္းတဲ့ပြဲ
ဒီပြဲမတိုင္ခင္က ဆာဂ်ီယို ရာမို႔စ္ရဲ႕ အေႂကြးကို က်န္တဲ့သူေတြဆီမွာ ေတာင္းမယ္လို႔ ေျပာခဲ့တဲ့ အီဂ်စ္သားတစ္ေယာက္ေတာ့ ေနာက္တစ္ခါထပ္ၿပီး ေခ်းေပးလိုက္ရျပန္ပါတယ္။ ၿပီးခဲ့တဲ့ တစ္ေခါက္က ရာမို႔စ္က ညစ္ၿပီး အေႂကြးယူသြားခဲ့တယ္ဆိုရင္ ဒီတစ္ေခါက္မွာေတာ့ ကူတြာက သာသာယာယာပဲ ဆြဲသုံးသြားခဲ့တာပါ။ ပရီးမီးယားလိဂ္မွာဆို ဂိုးေနေလာက္ၿပီျဖစ္တဲ့ ကန္ခ်က္ေတြကို ဘယ္လ္ဂ်ီယမ္သားက မယုံႏိုင္ေလာက္စရာ ကာကြယ္သြားခဲ့တဲ့ ဆာလားအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရသလို ဒီႏွစ္ထဲမွာ ဆီနီေဂါ၊ လီဗာပူးလ္တို႔နဲ႔ ဖိုင္နယ္သုံးပြဲ ကစားထားရာမွာ ရာႏႈန္းျပည့္ရလဒ္ကို ပိုင္ဆိုင္ထားတဲ့ မာေနးအတြက္ေတာ့ ခ်န္ပီယံလိဂ္မွာ ကံဆိုးခဲ့ရတာျဖစ္ပါတယ္။

မ်က္ႏွာမွာ အေရးအေၾကာင္းေတြနဲ႔ လန္းဆတ္ေနဆဲ ေျခစြမ္း
မ်က္ႏွာမွာ အေရးအေၾကာင္းေတြ ေပၚေနၿပီး ခပ္ေခ်ာင္ေခ်ာင္ျဖစ္ေနတဲ့ လူကာ မိုဒရစ္ခ်္မွာ ဇရာရဲ႕ အရိပ္အေယာင္ေတြ ျမင္ရတယ္ဆိုရင္လည္း ကစားဟန္နဲ႔ ေျခစြမ္းကေတာ့ ျပဒါးရွင္လုံး မ်ိဳခ်ထားသလို ႏုပ်ိဳလန္းဆတ္(လန္းဆန္း+လတ္ဆတ္)ေနခဲ့တာျဖစ္ပါတယ္။ ဗယ္လ္ဗာဒီရဲ႕ အေတြ႕အႀကဳံ လိုအပ္မႈ၊ ကာစီမီ႐ိုရဲ႕ အရင္လို မာေက်ာျခင္း မရွိေတာ့မႈ၊ တိုနီ ခ႐ူးစ္ရဲ႕ ေျခေပ်ာက္ေနမႈေတြနဲ႔ ရီးရဲလ္ကြင္းလယ္ကို သူ႔တစ္ေယာက္တည္းရဲ႕ ေျခစြမ္း၊ ဖိအားဒဏ္ ခံႏိုင္မႈေတြနဲ႔ ၃၆ ႏွစ္သားႀကီးက က်ားကန္ေပးခဲ့တာပါ။ ရီးရဲလ္တို႔ ရသြားတဲ့ ဂိုးဟာ ခ႐ိုေအးရွားသားႀကီးရဲ႕ မထင္မွတ္တဲ့ အယိမ္းအႏြဲ႕နဲ႔ လီဗာပူးလ္ရဲ႕ Pressing ၾကားကေန ဘယ္ေျခေပးပို႔မႈေၾကာင့္ အငိုက္ဖမ္း ေကာင္တာစႏိုင္ခဲ့တာျဖစ္ၿပီး ႏွစ္ခ်ိဳ႕ဝိုင္ဆိုရင္လည္း တန္ဖိုးအျမင့္မားဆုံး ဝိုင္ပဲ ျဖစ္ရပါလိမ့္မယ္။

ေဘာလုံးႏိုင္ငံေတာ္ရဲ႕ ဂ်ဴးလီးယပ္စ္ ဆီဇာ
ေရာမႏိုင္ငံေတာ္ရဲ႕ ဘုရင္ ဂ်ဴးလီးယပ္စ္ ဆီဇာဆိုတာ ရာဇဝင္ထဲမွာပဲ ရွိခဲ့ဖူးေပမယ့္ ေဘာလုံးေလာကမွာေတာ့ သူ႔ရဲ႕ ဝိညာဥ္နဲ႔ တစ္သားတည္း က်ေနၿပီး နယ္ေျမသစ္မ်ားစြာကို သိမ္းပိုက္ႏိုင္ခဲ့တဲ့ သားေျမးအဆက္အႏြယ္က ကာလို အန္ခ်ယ္ေလာ့တီျဖစ္ေနမလား DNA စစ္ၾကည့္ဖို႔ ေကာင္းေနပါၿပီ။ ၿပီးခဲ့တဲ့လက ဥေရာပရဲ႕ ထိပ္ဆုံးအမွတ္ေပးၿပိဳင္ပြဲ ၅ ခုမွာ ဗိုလ္စြဲႏိုင္ခဲ့တဲ့ ပထမဆုံးနည္းျပအျဖစ္ အီတလီ၊ ျပင္သစ္၊ ဂ်ာမနီ၊ အဂၤလန္နဲ႔ စပိန္ႏိုင္ငံေတြမွာ ဂုဏ္ခံႏိုင္ခဲ့ၿပီး ေမလ ၅ ရက္ေန႔မွာေတာ့ ပထမဆုံး ခ်န္ပီယံလိဂ္ဖိုင္နယ္ကို ၅ ႀကိမ္ တက္ေရာက္ႏိုင္သူ နည္းျပျဖစ္လာခဲ့သလို ဒီေန႔မွာေတာ့ ၅ ႀကိမ္မွာ ၄ ႀကိမ္ ဗိုလ္စြဲၿပီး ခ်န္ပီယံလိဂ္ဖလားကို အမ်ားဆုံး ရယူထားႏိုင္တဲ့ နည္းျပအျဖစ္ သုံးႀကိမ္ခ်င္း တူညီေနတဲ့ အသင္းနည္းျပေဟာင္း ဇီနီဒန္း ဇီဒန္းနဲ႔ လီဗာပူးလ္ရဲ႕ ေဘာ့ဘ္ ေပ့စ္လီတို႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂိုးမသြင္းႏိုင္တဲ့ ၅ နာရီခြဲ
လီဗာပူးလ္အသင္းအေနနဲ႔ ဒီရာသီမွာ သုံးႀကိမ္ေျမာက္ ဗိုလ္လုပြဲကို ကစားခဲ့ရခ်ိန္မွာေတာ့ ကစားခ်ိန္ မိနစ္ေပါင္းက ၃၃၀ အထိ ရွိသြားခဲ့ၿပီး နာရီနဲ႔ဆိုရင္ ၅ နာရီခြဲတိတိ ရွိသြားခဲ့ခ်ိန္မွာ ကာရာေဘာင္း၊ အက္ဖ္ေအနဲ႔ ခ်န္ပီယံလိဂ္ဖိုင္နယ္ေတြအတြင္း တစ္ဂိုးမွ သြင္းယူႏိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္တို႔ရဲ႕ ဗိုလ္လုပြဲမိနစ္ ၃၃၀ မွာ ဂိုးကန္သြင္းမႈ ၆၁ ႀကိမ္၊ ဂိုးေပါက္တည့္မႈ ၁၇ ႀကိမ္နဲ႔ ေမွ်ာ္မွန္းသြင္းဂိုး xG ၅.၇ ဂိုးအထိ ရွိခဲ့ေပမယ့္ ဘဲဥမကြဲခဲ့သလို ဗီနီးရွပ္စ္ရဲ႕ သြင္းဂိုးေၾကာင့္ ေရွ႕က ပြဲေတြလိုမ်ိဳး ပင္နယ္တီအထိ သြားၿပီးမွ ဗိုလ္စြဲႏိုင္ျခင္းမရွိခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.