Match Report Premier League

အဲဗာတန်ကို ဂိုးပြတ်နိုင်ပွဲက အလာကောင်းပေမယ့် အခါနှောင်းခဲ့ရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆီးဒရစ်၊ ဟိုးလ်ဒင်း၊ ဂါဘရီယယ်လ်နဲ့ နူနို တာဗာရက်စ်တို့ကို သုံးစွဲခဲ့ပြီး ကွင်းလယ်မှာတော့ ချာကာနဲ့ အယ်လ်နန်နီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်ပိုင်းမှာတော့ နကီးတီးယားကို ရှေ့က တင်ပြီး မာတီနယ်လီ၊ အော်ဒီဂွါဒ်နဲ့ ဆာကာတို့က နောက်ကနေ ပံ့ပိုးပေးတဲ့ ပုံစံနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။

အဲဗာတန်တို့ကတော့ ဂိုးသမားနေရာမှာ ပစ်ခ်ဖို့ဒ်အစား ဘီဂိုဗစ်ချ် ပါဝင်လာခဲ့ပြီး ခံစစ်မှာတော့ ဟိုလ်ဂိတ်၊ မိုက်ကယ် ကီးန်နဲ့ ဘရန့်သ်ဝိတ်တို့ ပွဲထွက်လာခဲ့ကြသလို ကွင်းလယ်မှာတော့ ဒေးဗီးစ်၊ ဒူကူရေး၊ အီဝိုဘီနဲ့ မစ်ကိုလန်ကိုတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ ကဲလ်ဗတ်-လူဝင်၊ အယ်လီနဲ့ ဂရေးတို့ကို သုံးစွဲလာခဲ့တာပါ။

ပွဲချိန် ၂၃ မိနစ်မှာ မာတီနယ်လီရဲ့ ကန်ချက်က အီဝိုဘီရဲ့ လက်မောင်းနဲ့ ထိသွားခဲ့တာကို ဒိုင်လူကြီးက ဆက်ကစားခိုင်းခဲ့ပေမယ့် VAR အဖွဲ့ကတော့ ဒါဟာ ပင်နယ်တီ ပေးလောက်တဲ့ ပြစ်မှုဖြစ်နိုင်ကြောင်း ဒိုင်လူကြီး အွန်ဒရေ မာရင်နာကို အသိပေးခဲ့တဲ့အတွက် ကွင်းဘေး မော်နီတာမှာ ပြန်ကြည့်ခဲ့ရပြီး နိုင်ဂျီးရီးသားအနေနဲ့ လက်ကို မူလအနေအထားကနေ ဆန့်ထုတ်ခဲ့တာက သိသာခဲ့တာကြောင့် ပင်နယ်တီသတ်မှတ်ပေးခဲ့ပါတယ်။

ဒီပင်နယ်တီကိုတော့ ကန်နေကျ ဆာကာအစား ရှာဖွေနိုင်ခဲ့တဲ့ ဘယ်တောင်ပံသမား မာတီနယ်လီက တာဝန်ယူကန်သွင်းခဲ့ပြီး အဲဗာတန်ဂိုးသမား ဘီဂိုဗစ်ချ်ရဲ့ အချိန်ဆွဲနေတဲ့ ဗျူဟာကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်ခဲ့သလို လူတခြား ဘောလုံးတခြားဖြစ်အောင် လှည့်စားကန်သွင်းနိုင်ခဲ့တာကြောင့် ပွဲချိန် ၂၇ မိနစ်မှာ အာဆင်နယ်တို့ စတင်ဦးဆောင်ခဲ့ပါတယ်။

ပွဲချိန် ၃၁ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်မံရယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဆာကာ ကန်တင်ပေးတာကို မာတီနယ်လီက ပြေးထွက်ပြီး နောက်ပြန်တိုက်ချပေးရာမှာ အဆင်သင့် နေရာယူထားတဲ့ နကီးတီးယားက ထပ်ဆင့်ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒီနောက်ပိုင်းမှာ အာဆင်နယ်တို့ အခွင့်အရေးတွေကို ဖြုန်းတီးအပြီးမှာတော့ အဲဗာတန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဒူကူရေးအစား ဝင်လာခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒဘိခ်က ညာခြမ်းကနေ ကဲလ်ဗတ်-လူဝင် ချိုးပေးတဲ့ အနိမ့်ဘောကို ဗျာများနေတဲ့ ဟိုးလ်ဒင်းရဲ့နောက်ကနေ အချိန်ကိုက် ပြေးဝင် ပိတ်သွင်းနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယ အနိုင်ဂိုး ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောတွေကနေ ခပ်ကြောင်ကြောင် အတိုပေးမှုတွေကို ပြန်ဖြတ်တင်နေတဲ့ ပုံစံအစား ဘယ်ထောင့်ကန်ဘောကို ဆာကာ လှိမ့်ပေးရာမှာ အချိန်ကိုက် ပြေးဝင်ကန်သွင်းခဲ့တဲ့ ဆီးဒရစ်ရဲ့ ကန်ချက်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး အဲဗာတန်ခံစစ်ကို အငိုက်မိစေနိုင်ခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ စတုတ္ထအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ရသွားခဲ့တဲ့ ဆီးဒရစ်က ဧရိယာထဲကို ဆွဲပြေးပြီး အဲဗာတန်ခံစစ်ကြားကနေ ခင်းပေးခဲ့ရာမှာ လူကျွံထောင်ချောက်ကို ဖြတ်ကျော်ထွက်သွားခဲ့တဲ့ နောက်ခံလူ ဂါဘရီယယ်လ်က အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘီဂိုဗစ်ချ်လက်နဲ့ ထိပြီး ဝင်သွားခဲ့လို့ လေးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချာကာအစား ဆမ်ဘီ လိုကွန်ဂါ၊ နကီးတီးယားအစား လာကာဇက်နဲ့ ဆာကာအစား ပေပေတို့ကို အာဆင်နယ်တို့ လဲလှယ်ကစားသွားခဲ့ကြပြီး အဲဗာတန်ဘက်ကတော့ အယ်လီအစား ဂေါ်ဒန်နဲ့ ဒေးဗီးစ်အစား ပရိုက်စ်တို့ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်သွားခဲ့ကြတာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ အာဆင်နယ်တို့ ပွဲသိမ်း ပဉ္စမဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အဲဗာတန်ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဂိုးစည်းမကျော်ခင် လိုက်လံရယူနိုင်ခဲ့တဲ့ လူစားဝင်ကစားသမား ပေပေ ပြန်ပေးတာကို အော်ဒီဂွါဒ်က တစ်ကိုယ်တော်ခြေစွမ်းနဲ့ ခံစစ်သမားတွေ အများကြီး ရှိနေတဲ့ ကြားကနေ အဝေးတိုင်ဘက်ကို မြေလှိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဘီဂိုဗစ်ချ် မမီလိုက်လို့ နောက်တစ်ဂိုး ထပ်ပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ ငါးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပေမယ့် အလာကောင်းတာက အခါနှောင်းပြီလို့ပဲ ပြောစရာဖြစ်ခဲ့သလို စပါးစ်နဲ့ နယူးကာဆယ်လ်တို့ကို ဆက်တိုက်ရှုံးခဲ့တာက သူတို့အတွက် ကြီးမားတဲ့ သင်ခန်းစာဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ကို အဆင့် ၅ နေရာက ရာသီသိမ်းရင်း လာမယ့်ရာသီမှာ ချန်ပီယံလိဂ်အစား ယူရိုပါလိဂ်ကိုပဲ ကစားခွင့်ရတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဆီးဒရစ္၊ ဟိုးလ္ဒင္း၊ ဂါဘရီယယ္လ္နဲ႔ ႏူႏို တာဗာရက္စ္တို႔ကို သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခ်ာကာနဲ႔ အယ္လ္နန္နီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္ပိုင္းမွာေတာ့ နကီးတီးယားကို ေရွ႕က တင္ၿပီး မာတီနယ္လီ၊ ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔က ေနာက္ကေန ပံ့ပိုးေပးတဲ့ ပုံစံနဲ႔ ပြဲထြက္လာခဲ့ၾကပါတယ္။

အဲဗာတန္တို႔ကေတာ့ ဂိုးသမားေနရာမွာ ပစ္ခ္ဖို႔ဒ္အစား ဘီဂိုဗစ္ခ်္ ပါဝင္လာခဲ့ၿပီး ခံစစ္မွာေတာ့ ဟိုလ္ဂိတ္၊ မိုက္ကယ္ ကီးန္နဲ႔ ဘရန႔္သ္ဝိတ္တို႔ ပြဲထြက္လာခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ေဒးဗီးစ္၊ ဒူကူေရး၊ အီဝိုဘီနဲ႔ မစ္ကိုလန္ကိုတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ ကဲလ္ဗတ္-လူဝင္၊ အယ္လီနဲ႔ ဂေရးတို႔ကို သုံးစြဲလာခဲ့တာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာ မာတီနယ္လီရဲ႕ ကန္ခ်က္က အီဝိုဘီရဲ႕ လက္ေမာင္းနဲ႔ ထိသြားခဲ့တာကို ဒိုင္လူႀကီးက ဆက္ကစားခိုင္းခဲ့ေပမယ့္ VAR အဖြဲ႕ကေတာ့ ဒါဟာ ပင္နယ္တီ ေပးေလာက္တဲ့ ျပစ္မႈျဖစ္ႏိုင္ေၾကာင္း ဒိုင္လူႀကီး အြန္ဒေရ မာရင္နာကို အသိေပးခဲ့တဲ့အတြက္ ကြင္းေဘး ေမာ္နီတာမွာ ျပန္ၾကည့္ခဲ့ရၿပီး ႏိုင္ဂ်ီးရီးသားအေနနဲ႔ လက္ကို မူလအေနအထားကေန ဆန႔္ထုတ္ခဲ့တာက သိသာခဲ့တာေၾကာင့္ ပင္နယ္တီသတ္မွတ္ေပးခဲ့ပါတယ္။

ဒီပင္နယ္တီကိုေတာ့ ကန္ေနက် ဆာကာအစား ရွာေဖြႏိုင္ခဲ့တဲ့ ဘယ္ေတာင္ပံသမား မာတီနယ္လီက တာဝန္ယူကန္သြင္းခဲ့ၿပီး အဲဗာတန္ဂိုးသမား ဘီဂိုဗစ္ခ်္ရဲ႕ အခ်ိန္ဆြဲေနတဲ့ ဗ်ဴဟာကိုလည္း တည္တည္ၿငိမ္ၿငိမ္နဲ႔ ေက်ာ္ျဖတ္ခဲ့သလို လူတျခား ေဘာလုံးတျခားျဖစ္ေအာင္ လွည့္စားကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ပြဲခ်ိန္ ၂၇ မိနစ္မွာ အာဆင္နယ္တို႔ စတင္ဦးေဆာင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယဂိုး ထပ္မံရယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ဆာကာ ကန္တင္ေပးတာကို မာတီနယ္လီက ေျပးထြက္ၿပီး ေနာက္ျပန္တိုက္ခ်ေပးရာမွာ အဆင္သင့္ ေနရာယူထားတဲ့ နကီးတီးယားက ထပ္ဆင့္ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ အာဆင္နယ္တို႔ အခြင့္အေရးေတြကို ျဖဳန္းတီးအၿပီးမွာေတာ့ အဲဗာတန္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဒူကူေရးအစား ဝင္လာခဲ့တဲ့ ကြင္းလယ္လူ ဗန္ဒဘိခ္က ညာျခမ္းကေန ကဲလ္ဗတ္-လူဝင္ ခ်ိဳးေပးတဲ့ အနိမ့္ေဘာကို ဗ်ာမ်ားေနတဲ့ ဟိုးလ္ဒင္းရဲ႕ေနာက္ကေန အခ်ိန္ကိုက္ ေျပးဝင္ ပိတ္သြင္းႏိုင္ခဲ့လို႔ ပထမပိုင္းအၿပီးမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စအၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယ အႏိုင္ဂိုး ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာေတြကေန ခပ္ေၾကာင္ေၾကာင္ အတိုေပးမႈေတြကို ျပန္ျဖတ္တင္ေနတဲ့ ပုံစံအစား ဘယ္ေထာင့္ကန္ေဘာကို ဆာကာ လွိမ့္ေပးရာမွာ အခ်ိန္ကိုက္ ေျပးဝင္ကန္သြင္းခဲ့တဲ့ ဆီးဒရစ္ရဲ႕ ကန္ခ်က္က ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ၿပီး အဲဗာတန္ခံစစ္ကို အငိုက္မိေစႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ စတုတၳအႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ရသြားခဲ့တဲ့ ဆီးဒရစ္က ဧရိယာထဲကို ဆြဲေျပးၿပီး အဲဗာတန္ခံစစ္ၾကားကေန ခင္းေပးခဲ့ရာမွာ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ထြက္သြားခဲ့တဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္က အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ဘီဂိုဗစ္ခ်္လက္နဲ႔ ထိၿပီး ဝင္သြားခဲ့လို႔ ေလးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ာကာအစား ဆမ္ဘီ လိုကြန္ဂါ၊ နကီးတီးယားအစား လာကာဇက္နဲ႔ ဆာကာအစား ေပေပတို႔ကို အာဆင္နယ္တို႔ လဲလွယ္ကစားသြားခဲ့ၾကၿပီး အဲဗာတန္ဘက္ကေတာ့ အယ္လီအစား ေဂၚဒန္နဲ႔ ေဒးဗီးစ္အစား ပ႐ိုက္စ္တို႔ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္သြားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ပြဲသိမ္း ပၪၥမဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အဲဗာတန္ခံစစ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ဂိုးစည္းမေက်ာ္ခင္ လိုက္လံရယူႏိုင္ခဲ့တဲ့ လူစားဝင္ကစားသမား ေပေပ ျပန္ေပးတာကို ေအာ္ဒီဂြါဒ္က တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ခံစစ္သမားေတြ အမ်ားႀကီး ရွိေနတဲ့ ၾကားကေန အေဝးတိုင္ဘက္ကို ေျမလွိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဘီဂိုဗစ္ခ်္ မမီလိုက္လို႔ ေနာက္တစ္ဂိုး ထပ္ေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔ ငါးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ေပမယ့္ အလာေကာင္းတာက အခါေႏွာင္းၿပီလို႔ပဲ ေျပာစရာျဖစ္ခဲ့သလို စပါးစ္နဲ႔ နယူးကာဆယ္လ္တို႔ကို ဆက္တိုက္ရႈံးခဲ့တာက သူတို႔အတြက္ ႀကီးမားတဲ့ သင္ခန္းစာျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္ကို အဆင့္ ၅ ေနရာက ရာသီသိမ္းရင္း လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္အစား ယူ႐ိုပါလိဂ္ကိုပဲ ကစားခြင့္ရေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.