Premier League

မန်စီးတီးပရိသတ်တွေကို သောက်ရူးတွေ၊ တာဇံတွေလို့ ဝေဖန်ခဲ့တဲ့ နဗီးနဲ့ ရွိုင် ကီးန်

မန်ချက်စတာစီးတီးအသင်းဟာ တနင်္ဂနွေနေ့ညနေက အက်စတန် ဗီလာအသင်းကို နောက်ကနေ လိုက်ကစားပြီး ၃-၂ နဲ့ ယခုရာသီ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

စတီဗင် ဂျရတ်ရဲ့အသင်းဟာ ပထမပိုင်း ၃၇ မိနစ်မှာ မတ်တီ ကက်ရှ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ဒုတိယပိုင်း ၆၉ မိနစ်မှာ ကော်တင်ညိုရဲ့ လှပသေသပ်တဲ့ ကန်သွင်းချက်နဲ့ နောက်ထပ် ဦးဆောင်ဂိုး သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၇၆ မိနစ်ကနေ ၈၁ မိနစ်ကြား ၅ မိနစ်အတွင်းမှာပဲ ဂန်ဒိုဝမ်နဲ့ ရိုဒရီတို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရပြီးနောက် ပွဲအပြီးမှာ ၃-၂ နဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

အစ်တီဟတ်ကွင်းမှာ ကွင်းလယ်ဒိုင်က ပွဲပြီး ဝီစီမှုတ်ပြီးနောက်မှာ မန်စီးတီး ပရိသတ်တွေဟာ ကစားသမားတွေနဲ့ အောင်ပွဲခံဖို့အတွက် ကွင်းထဲကို ပြေးဝင်လာခဲ့ပေမယ့် နောက်ထပ်ရုပ်ဆိုးတဲ့ဖြစ်စဉ် ဖြစ်ပျက်ခဲ့ချိန်မှာ အရာအားလုံးက ဆိုးရွားခဲ့တာဖြစ်ပါတယ်။ အက်စတန် ဗီလာဂိုးသမား အိုလ်ဆင်ဟာ အဝတ်လဲခန်းထဲကို ကွင်းအတွင်းကနေ ထွက်ခွာချိန်မှာ မန်ချက်စတာစီးတီး ပရိသတ်အများအပြားက တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ကွင်းလုံခြုံရေး ၂ ဦးက ခြံရံပြီး လိုက်ပို့ခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီး ပရိသတ်တွေဟာ အိုလ်ဆင်ကို တွန်းထိုးပြီး တိုက်ခိုက်ခဲ့တာကြောင့် အက်စတန် ဗီလာဂိုးသမားဟာ နောက်ထပ် ထိခိုက်ဒဏ်ရာ မရရှိအောင် တိုက်ခိုက်ခံနေရချိန်အတွင်း မျက်နှာကို လက်နဲ့ အုပ်ထားခဲ့ရတာဖြစ်ပါတယ်။ Sky Sports ဘောလုံးဝေဖန်သူတွေဖြစ်တဲ့ ဂယ်ရီ နဗီးနဲ့ ရွိုင် ကီးန်တို့ဟာ ပွဲအပြီး ကွင်းအတွင်းမှာ ပွဲသုံးသပ်နေချိန်အတွင်း မန်စီးတီးပရိသတ်တွေရဲ့ အဆင့်အတန်းမရှိတဲ့ လုပ်ရပ်ကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြပြီး ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

“ဘာတွေ ဖြစ်နေတာလဲ။ ပြီးခဲ့တဲ့ နှစ် ၃၀ မှာ ကျွန်တော်တို့ အင်္ဂလိပ်ဘောလုံးမှာ ကွင်းထဲက စည်းရိုးတွေကို ဖယ်ရှားပစ်ခဲ့ပြီး အကြိမ် ၁၀၀ မှာ ၉၉ ကြိမ်က ပရိသတ်တွေဟာ ကွင်းထဲ ဝင်ပြေးလို့မရဘူးဆိုတဲ့အချက်ကို လေးစားမှုရှိခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက မိသားစုပတ်ဝန်းကျင်လိုမျိုးဖြစ်နေတာကို ပျော်ရွှင်ခဲ့ကြလို့ပါ”

“ကျွန်တော်တို့ ပွဲစဉ်ထဲကို ကလေးငယ်တွေပိုပြီး ခေါ်လာနိုင်တယ်။ အမျိုးသမီးတွေ ပွဲစဉ်တွေကို ပိုလာကြည့်နုငိ်ခဲ့တယ်။ ပြီးတော့ ရုတ်တရက်ချက်ချင်းပဲ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်၊ လအနည်းငယ်မှာ ဒီလို သောက်ရူးတွေက ကွင်းထဲကို ဝင်ပြေးရုံတင်မကဘဲ ကစားသမားတွေကိုပါ တိုက်ခိုက်လာတယ်။ မင်းတို့ကောင်တွေ ဘာတွေလျှောက်လုပ်နေကြတာလဲ”

“ကွင်းထဲကို ပြေးဝင်တာက စိတ်လွတ်သွားလို့ဆိုတာ သိသာပါတယ်။ ဘာလို့လဲဆိုတာ့ မန်စီးတီးက လိဂ်ဖလား ရသွားလို့လေ။ အဲဒီတော့ ကျွန်တော် အဲဒါကို နားလည်တယ်။ ဒါပေမယ့် ပြိုင်ဘက်ကစားသမားတွေကို ကွင်းထဲဝင်ပြီး တိုက်ခိုက်တာက ဒီသောက်ကျင့်က ဘယ်ကရလာတာလဲ။ ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ။ ကျွန်တော် မသိတော့ဘူး။ အဲဒါက လုံးဝကို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပဲ”လို့ ဂယ်ရီ နဗီးက ပြစ်တင်ဝေဖန်ခဲ့ပြီး ရွိုင် ကီးန်က ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ “သောက်ရူးတွေ၊ တာဇံတွေ။ အဲဒီလုပ်ရပ်က ကျက်သရေတုံးတယ်”လို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးအသင္းဟာ တနဂၤေႏြေန႔ညေနက အက္စတန္ ဗီလာအသင္းကို ေနာက္ကေန လိုက္ကစားၿပီး ၃-၂ နဲ႔ ယခုရာသီ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့ၿပီျဖစ္ပါတယ္။

စတီဗင္ ဂ်ရတ္ရဲ့အသင္းဟာ ပထမပိုင္း ၃၇ မိနစ္မွာ မတ္တီ ကက္ရွ္ရဲ့ သြင္းဂိုးနဲ႔ ဦးေဆာင္ထားနိုင္ခဲ့ၿပီး ဒုတိယပိုင္း ၆၉ မိနစ္မွာ ေကာ္တင္ညိဳရဲ့ လွပေသသပ္တဲ့ ကန္သြင္းခ်က္နဲ႔ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူထားနိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၇၆ မိနစ္ကေန ၈၁ မိနစ္ၾကား ၅ မိနစ္အတြင္းမွာပဲ ဂန္ဒိုဝမ္နဲ႔ ရိုဒရီတို႔ရဲ့ သြင္းဂိုးေတြကို ခြင့္ျပဳခဲ့ရၿပီးေနာက္ ပြဲအၿပီးမွာ ၃-၂ နဲ႔ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။

အစ္တီဟတ္ကြင္းမွာ ကြင္းလယ္ဒိုင္က ပြဲၿပီး ဝီစီမႈတ္ၿပီးေနာက္မွာ မန္စီးတီး ပရိသတ္ေတြဟာ ကစားသမားေတြနဲ႔ ေအာင္ပြဲခံဖို႔အတြက္ ကြင္းထဲကို ေျပးဝင္လာခဲ့ေပမယ့္ ေနာက္ထပ္႐ုပ္ဆိုးတဲ့ျဖစ္စဥ္ ျဖစ္ပ်က္ခဲ့ခ်ိန္မွာ အရာအားလုံးက ဆိုးရြားခဲ့တာျဖစ္ပါတယ္။ အက္စတန္ ဗီလာဂိုးသမား အိုလ္ဆင္ဟာ အဝတ္လဲခန္းထဲကို ကြင္းအတြင္းကေန ထြက္ခြာခ်ိန္မွာ မန္ခ်က္စတာစီးတီး ပရိသတ္အမ်ားအျပားက တိုက္ခိုက္ခဲ့ၾကတာျဖစ္ၿပီး ကြင္းလုံျခဳံေရး ၂ ဦးက ၿခံရံၿပီး လိုက္ပို႔ခဲ့ရတာျဖစ္ပါတယ္။

မန္စီးတီး ပရိသတ္ေတြဟာ အိုလ္ဆင္ကို တြန္းထိုးၿပီး တိုက္ခိုက္ခဲ့တာေၾကာင့္ အက္စတန္ ဗီလာဂိုးသမားဟာ ေနာက္ထပ္ ထိခိုက္ဒဏ္ရာ မရရွိေအာင္ တိုက္ခိုက္ခံေနရခ်ိန္အတြင္း မ်က္ႏွာကို လက္နဲ႔ အုပ္ထားခဲ့ရတာျဖစ္ပါတယ္။ Sky Sports ေဘာလုံးေဝဖန္သူေတြျဖစ္တဲ့ ဂယ္ရီ နဗီးနဲ႔ ရြိဳင္ ကီးန္တို႔ဟာ ပြဲအၿပီး ကြင္းအတြင္းမွာ ပြဲသုံးသပ္ေနခ်ိန္အတြင္း မန္စီးတီးပရိသတ္ေတြရဲ့ အဆင့္အတန္းမရွိတဲ့ လုပ္ရပ္ကို စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ၾကၿပီး ျပစ္တင္ေဝဖန္ခဲ့ၾကပါတယ္။

“ဘာေတြ ျဖစ္ေနတာလဲ။ ၿပီးခဲ့တဲ့ ႏွစ္ ၃၀ မွာ ကၽြန္ေတာ္တို႔ အဂၤလိပ္ေဘာလုံးမွာ ကြင္းထဲက စည္းရိုးေတြကို ဖယ္ရွားပစ္ခဲ့ၿပီး အႀကိမ္ ၁၀၀ မွာ ၉၉ ႀကိမ္က ပရိသတ္ေတြဟာ ကြင္းထဲ ဝင္ေျပးလို႔မရဘူးဆိုတဲ့အခ်က္ကို ေလးစားမႈရွိခဲ့ၾကတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက မိသားစုပတ္ဝန္းက်င္လိုမ်ိဳးျဖစ္ေနတာကို ေပ်ာ္ရႊင္ခဲ့ၾကလို႔ပါ”

“ကၽြန္ေတာ္တို႔ ပြဲစဥ္ထဲကို ကေလးငယ္ေတြပိုၿပီး ေခၚလာနိုင္တယ္။ အမ်ိဳးသမီးေတြ ပြဲစဥ္ေတြကို ပိုလာၾကည့္ႏုငိ္ခဲ့တယ္။ ၿပီးေတာ့ ႐ုတ္တရက္ခ်က္ခ်င္းပဲ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္၊ လအနည္းငယ္မွာ ဒီလို ေသာက္႐ူးေတြက ကြင္းထဲကို ဝင္ေျပး႐ုံတင္မကဘဲ ကစားသမားေတြကိုပါ တိုက္ခိုက္လာတယ္။ မင္းတို႔ေကာင္ေတြ ဘာေတြေလၽွာက္လုပ္ေနၾကတာလဲ”

“ကြင္းထဲကို ေျပးဝင္တာက စိတ္လြတ္သြားလို႔ဆိုတာ သိသာပါတယ္။ ဘာလို႔လဲဆိုတာ့ မန္စီးတီးက လိဂ္ဖလား ရသြားလို႔ေလ။ အဲဒီေတာ့ ကၽြန္ေတာ္ အဲဒါကို နားလည္တယ္။ ဒါေပမယ့္ ၿပိဳင္ဘက္ကစားသမားေတြကို ကြင္းထဲဝင္ၿပီး တိုက္ခိုက္တာက ဒီေသာက္က်င့္က ဘယ္ကရလာတာလဲ။ ဘာေၾကာင့္ ဒီလို ျဖစ္ေနရတာလဲ။ ကၽြန္ေတာ္ မသိေတာ့ဘူး။ အဲဒါက လုံးဝကို အဓိပၸာယ္မရွိတဲ့ လုပ္ရပ္ပဲ”လို႔ ဂယ္ရီ နဗီးက ျပစ္တင္ေဝဖန္ခဲ့ၿပီး ရြိဳင္ ကီးန္က ရွည္ရွည္ေဝးေဝးမေျပာေတာ့ဘဲ “ေသာက္႐ူးေတြ၊ တာဇံေတြ။ အဲဒီလုပ္ရပ္က က်က္သေရတုံးတယ္”လို႔ ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.