Bundesliga Premier League Transfer News

မန္ခ်က္စတာယူႏုိက္တက္နဲ႔ ေဒါ့မြန္တုိ႔ ဆန္ခ်ဳိအတြက္ သေဘာတူညီဖို႔ အနီးစပ္ဆုံးအေနအထား ေရာက္လာ

မန္ခ်က္စတာယူႏုိက္တက္အသင္းက အလိုရွိေနၿပီး ေဒါ့မြန္ရဲ႕ ေဈးကိုင္မွဳကို ခံေနရလို႔ လက္ရွိအခ်ိန္အထိ ၾကန္႔ၾကာေနခဲ့ရတဲ့ ေတာင္ပံ ကစားသမား ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေနာက္ဆုံးအႀကိမ္ ကမ္းလွမ္းမွဳက ေတာ္ေတာ္ေလးႀကီးမားခဲ့ၿပီး ဒီတစ္ခါမွာေတာ့ သေဘာတူညီမွဳ ရရွိႏုိင္ဖို႔ အလြန္နီးစပ္တဲ့ အေနအထားကို ေရာက္လာခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ဒီသတင္းရဲ႕ ရင္းျမစ္ အစျပဳရာကေတာ့ ဂ်ာမန္သတင္းစာ Bild ျဖစ္ၿပီး အဂၤလန္အင္အားႀကီးအသင္းအေနနဲ႔ ဆန္ခ်ဳိကို ပရီးမီးယားလိဂ္မွာ တစ္ေက်ာ့ျပန္ ေျခခ်ႏုိင္ဖို႔အတြက္ လုံေလာက္တဲ့ ကမ္းလွမ္းမွဳျဖစ္တဲ့ သုံးႏွစ္တာ အရစ္က်ေပးေခ်မွဳနဲ႔ ေခၚယူသြားမယ္လို႔လည္း ေဖာ္ျပခဲ့တာျဖစ္ၿပီး ေဒါ့မြန္က အလိုရွိေနတဲ့ ယူ႐ိုသန္း ၁၂၀ ကို ခြဲၿပီး ေပးေခ်သြားမယ္လို႔လည္း ဆုိပါတယ္။

မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကမ္းလွမ္းမွဳကေတာ့ ဒီႏွစ္မွာ ယူ႐ိုသန္း ၇၀ (ေပါင္ ၆၃ သန္း)၊ ၂၀၂၁ ခုႏွစ္အတြင္းမွာ ယူ႐ိုသန္း ၃၀ (ေပါင္ ၂၇ သန္း)နဲ႔ ၂၀၂၂ ခုႏွစ္အတြင္းမွာ ယူ႐ိုသန္း ၂၀ (ေပါင္ ၁၈ သန္း) အသီးသီး ေပးေခ်သြားမွာျဖစ္တယ္လုိ႔ Bild က ထုတ္ေဖာ္ခဲ့ၿပီး တခ်ဳိ႕သတင္းေတြကေတာ့ ေနာက္ဆုံးသန္း ၂၀ ဟာ ေအာင္ျမင္မွဳအေပၚ မူတည္တဲ့ အက်ဳိးခံစားခြင့္လို႔ ဆုိခဲ့ၾကပါတယ္။

ဒီသတင္းကိုလည္း ေထာက္ခံမွဳျပဳတဲ့ သေဘာမ်ဳိးဆန္ဆန္ကို အီတလီဂ်ာနယ္လစ္ ဖက္ဘရီဇီယို ႐ိုမာႏုိက ဆုိခဲ့ၿပီး ေဒါ့မြန္က အလိုရွိေနတဲ့ ယူ႐ိုသန္း ၁၂၀ (ေပါင္ ၁၀၈ သန္း)ကို ခြဲေဝေပးေခ်တဲ့ ပုံစံမ်ဳိးနဲ႔ သေဘာတူညီႏိုင္ေအာင္ ယူႏုိက္တက္ဘက္က ႀကဳိးစားေနတယ္လို႔ သူ႕ရဲ႕ တြစ္တာအေကာင့္ကေန ေဖာ္ျပသြားခဲ့ပါတယ္။

ဆန္ခ်ဳိအတြက္ အထက္ပါေျပာင္းေရႊ႕ေၾကးကို ေပးေခ်ခဲ့ရင္ေတာ့ ဒီပမာဏဟာ အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ကလပ္စံခ်ိန္တင္ ကစားသမားေခၚယူမွဳ ျဖစ္လာမွာျဖစ္ၿပီး ေနာက္ဆုံးအျမင့္မားဆုံး ဂ်ဴဗင္တပ္စ္အသင္းဆီ ေပးေခ်ထားခဲ့ရတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာရဲ႕ ေပါင္ ၈၉.၅ သန္း(ယူ႐ိုသန္း ၁၀၀) ေဈးႏွဳန္းကို ခ်ဳိးဖ်က္သြားမွာျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: BILD & FABRIZIO ROMANO’S TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းက အလိုရှိနေပြီး ဒေါ့မွန်ရဲ့ ဈေးကိုင်မှုကို ခံနေရလို့ လက်ရှိအချိန်အထိ ကြန့်ကြာနေခဲ့ရတဲ့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုအတွက် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုက တော်တော်လေးကြီးမားခဲ့ပြီး ဒီတစ်ခါမှာတော့ သဘောတူညီမှု ရရှိနိုင်ဖို့ အလွန်နီးစပ်တဲ့ အနေအထားကို ရောက်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဒီသတင်းရဲ့ ရင်းမြစ် အစပြုရာကတော့ ဂျာမန်သတင်းစာ Bild ဖြစ်ပြီး အင်္ဂလန်အင်အားကြီးအသင်းအနေနဲ့ ဆန်ချိုကို ပရီးမီးယားလိဂ်မှာ တစ်ကျော့ပြန် ခြေချနိုင်ဖို့အတွက် လုံလောက်တဲ့ ကမ်းလှမ်းမှုဖြစ်တဲ့ သုံးနှစ်တာ အရစ်ကျပေးချေမှုနဲ့ ခေါ်ယူသွားမယ်လို့လည်း ဖော်ပြခဲ့တာဖြစ်ပြီး ဒေါ့မွန်က အလိုရှိနေတဲ့ ယူရိုသန်း ၁၂၀ ကို ခွဲပြီး ပေးချေသွားမယ်လို့လည်း ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကတော့ ဒီနှစ်မှာ ယူရိုသန်း ၇၀ (ပေါင် ၆၃ သန်း)၊ ၂၀၂၁ ခုနှစ်အတွင်းမှာ ယူရိုသန်း ၃၀ (ပေါင် ၂၇ သန်း)နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ယူရိုသန်း ၂၀ (ပေါင် ၁၈ သန်း) အသီးသီး ပေးချေသွားမှာဖြစ်တယ်လို့ Bild က ထုတ်ဖော်ခဲ့ပြီး တချို့သတင်းတွေကတော့ နောက်ဆုံးသန်း ၂၀ ဟာ အောင်မြင်မှုအပေါ် မူတည်တဲ့ အကျိုးခံစားခွင့်လို့ ဆိုခဲ့ကြပါတယ်။

ဒီသတင်းကိုလည်း ထောက်ခံမှုပြုတဲ့ သဘောမျိုးဆန်ဆန်ကို အီတလီဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုက ဆိုခဲ့ပြီး ဒေါ့မွန်က အလိုရှိနေတဲ့ ယူရိုသန်း ၁၂၀ (ပေါင် ၁၀၈ သန်း)ကို ခွဲဝေပေးချေတဲ့ ပုံစံမျိုးနဲ့ သဘောတူညီနိုင်အောင် ယူနိုက်တက်ဘက်က ကြိုးစားနေတယ်လို့ သူ့ရဲ့ တွစ်တာအကောင့်ကနေ ဖော်ပြသွားခဲ့ပါတယ်။

ဆန်ချိုအတွက် အထက်ပါပြောင်းရွှေ့ကြေးကို ပေးချေခဲ့ရင်တော့ ဒီပမာဏဟာ အိုးလ်ထရက်ဖို့ဒ်ရဲ့ ကလပ်စံချိန်တင် ကစားသမားခေါ်ယူမှု ဖြစ်လာမှာဖြစ်ပြီး နောက်ဆုံးအမြင့်မားဆုံး ဂျူဗင်တပ်စ်အသင်းဆီ ပေးချေထားခဲ့ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာရဲ့ ပေါင် ၈၉.၅ သန်း(ယူရိုသန်း ၁၀၀) ဈေးနှုန်းကို ချိုးဖျက်သွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: BILD & FABRIZIO ROMANO’S TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.