Bundesliga Premier League Serie A Transfer News

ဆန္ခ်က္ဇ္ကို ရွင္းထုတ္ၿပီး ဆန္ခ်ဳိကို ေခၚယူႏုိင္ေတာ့မယ့္ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဒီရက္ပုိင္းမွာ ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ႏွစ္ခုကို တစ္ၿပဳိင္တည္း လုပ္ေဆာင္ခဲ့ၿပီး အင္တာမီလန္ အသင္းမွာ အငွားခ်ထားတဲ့ အလက္ဆစ္ ဆန္ခ်က္ဇ္ကို အလြတ္ေျပာင္းေစဖို႔နဲ႔ ေဒါ့မြန္ရဲ႕ ေဂ်ဒန္ ဆန္ခ်ဳိကို ေတာင္းဆုိတဲ့ ေဈးေပးၿပီး ေခၚယူဖို႔တုိ႔ကို စီစဥ္ႏုိင္ခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ဳိအတြက္ ပုဂၢဳိလ္ေရးသေဘာတူညီမွဳ ရရွိထားတယ္လို႔ အရင္က ထြက္ေပၚေနခဲ့တဲ့သတင္းေတြကေတာ့ လက္ရွိမွာ မဟုတ္မွန္ေၾကာင္း ထင္ရွားသြားခဲ့ၿပီး ကလပ္အသင္းအေနနဲ႔ ကစားသမားနဲ႔ ညႇိႏွဳိင္းေနရဆဲျဖစ္သလို တစ္ပတ္ကိုေတာ့ ေပါင္ႏွစ္သိန္းႏွစ္ေသာင္း ေပးေခ်သြားမယ္လို႔ ဆိုၿပီး သူ႕အေနနဲ႔ ေဒါ့မြန္မွာ တစ္ပတ္ကို ေပါင္တစ္သိန္းကိုးေသာင္းရရွိေနတယ္လုိ႔ သတင္းအခ်ဳိ႕က ဆိုပါတယ္။

ေဒါ့မြန္အေနနဲ႔ ဆန္ခ်ဳိအတြက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ သုံးႏွစ္ခြဲေပးမယ့္ ေပါင္ ၁၀၈ သန္းနဲ႔ ကမ္းလွမ္းမွဳကို သေဘာတူညီခဲ့ခ်ိန္မွာ သူတို႔ေတြအေနနဲ႔ ဒီေျပာင္းေရႊ႕မွဳကို ၇ ရက္အတြင္း လုပ္ေဆာင္ဖို႔ သတိေပးထားခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္ဘက္ကေတာ့ ငါးႏွစ္စာခ်ဳပ္ကို ျပင္ဆင္လာဖို႔ ရွိေနပါတယ္။

မန္ခ်က္စတာစီးတီးအသင္းမွာ ဖီးလ္ ဖိုဒန္ရဲ႕ ေနာက္မွာ ဒုတိယကစားသမားအျဖစ္သာ သတ္မွတ္ခံခဲ့ရတဲ့ ဆန္ခ်ဳိအတြက္ေတာ့ ၂၀၁၇ ခုႏွစ္မွာ အသင္းက ကမ္းလွမ္းတဲ့ တစ္ပတ္ ေပါင္သုံးေသာင္းတန္စာခ်ဳပ္ကို ျငင္းပယ္ၿပီး ေဒါ့မြန္ကို စြန္႔စားထြက္ခြာခဲ့တာကေတာ့ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့သလို လက္ရွိမွာေတာ့ ၾကယ္ပြင့္တစ္ပြင့္အျဖစ္ အဂၤလန္ရဲ႕ အစဥ္အလာႀကီးမားတဲ့ အသင္းမွာ ေက်ာနံပတ္ ၇ ကုိလည္း ဝတ္ဆင္ခြင့္ရဖို႔ ရွိေနပါတယ္။

တစ္ခ်ိန္တည္းမွာေတာ့ မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ ဘဏၰာေရးခ်ိန္ညႇိမွဳအျဖစ္ အသက္ ၃၁ ႏွစ္အရြယ္ ခ်ီလီသားကို အင္တာဆီ အလြတ္နဲ႔ ေျပာင္းခြင့္ေပးခဲ့ၿပီး လက္က်န္လစာ ေပါင္ ၅၈ သန္းကို ေလွ်ာ့ခ်ႏုိင္ခဲ့တာျဖစ္ပါတယ္။ ဆန္စီ႐ိုဘက္ကေတာ့ သူ႕အတြက္ ပထမႏွစ္မွာ လက္ရွိလုပ္ခ ေပါင္သုံးသိန္းကိုးေသာင္းအတုိင္း ေပးေခ်ဖို႔ သေဘာတူညီခဲ့သလို က်န္တဲ့ ႏွစ္ႏွစ္အတြက္ေတာ့ လစာေလွ်ာ့ယူဖို႔ ညႇိႏွဳိင္းေပးသြားမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရက်ပိုင်းမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ဆောင်ခဲ့ပြီး အင်တာမီလန် အသင်းမှာ အငှားချထားတဲ့ အလက်ဆစ် ဆန်ချက်ဇ်ကို အလွတ်ပြောင်းစေဖို့နဲ့ ဒေါ့မွန်ရဲ့ ဂျေဒန် ဆန်ချိုကို တောင်းဆိုတဲ့ ဈေးပေးပြီး ခေါ်ယူဖို့တို့ကို စီစဉ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုအတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားတယ်လို့ အရင်က ထွက်ပေါ်နေခဲ့တဲ့သတင်းတွေကတော့ လက်ရှိမှာ မဟုတ်မှန်ကြောင်း ထင်ရှားသွားခဲ့ပြီး ကလပ်အသင်းအနေနဲ့ ကစားသမားနဲ့ ညှိနှိုင်းနေရဆဲဖြစ်သလို တစ်ပတ်ကိုတော့ ပေါင်နှစ်သိန်းနှစ်သောင်း ပေးချေသွားမယ်လို့ ဆိုပြီး သူ့အနေနဲ့ ဒေါ့မွန်မှာ တစ်ပတ်ကို ပေါင်တစ်သိန်းကိုးသောင်းရရှိနေတယ်လို့ သတင်းအချို့က ဆိုပါတယ်။

ဒေါ့မွန်အနေနဲ့ ဆန်ချိုအတွက် မန်ချက်စတာယူနိုက်တက်ရဲ့ သုံးနှစ်ခွဲပေးမယ့် ပေါင် ၁၀၈ သန်းနဲ့ ကမ်းလှမ်းမှုကို သဘောတူညီခဲ့ချိန်မှာ သူတို့တွေအနေနဲ့ ဒီပြောင်းရွှေ့မှုကို ၇ ရက်အတွင်း လုပ်ဆောင်ဖို့ သတိပေးထားခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ဘက်ကတော့ ငါးနှစ်စာချုပ်ကို ပြင်ဆင်လာဖို့ ရှိနေပါတယ်။

မန်ချက်စတာစီးတီးအသင်းမှာ ဖီးလ် ဖိုဒန်ရဲ့ နောက်မှာ ဒုတိယကစားသမားအဖြစ်သာ သတ်မှတ်ခံခဲ့ရတဲ့ ဆန်ချိုအတွက်တော့ ၂၀၁၇ ခုနှစ်မှာ အသင်းက ကမ်းလှမ်းတဲ့ တစ်ပတ် ပေါင်သုံးသောင်းတန်စာချုပ်ကို ငြင်းပယ်ပြီး ဒေါ့မွန်ကို စွန့်စားထွက်ခွာခဲ့တာကတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့သလို လက်ရှိမှာတော့ ကြယ်ပွင့်တစ်ပွင့်အဖြစ် အင်္ဂလန်ရဲ့ အစဉ်အလာကြီးမားတဲ့ အသင်းမှာ ကျောနံပတ် ၇ ကိုလည်း ဝတ်ဆင်ခွင့်ရဖို့ ရှိနေပါတယ်။

တစ်ချိန်တည်းမှာတော့ မန်ချက်စတာယူနိုက်တက်အနေနဲ့ ဘဏ္ဏာရေးချိန်ညှိမှုအဖြစ် အသက် ၃၁ နှစ်အရွယ် ချီလီသားကို အင်တာဆီ အလွတ်နဲ့ ပြောင်းခွင့်ပေးခဲ့ပြီး လက်ကျန်လစာ ပေါင် ၅၈ သန်းကို လျှော့ချနိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်စီရိုဘက်ကတော့ သူ့အတွက် ပထမနှစ်မှာ လက်ရှိလုပ်ခ ပေါင်သုံးသိန်းကိုးသောင်းအတိုင်း ပေးချေဖို့ သဘောတူညီခဲ့သလို ကျန်တဲ့ နှစ်နှစ်အတွက်တော့ လစာလျှော့ယူဖို့ ညှိနှိုင်းပေးသွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.