Match Report Premier League

ဂွန်ဒိုးဝမ်ကောင်းမှုကြောင့် ချန်ပီယံဆုကို Come Back Win နဲ့ သိမ်းပိုက်နိုင်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂျွန်စတုန်းစ်ကို ညာခြမ်းမှာ သုံးခဲ့ပြီး ဖာနန်ဒင်ညိုနဲ့ လာပေါ့တ်ကို ဗဟိုခံစစ်မှာ တွဲပေးခဲ့သလို ဘယ်ခြမ်းမှာတော့ ကန်ဆယ်လိုနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဒီဘရိုင်းနားတို့ ကစားခဲ့ကြပြီး တိုက်စစ်မှာတော့ မာရက်ဇ်၊ ဂျေဆူးစ်နဲ့ ဖိုဒန်တို့ကို ဦးဆောင်စေခဲ့တာပါ။

အက်စ်တန်ဗီလာတို့ကတော့ အဝေးကွင်းမှာ ဂိုးသမား အော်လ်ဆန်၊ ခံစစ်မှာ တိုင်ရုန်း မင်းစ်၊ ချိမ်းဘားစ်၊ ဒီညာနဲ့ ကတ်ရှ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မက်ဂင်းနဲ့ ရမ်ဆေးတို့ ပွဲထွက်လာခဲ့သလို တိုက်စစ်မှာတော့ ကော်တင်ညို၊ ဘွင်ဒီယာနဲ့ ဝပ်ကင်းစ်တို့ကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

နှုတ်ဆက်ပွဲဖြစ်လို့ ဖာနန်ဒင်ညိုကို ထည့်လိုက်တာက မန်စီးတီးတို့ကို ဒုက္ခရောက်သွားစေနိုင်တဲ့ အကွက်ဖြစ်ခဲ့ပြီး သူနဲ့ လာပေါ့တ်တို့ကြားမှာ နားလည်မှုနည်းခဲ့သလို အတက်အဆင်းနဲ့ လူကပ်ကစားပုံတွေမှာလည်း နှစ်ယောက်စလုံးက ညံ့ဖျင်းနေခဲ့သလို ဒါကပဲ ချန်ပီယံဆုရဖို့ စိတ်အေးအောင်လုပ်နိုင်ရမယ့်အချိန်မှာ နောက်က လိုက်ကစားဖို့ ဖြစ်လာခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ အစ်တီဟတ်မှာ အက်စ်တန်ဗီလာတို့က အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ရမ်ဆေး တောက်လျှောက်ဆွဲတက်လာပြီး ဘယ်ခြမ်းကို ထိုးပေးရာမှာ ဒီညာရဲ့ ဖြတ်တင်ပေးပို့မှု ဝပ်ကင်းစ်ကို နှစ်ယောက်ပူးပြီး ကပ်နေတဲ့ လာပေါ့တ်နဲ့ ဖာနန်ဒင်ညိုတို့နှစ်ဦးကို ကျော်ကျအလာမှာ ညာနောက်ခံလူ မက်တီ ကတ်ရှ်က ပြေးဝင်ခေါင်းတိုက်သွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရလို့ မန်စီးတီးတို့အနေနဲ့ ချေပဂိုးအတွက် ဘောလုံးကိုင်ထားပြီး ဖိကစားခဲ့ပေမယ့်လည်း သူတို့ရဲ့ အဆုံးသတ်ပိုင်းနဲ့ ကစားပုံကတော့ နည်းပြ ဂွါဒီယိုလာကို စိတ်ပျက်စေအောင်ပဲ တတ်နိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဗီလာတို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ မြို့မေတ္တာခံယူနေတဲ့ ဖာနန်ဒင်ညိုအစား ဇင်ချန်ကိုနဲ့ လူစားလဲခဲ့ရတာပါ။

ဇင်ချန်ကိုက ဘယ်ခြမ်း၊ ကန်ဆယ်လိုက ညာခြမ်းနဲ့ စတုန်းစ်က အလယ်ပြန်ဝင်ကစားခဲ့ချိန်မှာ မန်စီးတီးတို့ ကစားကွက်က ပိုမိုတိုးတက်လာခဲ့ပေမယ့် ဖာနန်ဒင်ညိုနဲ့ တွဲထားပြီး ကယောင်ချောက်ချားဖြစ်နေတဲ့ လာပေါ့တ်ရဲ့ ကစားပုံက တော်တော်လေး အဆင်မပြေခဲ့တာကြောင့် အီဒါဆန် အသည်းအသန် ကာကွယ်နေခဲ့ရသလို ဂွါဒီယိုလာကတော့ မာရက်ဇ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့နေရာမှာ စတာလင်နဲ့ ဂွန်ဒိုးဝမ်တို့ကို လူစားသွင်းခဲ့ပါတယ်။

ဒါပေမယ့် ဂိုးသွင်းယူသွားသူကတော့ စီးတီးတို့ မဟုတ်ခဲ့ဘဲ ပွဲချိန် ၆၉ မိနစ်မှာ ဗီလာတို့ကပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူခဲ့ကြသလို ဒီဂိုးကိုတော့ ဂိုးသမား ကန်တင်လိုက်တဲ့ ဘောလုံးကို မရှင်းနိုင်ခဲ့တဲ့ ရိုဒရီကြောင့် ဝပ်ကင်းစ်က ခေါင်းတိုက်ချပေးရာမှာ ကော်တင်ညိုက ကမ္ဘာ့အဆင့် အထိန်းအသိမ်းနဲ့ တစ်ချက်ထိန်းပြီးမှ လာပေါ့တ်ကို ကျော်ဖြတ်ပြီး ချိုးကန်သွင်းခဲ့ရာမှာ ဂိုးသမား အီဒါဆန် ငုတ်တုတ်မေ့ခဲ့ရတာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ မန်စီးတီးနောက်တန်းကို ဖိအားပေးနေတဲ့ ကော်တင်ညိုအစား နာကမ်ဘာကို ထည့်ပြီး ခံစစ်ကစားခဲ့တာကတော့ ဗီလာနည်းပြ ဂျရတ်ရဲ့ အမှားပဲဖြစ်ခဲ့ပြီး ၄ မိနစ်အကြာ ပွဲချိန် ၇၆ မိနစ်မှာတော့ ညာခြမ်းက စတာလင်ရဲ့ ဖြတ်တင်ဘောက နေရာယူပုံ မှားနေတဲ့ မက်တီ ကတ်ရှ်ကို ကျော်ကျလာရာမှာ ဂွန်ဒိုးဝမ်က ခေါင်းတိုက်သွင်းပြီး ပထမချေပဂိုး ရယူသွားနိုင်ခဲ့ပါတယ်။

နှစ်မိနစ်အကြာမှာတော့ စီးတီးတို့ ပြန်လာနိုင်ခဲ့ကြပြီး ဂိုးကွာခြားချက်အရ ချန်ပီယံဖြစ်နိုင်စေမယ့်ဂိုးကို ပွဲချိန် ၇၈ မိနစ်မှာ ရရှိခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းက ဘောလုံးရသွားခဲ့တဲ့ ဇင်ချန်ကိုရဲ့ ဧရိယာထိပ်ကို ပြန်ပြီး Cut Back လုပ်ပေးတဲ့ ပေးပို့မှုကို ဒုတိယဂိုးမှာ အမှားမကင်းခဲ့တဲ့ ရိုဒရီက အနိမ့်ဘော ပိတ်သွင်းပြီး ဗီလာဂိုးသမား အော်လ်ဆန်ကို အနိုင်ယူသွားခဲ့တာပါ။

ဘောလုံးပွဲဆိုတာကလည်း ကြွေတစ်လက်၊ ကြက်တစ်ခုန်ဆိုသလိုပဲဖြစ်ခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာတော့ မန်စီးတီးတို့ နောက်က လိုက်ပြီး အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီတစ်ကြိမ်မှာလည်း လူစားဝင်ကစားသမား ဂွန်ဒိုးဝမ်က သူရဲကောင်းဖြစ်ခဲ့ပြီး တိုင်ရုန်းမင်းစ်ရဲ့ အမှားကနေ ဘောလုံးပြန်ရသွားတဲ့ ဒီဘရိုင်းနားက အဝေးတိုင်ဘက်ကို ချိုးပေးရာမှာ ဂွန်ဒိုးဝမ်က လိုက်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ နှစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပြီးမှ အရှက်ကွဲသွားခဲ့တဲ့ ဗီလာတို့ ဒန်နီအင်းစ်၊ အက်ရှ်လီယန်းတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် အလုပ်မဖြစ်တော့ဘဲ ပွဲချိန်အပြည့်မှာ သုံးဂိုး-နှစ်ဂိုးနဲ့ မန်ချက်စတာစီးတီးတို့ အောင်ပွဲခံနိုင်ခဲ့ကြသလို ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် လီဗာပူးလ်တို့ကို နောက်ကောက်ချနိုင်ခဲ့ကြတာပါ။

အစ်တီဟတ်မှာ နောက်က လိုက်ကစားပြီးမှ Come Back Win နဲ့ အောင်ပွဲခံနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့ကတော့ အဓိကပြိုင်ဘက် လီဗာပူးလ်တို့ကို နှစ်နှစ်ဆက်တိုက် နောက်ကောက်ချနိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလားကို နောက်ဆုံး ၅ နှစ်အတွင်း ၄ ကြိမ်မြောက် ရယူနိုင်ခဲ့ပြီး နည်းပြ ဂွါဒီယိုလာနဲ့အတူ ဝင့်ကြွားနိုင်ခဲ့ကြပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂြၽန္စတုန္းစ္ကို ညာျခမ္းမွာ သုံးခဲ့ၿပီး ဖာနန္ဒင္ညိဳနဲ႔ လာေပါ့တ္ကို ဗဟိုခံစစ္မွာ တြဲေပးခဲ့သလို ဘယ္ျခမ္းမွာေတာ့ ကန္ဆယ္လိုနဲ႔ ပြဲထြက္လာခဲ့ပါတယ္။ ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ဒီဘ႐ိုင္းနားတို႔ ကစားခဲ့ၾကၿပီး တိုက္စစ္မွာေတာ့ မာရက္ဇ္၊ ေဂ်ဆူးစ္နဲ႔ ဖိုဒန္တို႔ကို ဦးေဆာင္ေစခဲ့တာပါ။

အက္စ္တန္ဗီလာတို႔ကေတာ့ အေဝးကြင္းမွာ ဂိုးသမား ေအာ္လ္ဆန္၊ ခံစစ္မွာ တိုင္႐ုန္း မင္းစ္၊ ခ်ိမ္းဘားစ္၊ ဒီညာနဲ႔ ကတ္ရွ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ မက္ဂင္းနဲ႔ ရမ္ေဆးတို႔ ပြဲထြက္လာခဲ့သလို တိုက္စစ္မွာေတာ့ ေကာ္တင္ညိဳ၊ ဘြင္ဒီယာနဲ႔ ဝပ္ကင္းစ္တို႔ကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ႏႈတ္ဆက္ပြဲျဖစ္လို႔ ဖာနန္ဒင္ညိဳကို ထည့္လိုက္တာက မန္စီးတီးတို႔ကို ဒုကၡေရာက္သြားေစႏိုင္တဲ့ အကြက္ျဖစ္ခဲ့ၿပီး သူနဲ႔ လာေပါ့တ္တို႔ၾကားမွာ နားလည္မႈနည္းခဲ့သလို အတက္အဆင္းနဲ႔ လူကပ္ကစားပုံေတြမွာလည္း ႏွစ္ေယာက္စလုံးက ညံ့ဖ်င္းေနခဲ့သလို ဒါကပဲ ခ်န္ပီယံဆုရဖို႔ စိတ္ေအးေအာင္လုပ္ႏိုင္ရမယ့္အခ်ိန္မွာ ေနာက္က လိုက္ကစားဖို႔ ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ အစ္တီဟတ္မွာ အက္စ္တန္ဗီလာတို႔က အဖြင့္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ရမ္ေဆး ေတာက္ေလွ်ာက္ဆြဲတက္လာၿပီး ဘယ္ျခမ္းကို ထိုးေပးရာမွာ ဒီညာရဲ႕ ျဖတ္တင္ေပးပို႔မႈ ဝပ္ကင္းစ္ကို ႏွစ္ေယာက္ပူးၿပီး ကပ္ေနတဲ့ လာေပါ့တ္နဲ႔ ဖာနန္ဒင္ညိဳတို႔ႏွစ္ဦးကို ေက်ာ္က်အလာမွာ ညာေနာက္ခံလူ မက္တီ ကတ္ရွ္က ေျပးဝင္ေခါင္းတိုက္သြားခဲ့တာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရလို႔ မန္စီးတီးတို႔အေနနဲ႔ ေခ်ပဂိုးအတြက္ ေဘာလုံးကိုင္ထားၿပီး ဖိကစားခဲ့ေပမယ့္လည္း သူတို႔ရဲ႕ အဆုံးသတ္ပိုင္းနဲ႔ ကစားပုံကေတာ့ နည္းျပ ဂြါဒီယိုလာကို စိတ္ပ်က္ေစေအာင္ပဲ တတ္ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဗီလာတို႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ ၿမိဳ႕ေမတၱာခံယူေနတဲ့ ဖာနန္ဒင္ညိဳအစား ဇင္ခ်န္ကိုနဲ႔ လူစားလဲခဲ့ရတာပါ။

ဇင္ခ်န္ကိုက ဘယ္ျခမ္း၊ ကန္ဆယ္လိုက ညာျခမ္းနဲ႔ စတုန္းစ္က အလယ္ျပန္ဝင္ကစားခဲ့ခ်ိန္မွာ မန္စီးတီးတို႔ ကစားကြက္က ပိုမိုတိုးတက္လာခဲ့ေပမယ့္ ဖာနန္ဒင္ညိဳနဲ႔ တြဲထားၿပီး ကေယာင္ေခ်ာက္ခ်ားျဖစ္ေနတဲ့ လာေပါ့တ္ရဲ႕ ကစားပုံက ေတာ္ေတာ္ေလး အဆင္မေျပခဲ့တာေၾကာင့္ အီဒါဆန္ အသည္းအသန္ ကာကြယ္ေနခဲ့ရသလို ဂြါဒီယိုလာကေတာ့ မာရက္ဇ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ေနရာမွာ စတာလင္နဲ႔ ဂြန္ဒိုးဝမ္တို႔ကို လူစားသြင္းခဲ့ပါတယ္။

ဒါေပမယ့္ ဂိုးသြင္းယူသြားသူကေတာ့ စီးတီးတို႔ မဟုတ္ခဲ့ဘဲ ပြဲခ်ိန္ ၆၉ မိနစ္မွာ ဗီလာတို႔ကပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဂိုးသမား ကန္တင္လိုက္တဲ့ ေဘာလုံးကို မရွင္းႏိုင္ခဲ့တဲ့ ႐ိုဒရီေၾကာင့္ ဝပ္ကင္းစ္က ေခါင္းတိုက္ခ်ေပးရာမွာ ေကာ္တင္ညိဳက ကမာၻ႔အဆင့္ အထိန္းအသိမ္းနဲ႔ တစ္ခ်က္ထိန္းၿပီးမွ လာေပါ့တ္ကို ေက်ာ္ျဖတ္ၿပီး ခ်ိဳးကန္သြင္းခဲ့ရာမွာ ဂိုးသမား အီဒါဆန္ ငုတ္တုတ္ေမ့ခဲ့ရတာပါ။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ မန္စီးတီးေနာက္တန္းကို ဖိအားေပးေနတဲ့ ေကာ္တင္ညိဳအစား နာကမ္ဘာကို ထည့္ၿပီး ခံစစ္ကစားခဲ့တာကေတာ့ ဗီလာနည္းျပ ဂ်ရတ္ရဲ႕ အမွားပဲျဖစ္ခဲ့ၿပီး ၄ မိနစ္အၾကာ ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ညာျခမ္းက စတာလင္ရဲ႕ ျဖတ္တင္ေဘာက ေနရာယူပုံ မွားေနတဲ့ မက္တီ ကတ္ရွ္ကို ေက်ာ္က်လာရာမွာ ဂြန္ဒိုးဝမ္က ေခါင္းတိုက္သြင္းၿပီး ပထမေခ်ပဂိုး ရယူသြားႏိုင္ခဲ့ပါတယ္။

ႏွစ္မိနစ္အၾကာမွာေတာ့ စီးတီးတို႔ ျပန္လာႏိုင္ခဲ့ၾကၿပီး ဂိုးကြာျခားခ်က္အရ ခ်န္ပီယံျဖစ္ႏိုင္ေစမယ့္ဂိုးကို ပြဲခ်ိန္ ၇၈ မိနစ္မွာ ရရွိခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက ေဘာလုံးရသြားခဲ့တဲ့ ဇင္ခ်န္ကိုရဲ႕ ဧရိယာထိပ္ကို ျပန္ၿပီး Cut Back လုပ္ေပးတဲ့ ေပးပို႔မႈကို ဒုတိယဂိုးမွာ အမွားမကင္းခဲ့တဲ့ ႐ိုဒရီက အနိမ့္ေဘာ ပိတ္သြင္းၿပီး ဗီလာဂိုးသမား ေအာ္လ္ဆန္ကို အႏိုင္ယူသြားခဲ့တာပါ။

ေဘာလုံးပြဲဆိုတာကလည္း ေႂကြတစ္လက္၊ ၾကက္တစ္ခုန္ဆိုသလိုပဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ ေနာက္က လိုက္ၿပီး အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီတစ္ႀကိမ္မွာလည္း လူစားဝင္ကစားသမား ဂြန္ဒိုးဝမ္က သူရဲေကာင္းျဖစ္ခဲ့ၿပီး တိုင္႐ုန္းမင္းစ္ရဲ႕ အမွားကေန ေဘာလုံးျပန္ရသြားတဲ့ ဒီဘ႐ိုင္းနားက အေဝးတိုင္ဘက္ကို ခ်ိဳးေပးရာမွာ ဂြန္ဒိုးဝမ္က လိုက္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္ဂိုးနဲ႔ ဦးေဆာင္ခဲ့ၿပီးမွ အရွက္ကြဲသြားခဲ့တဲ့ ဗီလာတို႔ ဒန္နီအင္းစ္၊ အက္ရွ္လီယန္းတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ အလုပ္မျဖစ္ေတာ့ဘဲ ပြဲခ်ိန္အျပည့္မွာ သုံးဂိုး-ႏွစ္ဂိုးနဲ႔ မန္ခ်က္စတာစီးတီးတို႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကသလို ပရီးမီးယားလိဂ္ ခ်န္ပီယံဆုအတြက္ လီဗာပူးလ္တို႔ကို ေနာက္ေကာက္ခ်ႏိုင္ခဲ့ၾကတာပါ။

အစ္တီဟတ္မွာ ေနာက္က လိုက္ကစားၿပီးမွ Come Back Win နဲ႔ ေအာင္ပြဲခံႏိုင္ခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔ကေတာ့ အဓိကၿပိဳင္ဘက္ လီဗာပူးလ္တို႔ကို ႏွစ္ႏွစ္ဆက္တိုက္ ေနာက္ေကာက္ခ်ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ဖလားကို ေနာက္ဆုံး ၅ ႏွစ္အတြင္း ၄ ႀကိမ္ေျမာက္ ရယူႏိုင္ခဲ့ၿပီး နည္းျပ ဂြါဒီယိုလာနဲ႔အတူ ဝင့္ႂကြားႏိုင္ခဲ့ၾကၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.