Match Report Serie A UCL&UEL

ရိုးမားကို နှစ် ၆ဝကျော် အကြာမှာ ပထမဆုံးဥရောပဖလားရယူပေးနိုင်ခဲ့လို့ ငိုကြွေးခဲ့တဲ့ မော်ရင်ညို

ဟိုဆေး မော်ရင်ညိုဟာ ဗုဒ္ဓဟူးနေ့ညက ဖီယင်နုအသင်းကို ရိုးမားက နီကိုလို ဇာနီအိုလိုရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ယူရိုပါကွန်းဖရင့်လိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ဥရောပအဓိကဆုဖလား ၅ လုံးအထိ အနိုင်ရတဲ့ ဒုတိယမြောက်နည်းပြတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

မော်ရင်ညိုဟာ ရိုးမားက ဖီယင်နုကို တီရာနာမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ပထမဆုံး ယူရိုပါကွန်းဖရင့်လိဂ်ကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ဂျီအိုဗန်နီ ထရာပက်တိုနီရဲ့ ဥရောပဖလားစံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ပထမပိုင်း ၁၇ မိနစ်မှာ အမ်ခီတာယန်းကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပေမယ့် ၃၂ မိနစ်မှာ ဂီအန်လူကာ မန်စီနီရဲ့ ဖြတ်တင်ပေးပို့မှုကို ဇာနီအိုလိုက ရင်ဘတ်နဲ့ တစ်ချက်ထိန်းပြီး ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူနိုင်ခဲ့တာကြောင့် ရိုးမားတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

၄၁ မနစ်မှာ အော်ခွန် ကော့ဂျုက ၂၅ ကိုက်အကွာကနေ အပြင်းကန်သွင်းယူခဲ့ပြီး ဘောလုံးက ရိုးမားဂိုးသမား ပက်ထရီစီယိုရင်ဘတ်တည့်တည့်ကို သွားမှန်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပြီးဆုံးခါနီး နောက်ဆုံးမိနစ်မှာ နယ်လ်ဆင်က ဒက်ဆာနဲ့ ရိုးမားအသင်း ပင်နယ်တီဧရိယာထိပ်မှာ အပေးအယူလုပ်ပြီး ကန်သွင်းခဲ့ပေမယ့် ၎င်းရဲ့ ကန်သွင်းချက်ကို မန်စီနီက လျှောထိုးပြီး ကာကွယ်ပိတ်ဆို့သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၂ မိနစ်မှာ ကော့ဂျုရဲ့ ဖြတ်တင်ပေးပို့မှုကို မန်စီနီ ရှင်းထုတ်ရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတော့မလို ဖြစ်သွားခဲ့ရာကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို တေးလ်က ထပ်မံပိတ်သွင်းခဲ့ပေမယ့် ရိုးမားဂိုးသမား ပက်ထရီစီယိုက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

မိနစ် ၅၀ မှာ ဖီယင်နုတို့ ချေပဂိုးရရှိဖို့ နီးစပ်ခဲ့ပြီး ဖရက်ဒရစ် အော်ရှ်နက်စ်ရဲ့ အလွန်ကောင်းမွန်တဲ့ ဖနောင့်နဲ့ ချပေးတဲ့ဘောလုံးကို မာလာစီယာက ဂိုးအပေါ်ထောင့်ကို အပြငး်ကန်သွင်းခဲ့ပေမယ့် ပက်ထရီစီယိုကပဲ နောက်ထပ်တစ်ကြိမ် လက်စွမ်းပြကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းတစ်ပိုင်းလုံး ဖီယင်နုအသင်းက ပိုမို ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပေမယ့်လည်း ရိုးမားအသင်း နောက်ခံလူတွေနဲ့ ဂိုးသမားက အကောင်းဆုံးပုံစံကို ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် အဆုံးမှာတော့ ၁-၀ နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

“ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေ အများကြီး ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ အရာအများကြီးရှိနေပါတယ်။ ကျွန်တော် ရိုးမားမှာရှိနေခဲ့တာ ၁၁ လရှိပါပြီ။ ကျွန်တော် ရောက်ရှိလာခဲ့တာက ဘာအဓိပ္ပာယ်ဆိုတာလဲကို ကျွန်တော် သိသွားခဲ့ပါတယ်။ သူတို့တွေ ဒီအတွက် စောင့်ဆိုင်းနေခဲ့တာပါ။ ကျွန်တော် တူရင်က အဝတ်လဲခန်းထဲမှာ အသင်းသားတွေကို ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ လုပ်ဖို့လိုတာကို လုပ်ခဲ့တယ်။ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့အတွက်ပေါ့။ ကျွန်တော်တို့ တစ်ရာသီလုံး အရမ်းကောင်းတဲ့အလုပ်ကို လုပ်နိုင်ခဲ့တယ်”

“ဒီအောင်ပွဲက ဒီညပဲ အလုပ်ဖြစ်တာမဟုတ်ခဲ့ပါဘူး။ ဒါက သမိုင်းမှတ်တမ်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ သမိုင်းမှတ်တမ်းတွေ ရေးထိုးခဲ့ရမယ်။ ကျွန်တော်တို့ အဲဒါကို ရေးထိုးနိုင်ခဲ့တယ်။ ကွန်းဖရင့်လိဂ်က အစကတည်းက ကျွန်တော်တို့ အနိုင်ရနိုင်တယ်လို့ ခံစားခဲ့ရတဲ့ ပြိုင်ပွဲပါ။ ဒါပေမယ့် ယူရိုပါလိဂ်အသင်းတွေဖြစ်တဲ့ လက်စတာစီးတီး၊ မာဆေးလ်၊ ဖီယင်နုတို့ ရောက်လာတဲ့အချိန်မှာ ပိုပြီးတော့ အားကောင်းသွားတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီပြိုင်ပွဲကို အဓိကအားထားခဲ့တယ်။ ကျွန်တော်တို့ စီးရီးအေမှာ ရမှတ်တွေ ပိုမိုရရှိခဲ့နိုင်ပေမယ့် ဒီပြိုင်ပွဲထဲမှာပဲ အရမ်းအားစိုက်ထားခဲ့တယ်။ အခု ကျွန်တော် ဆက်နေမှာပါ။ သံသယဖြစ်စရာမရှိပါဘူး။ ကောလာဟလအချို့ထွက်လာခဲ့ရင်တောင်မှ ကျွန်တော် ရိုးမားမှာပဲ ဆက်နေချင်ပါတယ်”

“ထူးခြားဆန်းကြယ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ အသင်းပိုင်ရှင်တွေ လာမယ့်ရာသီမှာ လုပ်ချင်တာတွေကို နားလည်ရမှာပါ။ ဘာလို့လဲဆိုတော့ ဒါက သမိုင်းမှတ်တမ်းမို့လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ ရိုးသားတဲ့ ပရော်ဖက်ရှင်နယ်တွေနဲ့အတူ တကယ်အားကောင်းတဲ့ စီမံကိန်းတစ်ခု တည်ဆောက်နိုင်ပါတယ်”

“ကျွန်တော်တို့ ထိုင်ပြီး လာမယ့်ရာသီအတွက် အစီအစဉ်ကဘာလဲဆိုတာကို နားလည်ဖို့ လိုအပ်ပါတယ်။ ဒီအောင်ပွဲက ရိုးမားသမိုင်းမှာ ကျန်ရစ်နေမှာဖြစ်သလို ကျွန်တော့်ရဲ့သမိုင်းမှာလည်း ကျန်ရစ်နေမှာပါ။ ကျွန်တော်ရယ်၊ ဆာအဲလက်စ်ရယ်၊ ထရာပက်တိုနီရယ်ပဲ မတူညီတဲ့ ဆယ်စုနှစ်တွေမှာ ဆုဖလားတွေ ရရှိခဲ့ဖူးတယ်လို့ ပြောတာ ခံခဲ့ရတယ်။ အဲဒါက ကျွန်တော့်ကို နည်းနည်း အသက်ကြီးသွားသလို ခံစားရစေတယ်။ ဒါပေမယ့် ကျွန်တော့် နည်းပြဘဝအတွက်တော့ ကောင်းပါတယ်”

“အခု ကျွန်တော် အားလပ်ရက် အပန်းဖြေခရီးထွက်တော့မှာဖြစ်ပြီး ကမ်းခြေမှာထိုင်ပြီး ခဏလောက်တော့ ဒါတွေအားလုံးအကြောင်းကို တွေးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ နည်းပြအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီးကတည်းက ပေါ်တို၊ အင်တာမီလန်၊ မန်ချက်စတာယူနိုက်တက်၊ ရိုးမားတို့ကို နည်းပြခဲ့တဲ့ မော်ရင်ညိုအတွက် ၅ ကြိမ်မြောက် ဥရောပဗိုလ်လုပွဲဖြစ်ခဲ့ပြီး ဥရောပဆုဖလားကို အိမ်ယူသွားနိုင်ခဲ့တဲ့ ၅ ကြိမ်မြောက်လည်း ဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဟိုေဆး ေမာ္ရင္ညိဳဟာ ဗုဒၶဟူးေန႔ညက ဖီယင္ႏုအသင္းကို ရိုးမားက နီကိုလို ဇာနီအိုလိုရဲ့ တစ္လုံးတည္းေသာ အနိုင္ဂိုးနဲ႔ အနိုင္ရရွိခဲ့ၿပီး ယူရိုပါကြန္းဖရင့္လိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့ၿပီးေနာက္ ဥေရာပအဓိကဆုဖလား ၅ လုံးအထိ အနိုင္ရတဲ့ ဒုတိယေျမာက္နည္းျပတစ္ဦး ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ေမာ္ရင္ညိဳဟာ ရိုးမားက ဖီယင္ႏုကို တီရာနာမွာ ၁-၀ နဲ႔ အနိုင္ရရွိခဲ့ၿပီး ပထမဆုံး ယူရိုပါကြန္းဖရင့္လိဂ္ကို ဆြတ္ခူးနိုင္ခဲ့တာေၾကာင့္ ဂ်ီအိုဗန္နီ ထရာပက္တိုနီရဲ့ ဥေရာပဖလားစံခ်ိန္ကို လိုက္မီခဲ့တာျဖစ္ပါတယ္။ ရိုးမားအသင္းဟာ ပထမပိုင္း ၁၇ မိနစ္မွာ အမ္ခီတာယန္းကို ဒဏ္ရာေၾကာင့္ ဆုံးရႈံးခဲ့ရေပမယ့္ ၃၂ မိနစ္မွာ ဂီအန္လူကာ မန္စီနီရဲ့ ျဖတ္တင္ေပးပို႔မႈကို ဇာနီအိုလိုက ရင္ဘတ္နဲ႔ တစ္ခ်က္ထိန္းၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူနိုင္ခဲ့တာေၾကာင့္ ရိုးမားတို႔ ဦးေဆာင္ဂိုး ရရွိသြားခဲ့ပါတယ္။

၄၁ မနစ္မွာ ေအာ္ခြန္ ေကာ့ဂ်ဳက ၂၅ ကိုက္အကြာကေန အျပင္းကန္သြင္းယူခဲ့ၿပီး ေဘာလုံးက ရိုးမားဂိုးသမား ပက္ထရီစီယိုရင္ဘတ္တည့္တည့္ကို သြားမွန္ခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းၿပီးဆုံးခါနီး ေနာက္ဆုံးမိနစ္မွာ နယ္လ္ဆင္က ဒက္ဆာနဲ႔ ရိုးမားအသင္း ပင္နယ္တီဧရိယာထိပ္မွာ အေပးအယူလုပ္ၿပီး ကန္သြင္းခဲ့ေပမယ့္ ၎ရဲ့ ကန္သြင္းခ်က္ကို မန္စီနီက ေလၽွာထိုးၿပီး ကာကြယ္ပိတ္ဆို႔သြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၂ မိနစ္မွာ ေကာ့ဂ်ဳရဲ့ ျဖတ္တင္ေပးပို႔မႈကို မန္စီနီ ရွင္းထုတ္ရင္း ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိေတာ့မလို ျဖစ္သြားခဲ့ရာကေန ျပန္လၽွံထြက္လာတဲ့ေဘာလုံးကို ေတးလ္က ထပ္မံပိတ္သြင္းခဲ့ေပမယ့္ ရိုးမားဂိုးသမား ပက္ထရီစီယိုက လက္စြမ္းၿပ ကာကြယ္နိုင္ခဲ့တာျဖစ္ပါတယ္။

မိနစ္ ၅၀ မွာ ဖီယင္ႏုတို႔ ေခ်ပဂိုးရရွိဖို႔ နီးစပ္ခဲ့ၿပီး ဖရက္ဒရစ္ ေအာ္ရွ္နက္စ္ရဲ့ အလြန္ေကာင္းမြန္တဲ့ ဖေနာင့္နဲ႔ ခ်ေပးတဲ့ေဘာလုံးကို မာလာစီယာက ဂိုးအေပၚေထာင့္ကို အျပငး္ကန္သြင္းခဲ့ေပမယ့္ ပက္ထရီစီယိုကပဲ ေနာက္ထပ္တစ္ႀကိမ္ လက္စြမ္းျပကာကြယ္သြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းတစ္ပိုင္းလုံး ဖီယင္ႏုအသင္းက ပိုမို ဖိအားေပးတိုက္စစ္ဆင္နိုင္ခဲ့ေပမယ့္လည္း ရိုးမားအသင္း ေနာက္ခံလူေတြနဲ႔ ဂိုးသမားက အေကာင္းဆုံးပုံစံကို ထိန္းသိမ္းထားနိုင္ခဲ့တာေၾကာင့္ အဆုံးမွာေတာ့ ၁-၀ နဲ႔ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

“ကၽြန္ေတာ့္ေခါင္းထဲမွာ အေတြးေတြ အမ်ားႀကီး ရွိေနပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အရာအမ်ားႀကီးရွိေနပါတယ္။ ကၽြန္ေတာ္ ရိုးမားမွာရွိေနခဲ့တာ ၁၁ လရွိပါၿပီ။ ကၽြန္ေတာ္ ေရာက္ရွိလာခဲ့တာက ဘာအဓိပၸာယ္ဆိုတာလဲကို ကၽြန္ေတာ္ သိသြားခဲ့ပါတယ္။ သူတို႔ေတြ ဒီအတြက္ ေစာင့္ဆိုင္းေနခဲ့တာပါ။ ကၽြန္ေတာ္ တူရင္က အဝတ္လဲခန္းထဲမွာ အသင္းသားေတြကို ေျပာခဲ့တဲ့အတိုင္း ကၽြန္ေတာ္တို႔ လုပ္ဖို႔လိုတာကို လုပ္ခဲ့တယ္။ ယူရိုပါလိဂ္ဝင္ခြင့္ရဖို႔အတြက္ေပါ့။ ကၽြန္ေတာ္တို႔ တစ္ရာသီလုံး အရမ္းေကာင္းတဲ့အလုပ္ကို လုပ္နိုင္ခဲ့တယ္”

“ဒီေအာင္ပြဲက ဒီညပဲ အလုပ္ျဖစ္တာမဟုတ္ခဲ့ပါဘူး။ ဒါက သမိုင္းမွတ္တမ္းျဖစ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ သမိုင္းမွတ္တမ္းေတြ ေရးထိုးခဲ့ရမယ္။ ကၽြန္ေတာ္တို႔ အဲဒါကို ေရးထိုးနိုင္ခဲ့တယ္။ ကြန္းဖရင့္လိဂ္က အစကတည္းက ကၽြန္ေတာ္တို႔ အနိုင္ရနိုင္တယ္လို႔ ခံစားခဲ့ရတဲ့ ၿပိဳင္ပြဲပါ။ ဒါေပမယ့္ ယူရိုပါလိဂ္အသင္းေတြျဖစ္တဲ့ လက္စတာစီးတီး၊ မာေဆးလ္၊ ဖီယင္ႏုတို႔ ေရာက္လာတဲ့အခ်ိန္မွာ ပိုၿပီးေတာ့ အားေကာင္းသြားတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဒီၿပိဳင္ပြဲကို အဓိကအားထားခဲ့တယ္။ ကၽြန္ေတာ္တို႔ စီးရီးေအမွာ ရမွတ္ေတြ ပိုမိုရရွိခဲ့နိုင္ေပမယ့္ ဒီၿပိဳင္ပြဲထဲမွာပဲ အရမ္းအားစိုက္ထားခဲ့တယ္။ အခု ကၽြန္ေတာ္ ဆက္ေနမွာပါ။ သံသယျဖစ္စရာမရွိပါဘူး။ ေကာလာဟလအခ်ိဳ႕ထြက္လာခဲ့ရင္ေတာင္မွ ကၽြန္ေတာ္ ရိုးမားမွာပဲ ဆက္ေနခ်င္ပါတယ္”

“ထူးျခားဆန္းၾကယ္တဲ့ ပုဂၢိဳလ္ေတြျဖစ္တဲ့ ကၽြန္ေတာ္တို႔ရဲ့ အသင္းပိုင္ရွင္ေတြ လာမယ့္ရာသီမွာ လုပ္ခ်င္တာေတြကို နားလည္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ ဒါက သမိုင္းမွတ္တမ္းမို႔လို႔ပါ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ရိုးသားတဲ့ ပေရာ္ဖက္ရွင္နယ္ေတြနဲ႔အတူ တကယ္အားေကာင္းတဲ့ စီမံကိန္းတစ္ခု တည္ေဆာက္နိုင္ပါတယ္”

“ကၽြန္ေတာ္တို႔ ထိုင္ၿပီး လာမယ့္ရာသီအတြက္ အစီအစဥ္ကဘာလဲဆိုတာကို နားလည္ဖို႔ လိုအပ္ပါတယ္။ ဒီေအာင္ပြဲက ရိုးမားသမိုင္းမွာ က်န္ရစ္ေနမွာျဖစ္သလို ကၽြန္ေတာ့္ရဲ့သမိုင္းမွာလည္း က်န္ရစ္ေနမွာပါ။ ကၽြန္ေတာ္ရယ္၊ ဆာအဲလက္စ္ရယ္၊ ထရာပက္တိုနီရယ္ပဲ မတူညီတဲ့ ဆယ္စုႏွစ္ေတြမွာ ဆုဖလားေတြ ရရွိခဲ့ဖူးတယ္လို႔ ေျပာတာ ခံခဲ့ရတယ္။ အဲဒါက ကၽြန္ေတာ့္ကို နည္းနည္း အသက္ႀကီးသြားသလို ခံစားရေစတယ္။ ဒါေပမယ့္ ကၽြန္ေတာ့္ နည္းျပဘဝအတြက္ေတာ့ ေကာင္းပါတယ္”

“အခု ကၽြန္ေတာ္ အားလပ္ရက္ အပန္းေျဖခရီးထြက္ေတာ့မွာျဖစ္ၿပီး ကမ္းေျခမွာထိုင္ၿပီး ခဏေလာက္ေတာ့ ဒါေတြအားလုံးအေၾကာင္းကို ေတြးမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ၂၀၀၃ ခုႏွစ္မွာ နည္းျပအျဖစ္ စတင္လုပ္ကိုင္ခဲ့ၿပီးကတည္းက ေပၚတို၊ အင္တာမီလန္၊ မန္ခ်က္စတာယူနိုက္တက္၊ ရိုးမားတို႔ကို နည္းျပခဲ့တဲ့ ေမာ္ရင္ညိဳအတြက္ ၅ ႀကိမ္ေျမာက္ ဥေရာပဗိုလ္လုပြဲျဖစ္ခဲ့ၿပီး ဥေရာပဆုဖလားကို အိမ္ယူသြားနိုင္ခဲ့တဲ့ ၅ ႀကိမ္ေျမာက္လည္း ျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.