Premier League UCL&UEL

စီးတီးမွာ ဒီႏွစ္ေလာက္ ခ်န္ပီယံလိဂ္ကို ရဖို႔ အခြင့္အေရးေကာင္းတာ မရွိဘူးလို႔ ေျပာလုိက္တဲ့ ရြန္နီ

မန္ခ်က္စတာစီးတီးအသင္းရဲ႕ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ဂိုးသြင္းအမ်ားဆုံး ဂႏၴဝင္တုိက္စစ္မွဴး ဝိန္းရြန္နီက သူတုိ႔ရဲ႕ ၿပဳိင္ဘက္ကို ခ်ီးက်ဴးလုိက္ၿပီး ဒီရာသီေလာက္ ခ်န္ပီယံလိဂ္မွာ အခြင့္အေရးေကာင္းရွိတဲ့ ပုံစံကို ဘယ္တုန္းကမွ မျမင္ဖူးခဲ့တဲ့အတြက္ ႀကဳိးစားရယူဖို႔ တုိက္တြန္းလုိက္ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ရြန္နီက သူေရးသားေလ့ရွိတဲ့ Sunday Times ရဲ႕ ေကာ္လံမွာ ရီးရဲလ္မက္ဒရစ္ကို ေက်ာ္ျဖတ္ၿပီး အခြင့္အေရးေကာင္းကို မလြတ္တမ္းဆုပ္ကိုင္ဖို႔ မန္စီးတီးအသင္းကို တုိက္တြန္းလုိက္တာျဖစ္ၿပီး သူတို႔အေနနဲ႔ ဒီရာသီေလာက္ အခြင့္အေရးေကာင္းတဲ့ ပုံစံမ်ဳိး ဘယ္တုန္းကမွ မရခဲ့ဖူးေသးဘူးလို႔လည္း သုံးသပ္လုိက္ပါတယ္။

“စီးတီးအေနနဲ႔ ဒီႏွစ္မွာေလာက္ ေကာင္းတဲ့ အခြင့္အေရးကို ခ်န္ပီယံလိဂ္ၿပဳိင္ပြဲမွာ မရဖူးေသးပါဘူး။ ဆာဂ်ီယို ရာမို႔စ္ ပြဲပယ္ခံထားရခ်ိန္မွာ သူတုိ႔အေနနဲ႔ ရီးရဲလ္မက္ဒရစ္ကို ဂိုးသြင္းႏုိင္ဖို႔ ေသခ်ာသေလာက္ပါပဲ။ တစ္ခုပါပဲ… အသင္း ၆ သင္းက အႏုိင္ကစားခဲ့ၾကတဲ့ စီးတီးရဲ႕ ေနာက္တန္းကို ပစ္မွတ္ထားလာမယ့္ ရီးရဲလ္မက္ဒရစ္ကို ဂြါဒီယိုလာ ဘယ္လို႐ုန္းကန္ၿပီး ေတာင့္ခံသြားမလဲဆုိတာပါ”လို႔ ရြန္နီက ေရးသားလုိက္ပါတယ္။

ရြန္နီက ေလာင္းတမ္းစားတမ္းဆုိရင္ မန္စီးတီးဘက္ကပဲ သူရွိမွာျဖစ္ၿပီး ပထမအေက်ာ့က ေၾကာင္နဲ႔ ၾကြက္လိုမ်ဳိးကစားၿပီး မထင္မွတ္ဘဲ ရီးရဲလ္ကို အလဲထိုးသြားခဲ့တဲ့ ဘာေနဗ်ဴးက ပြဲလိုပဲ အစ္တီဟတ္မွာ လိုအပ္တဲ့ ရလဒ္ကို ဂြါဒီယိုလာနဲ႔ အဖြဲ႕က ရယူသြားႏုိင္ဖို႔ ထင္ျမင္မိတယ္လုိ႔လည္း ဆုိပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းကို ပထမအေက်ာ့မွာ အေဝးဂိုးႏွစ္ဂိုးနဲ႔ အႏုိင္ရထားခဲ့တဲ့ မန္စီးတီးတုိ႔အေနနဲ႔ အိမ္ကြင္းမွာ အမွားခံမွာ မဟုတ္ဘဲ ေနာက္တစ္ဆင့္ျဖစ္တဲ့ ကြာတားဖိုင္နယ္ကို တက္ေရာက္ဖို႔ ရြန္နီက ေထာက္ခံလုိက္ၿပီး ပထမဆုံးခ်န္ပီယံလိဂ္ဖလားကိုင္ေျမႇာက္ခြင့္အတြက္ လုပ္ေဆာင္ႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ေရးသားသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းရဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီက သူတို့ရဲ့ ပြိုင်ဘက်ကို ချီးကျူးလိုက်ပြီး ဒီရာသီလောက် ချန်ပီယံလိဂ်မှာ အခွင့်အရေးကောင်းရှိတဲ့ ပုံစံကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့တဲ့အတွက် ကြိုးစားရယူဖို့ တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီက သူရေးသားလေ့ရှိတဲ့ Sunday Times ရဲ့ ကော်လံမှာ ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး အခွင့်အရေးကောင်းကို မလွတ်တမ်းဆုပ်ကိုင်ဖို့ မန်စီးတီးအသင်းကို တိုက်တွန်းလိုက်တာဖြစ်ပြီး သူတို့အနေနဲ့ ဒီရာသီလောက် အခွင့်အရေးကောင်းတဲ့ ပုံစံမျိုး ဘယ်တုန်းကမှ မရခဲ့ဖူးသေးဘူးလို့လည်း သုံးသပ်လိုက်ပါတယ်။

“စီးတီးအနေနဲ့ ဒီနှစ်မှာလောက် ကောင်းတဲ့ အခွင့်အရေးကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မရဖူးသေးပါဘူး။ ဆာဂျီယို ရာမို့စ် ပွဲပယ်ခံထားရချိန်မှာ သူတို့အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ဂိုးသွင်းနိုင်ဖို့ သေချာသလောက်ပါပဲ။ တစ်ခုပါပဲ… အသင်း ၆ သင်းက အနိုင်ကစားခဲ့ကြတဲ့ စီးတီးရဲ့ နောက်တန်းကို ပစ်မှတ်ထားလာမယ့် ရီးရဲလ်မက်ဒရစ်ကို ဂွါဒီယိုလာ ဘယ်လိုရုန်းကန်ပြီး တောင့်ခံသွားမလဲဆိုတာပါ”လို့ ရွန်နီက ရေးသားလိုက်ပါတယ်။

ရွန်နီက လောင်းတမ်းစားတမ်းဆိုရင် မန်စီးတီးဘက်ကပဲ သူရှိမှာဖြစ်ပြီး ပထမအကျော့က ကြောင်နဲ့ ကြွက်လိုမျိုးကစားပြီး မထင်မှတ်ဘဲ ရီးရဲလ်ကို အလဲထိုးသွားခဲ့တဲ့ ဘာနေဗျူးက ပွဲလိုပဲ အစ်တီဟတ်မှာ လိုအပ်တဲ့ ရလဒ်ကို ဂွါဒီယိုလာနဲ့ အဖွဲ့က ရယူသွားနိုင်ဖို့ ထင်မြင်မိတယ်လို့လည်း ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကို ပထမအကျော့မှာ အဝေးဂိုးနှစ်ဂိုးနဲ့ အနိုင်ရထားခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ အိမ်ကွင်းမှာ အမှားခံမှာ မဟုတ်ဘဲ နောက်တစ်ဆင့်ဖြစ်တဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်ဖို့ ရွန်နီက ထောက်ခံလိုက်ပြီး ပထမဆုံးချန်ပီယံလိဂ်ဖလားကိုင်မြှောက်ခွင့်အတွက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ရေးသားသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.