Premier League

အာဆင်နယ်နဲ့စပါးစ်လောက်မှာ ကစားရမယ့်ကစားသမားကို ရောင်းထုတ်ဖို့ မန်ယူကို တိုက်တွန်းခဲ့တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက မန်ချက်စတာယူနိုက်တက်အသင်းကို လက်ရှိမှာ အာဆင်နယ် သို့မဟုတ် တော့တင်ဟမ်ဟော့စပါးအသင်းတို့လောက်မှာပဲ ကစားလို့ရနိုင်တော့မယ့် မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယခုနွေရာသီမှာ ရောင်းထုတ်ဖို့ အကြံပေးခဲ့ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ မန်ချက်စတာယူနိုက်တက်တို့အတွက်တော့ စိတ်ပျက်စရာ ရာသီဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ စုစုပေါင်းရမှတ် အနိမ့်ဆုံးနဲ့ ရာသီကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နိုင်သေးတယ်ဆိုပေမယ့်လည်း သရဲနီတွေရဲ့ သမိုင်းကြောင်းအရ ဆိုးရွားလွန်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အသင်းအတွင်းက အခြေအနေတွေကလည်း လေ့ကျင့်ရေးမှာ ရန်ဖြစ်တဲ့သူတွေက ဖြစ်ခဲ့ကြပြီး ကွင်းအတွင်းမှာလည်း စည်းလုံးညီညွတ်မှုမရှိဘဲ ဖြစ်ချင်သလို ဖြစ်နေခဲ့ကြတာဖြစ်ပါတယ်။ ဂျက်ဆီ လင်ဂတ်၊ ကာဗာနီနဲ့ ပေါ့ဂ်ဘာတို့အားလုံးဟာ ယခုနွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ၎င်းတို့သာ အသင်းကို စွန့်ခွာချင်နေတာမဟုတ်ဘဲ စိတ်ပျက်စရာနှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်ကလည်း အိုးထရက်ဖို့ဒ်ကို စွန့်ခွာချင်နေတယ်လို့ ယခုနှစ်အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ၎င်းရဲ့ ပွဲဦးထွက်ရာသီတုန်းက ၁၁ ပွဲသာ ပါဝင်ကစားပေးခဲ့ရတုန်းကထက်တောင် နည်းပါးတဲ့ သွင်းဂိုး ၄ ဂိုးသာ ယခုရာသီမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အန်သိုနီ အီလန်ဂါက ယာယီနည်းပြ ရန်းနစ်ခ်ရဲ့ ပိုမိုနှစ်သက်ခြင်းခံခဲ့ရတာကြောင့် ရက်ရှ်ဖို့ဒ်ဟာ ပွဲထွက်လူစာရင်းမှာ နေရာရဖို့အတွက် ရုန်းကန်ခဲ့ရပြီး အင်္ဂလန်အသင်းနဲ့ လက်ရွေးစင်ကစားသမားဘဝကလည်း ချောက်ကမ်းပါးအစွန်းကို ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းကို စွန့်ခွာနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့တာဖြစ်ပြီး ကာရေဂါက ကစားသမားအတွက်ရော အသင်းအတွက်ပါ မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“သူက မန်ချက်စတာယူနိုက်တက်အတွက် ကောင်းသင့်သလောက် မကောင်းတော့ပါဘူး။ သူက တော့တင်ဟမ် သို့မဟုတ် အာဆင်နယ်အတွက် ကစားပေးရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပြီး ကာရေဂါနဲ့အတူ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ဆောင်နေတဲ့ ဂယ်ရီ နဗီးက လီဗာပူးလ်နောက်ခံကစားသမားဟောင်းရဲ့ ပြောဆိုမှုကို မပျော်မရွှင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

“သူက ကောင်းသင့်သလောက် ကောင်းတယ်ဆိုတာကို သက်သေပြသခဲ့ပြီးပါပြီ။ ခင်ဗျား မဟုတ်တာပြောနေတာ လက်ပိုက်ကြည့်မနေနိုင်ပါဘူး”လို့ တုံ့ပြန်ခဲ့ပေမယ့် ကာရေဂါက “သူက ခင်ဗျားကို ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်မှာမဟုတ်ပါဘူး။ ခင်ဗျား မီဂါစတားဖြစ်လာဖို့ သူနဲ့အတူ တိုက်စစ်မှာ တိုက်စစ်မှူး ၂ ယောက်လိုအပ်မှာဖြစ်ပြီး သူက အပိုဖြစ်လာတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အာတီတာဟာ တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတာကြောင့် အာဆင်နယ်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ သတင်းတွေ အမှန်တကယ် ထွက်ပေါ်ခဲ့ဖူးပေမယ့် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ အမှန်တကယ် အပြောင်းအရွှေ့ဖြစ်လာဖို့ လစာပမာဏကို လျှော့ယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ဝင်ရောက်တော့မှာဖြစ်ပြီး အသစ်ရောက်လာတဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်အနေနဲ့ လာမယ့်ရာသီ ၎င်းအတွက် ဘာအစီအစဉ်ရှိလဲဆိုတာကို ပြောဆိုရခြင်းမရှိသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက မန္ခ်က္စတာယူနိုက္တက္အသင္းကို လက္ရွိမွာ အာဆင္နယ္ သို႔မဟုတ္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းတို႔ေလာက္မွာပဲ ကစားလို႔ရနိုင္ေတာ့မယ့္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ကို ယခုေႏြရာသီမွာ ေရာင္းထုတ္ဖို႔ အႀကံေပးခဲ့ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ မန္ခ်က္စတာယူနိုက္တက္တို႔အတြက္ေတာ့ စိတ္ပ်က္စရာ ရာသီျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ စုစုေပါင္းရမွတ္ အနိမ့္ဆုံးနဲ႔ ရာသီကို အဆုံးသတ္ခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အမွတ္ေပးဇယား အဆင့္ ၆ ေနရာမွာ ရပ္တည္နိုင္ေသးတယ္ဆိုေပမယ့္လည္း သရဲနီေတြရဲ့ သမိုင္းေၾကာင္းအရ ဆိုးရြားလြန္းတဲ့ ႏွစ္တစ္ႏွစ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

အသင္းအတြင္းက အေျခအေနေတြကလည္း ေလ့က်င့္ေရးမွာ ရန္ျဖစ္တဲ့သူေတြက ျဖစ္ခဲ့ၾကၿပီး ကြင္းအတြင္းမွာလည္း စည္းလုံးညီညြတ္မႈမရွိဘဲ ျဖစ္ခ်င္သလို ျဖစ္ေနခဲ့ၾကတာျဖစ္ပါတယ္။ ဂ်က္ဆီ လင္ဂတ္၊ ကာဗာနီနဲ႔ ေပါ့ဂ္ဘာတို႔အားလုံးဟာ ယခုေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ၎တို႔သာ အသင္းကို စြန႔္ခြာခ်င္ေနတာမဟုတ္ဘဲ စိတ္ပ်က္စရာႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ရက္ရွ္ဖို႔ဒ္ကလည္း အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခ်င္ေနတယ္လို႔ ယခုႏွစ္အေစာပိုင္းမွာ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ၎ရဲ့ ပြဲဦးထြက္ရာသီတုန္းက ၁၁ ပြဲသာ ပါဝင္ကစားေပးခဲ့ရတုန္းကထက္ေတာင္ နည္းပါးတဲ့ သြင္းဂိုး ၄ ဂိုးသာ ယခုရာသီမွာ သြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ အန္သိုနီ အီလန္ဂါက ယာယီနည္းၿပ ရန္းနစ္ခ္ရဲ့ ပိုမိုႏွစ္သက္ျခင္းခံခဲ့ရတာေၾကာင့္ ရက္ရွ္ဖို႔ဒ္ဟာ ပြဲထြက္လူစာရင္းမွာ ေနရာရဖို႔အတြက္ ႐ုန္းကန္ခဲ့ရၿပီး အဂၤလန္အသင္းနဲ႔ လက္ေရြးစင္ကစားသမားဘဝကလည္း ေခ်ာက္ကမ္းပါးအစြန္းကို ေရာက္ရွိေနခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ အသင္းကို စြန႔္ခြာနိုင္တယ္လို႔ သတင္းေတြ ထြက္လာခဲ့တာျဖစ္ၿပီး ကာေရဂါက ကစားသမားအတြက္ေရာ အသင္းအတြက္ပါ မွန္ကန္တဲ့ ေရြးခ်ယ္မႈ ျဖစ္လိမ့္မယ္လို႔ အခိုင္အမာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“သူက မန္ခ်က္စတာယူနိုက္တက္အတြက္ ေကာင္းသင့္သေလာက္ မေကာင္းေတာ့ပါဘူး။ သူက ေတာ့တင္ဟမ္ သို႔မဟုတ္ အာဆင္နယ္အတြက္ ကစားေပးရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ကာေရဂါနဲ႔အတူ ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ လုပ္ေဆာင္ေနတဲ့ ဂယ္ရီ နဗီးက လီဗာပူးလ္ေနာက္ခံကစားသမားေဟာင္းရဲ့ ေျပာဆိုမႈကို မေပ်ာ္မရႊင္ျဖစ္ခဲ့တာျဖစ္ပါတယ္။

“သူက ေကာင္းသင့္သေလာက္ ေကာင္းတယ္ဆိုတာကို သက္ေသျပသခဲ့ၿပီးပါၿပီ။ ခင္ဗ်ား မဟုတ္တာေျပာေနတာ လက္ပိုက္ၾကည့္မေနနိုင္ပါဘူး”လို႔ တုံ႔ျပန္ခဲ့ေပမယ့္ ကာေရဂါက “သူက ခင္ဗ်ားကို ပရီးမီးယားလိဂ္ ဒါမွမဟုတ္ ခ်န္ပီယံလိဂ္ဖလားကို ရယူေပးနိုင္မွာမဟုတ္ပါဘူး။ ခင္ဗ်ား မီဂါစတားျဖစ္လာဖို႔ သူနဲ႔အတူ တိုက္စစ္မွာ တိုက္စစ္မႉး ၂ ေယာက္လိုအပ္မွာျဖစ္ၿပီး သူက အပိုျဖစ္လာေတာ့မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အာတီတာဟာ တိုက္စစ္မႉးသစ္ ေခၚယူခ်င္ေနတာေၾကာင့္ အာဆင္နယ္အသင္းဟာ ရက္ရွ္ဖို႔ဒ္ကို ေခၚယူဖို႔ သတင္းေတြ အမွန္တကယ္ ထြက္ေပၚခဲ့ဖူးေပမယ့္ အဂၤလန္လက္ေရြးစင္တိုက္စစ္မႉးအေနနဲ႔ အမွန္တကယ္ အေျပာင္းအေရႊ႕ျဖစ္လာဖို႔ လစာပမာဏကို ေလၽွာ့ယူဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႉးဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲကို ဝင္ေရာက္ေတာ့မွာျဖစ္ၿပီး အသစ္ေရာက္လာတဲ့ နည္းျပသစ္ အဲရစ္ တန္ဟက္ဂ္အေနနဲ႔ လာမယ့္ရာသီ ၎အတြက္ ဘာအစီအစဥ္ရွိလဲဆိုတာကို ေျပာဆိုရျခင္းမရွိေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.