Premier League

နိုင်ငံ့သူရဲကောင်းတစ်ဦးအဖြစ် ကြိုဆိုခြင်းခံခဲ့ရတဲ့ ဆွန်ဟောင်မင်

ဆွန်ဟောင်မင်ဟာ မွေးရပ်မြေ တောင်ကိုရီးယားကို ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုနဲ့အတူ ပြန်လည်ရောက်ရှိခဲ့ချိန်မှာ သူရဲကောင်းတစ်ဦးလိုမျိုး ကြိုဆိုခြင်းခံခဲ့ရပါတယ်။

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူးဟာ ရာသီပိတ်နောက်ဆုံးပွဲစဉ်က သွင်းဂိုး ၂ ဂိုးအပါအဝင် ၂၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက် ဆာလားနဲ့အတူ ဂုဏ်သိက္ခာကြီးမားတဲ့ဆုကို မျှဝေခဲ့တာဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ ၎င်းရဲ့ မွေးရပ်မြေ တောင်ကိုရီးယားနိုင်ငံမှာ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းခံထားရပြီးဖြစ်ပေမယ့် တိုင်းပြည်ကို ပြန်ရောက်ရောက်ချင်း ဘုရင်တစ်ပါးလို ကြိုဆိုခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ လေဆိပ်မှာ သတင်းမီဒီယာတွေရဲ့ ကင်မရာမီးတွေ တလက်လက်ကြားထဲက ပရိသတ်တွေကို နှုတ်ဆက်နေတာကို ရုပ်သံဖိုင်ထဲမှာ မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေဟာ စပါးစ်တိုက်စစ်မှူးကို မြင်တွေ့ရဖို့ အတားအဆီးတွေကို အလုအယက်တိုးဝှေ့နေခဲ့ကြတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ကိုင်ပြီး ဓာတ်ပုံအရိုက်ခံပြီးနောက် ၎င်းကို မြင်တွေ့ရဖို့အတွက် လေဆိပ်ကို လာရောက်ကြိုဆိုကြတဲ့ ပရိသတ်တွေအားလုံးကို အကြိမ်ပေါင်းများစွာ ခါးညွတ်ပြီး အရိုအသေပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အသက် ၂၉ နှစ်အရွယ် တောင်ကိုရီးယားလက်ရွေးစင်တိုက်စစ်မှူးဟာ နှာခေါင်းစည်းတပ်ထားခဲ့ပြီး အင်ချွန် လေဆိပ်ကို လေယာဉ်ဆင်းသက်ပြီးနောက် တောင်ကိုရီးယားရဲ့ ကိုဗစ် လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားသမ္မတ ယွန်းဆောက်ယောဆီကနေ ချီးကျူး ပြောဆိုခြင်းကိုတောင် ခံခဲ့ရပြီး “အခုအချိန်အခါဟာ အာရှဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ အောင်ပွဲခံရမယ့် ပျော်ရွှင်စရာ အချိန်အခါသမယဖြစ်ပါတယ်။ ဒီဆုက ခင်ဗျားရဲ့အသင်းအတွက် တစ်ရာသီလုံး အဆုံးမရှိ အလုပ်လုပ်ခဲ့ပြီး ကိုယ့်ကိုကိုယ် မြှုပ်နှံခဲ့ပြီးနောက် ခင်ဗျားရဲ့ စိတ်အားထက်သန်မှုရဲ့ ရလဒ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ရာသီကြိုပွဲစဉ်တွေကို တောင်ကိုရီးယားနိုင်ငံမှာ ကစားသွားမှာဖြစ်တာကြောင့် ဆွန်ဟောင်မင်ဟာ ယခုနွေရာသီကို မွေးရပ်မြေမှာ အချိန်ပိုကြာကြာ နေထိုင်ခွင့် ရရှိမှာဖြစ်ပြီး စပါးစ်ဟာ ဇူလိုင် ၁၆ မှာ ဆူဝွန်းကမ္ဘာ့ဖလားကွင်းမှာ ဆီဗီလာနဲ့ ရာသီကြိုခြေစမ်းပွဲကစားသွားရမှာဖြစ်ပါတယ်။

နောက်ထပ် ၃ ရက်အကြာမှာ တော့တင်ဟမ်ဟော့စပါးအသင်းက တောင်ကိုရီးယားလိဂ် လက်ရွေးစင်တွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီတစ်ကြိမ်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် တောင်ကိုရီးယားနိုင်ငံကို တတိယအကြိမ်မြောက် အလည်အပတ် ခရီးစဉ်ဖြစ်လာမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဆြန္ေဟာင္မင္ဟာ ေမြးရပ္ေၿမ ေတာင္ကိုရီးယားကို ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုနဲ႔အတူ ျပန္လည္ေရာက္ရွိခဲ့ခ်ိန္မွာ သူရဲေကာင္းတစ္ဦးလိုမ်ိဳး ႀကိဳဆိုျခင္းခံခဲ့ရပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္တိုက္စစ္မႉးဟာ ရာသီပိတ္ေနာက္ဆုံးပြဲစဥ္က သြင္းဂိုး ၂ ဂိုးအပါအဝင္ ၂၃ ဂိုးအထိ သြင္းယူနိုင္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္ၾကယ္ပြင့္တိုက္စစ္မႉး မိုဟာမက္ ဆာလားနဲ႔အတူ ဂုဏ္သိကၡာႀကီးမားတဲ့ဆုကို မၽွေဝခဲ့တာျဖစ္ပါတယ္။ ဆြန္ေဟာင္မင္ဟာ ၎ရဲ့ ေမြးရပ္ေၿမ ေတာင္ကိုရီးယားနိုင္ငံမွာ စံျပပုဂၢိဳလ္အျဖစ္ သတ္မွတ္ျခင္းခံထားရၿပီးျဖစ္ေပမယ့္ တိုင္းျပည္ကို ျပန္ေရာက္ေရာက္ခ်င္း ဘုရင္တစ္ပါးလို ႀကိဳဆိုျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ဟာ ေလဆိပ္မွာ သတင္းမီဒီယာေတြရဲ့ ကင္မရာမီးေတြ တလက္လက္ၾကားထဲက ပရိသတ္ေတြကို ႏႈတ္ဆက္ေနတာကို ႐ုပ္သံဖိုင္ထဲမွာ ျမင္ေတြ႕ခဲ့ရၿပီး ပရိသတ္ေတြဟာ စပါးစ္တိုက္စစ္မႉးကို ျမင္ေတြ႕ရဖို႔ အတားအဆီးေတြကို အလုအယက္တိုးေဝွ႕ေနခဲ့ၾကတာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ဟာ ပရီးမီးယားလိဂ္ေရႊဖိနပ္ဆုကို ကိုင္ၿပီး ဓာတ္ပုံအရိုက္ခံၿပီးေနာက္ ၎ကို ျမင္ေတြ႕ရဖို႔အတြက္ ေလဆိပ္ကို လာေရာက္ႀကိဳဆိုၾကတဲ့ ပရိသတ္ေတြအားလုံးကို အႀကိမ္ေပါင္းမ်ားစြာ ခါးညြတ္ၿပီး အရိုအေသေပးခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ေတာင္ကိုရီးယားလက္ေရြးစင္တိုက္စစ္မႉးဟာ ႏွာေခါင္းစည္းတပ္ထားခဲ့ၿပီး အင္ခၽြန္ ေလဆိပ္ကို ေလယာဥ္ဆင္းသက္ၿပီးေနာက္ ေတာင္ကိုရီးယားရဲ့ ကိုဗစ္ လုပ္ထုံးလုပ္နည္းေတြကို လိုက္နာေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ဟာ ေတာင္ကိုရီးယားသမၼတ ယြန္းေဆာက္ေယာဆီကေန ခ်ီးက်ဴး ေျပာဆိုျခင္းကိုေတာင္ ခံခဲ့ရၿပီး “အခုအခ်ိန္အခါဟာ အာရွေဘာလုံးအသိုင္းအဝိုင္းတစ္ခုလုံးရဲ့ ေအာင္ပြဲခံရမယ့္ ေပ်ာ္ရႊင္စရာ အခ်ိန္အခါသမယျဖစ္ပါတယ္။ ဒီဆုက ခင္ဗ်ားရဲ့အသင္းအတြက္ တစ္ရာသီလုံး အဆုံးမရွိ အလုပ္လုပ္ခဲ့ၿပီး ကိုယ့္ကိုကိုယ္ ျမႇုပ္ႏွံခဲ့ၿပီးေနာက္ ခင္ဗ်ားရဲ့ စိတ္အားထက္သန္မႈရဲ့ ရလဒ္လို႔ ကၽြန္ေတာ္ ယုံၾကည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ရာသီႀကိဳပြဲစဥ္ေတြကို ေတာင္ကိုရီးယားနိုင္ငံမွာ ကစားသြားမွာျဖစ္တာေၾကာင့္ ဆြန္ေဟာင္မင္ဟာ ယခုေႏြရာသီကို ေမြးရပ္ေျမမွာ အခ်ိန္ပိုၾကာၾကာ ေနထိုင္ခြင့္ ရရွိမွာျဖစ္ၿပီး စပါးစ္ဟာ ဇူလိုင္ ၁၆ မွာ ဆူဝြန္းကမၻာ့ဖလားကြင္းမွာ ဆီဗီလာနဲ႔ ရာသီႀကိဳေျခစမ္းပြဲကစားသြားရမွာျဖစ္ပါတယ္။

ေနာက္ထပ္ ၃ ရက္အၾကာမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ေတာင္ကိုရီးယားလိဂ္ လက္ေရြးစင္ေတြနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ဒီတစ္ႀကိမ္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ ေတာင္ကိုရီးယားနိုင္ငံကို တတိယအႀကိမ္ေျမာက္ အလည္အပတ္ ခရီးစဥ္ျဖစ္လာမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.