Premier League

ဗန္ဒိုက္ဟာ ကမာၻ႕အေကာင္းဆုံးေနာက္ခံလူလို႔ သူ႕ရဲ႕ ငါးဦးစာရင္းမွာ ထိပ္ဆုံးက ခ်ီးက်ဴးလုိက္တဲ့ ဖာဒီနန္

လိဒ္စ္ယူႏုိက္တက္နဲ႔ မန္ခ်က္စတာယူႏုိက္တက္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က လီဗာပူးလ္အသင္းရဲ႕ ဗဟိုေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ဟာ လက္ရွိအခ်ိန္မွာ ကမာၻ႕အေကာင္းဆုံးေနာက္တန္းကစားသမားျဖစ္တယ္လို႔ သူ႕ရဲ႕ ငါးဦးေရြးခ်ယ္ခဲ့တဲ့ လူစာရင္းမွာ ထိပ္ဆုံးကထားၿပီး ခ်ီးက်ဴးလုိက္ပါတယ္။

သူ႕ေခတ္ သူ႕အခါက ကမာၻ႕စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကးရွင္ ခံစစ္မွဴးျဖစ္ခဲ့တဲ့ ဖာဒီနန္က ဒီေခတ္မွာ ဗဟိုေနာက္ခံလူေကာင္းေတြ ရွားပါလာၿပီ ျဖစ္ၿပီး သူ႕ေခတ္တုန္းက ဆယ္ေယာက္ေလာက္ကို လြယ္လြယ္ေရြးခ်ယ္ျပႏုိင္ခ်ိန္မွာ ဒီေခတ္မွာေတာ့ လက္တစ္ဖက္ျပည့္ေအာင္ မနည္းစဥ္းစားေနရတယ္လုိ႔လည္း ေျပာလုိက္ၿပီး ဒီထဲမွာေတာ့ ဗန္ဒိုက္က ထိပ္ဆုံးပဲလုိ႔လည္း ဆုိပါတယ္။

“ဒီေန႔ေခတ္ ေနာက္ခံလူေတြကို မေလးစားတာ၊ ေစာ္ကားတာေတာ့ မဟုတ္ပါဘူး။ တကယ့္ ထိပ္တန္းေနာက္ခံဗဟိုလူေတြကေတာ့ ရွားပါးလာတာ အမွန္ပါပဲ။ သူတုိ႔ထဲမွာ ဗန္ဒိုက္ကေတာ့ ၿပဳိင္ဆုိင္စရာမလိုဘဲ ကြဲကြဲျပားျပား ျမင္ႏုိင္တဲ့သူမ်ဳိးျဖစ္သလို ကၽြန္ေတာ္တုိ႔ေခတ္ကို ေခၚလာမယ္ဆုိရင္လည္း ထိပ္တန္းကစားသမားျဖစ္ေနမွာပါပဲ”လို႔ ဖာဒီနန္က ခ်ီးက်ဴးလိုက္ပါတယ္။

ဖာဒီနန္က ေဘာလုံးပြဲေတြရဲ႕ ေျပာင္းလဲလာတဲ့ နည္းစနစ္နဲ႔ ကစားကြက္အရ ခံစစ္မွဴးေတြဟာ တုိက္စစ္မွဴးေတြနဲ႔ ပိုထိေတြ႕လာရၿပီး ဒီထဲမွာ ဗန္ဒိုက္ဟာ တုိက္စစ္မွဴး ႏွစ္ဦးကို တစ္ေယာက္တည္း ခုခံကာကြယ္ရခ်ိန္မွာေတာင္ အေကာင္းဆုံးလုပ္ျပႏုိင္သူျဖစ္ၿပီး ဒီလိုမ်ဳိး စြမ္းေဆာင္ရည္ေတြနဲ႔ ကစားျပတာကို ပုိေတြ႕ျမင္ခ်င္ေသးတယ္လို႔လည္း ဆုိပါတယ္။

အဂၤလန္နဲ႔ မန္ယူေနာက္ခံလူေဟာင္းႀကီးရဲ႕ ေရြးခ်ယ္သြားခဲ့တဲ့ ထိပ္တန္းဗဟိုခံစစ္မွဴးစာရင္းမွာေတာ့ သူ႕ရဲ႕ မန္ယူတြဲဖက္ နီမန္ဂ်ာ ဗီဒစ္၊ အဂၤလန္အသင္းက တြဲဖက္ေတြျဖစ္တဲ့ ဆုိးလ္ ကမ္းဘဲလ္နဲ႔ ဂၽြန္တယ္ရီ၊ မန္စီးတီးေနာက္ခံလူေဟာင္း ဗင္းဆန္႔ ကြန္ပနီနဲ႔ ဗန္ဒိုက္တုိ႔ကုိ ထည့္သြင္းသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လိဒ်စ်ယူနိုက်တက်နဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ရီယို ဖာဒီနန်က လီဗာပူးလ်အသင်းရဲ့ ဗဟိုနောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးနောက်တန်းကစားသမားဖြစ်တယ်လို့ သူ့ရဲ့ ငါးဦးရွေးချယ်ခဲ့တဲ့ လူစာရင်းမှာ ထိပ်ဆုံးကထားပြီး ချီးကျူးလိုက်ပါတယ်။

သူ့ခေတ် သူ့အခါက ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ခံစစ်မှူးဖြစ်ခဲ့တဲ့ ဖာဒီနန်က ဒီခေတ်မှာ ဗဟိုနောက်ခံလူကောင်းတွေ ရှားပါလာပြီ ဖြစ်ပြီး သူ့ခေတ်တုန်းက ဆယ်ယောက်လောက်ကို လွယ်လွယ်ရွေးချယ်ပြနိုင်ချိန်မှာ ဒီခေတ်မှာတော့ လက်တစ်ဖက်ပြည့်အောင် မနည်းစဉ်းစားနေရတယ်လို့လည်း ပြောလိုက်ပြီး ဒီထဲမှာတော့ ဗန်ဒိုက်က ထိပ်ဆုံးပဲလို့လည်း ဆိုပါတယ်။

“ဒီနေ့ခေတ် နောက်ခံလူတွေကို မလေးစားတာ၊ စော်ကားတာတော့ မဟုတ်ပါဘူး။ တကယ့် ထိပ်တန်းနောက်ခံဗဟိုလူတွေကတော့ ရှားပါးလာတာ အမှန်ပါပဲ။ သူတို့ထဲမှာ ဗန်ဒိုက်ကတော့ ပြိုင်ဆိုင်စရာမလိုဘဲ ကွဲကွဲပြားပြား မြင်နိုင်တဲ့သူမျိုးဖြစ်သလို ကျွန်တော်တို့ခေတ်ကို ခေါ်လာမယ်ဆိုရင်လည်း ထိပ်တန်းကစားသမားဖြစ်နေမှာပါပဲ”လို့ ဖာဒီနန်က ချီးကျူးလိုက်ပါတယ်။

ဖာဒီနန်က ဘောလုံးပွဲတွေရဲ့ ပြောင်းလဲလာတဲ့ နည်းစနစ်နဲ့ ကစားကွက်အရ ခံစစ်မှူးတွေဟာ တိုက်စစ်မှူးတွေနဲ့ ပိုထိတွေ့လာရပြီး ဒီထဲမှာ ဗန်ဒိုက်ဟာ တိုက်စစ်မှူး နှစ်ဦးကို တစ်ယောက်တည်း ခုခံကာကွယ်ရချိန်မှာတောင် အကောင်းဆုံးလုပ်ပြနိုင်သူဖြစ်ပြီး ဒီလိုမျိုး စွမ်းဆောင်ရည်တွေနဲ့ ကစားပြတာကို ပိုတွေ့မြင်ချင်သေးတယ်လို့လည်း ဆိုပါတယ်။

အင်္ဂလန်နဲ့ မန်ယူနောက်ခံလူဟောင်းကြီးရဲ့ ရွေးချယ်သွားခဲ့တဲ့ ထိပ်တန်းဗဟိုခံစစ်မှူးစာရင်းမှာတော့ သူ့ရဲ့ မန်ယူတွဲဖက် နီမန်ဂျာ ဗီဒစ်၊ အင်္ဂလန်အသင်းက တွဲဖက်တွေဖြစ်တဲ့ ဆိုးလ် ကမ်းဘဲလ်နဲ့ ဂျွန်တယ်ရီ၊ မန်စီးတီးနောက်ခံလူဟောင်း ဗင်းဆန့် ကွန်ပနီနဲ့ ဗန်ဒိုက်တို့ကို ထည့်သွင်းသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.