Premier League Transfer News

နွေရာသီ ဈေးကွက်ကို ကျားနာခဲ,ခဲမယ့် အာဆင်နယ်ရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့များ

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက မခေါ်ယူနိုင်လိုက်တဲ့ တိုက်စစ်မှူး အဲလ်ဗာရို မိုရာတာကို အက်သလက်တီကို မက်ဒရစ်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဆက်လိုချင်ရင် ယူရို ၃၅ သန်း (ပေါင် ၂၉.၈ သန်း)ပေးရမှာဖြစ်လို့ မလွယ်ကူနိုင်ချိန်မှာ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေ။

– အသင်းရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်တွေမှာ ဆက်တိုက်ပွဲထွက်ခွင့်ရထားပြီး ဒီရာသီမှာ ၅ ဂိုး သွင်းယူပေးခဲ့တဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဖို့ ကမ်းလှမ်းထားခဲ့တဲ့နောက် ကာယကံရှင်ဘက်က ဆုံးဖြတ်ချက်ကိုပဲ စောင့်ကြည့်ရမည်။

– အာဆင်နယ်အသင်းရဲ့ ဒီရာသီ ဦးစားပေးပစ်မှတ် တိုက်စစ်မှူးက မန်ချက်စတာစီးတီးအသင်းရဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်ဖြစ်ပြီး သူ့ကို ပေါင်သန်း ၅၀ လောက်နဲ့ အပြီးသတ် ခေါ်ယူနိုင်ဖို့ ဆန္ဒရှိနေသလို မရခဲ့ရင်တော့ နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမင်နဲ့ တခြားပစ်မှတ်တွေကို ခေါ်ယူဖို့ ရည်ရွယ်ထား။

– တာကဲဟီရို တိုမီယာစု၊ ဆီးဒရစ် ဆွာရက်စ်တို့နဲ့ ရုန်းကန်ခဲ့ရတဲ့ ညာခြမ်းခံစစ်ပိုင်းအတွက် အာဆင်နယ်အသင်းအနေနဲ့ တန်းဆင်း နော့ဝစ်ချ်အသင်းက ရောင်းချဖို့ ဆုံးဖြတ်ထားတဲ့ အင်္ဂလန်နောက်ခံလူ မက်စ် အာရွန်စ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေ။

– အသင်းရဲ့ အထောင်တိုက်စစ်မှာအပြင် ဘယ်ညာတောင်ပံတွေမှာပါ ကောင်းကောင်းကစားပေးနိုင်မယ့် ချက်လူငယ်တိုက်စစ်မှူး အာဒမ် ဟလိုဂျက်ကို စပါတာပရပ်ဂ်ကနေ ပေါင် ၁၉ သန်းနဲ့ ခေါ်ယူနိုင်ဖို့ အာဆင်နယ်တို့ ပစ်မှတ်ထားနေပြီး အသင်းကစားသမားဟောင်း တောမတ်ရှ် ရိုဆစ်စကီးကလည်း ထောက်ခံချက်ပေးထားသလို ဂျာမန်ကလပ် လေဗာကူဆင်နဲ့ ယှဉ်ပြိုင်ရဖို့ရှိနေ။

– ဘိုင်ယန်မြူးနစ်အသင်းနဲ့ အောင်မြင်မှုများစွာ ရယူပြီးတဲ့နောက် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့ချိန်မှာ ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းခြင်း မခံရသေးတဲ့ တောင်ပံကစားသမား ဆာ့ဂျ် ဂနာဘရီအနေနဲ့ အသင်းဟောင်း အာဆင်နယ်ကို ပြန်နိုင်တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခြင်းမပြုတာကြောင့် ပရိသတ်တွေ အားတက်စရာဖြစ်လာ။

– ကွင်းလယ်ပိုင်း အားဖြည့်မှုအတွက် အာဆင်နယ်အသင်းအနေနဲ့ လက်စတာကစားသမား ယူရီ တီးလီးမန်းစ်နဲ့ အသံထွက်နေခဲ့ပေမယ့် နည်းပြ အာတီတာအနေနဲ့ ပြင်သစ်လိဂန်ကလပ် RC လွန်းစ်ရဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမား ရှိတ်ခ် ဒူကူရေးကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူလိုနေပြီး ပရီးမီးယားလိဂ်ကလပ်အသင်းအချို့နဲ့ လုရနိုင်။

– အာဆင်နယ်အသင်းအနေနဲ့ အက်စ်တန်ဗီလာအသင်းရဲ့ လူငယ်ကွင်းလယ်လူ ကာနီ ချူကွယ်မီကာကို စိတ်ဝင်စားနေပြီး နည်းပြသစ် စတီဗင် ဂျရတ်လက်ထက်မှာ ထွန်းတောက်လာခဲ့တဲ့ ၁၈ နှစ်သားကို အသင်းရဲ့ ကိုယ်ပိုင် ဘယ်လင်ဂမ်လို ကစားသမားမျိုးဖြစ်လာအောင် ပျိုးထောင်သွားဖို့ ပလန်ချထား။

– ဖီအိုရင်တီးနားအသင်းပရိသတ်တွေအနေနဲ့ ခရမ်းရောင်တွေအတွက် ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို မဖြစ်မနေ ခေါ်ယူပေးဖို့ တောင်းဆိုနေကြပြီး အသက် ၂၆ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်ကို အားကစားဒါရိုက်တာ ဂျိုး ဘာရိုနီနဲ့သာ လဲလိုက်တော့လို့ အသင်းရဲ့ အပြောင်းအရွှေ့လုပ်ဆောင်တဲ့အပိုင်းကို သရော်လှောင်ပြောင်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ၿပီးခဲ့တဲ့ ေဆာင္းရာသီတုန္းက မေခၚယူႏိုင္လိုက္တဲ့ တိုက္စစ္မႉး အဲလ္ဗာ႐ို မိုရာတာကို အက္သလက္တီကို မက္ဒရစ္အသင္းကေန ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ဆက္လိုခ်င္ရင္ ယူ႐ို ၃၅ သန္း (ေပါင္ ၂၉.၈ သန္း)ေပးရမွာျဖစ္လို႔ မလြယ္ကူႏိုင္ခ်ိန္မွာ ေပါင္ ၂၅ သန္းနဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေန။

– အသင္းရဲ႕ ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲစဥ္ေတြမွာ ဆက္တိုက္ပြဲထြက္ခြင့္ရထားၿပီး ဒီရာသီမွာ ၅ ဂိုး သြင္းယူေပးခဲ့တဲ့ လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို တစ္ပတ္လုပ္ခ ေပါင္တစ္သိန္းနဲ႔ ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဖို႔ ကမ္းလွမ္းထားခဲ့တဲ့ေနာက္ ကာယကံရွင္ဘက္က ဆုံးျဖတ္ခ်က္ကိုပဲ ေစာင့္ၾကည့္ရမည္။

– အာဆင္နယ္အသင္းရဲ႕ ဒီရာသီ ဦးစားေပးပစ္မွတ္ တိုက္စစ္မႉးက မန္ခ်က္စတာစီးတီးအသင္းရဲ႕ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ျဖစ္ၿပီး သူ႔ကို ေပါင္သန္း ၅၀ ေလာက္နဲ႔ အၿပီးသတ္ ေခၚယူႏိုင္ဖို႔ ဆႏၵရွိေနသလို မရခဲ့ရင္ေတာ့ နာပိုလီတိုက္စစ္မႉး ဗစ္တာ အိုဆီမင္နဲ႔ တျခားပစ္မွတ္ေတြကို ေခၚယူဖို႔ ရည္႐ြယ္ထား။

– တာကဲဟီ႐ို တိုမီယာစု၊ ဆီးဒရစ္ ဆြာရက္စ္တို႔နဲ႔ ႐ုန္းကန္ခဲ့ရတဲ့ ညာျခမ္းခံစစ္ပိုင္းအတြက္ အာဆင္နယ္အသင္းအေနနဲ႔ တန္းဆင္း ေနာ့ဝစ္ခ်္အသင္းက ေရာင္းခ်ဖို႔ ဆုံးျဖတ္ထားတဲ့ အဂၤလန္ေနာက္ခံလူ မက္စ္ အာ႐ြန္စ္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၂၀ နဲ႔ ေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေန။

– အသင္းရဲ႕ အေထာင္တိုက္စစ္မွာအျပင္ ဘယ္ညာေတာင္ပံေတြမွာပါ ေကာင္းေကာင္းကစားေပးႏိုင္မယ့္ ခ်က္လူငယ္တိုက္စစ္မႉး အာဒမ္ ဟလိုဂ်က္ကို စပါတာပရပ္ဂ္ကေန ေပါင္ ၁၉ သန္းနဲ႔ ေခၚယူႏိုင္ဖို႔ အာဆင္နယ္တို႔ ပစ္မွတ္ထားေနၿပီး အသင္းကစားသမားေဟာင္း ေတာမတ္ရွ္ ႐ိုဆစ္စကီးကလည္း ေထာက္ခံခ်က္ေပးထားသလို ဂ်ာမန္ကလပ္ ေလဗာကူဆင္နဲ႔ ယွဥ္ၿပိဳင္ရဖို႔ရွိေန။

– ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ေအာင္ျမင္မႈမ်ားစြာ ရယူၿပီးတဲ့ေနာက္ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ေတာ့ခ်ိန္မွာ ထပ္မံခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းျခင္း မခံရေသးတဲ့ ေတာင္ပံကစားသမား ဆာ့ဂ်္ ဂနာဘရီအေနနဲ႔ အသင္းေဟာင္း အာဆင္နယ္ကို ျပန္ႏိုင္တယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္ျခင္းမျပဳတာေၾကာင့္ ပရိသတ္ေတြ အားတက္စရာျဖစ္လာ။

– ကြင္းလယ္ပိုင္း အားျဖည့္မႈအတြက္ အာဆင္နယ္အသင္းအေနနဲ႔ လက္စတာကစားသမား ယူရီ တီးလီးမန္းစ္နဲ႔ အသံထြက္ေနခဲ့ေပမယ့္ နည္းျပ အာတီတာအေနနဲ႔ ျပင္သစ္လိဂန္ကလပ္ RC လြန္းစ္ရဲ႕ အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမား ရွိတ္ခ္ ဒူကူေရးကို ေပါင္ ၁၈ သန္းနဲ႔ ေခၚယူလိုေနၿပီး ပရီးမီးယားလိဂ္ကလပ္အသင္းအခ်ိဳ႕နဲ႔ လုရႏိုင္။

– အာဆင္နယ္အသင္းအေနနဲ႔ အက္စ္တန္ဗီလာအသင္းရဲ႕ လူငယ္ကြင္းလယ္လူ ကာနီ ခ်ဴကြယ္မီကာကို စိတ္ဝင္စားေနၿပီး နည္းျပသစ္ စတီဗင္ ဂ်ရတ္လက္ထက္မွာ ထြန္းေတာက္လာခဲ့တဲ့ ၁၈ ႏွစ္သားကို အသင္းရဲ႕ ကိုယ္ပိုင္ ဘယ္လင္ဂမ္လို ကစားသမားမ်ိဳးျဖစ္လာေအာင္ ပ်ိဳးေထာင္သြားဖို႔ ပလန္ခ်ထား။

– ဖီအိုရင္တီးနားအသင္းပရိသတ္ေတြအေနနဲ႔ ခရမ္းေရာင္ေတြအတြက္ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို မျဖစ္မေန ေခၚယူေပးဖို႔ ေတာင္းဆိုေနၾကၿပီး အသက္ ၂၆ ႏွစ္အ႐ြယ္ ဥ႐ုေဂြးလက္ေ႐ြးစင္ကို အားကစားဒါ႐ိုက္တာ ဂ်ိဳး ဘာ႐ိုနီနဲ႔သာ လဲလိုက္ေတာ့လို႔ အသင္းရဲ႕ အေျပာင္းအေ႐ႊ႕လုပ္ေဆာင္တဲ့အပိုင္းကို သေရာ္ေလွာင္ေျပာင္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.