Match Report Premier League

မန်စီးတီးကို ဖိအားမပေးနိုင်တဲ့ ခြေစွမ်းကြောင့် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဆာလားနဲ့ ဗန်ဒိုက်တို့ကို အရန်ခုံမှာပဲ ထားခဲ့ပြီး ခံစစ်မှာ အယ်လစ်ဆန်၊ မာတစ်ပ်၊ ကိုနာတေ၊ ရောဘတ်ဆန်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ကီတာ၊ ဟန်ဒါဆန်၊ သီယာဂိုတို့နဲ့ အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ လူးဝစ် ဒီယက်ဇ်၊ ဂျိုတာ၊ မာနေးတို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ဝုလ်ဗာဟမ့်ပ်တန်အသင်းကတော့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ကိုဒီ၊ ဘိုလီနဲ့ တိုတီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အိုက်နူရီ၊ ဂျွန်နီ အော့တို၊ ဒန်ဒွန့်ကာ၊ ရူဘင် နာဗက်စ်နဲ့ ဂျာအို မော်တင်ညိုတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ပက်ဒရို နီတိုနဲ့ ရာအူးလ် ဟီမီနက်ဇ်တို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၃ မိနစ်မှာကတည်းက ဝုလ်ဗ်စ်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဂိုးသမား ဂျိုဆေးဆား ကန်တင်လိုက်တဲ့ ဘောလုံးကို ကိုနာတေ ခေါင်းတိုက်တာ တိုင်မင်လွဲပြီး မထိလိုက်ဘဲ ကျလာခဲ့တာကနေ ညာတောင်ပံက ရာအူးလ် ဟီမီနက်ဇ်က ဆွဲပြေးပြီး အနိမ့်ဘော ဖြတ်ချိုးပေးခဲ့တာကို နီတိုက ဘယ်ဘက်တိုင်နားက စောင့်ပြီး ပိတ်သွင်းနိုင်ခဲ့လို့ လီဗာပူးလ်တို့ နောက်က လိုက်ကစားခဲ့ကြရတာပါ။

ဒီဂိုးပေးခဲ့ရအပြီးမှာ မာတစ်ပ်ရဲ့ ခေါင်းတိုက်ချက်က ချေပဂိုးဖြစ်ဖို့ အနည်းငယ် လွဲချော်သွားခဲ့သလို လူးဝစ် ဒီယက်ဇ်ရဲ့ ထိုးဖောက်မှုကိုတော့ ဂိုးသမား  ဂျိုဆေးဆားက ခြေထောက်ထဲကနေ ပိတ်ဆို့ကာကွယ်သွားခဲ့ပြီး ပွဲချိန် ၁၇ မိနစ်မှာတော့ နီတို ဖြတ်ပို့ပေးတာကို ဒန်ဒွန့်ကာ အပိုင်ပိတ်ပေမယ့် ဂိုးတိုင်ဘေးက ထွက်သွားခဲ့တာကြောင့် လီဗာပူးလ်တို့ စမုံတုံးဖို့နဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ကိုနာတေ ပေးတဲ့ ဘောလုံးကို သီယာဂိုက လက်ခံယူမလိုလိုနဲ့ မယူဘဲ နောက်ပေါက်နဲ့ချိတ်ပြီး ဝုလ်ဗ်စ်ခံစစ်ကြားကို ချပေးခဲ့ရာမှာ မာနေးက အလိုက်သင့် ပြေးထွက်ပြီး ဂိုးသမားနဲ့ တစ်ယောက်ချင်း အတွေ့မှာ အပိုင်ကန်သွင်းနိုင်ခဲ့လို့ တစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၈ မိနစ်မှာ အာနိုးလ်ဒ်ပေးတာကို ရောဘတ်ဆန် အပိုင်ပိတ်တာက ဘားကျော်သွားခဲ့သလို လီဗာပူးလ်တို့ တိုက်စစ်ကတော့ အပြုန်းအတီး များနေခဲ့ပြီး ခံစစ်ကတော့ ခုမှ တွဲကစားတဲ့ ကိုနာတေနဲ့ မာတစ်ပ်တို့ နားလည်မှုနည်းခဲ့ချိန်မှာ လူကျွံထောင်ချောက်တွေက ပေါက်ထွက်ခဲ့ပြီး ဟီမီနက်ဇ်ရဲ့ ကန်ချက်ကို အယ်လစ်ဆန် တားဆီးနိုင်ခဲ့လို့သာ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စချိန်မှာ သီယာဂိုအစား မီလ်နာ ဝင်ကစားခဲ့ပြီး လီဗာပူးလ်တို့ရဲ့ ပွဲချိန် မိနစ် ၅၀ က မာနေးရဲ့ သွင်းဂိုးကတော့ လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရသလို ပွဲချိန် ၅၈ မိနစ်မှာတော့ ဂျိုတာအစား ဆာလား ဝင်ကစားခဲ့ပြီး မကြာခင်မှာပဲ အာနိုးလ်ဒ်ရဲ့ ကန်ချက်ကို လူစားဝင်ဂိုးသမား ရပ်ဒီ ပုတ်ထုတ်ခဲ့ရသလို ဆာလားရဲ့ ပိတ်သွင်းမှုကတော့ ဘားကျော်သွားခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ကီတာအစား ဖာမီနိုကို ထည့်သွင်းပြီး အနိုင်ဂိုးရဖို့ လီဗာပူးလ်တို့ ပိုမိုအာရုံစိုက်လာခဲ့သလို ဆာလားနဲ့ အာနိုးလ်ဒ်တို့ရဲ့ ကန်ချက်တွေကိုတော့ ဝုလ်ဗ်စ်ခံစစ်နဲ့ ဂိုးသမားတို့ ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့ကြချိန်မှာ တိုက်စစ်ပိုင်းကတော့ အိမ်ရှင်တွေကို ကောင်တာတွေကနေ မကြာခဏ ပြန်လည်ခြိမ်းခြောက်နေခဲ့ပါတယ်။

ဒီအချိန်အထိ အိမ်ကွင်းမှာ သရေသာ ရထားခဲ့တာက တစ်ဖက်က တစ်ပြိုင်တည်း ကစားနေတဲ့ မန်ချက်စတာစီးတီးကို ဖိအားမပေးနိုင်ဘဲ ဖြစ်စေခဲ့ပြီး အန်းဖီးလ်မှာ စောစောစီးစီး နိုင်ပွဲယူထားရမယ့်အစား အချိန်နှောင့်နှေးနေခဲ့တာက အစ်တီဟတ်မှာ ရှုံးနိမ့်နေခဲ့တဲ့ အိမ်ရှင်တွေကို ကြိုးစားဖို့ စိတ်ဓာတ်မြှင့်ပေးလိုက်သလိုဖြစ်ခဲ့ပြီး ဒီနေ့ပွဲက ယာဂန် ကလော့ပ်အတွက်တော့ အလဟဿဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ လီဗာပူးလ်တို့တွေ အနိုင်ဂိုး ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ မာတစ်ပ်ရဲ့ ခေါင်းတိုက်ချက်ကို ဟီမီနက်ဇ်က ဂိုးစည်းပေါ်ကနေ ရှင်းထုတ်သွားနိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကိုတော့ မာတစ်ပ်ပဲ ခေါင်းပြန်တိုက်ချပေးတာကို ဆာလားက နောက်ခံလူရဲ့ ခြေထောက်ကြားကနေ အနီးကပ် ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

လီဗာပူးလ်တို့ အနိုင်သုံးမှတ်ကို သေချာစေမယ့်ဂိုးကိုတော့ ပွဲချိန် ၈၉ မိနစ်မှာ ရရှိခဲ့ပြီး ဘယ်ခြမ်းကနေ ဧရိယာထဲ ပြေးဝင်ခဲ့တဲ့ ဖာမီနိုက သူ့ကို ပိတ်ဆို့ခဲ့တဲ့ ဂိုးသမား အမိမခံဘဲ ဘောလုံးကို နောက်ပြန်ချိုးပေးရာမှာ နောက်က ပါလာခဲ့တဲ့ ရောဘတ်ဆန်က လျှောထိုးကန်သွင်းပြီး တတိယဂိုးနဲ့ သုံးမှတ် ရယူဖို့ ကြိုးစားပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပေမယ့် တစ်ဖက်က မန်စီးတီးတို့ Come Back Win နဲ့ ဗီလာတို့အပေါ် နိုင်ပွဲရယူသွားနိုင်တာကြောင့် အန်းဖီးလ်နိုင်ပွဲက ပျော်စရာမကောင်းဘဲဖြစ်ခဲ့ရပြီး ကျန်နေသေးတဲ့ ချန်ပီယံလိဂ်ဖလားကိုသာ ဒီရာသီ တတိယမြောက် ဆုဖလားအဖြစ် ရယူနိုင်ဖို့ အာရုံစိုက်ရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဆာလားနဲ႔ ဗန္ဒိုက္တို႔ကို အရန္ခုံမွာပဲ ထားခဲ့ၿပီး ခံစစ္မွာ အယ္လစ္ဆန္၊ မာတစ္ပ္၊ ကိုနာေတ၊ ေရာဘတ္ဆန္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တို႔နဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ကီတာ၊ ဟန္ဒါဆန္၊ သီယာဂိုတို႔နဲ႔ အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ လူးဝစ္ ဒီယက္ဇ္၊ ဂ်ိဳတာ၊ မာေနးတို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

ဝုလ္ဗာဟမ့္ပ္တန္အသင္းကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ကိုဒီ၊ ဘိုလီနဲ႔ တိုတီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အိုက္ႏူရီ၊ ဂြၽန္နီ ေအာ့တို၊ ဒန္ဒြန႔္ကာ၊ ႐ူဘင္ နာဗက္စ္နဲ႔ ဂ်ာအို ေမာ္တင္ညိဳတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ပက္ဒ႐ို နီတိုနဲ႔ ရာအူးလ္ ဟီမီနက္ဇ္တို႔ကို ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက ဝုလ္ဗ္စ္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဂိုးသမား ဂ်ိဳေဆးဆား ကန္တင္လိုက္တဲ့ ေဘာလုံးကို ကိုနာေတ ေခါင္းတိုက္တာ တိုင္မင္လြဲၿပီး မထိလိုက္ဘဲ က်လာခဲ့တာကေန ညာေတာင္ပံက ရာအူးလ္ ဟီမီနက္ဇ္က ဆြဲေျပးၿပီး အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးခဲ့တာကို နီတိုက ဘယ္ဘက္တိုင္နားက ေစာင့္ၿပီး ပိတ္သြင္းႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ေနာက္က လိုက္ကစားခဲ့ၾကရတာပါ။

ဒီဂိုးေပးခဲ့ရအၿပီးမွာ မာတစ္ပ္ရဲ႕ ေခါင္းတိုက္ခ်က္က ေခ်ပဂိုးျဖစ္ဖို႔ အနည္းငယ္ လြဲေခ်ာ္သြားခဲ့သလို လူးဝစ္ ဒီယက္ဇ္ရဲ႕ ထိုးေဖာက္မႈကိုေတာ့ ဂိုးသမား ဂ်ိဳေဆးဆားက ေျခေထာက္ထဲကေန ပိတ္ဆို႔ကာကြယ္သြားခဲ့ၿပီး ပြဲခ်ိန္ ၁၇ မိနစ္မွာေတာ့ နီတို ျဖတ္ပို႔ေပးတာကို ဒန္ဒြန႔္ကာ အပိုင္ပိတ္ေပမယ့္ ဂိုးတိုင္ေဘးက ထြက္သြားခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ စမုံတုံးဖို႔နဲ႔ ေဝးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ကိုနာေတ ေပးတဲ့ ေဘာလုံးကို သီယာဂိုက လက္ခံယူမလိုလိုနဲ႔ မယူဘဲ ေနာက္ေပါက္နဲ႔ခ်ိတ္ၿပီး ဝုလ္ဗ္စ္ခံစစ္ၾကားကို ခ်ေပးခဲ့ရာမွာ မာေနးက အလိုက္သင့္ ေျပးထြက္ၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္း အေတြ႕မွာ အပိုင္ကန္သြင္းႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာ အာႏိုးလ္ဒ္ေပးတာကို ေရာဘတ္ဆန္ အပိုင္ပိတ္တာက ဘားေက်ာ္သြားခဲ့သလို လီဗာပူးလ္တို႔ တိုက္စစ္ကေတာ့ အျပဳန္းအတီး မ်ားေနခဲ့ၿပီး ခံစစ္ကေတာ့ ခုမွ တြဲကစားတဲ့ ကိုနာေတနဲ႔ မာတစ္ပ္တို႔ နားလည္မႈနည္းခဲ့ခ်ိန္မွာ လူကြၽံေထာင္ေခ်ာက္ေတြက ေပါက္ထြက္ခဲ့ၿပီး ဟီမီနက္ဇ္ရဲ႕ ကန္ခ်က္ကို အယ္လစ္ဆန္ တားဆီးႏိုင္ခဲ့လို႔သာ ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းျပန္စခ်ိန္မွာ သီယာဂိုအစား မီလ္နာ ဝင္ကစားခဲ့ၿပီး လီဗာပူးလ္တို႔ရဲ႕ ပြဲခ်ိန္ မိနစ္ ၅၀ က မာေနးရဲ႕ သြင္းဂိုးကေတာ့ လူကြၽံေဘာအျဖစ္ ပယ္ဖ်က္ခံခဲ့ရသလို ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဂ်ိဳတာအစား ဆာလား ဝင္ကစားခဲ့ၿပီး မၾကာခင္မွာပဲ အာႏိုးလ္ဒ္ရဲ႕ ကန္ခ်က္ကို လူစားဝင္ဂိုးသမား ရပ္ဒီ ပုတ္ထုတ္ခဲ့ရသလို ဆာလားရဲ႕ ပိတ္သြင္းမႈကေတာ့ ဘားေက်ာ္သြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ကီတာအစား ဖာမီႏိုကို ထည့္သြင္းၿပီး အႏိုင္ဂိုးရဖို႔ လီဗာပူးလ္တို႔ ပိုမိုအာ႐ုံစိုက္လာခဲ့သလို ဆာလားနဲ႔ အာႏိုးလ္ဒ္တို႔ရဲ႕ ကန္ခ်က္ေတြကိုေတာ့ ဝုလ္ဗ္စ္ခံစစ္နဲ႔ ဂိုးသမားတို႔ ပိတ္ဆို႔ကာကြယ္သြားႏိုင္ခဲ့ၾကခ်ိန္မွာ တိုက္စစ္ပိုင္းကေတာ့ အိမ္ရွင္ေတြကို ေကာင္တာေတြကေန မၾကာခဏ ျပန္လည္ၿခိမ္းေျခာက္ေနခဲ့ပါတယ္။

ဒီအခ်ိန္အထိ အိမ္ကြင္းမွာ သေရသာ ရထားခဲ့တာက တစ္ဖက္က တစ္ၿပိဳင္တည္း ကစားေနတဲ့ မန္ခ်က္စတာစီးတီးကို ဖိအားမေပးႏိုင္ဘဲ ျဖစ္ေစခဲ့ၿပီး အန္းဖီးလ္မွာ ေစာေစာစီးစီး ႏိုင္ပြဲယူထားရမယ့္အစား အခ်ိန္ေႏွာင့္ေႏွးေနခဲ့တာက အစ္တီဟတ္မွာ ရႈံးနိမ့္ေနခဲ့တဲ့ အိမ္ရွင္ေတြကို ႀကိဳးစားဖို႔ စိတ္ဓာတ္ျမႇင့္ေပးလိုက္သလိုျဖစ္ခဲ့ၿပီး ဒီေန႔ပြဲက ယာဂန္ ကေလာ့ပ္အတြက္ေတာ့ အလဟႆျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ေတြ အႏိုင္ဂိုး ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန မာတစ္ပ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဟီမီနက္ဇ္က ဂိုးစည္းေပၚကေန ရွင္းထုတ္သြားႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့ ေဘာလုံးကိုေတာ့ မာတစ္ပ္ပဲ ေခါင္းျပန္တိုက္ခ်ေပးတာကို ဆာလားက ေနာက္ခံလူရဲ႕ ေျခေထာက္ၾကားကေန အနီးကပ္ ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

လီဗာပူးလ္တို႔ အႏိုင္သုံးမွတ္ကို ေသခ်ာေစမယ့္ဂိုးကိုေတာ့ ပြဲခ်ိန္ ၈၉ မိနစ္မွာ ရရွိခဲ့ၿပီး ဘယ္ျခမ္းကေန ဧရိယာထဲ ေျပးဝင္ခဲ့တဲ့ ဖာမီႏိုက သူ႔ကို ပိတ္ဆို႔ခဲ့တဲ့ ဂိုးသမား အမိမခံဘဲ ေဘာလုံးကို ေနာက္ျပန္ခ်ိဳးေပးရာမွာ ေနာက္က ပါလာခဲ့တဲ့ ေရာဘတ္ဆန္က ေလွ်ာထိုးကန္သြင္းၿပီး တတိယဂိုးနဲ႔ သုံးမွတ္ ရယူဖို႔ ႀကိဳးစားေပးခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔ သုံးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကေပမယ့္ တစ္ဖက္က မန္စီးတီးတို႔ Come Back Win နဲ႔ ဗီလာတို႔အေပၚ ႏိုင္ပြဲရယူသြားႏိုင္တာေၾကာင့္ အန္းဖီးလ္ႏိုင္ပြဲက ေပ်ာ္စရာမေကာင္းဘဲျဖစ္ခဲ့ရၿပီး က်န္ေနေသးတဲ့ ခ်န္ပီယံလိဂ္ဖလားကိုသာ ဒီရာသီ တတိယေျမာက္ ဆုဖလားအျဖစ္ ရယူႏိုင္ဖို႔ အာ႐ုံစိုက္ရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.