Premier League

၄.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလျပည့္ေက်ာ္ ၁ ရက္၊ အဂၤါေန႔။

၄.၈.၂၀၂၀၊ ၁၃၈၂ ခုႏွစ္၊ ဒုတိယဝါဆုိလျပည့္ေက်ာ္ ၁ ရက္၊ အဂၤါေန႔၊ ျပႆဒါး၊ မဟာရက္ၾကမ္း။

တစ္ေန႔တာ တိထီႏွင့္ ယုဂ္။
ည ၂၂:၅၄ အထိ တိထီ ၁ လုံး။ ေက်ာ္လွ်င္ ၂ လုံး။ ၁ လုံးတြင္ အၿမိတၱယုဂ္ႏွင့္ မတယုဂ္၊ ထာဝရရွင္သန္ေအာင္ျမင္ေစလိုေသာ အလုပ္မ်ားေရာ ၿပီးျပတ္ခ်ဳပ္ၿငိမ္းေစလိုသည့္ အလုပ္မ်ားပါ လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ နကၡတ္ႏွင့္ ယုဂ္။
နံနက္ ၉:၀၉ အထိ သရဝဏ္နကၡတ္။ ေက်ာ္လွ်င္ ဓနသိဒၶိနကၡတ္။ နံနက္ ၆:၄၄ အထိ အယုသၼာန္ယုဂ္၊ အသက္ရွည္ျခင္း၊ က်န္းမာျခင္း၊ က်န္းမာေရးႏွင့္ ပတ္သက္သည့္ ကိစၥမ်ား၊ ေဆးဝါးမွီဝဲျခင္း၊ ေဆး႐ုံေဆးခန္း တက္ေရာက္၍ ခြဲစိတ္ျခင္း၊ ကုသမႈ ခံယူျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။ တစ္ေန႔လုံးႏွင့္ ေနာက္တစ္ေန႔နံနက္ ၆:၁၃ အထိ ေသာဘဂ်ယုဂ္၊ ကံေကာင္းမွဳ၊ ေပ်ာ္ရႊင္မွဳ၊ ကံစမ္းျခင္းႏွင့္ မိမိအတြက္ အခြင့္အေရးရယူလိုသည့္ အလုပ္မ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေသာဘဏယုဂ္၊ လွပမွဳ၊ က်က္သေရတင့္တယ္ျခင္း၊ စိတ္ေပ်ာ္ေမြ႕ျခင္း၊ သက္ဆုိင္ရာ ေနရာမ်ားအား အလွဆင္ျခင္း၊ သန္႔ရွင္းစင္ၾကယ္ေအာင္လုပ္ျခင္းျဖင့္ ကံဖြင့္ လာဘ္ဖြင့္ပါ။

တစ္ေန႔တာ က႐ိုဏ္း။
နံနက္ ၁၀:၃၇ အထိ ဗလဝက႐ိုဏ္း၊ ဂုဏ္သေရျပည့္စုံ၊ ေလ့လာသင္ၾကား၊ ဂါရဝျပဳမွဳမ်ားႏွင့္ အခမ္းအနားမ်ား လုပ္ေဆာင္ရန္ေကာင္း။ ည ၂၂:၅၄ အထိ ေကာလဝက႐ိုဏ္း၊ ေပါင္းသင္းဆက္ဆံ၊ အသုိင္းအဝိုင္းခ်ဲ႕ထြင္၊ မဂၤလာကိစၥမ်ား လုပ္ေဆာင္ရန္ေကာင္း။ ေက်ာ္လွ်င္ ေတတုလက႐ိုဏ္း၊ စကားေကာင္း ေျပာဆုိျခင္း၊ ရာထူးတုိးတက္ျခင္း၊ တည္ေဆာက္ျခင္းမ်ား လုပ္ေဆာင္ရန္ေကာင္း။

တစ္ေန႔တာ ကံေကာင္းရာအရပ္ႏွင့္ ေဆာင္ရန္ အေရာင္။
ည ၂၂:၅၄ အထိ အေနာက္ႏွင့္ ေတာင္၊ အနီေရာင္။ ေက်ာ္လွ်င္ ေျမာက္ႏွင့္ အေနာက္၊ အဝါေရာင္။

ဉာဏ္ႏွင့္ယွဥ္၍ ေအာင္ျမင္ မဂၤလာရွိၾကေစ။

ထူးဧဝ (သင္၏ မဂၤလာရွိေသာ အတိုင္ပင္ခံ)

UNICODE: ၄.၈.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်၊ အင်္ဂါနေ့၊ ပြဿဒါး၊ မဟာရက်ကြမ်း။

တစ်နေ့တာ တိထီနှင့် ယုဂ်။
ည ၂၂:၅၄ အထိ တိထီ ၁ လုံး။ ကျော်လျှင် ၂ လုံး။ ၁ လုံးတွင် အမြိတ္တယုဂ်နှင့် မတယုဂ်၊ ထာဝရရှင်သန်အောင်မြင်စေလိုသော အလုပ်များရော ပြီးပြတ်ချုပ်ငြိမ်းစေလိုသည့် အလုပ်များပါ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၉:၀၉ အထိ သရဝဏ်နက္ခတ်။ ကျော်လျှင် ဓနသိဒ္ဓိနက္ခတ်။ နံနက် ၆:၄၄ အထိ အယုသ္မာန်ယုဂ်၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ ဆေးဝါးမှီဝဲခြင်း၊ ဆေးရုံဆေးခန်း တက်ရောက်၍ ခွဲစိတ်ခြင်း၊ ကုသမှု ခံယူခြင်းများ လုပ်ဆောင်ရန်ကောင်း။ တစ်နေ့လုံးနှင့် နောက်တစ်နေ့နံနက် ၆:၁၃ အထိ သောဘဂျယုဂ်၊ ကံကောင်းမှု၊ ပျော်ရွှင်မှု၊ ကံစမ်းခြင်းနှင့် မိမိအတွက် အခွင့်အရေးရယူလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သောဘဏယုဂ်၊ လှပမှု၊ ကျက်သရေတင့်တယ်ခြင်း၊ စိတ်ပျော်မွေ့ခြင်း၊ သက်ဆိုင်ရာ နေရာများအား အလှဆင်ခြင်း၊ သန့်ရှင်းစင်ကြယ်အောင်လုပ်ခြင်းဖြင့် ကံဖွင့် လာဘ်ဖွင့်ပါ။

တစ်နေ့တာ ကရိုဏ်း။
နံနက် ၁၀:၃၇ အထိ ဗလဝကရိုဏ်း၊ ဂုဏ်သရေပြည့်စုံ၊ လေ့လာသင်ကြား၊ ဂါရဝပြုမှုများနှင့် အခမ်းအနားများ လုပ်ဆောင်ရန်ကောင်း။ ည ၂၂:၅၄ အထိ ကောလဝကရိုဏ်း၊ ပေါင်းသင်းဆက်ဆံ၊ အသိုင်းအဝိုင်းချဲ့ထွင်၊ မင်္ဂလာကိစ္စများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် တေတုလကရိုဏ်း၊ စကားကောင်း ပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။

တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
ည ၂၂:၅၄ အထိ အနောက်နှင့် တောင်၊ အနီရောင်။ ကျော်လျှင် မြောက်နှင့် အနောက်၊ အဝါရောင်။

ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။

ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)