Match Report Serie A

နောက်ဆုံးပွဲအထိ စောင့်ခဲ့ရပြီး ၁၁ နှစ်ကြာမှ စီးရီးအေချန်ပီယံပြန်ဖြစ်တဲ့ အေစီမီလန်

အေစီမီလန်အသင်းအနေနဲ့ ဒီနေ့မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်တို့နဲ့ နောက်ဆုံးပွဲအထိ အပြိုင်ဖြစ်နေချိန်မှာ တစ်ချိန်တည်း တစ်ပြိုင်တည်း ကစားခဲ့ရတာဖြစ်ပြီး အဝေးကွင်းမှာ ဂိုးသမား မေညွန်၊ ခံစစ်မှာ သီယို ဟာနန်ဒက်ဇ်၊ တိုမိုရီ၊ ကာလုလု၊ ကာလာဘရီယာ၊ ကွင်းလယ်မှာ ကက်ဆီယေး၊ တိုနာလီ၊ ခရူးနစ်ချ်၊ ဆာလာမက်ကာစ်၊ ရာဖယ်လ် လီယာအိုတို့ ကစားခဲ့ကြပြီး ဂျီရူးကိုတော့ တိုက်စစ်မှာ အထောင်ထားခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆာဆူအိုလိုတို့ကတော့ ဂိုးသမား ကွန်ဆီဂလီ၊ ခံစစ်မှာ မာလ်ဒါ၊ အိုင်ဟန်၊ ဖာရာရီ၊ ကိုင်ရီယာကိုပိုလော့စ်တို့ကို ထားခဲ့ပြီး ကွင်းလယ် မှာတော့ ဖရာတက်ဆီ၊ မက်ဇင်မ် လိုပက်ဇ်နဲ့ မက်သီးယပ် ဟန်နရီကေးတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ဘယ်ရာဒီ၊ စကာမက်ကာနဲ့ ရက်စ်ပါဒိုရီတို့ ပွဲထွက်လာခဲ့ကြပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ အေစီမီလန်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ကြသလို ဆာဆူအိုလိုနောက်ခံလူ အိုင်ဟန် ဘောလုံးမနိုင်တာကနေ ရာဖယ်လ် လီယာအိုက ဘောလုံးဖြတ်ယူသွားပြီး ဘယ်ခြမ်းတောက်လျှောက် ဆွဲပြေးပြီးမှ အတွင်းကို ပြန်ချိုးပေးတာကို အထောင်တိုက်စစ်မှူး ဂျီရူးက ဧရိယာထဲက ပိတ်သွင်းနိုင်ခဲ့လို့ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန် ဆန်စီရိုမှာ ဆမ်ဒိုးရီးယားနဲ့ ဘဲဥမကွဲသေးတဲ့ အင်တာမီလန်ကြောင့် အေစီတို့ ပိုမိုအားတက်ခဲ့ကြပြီး ပွဲချိန် ၃၂ မိနစ်မှာတော့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုလည်း အိုးနင်းခွက်နင်း ကစားနေကြတဲ့ ဆာဆူအိုလိုနောက်ခံလူတွေဆီက လုယူနိုင်ခဲ့တဲ့ ရာဖယ်လ် လီယာအိုပဲ ဘယ်ခြမ်းက ချိုးပေးခဲ့တာကို ဂျီရူးက သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ အေစီမီလန်တို့ကို စောစောစီးစီး အနိုင်သေချာစေမယ့် တတိယဂိုးကို ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထုံးစံအတိုင်းပဲ သူတို့ဆီ ဘယ်သူမှ ဘောလုံးမလုဘူးထင်ပြီး ကစားနေတဲ့ ဆာဆူအိုလိုနောက်တန်းဆီက ခရူးနစ်ချ်က လုယူပြီး ချပေးတာကို ရာဖယ်လ် လီယာအိုကပဲ ညာခြမ်းကနေ ဖန်တီးပေးရာမှာ ကွင်းလယ်လူ ကက်ဆီယေးက ဧရိယာထိပ်ကနေ ပြေးကန်သွင်းပြီး သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပထမပိုင်းကို အေစီမီလန်တို့ သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ တိုနာလီ၊ ဂျီရူး၊ ခရူးနစ်ချ်၊ ဆာလာမက်ကာစ်နဲ့ တိုမိုရီတို့အစား ဘင်နာဆာ၊ အီဘရာဟီမိုဗစ်ချ်၊ ဘရာဟင်မ် ဒီယက်ဇ်၊ ဖလော်ရင်ဇီနဲ့ ရိုမာညိုလီတို့ ဝင်ရောက်ကစားခဲ့ကြပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ပြင်ဆင်လာခဲ့ကြပါတယ်။

သုံးမှတ်ရခဲ့ရင် တစ်ဖက်က အင်တာမီလန်တို့ရဲ့ ရလဒ်ကို ကြည့်စရာမလိုတော့ချိန်မှာ အေစီတို့ ပါးပါးနပ်နပ် ကစားခဲ့ကြပြီး ပွဲချိန် ၇၈ မိနစ်မှာ အီဘရာဟီမိုဗစ်ချ်က တန်ပြန်တိုက်စစ်ကနေ ခေါင်းတိုက်ပြီး ဂိုးထပ်သွင်းခဲ့ပေမယ့် ဖြတ်တင်ပေးပို့တဲ့ ရာဖယ်လ် လီယာအို လူအနည်းငယ် ကျွံနေခဲ့လို့ ပယ်ဖျက်ခံခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဆာဆူအိုလိုကွင်းမှာ အေစီမီလန်တို့ သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ၃၈ ပွဲကစား ၈၆ မှတ်နဲ့ အင်တာမီလန်တို့ကို ၂ မှတ်ဖြတ်ပြီး ဗိုလ်စွဲနိုင်ခဲ့သလို ၂၀၁၀-၁၁ ရာသီမှာ နောက်ဆုံးဗိုလ်စွဲခဲ့တဲ့ စီးရီးအေ စကူဒက်တိုဖလားကို ၁၁ နှစ်အကြာမှာ တစ်ကျော့ပြန် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာသီအပိတ် စီးရီးအေ အကောင်းဆုံးဆုတွေကို ချီးမြှင့်ရာမှာတော့ အေစီမီလန်ဂိုးသမား မိုက် မေညွန်က တစ်ရာသီလုံးမှာ Clean Sheet ၁၇ ပွဲနဲ့ အကောင်းဆုံးဂိုးသမားဆုကို ရရှိသွားခဲ့ပြီး ဒီနေ့ပွဲမှာ သွင်းဂိုးသုံးဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့တဲ့ တောင်ပံကစားသမား ရာဖယ်လ် လီယာအိုကတော့ တန်ဖိုး အရှိဆုံး ကစားသမား Most Valuable Player MVP ဆုကို ရရှိသွားပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေအစီမီလန္အသင္းအေနနဲ႔ ဒီေန႔မွာ ၿမိဳ႕ခံၿပိဳင္ဘက္ အင္တာမီလန္တို႔နဲ႔ ေနာက္ဆုံးပြဲအထိ အၿပိဳင္ျဖစ္ေနခ်ိန္မွာ တစ္ခ်ိန္တည္း တစ္ၿပိဳင္တည္း ကစားခဲ့ရတာျဖစ္ၿပီး အေဝးကြင္းမွာ ဂိုးသမား ေမၫြန္၊ ခံစစ္မွာ သီယို ဟာနန္ဒက္ဇ္၊ တိုမိုရီ၊ ကာလုလု၊ ကာလာဘရီယာ၊ ကြင္းလယ္မွာ ကက္ဆီေယး၊ တိုနာလီ၊ ခ႐ူးနစ္ခ်္၊ ဆာလာမက္ကာစ္၊ ရာဖယ္လ္ လီယာအိုတို႔ ကစားခဲ့ၾကၿပီး ဂ်ီ႐ူးကိုေတာ့ တိုက္စစ္မွာ အေထာင္ထားခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဆာဆူအိုလိုတို႔ကေတာ့ ဂိုးသမား ကြန္ဆီဂလီ၊ ခံစစ္မွာ မာလ္ဒါ၊ အိုင္ဟန္၊ ဖာရာရီ၊ ကိုင္ရီယာကိုပိုေလာ့စ္တို႔ကို ထားခဲ့ၿပီး ကြင္းလယ္ မွာေတာ့ ဖရာတက္ဆီ၊ မက္ဇင္မ္ လိုပက္ဇ္နဲ႔ မက္သီးယပ္ ဟန္နရီေကးတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ဘယ္ရာဒီ၊ စကာမက္ကာနဲ႔ ရက္စ္ပါဒိုရီတို႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ ေအစီမီလန္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၾကသလို ဆာဆူအိုလိုေနာက္ခံလူ အိုင္ဟန္ ေဘာလုံးမႏိုင္တာကေန ရာဖယ္လ္ လီယာအိုက ေဘာလုံးျဖတ္ယူသြားၿပီး ဘယ္ျခမ္းေတာက္ေလွ်ာက္ ဆြဲေျပးၿပီးမွ အတြင္းကို ျပန္ခ်ိဳးေပးတာကို အေထာင္တိုက္စစ္မႉး ဂ်ီ႐ူးက ဧရိယာထဲက ပိတ္သြင္းႏိုင္ခဲ့လို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

အဲ့ဒီအခ်ိန္ ဆန္စီ႐ိုမွာ ဆမ္ဒိုးရီးယားနဲ႔ ဘဲဥမကြဲေသးတဲ့ အင္တာမီလန္ေၾကာင့္ ေအစီတို႔ ပိုမိုအားတက္ခဲ့ၾကၿပီး ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့သလို ဒီဂိုးကိုလည္း အိုးနင္းခြက္နင္း ကစားေနၾကတဲ့ ဆာဆူအိုလိုေနာက္ခံလူေတြဆီက လုယူႏိုင္ခဲ့တဲ့ ရာဖယ္လ္ လီယာအိုပဲ ဘယ္ျခမ္းက ခ်ိဳးေပးခဲ့တာကို ဂ်ီ႐ူးက သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ေအစီမီလန္တို႔ကို ေစာေစာစီးစီး အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ထုံးစံအတိုင္းပဲ သူတို႔ဆီ ဘယ္သူမွ ေဘာလုံးမလုဘူးထင္ၿပီး ကစားေနတဲ့ ဆာဆူအိုလိုေနာက္တန္းဆီက ခ႐ူးနစ္ခ်္က လုယူၿပီး ခ်ေပးတာကို ရာဖယ္လ္ လီယာအိုကပဲ ညာျခမ္းကေန ဖန္တီးေပးရာမွာ ကြင္းလယ္လူ ကက္ဆီေယးက ဧရိယာထိပ္ကေန ေျပးကန္သြင္းၿပီး သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပထမပိုင္းကို ေအစီမီလန္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ တိုနာလီ၊ ဂ်ီ႐ူး၊ ခ႐ူးနစ္ခ်္၊ ဆာလာမက္ကာစ္နဲ႔ တိုမိုရီတို႔အစား ဘင္နာဆာ၊ အီဘရာဟီမိုဗစ္ခ်္၊ ဘရာဟင္မ္ ဒီယက္ဇ္၊ ဖေလာ္ရင္ဇီနဲ႔ ႐ိုမာညိဳလီတို႔ ဝင္ေရာက္ကစားခဲ့ၾကၿပီး အႏိုင္ရလဒ္ကို ထိန္းသိမ္းဖို႔ ျပင္ဆင္လာခဲ့ၾကပါတယ္။

သုံးမွတ္ရခဲ့ရင္ တစ္ဖက္က အင္တာမီလန္တို႔ရဲ႕ ရလဒ္ကို ၾကည့္စရာမလိုေတာ့ခ်ိန္မွာ ေအစီတို႔ ပါးပါးနပ္နပ္ ကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာ အီဘရာဟီမိုဗစ္ခ်္က တန္ျပန္တိုက္စစ္ကေန ေခါင္းတိုက္ၿပီး ဂိုးထပ္သြင္းခဲ့ေပမယ့္ ျဖတ္တင္ေပးပို႔တဲ့ ရာဖယ္လ္ လီယာအို လူအနည္းငယ္ ကြၽံေနခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဆာဆူအိုလိုကြင္းမွာ ေအစီမီလန္တို႔ သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ၃၈ ပြဲကစား ၈၆ မွတ္နဲ႔ အင္တာမီလန္တို႔ကို ၂ မွတ္ျဖတ္ၿပီး ဗိုလ္စြဲႏိုင္ခဲ့သလို ၂၀၁၀-၁၁ ရာသီမွာ ေနာက္ဆုံးဗိုလ္စြဲခဲ့တဲ့ စီးရီးေအ စကူဒက္တိုဖလားကို ၁၁ ႏွစ္အၾကာမွာ တစ္ေက်ာ့ျပန္ ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ရာသီအပိတ္ စီးရီးေအ အေကာင္းဆုံးဆုေတြကို ခ်ီးျမႇင့္ရာမွာေတာ့ ေအစီမီလန္ဂိုးသမား မိုက္ ေမၫြန္က တစ္ရာသီလုံးမွာ Clean Sheet ၁၇ ပြဲနဲ႔ အေကာင္းဆုံးဂိုးသမားဆုကို ရရွိသြားခဲ့ၿပီး ဒီေန႔ပြဲမွာ သြင္းဂိုးသုံးဂိုးစလုံးကို ဖန္တီးေပးႏိုင္ခဲ့တဲ့ ေတာင္ပံကစားသမား ရာဖယ္လ္ လီယာအိုကေတာ့ တန္ဖိုး အရွိဆုံး ကစားသမား Most Valuable Player MVP ဆုကို ရရွိသြားပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.