UCL&UEL

ရီးရဲလ်နဲ့ လီဗာပူးလ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဟောကိန်းထုတ်လိုက်တဲ့ အိုဝင်

မိုက်ကယ် အိုဝင်ဟာ စနေနေ့ည ပဲရစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားသွားကြမယ့် လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်းက ၃-၁ နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ထောက်ခံပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးအသင်းက ၁ မှတ်အသာနဲ့ ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံးအချိန်မှ ရယူသွားနိုင်မှုကြောင့် စိတ်ပျက်ခဲ့ရာကနေ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ဒီအပတ် ပဲရစ်မှာ ယခုရာသီရဲ့ ၃ လုံးမြောက် ဆုဖလားကို ရယူသွားချင်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူနိုင်ဖို့ ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။

ယာဂန် ကလော့ပ်ရဲ့အသင်းဟာ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၄ နှစ်အကြာမှာ ပြန်လည်တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး မာဆေးဆိုဒ်အသင်းဟာ ၎င်းတို့ရဲ့ ဆုဖလားဗီဒိုထဲကို ၇ ခုမြောက် ဥရောပဖလားကို ထည့်သွင်းဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမှတ်ပေးဇယား ဒုတိယနေရာက ဘာစီလိုနာအသင်းနဲ့ ၁၃ မှတ်အကွာ လာလီဂါဖလား ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ၁၄ ကြိမ်မြောက် ဥရောပချန်ပီယံဘွဲ့ခံဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။

လာလီဂါထိပ်သီးအသင်းကြီးဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ချန်ပီယံလိဂ်သမိုင်းတလျှောက် အထူးခြားဆုံး အလှည့်အပြောင်းတွေထဲက တစ်ခုကို လုပ်ပြနိုင်ခဲ့ပြီး ၂-၀ နဲ့ နောက်ကနေ လိုက်ကစားပြီး မန်ချက်စတာစီးတီးအသင်းကို အနိုင်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်တိုက်စစ်မှူးဟောင်း အိုဝင်က ကလော့ပ်ရဲ့အသင်းဟာ စနေနေ့ညမှာ စပိန်လာလီဂါအသင်းအတွက်တော့ အရမ်းကောင်းလွန်းနေပြီး ၂၀၁၈ ခုနှစ် ဗိုလ်လုပွဲက အသည်းကွဲခဲ့ရမှုကို လက်စားချေနိုင်လိမ့်မယ်လို့ ထောက်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လီဗာပူးလ်အတွက်တော့ တနင်္ဂနွေနေ့မှာ လိဂ်ဖလားကို အနိုင်ရဖို့အတွက် သိပ်မလုံလောက်ခဲ့ပါဘူး။ ဖလား ၃ လုံးက အသင်းအတွက်တော့ အရမ်းကောင်းမွန်တဲ့ရာသီ ဖြစ်နိုင်ဆဲဖြစ်ပါလိမ့်မယ်။ ဒီပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ စိုးရိမ်ရတဲ့ဟာက ကွင်းလယ်က ဒဏ်ရာပြဿနာပါ။ တကယ်လို့ ကလော့ပ်သာ သူ့ရဲ့ ပထမပွဲထွက်ကစားသမား ၁၁ ဦးထဲက အများစုကို ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်နိုင်မယ်ဆိုရင် လီဗာပူးလ်အသင်း အနိုင်ရသွားမယ့်ဘက်မှာပဲ ကျွန်တော် နေမှာပါ။ ရီးရဲလ်က ဒီဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့ အရမ်းကောင်းမွန်တာတွေ လုပ်ခဲ့တယ်”

“ဒါပေမယ့် ဒီလောက်အထိ သူတို့တွေ ရောက်ခဲ့သင့်လားဆိုတာ ကျွန်တော် မသေချာပါဘူး။ သူတို့တွေ ဘာနေဗျူးမှာ မယုံနိုင်စရာ ပြန်လာနိုင်ခဲ့တယ်။ သူတို့တွေ ကြားကွင်းမှာတော့ ဒီလိုအရာမျိုးတွေကို လုပ်နိုင်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ လီဗာပူးလ်က ရီးရဲလ်မက်ဒရစ်အတွက်တော့ အင်အားတွေ၊ မြန်နှုန်းတွေ၊ အရည်အသွေးတွေ အရမ်းများလွန်းနေပါလိမ့်မယ်”

“ကျွန်တော် ဘယ်တော့မှ ရီးရဲလ်ကို လျှော့မတွက်ခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူးလ်က သံသယဝင်စရာကောင်းတဲ့ ခံစစ်နဲ့ ရင်ဆိုင်ရာမှာ ဂိုးအနည်းငယ်သွင်းယူနိုင်မယ်လို့ ကျွန်တော် ထင်တယ်။ ၃-၁ က ကျွန်တော့်ရဲ့ ခန့်မှန်းချက်ပါ”လို့ BetVictor အတွက် ကော်လံမှာ ရေးသားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မိုက္ကယ္ အိုဝင္ဟာ စေနေန႔ည ပဲရစ္မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားသြားၾကမယ့္ လီဗာပူးလ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ့ပြဲစဥ္မွာ လီဗာပူးလ္အသင္းက ၃-၁ နဲ႔ အနိုင္ရရွိသြားလိမ့္မယ္လို႔ ေထာက္ခံေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ တနဂၤေႏြေန႔က မန္ခ်က္စတာစီးတီးအသင္းက ၁ မွတ္အသာနဲ႔ ပရီးမီးယားလိဂ္ဖလားကို ေနာက္ဆုံးအခ်ိန္မွ ရယူသြားနိုင္မႈေၾကာင့္ စိတ္ပ်က္ခဲ့ရာကေန ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ဒီအပတ္ ပဲရစ္မွာ ယခုရာသီရဲ့ ၃ လုံးေျမာက္ ဆုဖလားကို ရယူသြားခ်င္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္အသင္းကို အနိုင္ယူနိုင္ဖို႔ ႀကိဳးပမ္းသြားေတာ့မွာ ျဖစ္ပါတယ္။

ယာဂန္ ကေလာ့ပ္ရဲ့အသင္းဟာ ၂၀၁၈ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၄ ႏွစ္အၾကာမွာ ျပန္လည္ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး မာေဆးဆိုဒ္အသင္းဟာ ၎တို႔ရဲ့ ဆုဖလားဗီဒိုထဲကို ၇ ခုေျမာက္ ဥေရာပဖလားကို ထည့္သြင္းဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အမွတ္ေပးဇယား ဒုတိယေနရာက ဘာစီလိုနာအသင္းနဲ႔ ၁၃ မွတ္အကြာ လာလီဂါဖလား ကိုင္ေျမႇာက္နိုင္ခဲ့ၿပီးေနာက္ လီဗာပူးလ္နဲ႔ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ၁၄ ႀကိမ္ေျမာက္ ဥေရာပခ်န္ပီယံဘြဲ႕ခံဖို႔ ရည္မွန္းေနတာျဖစ္ပါတယ္။

လာလီဂါထိပ္သီးအသင္းႀကီးဟာ ဆီမီးဖိုင္နယ္အဆင့္မွာ ခ်န္ပီယံလိဂ္သမိုင္းတေလၽွာက္ အထူးျခားဆုံး အလွည့္အေျပာင္းေတြထဲက တစ္ခုကို လုပ္ျပနိုင္ခဲ့ၿပီး ၂-၀ နဲ႔ ေနာက္ကေန လိုက္ကစားၿပီး မန္ခ်က္စတာစီးတီးအသင္းကို အနိုင္ယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္တိုက္စစ္မႉးေဟာင္း အိုဝင္က ကေလာ့ပ္ရဲ့အသင္းဟာ စေနေန႔ညမွာ စပိန္လာလီဂါအသင္းအတြက္ေတာ့ အရမ္းေကာင္းလြန္းေနၿပီး ၂၀၁၈ ခုႏွစ္ ဗိုလ္လုပြဲက အသည္းကြဲခဲ့ရမႈကို လက္စားေခ်နိုင္လိမ့္မယ္လို႔ ေထာက္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“လီဗာပူးလ္အတြက္ေတာ့ တနဂၤေႏြေန႔မွာ လိဂ္ဖလားကို အနိုင္ရဖို႔အတြက္ သိပ္မလုံေလာက္ခဲ့ပါဘူး။ ဖလား ၃ လုံးက အသင္းအတြက္ေတာ့ အရမ္းေကာင္းမြန္တဲ့ရာသီ ျဖစ္နိုင္ဆဲျဖစ္ပါလိမ့္မယ္။ ဒီပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ေနရာမွာ စိုးရိမ္ရတဲ့ဟာက ကြင္းလယ္က ဒဏ္ရာျပႆနာပါ။ တကယ္လို႔ ကေလာ့ပ္သာ သူ႔ရဲ့ ပထမပြဲထြက္ကစားသမား ၁၁ ဦးထဲက အမ်ားစုကို ႀကံ့ခိုင္မႈျပည့္ဝေအာင္ လုပ္နိုင္မယ္ဆိုရင္ လီဗာပူးလ္အသင္း အနိုင္ရသြားမယ့္ဘက္မွာပဲ ကၽြန္ေတာ္ ေနမွာပါ။ ရီးရဲလ္က ဒီဗိုလ္လုပြဲကို တက္ေရာက္နိုင္ဖို႔ အရမ္းေကာင္းမြန္တာေတြ လုပ္ခဲ့တယ္”

“ဒါေပမယ့္ ဒီေလာက္အထိ သူတို႔ေတြ ေရာက္ခဲ့သင့္လားဆိုတာ ကၽြန္ေတာ္ မေသခ်ာပါဘူး။ သူတို႔ေတြ ဘာေနဗ်ဴးမွာ မယုံနိုင္စရာ ျပန္လာနိုင္ခဲ့တယ္။ သူတို႔ေတြ ၾကားကြင္းမွာေတာ့ ဒီလိုအရာမ်ိဳးေတြကို လုပ္နိုင္မယ္လို႔ေတာ့ ကၽြန္ေတာ္ မထင္ပါဘူး။ လီဗာပူးလ္က ရီးရဲလ္မက္ဒရစ္အတြက္ေတာ့ အင္အားေတြ၊ ျမန္ႏႈန္းေတြ၊ အရည္အေသြးေတြ အရမ္းမ်ားလြန္းေနပါလိမ့္မယ္”

“ကၽြန္ေတာ္ ဘယ္ေတာ့မွ ရီးရဲလ္ကို ေလၽွာ့မတြက္ခဲ့ပါဘူး။ ဒါေပမယ့္ လီဗာပူးလ္က သံသယဝင္စရာေကာင္းတဲ့ ခံစစ္နဲ႔ ရင္ဆိုင္ရာမွာ ဂိုးအနည္းငယ္သြင္းယူနိုင္မယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ ၃-၁ က ကၽြန္ေတာ့္ရဲ့ ခန႔္မွန္းခ်က္ပါ”လို႔ BetVictor အတြက္ ေကာ္လံမွာ ေရးသားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.