Match Report Premier League

နောဝစ်ချ်ကို ဂိုးပြတ်ဖုတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ယူတဲ့ ကွန်တီရဲ့ စပါးစ်

တနင်္ဂနွေနေ့ညနေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နောဝစ်ချ်စီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ပွဲစဉ်မှာ ဧည့်သည်စပါးစ်က ၅-၀ နဲ့ ဂိုးပြတ်အနိုင်ယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လက်ဝယ်ပိုင်ပိုင် ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက ဧည့်သည် စပါးစ်က ဖိအားပေးတိုက်စစ်ဆင်လာခဲ့ပြီး ၁၆ မိနစ်မှာပဲ ဘန်တန်ကာက ဘယ်တောင်ပံကနေတဆင့် ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ကူလူဆက်ဗ်စကီးက အမှားအယွင်းမရှိပိတ်သွင်းယူပြီး အဖွင့်ဂိုးစတင်သွင်းယူသွားခဲ့ပါတယ်။

အဖွင့်ဂိုး ခွင့်ပြုလိုက်ရတဲ့ အိမ်ရှင် နောဝစ်ချ်စီးတီးအသင်းဟာ စပါးစ်ကို မာမာထန်ထန် တုံ့ပြန်နိုင်ခြင်းမရှိဘဲ ဧည့်သည်အသင်းကသာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ တရစပ်ထိုးဖောက်တိုက်စစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ၂၆ မိနစ်မှာ နောဝစ်ချ်ဂိုးသမားရဲ့ အမှားကနေတဆင့် ဘန်တန်ကာက ဟာရီ ကိန်းဆီ ဖြတ်တင်ပေးပို့ခဲ့ရာမှာ စပါးစ်အသင်းခေါင်းဆောင်က အပိုင်ခေါင်းတိုက်သွင်းယူပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း စပါးစ်အသင်းကပဲ တဖက်သက် စိုးမိုးထားနိုင်ခဲ့ပြီး ၅၄ မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို နောဝစ်ချ်စီးတီးဂိုးသမားက ကာကွယ်နိုင်ခဲ့ပေမယ့် ၆၄ မိနစ်မှာ ကူလူဆက်ဗ်စကီးရဲ့ ဂိုးအပေါ်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့တာကိုတော့ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၆ မိနစ်မှာအကြာမှာ ရွှေဖိနပ်ဆုကို ရရှိဖို့ ကြိုးပမ်းနေတဲ့ ဆွန်ဟောင်မင်က လူးကပ်စ် မော်ရာရဲ့ အကွက်မြင်မြင် ပေးပို့မှုကို တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် သွင်းယူသွားခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ် ၂၂ ဂိုးမြောက် သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်အတွက် တနင်္ဂနွေနေ့ညနေက သွင်းဂိုးဟာ ဒီလောက်နဲ့တင် ရပ်တန့်မသွားဘဲ နောက်ထပ် ၅ မိနစ်အကြာမှာ ထောင့်ကန်ဘောကို နောဝစ်ချ်စီးတီးနောက်ခံလူတွေ ရှင်းထုတ်လိုက်ရာကနေ ကျလာတဲ့ ဘောလုံးကို အသာထိန်းပြီး ပင်နယ်တီဧရိယာထိပ်ကနေ ညာခြေနဲ့ အပြင်းဝိုက်ကန်သွင်းယူသွားခဲ့ပြီး ယခုရာသီ ရွှေဖိနပ်ဆုရရှိစေမယ့် ၂၃ ဂိုးမြောက်သွင်းဂိုးကို သွင်းယူသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယနေ့ညပွဲစဉ်မှာ နောဝစ်ချ်စီးတီးအသင်းကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၄ နေရာမှာ အာဆင်နယ်ထက် ၂ မှတ်အသာနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:တနင်္ဂနွေနေ့ညနေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နောဝစ်ခ်ျစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ရဲ့ပွဲစဉ်မှာ ဧည့်သည်စပါးစ်က ၅-၀ နဲ့ ဂိုးပြတ်အနိုင်ယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လက်ဝယ်ပိုင်ပိုင် ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။


အဖွင့်ဂိုး ခွင့်ပြုလိုက်ရတဲ့ အိမ်ရှင် နောဝစ်ခ်ျစီးတီးအသင်းဟာ စပါးစ်ကို မာမာထန်ထန် တုံ့ပြန်နိုင်ခြင်းမရှိဘဲ ဧည့်သည်အသင်းကသာ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ တရစပ်ထိုးဖောက်တိုက်စစ်ဆင်ခဲ့တာဖြစ်ပါတယ်။ ၂၆ မိနစ်မှာ နောဝစ်ခ်ျဂိုးသမားရဲ့ အမှားကနေတဆင့် ဘန်တန်ကာက ဟာရီ ကိန်းဆီ ဖြတ်တင်ပေးပို့ခဲ့ရာမှာ စပါးစ်အသင်းခေါင်းဆောင်က အပိုင်ခေါင်းတိုက်သွင်းယူပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း စပါးစ်အသင်းကပဲ တဖက်သက် စိုးမိုးထားနိုင်ခဲ့ပြီး ၅၄ မိနစ်မှာ ဆွန်ဟောင်မင်ရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို နောဝစ်ခ်ျစီးတီးဂိုးသမားက ကာကွယ်နိုင်ခဲ့ပေမယ့် ၆၄ မိနစ်မှာ ကူလူဆက်ဗ်စကီးရဲ့ ဂိုးအပေါ်ထောင့်ကို အပြင်းကန်သွင်းယူသွားခဲ့တာကိုတော့ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။


ဆွန်ဟောင်မင်အတွက် တနင်္ဂနွေနေ့ညနေက သွင်းဂိုးဟာ ဒီလောက်နဲ့တင် ရပ်တန့်မသွားဘဲ နောက်ထပ် ၅ မိနစ်အကြာမှာ ထောင့်ကန်ဘောကို နောဝစ်ခ်ျစီးတီးနောက်ခံလူတွေ ရှင်းထုတ်လိုက်ရာကနေ ကျလာတဲ့ ဘောလုံးကို အသာထိန်းပြီး ပင်နယ်တီဧရိယာထိပ်ကနေ ညာခြေနဲ့ အပြင်းဝိုက်ကန်သွင်းယူသွားခဲ့ပြီး ယခုရာသီ ရွှေဖိနပ်ဆုရရှိစေမယ့် ၂၃ ဂိုးမြောက်သွင်းဂိုးကို သွင်းယူသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယနေ့ညပွဲစဉ်မှာ နောဝစ်ခ်ျစီးတီးအသင်းကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၄ နေရာမှာ အာဆင်နယ်ထက် ၂ မှတ်အသာနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.