La Liga Ligue1

ရီးရဲလ်ကို အမ်ဘာပေ ငြင်းခဲ့လို့ ပွဲခံခဲ့ကြပြီး နေမာနဲ့ မက်ဆီကိုပါ ဖုန်းခေါ်ခဲ့တဲ့ ဘာဆာကစားသမားများ

ဘာစီလိုနာကစားသမားတွေဟာ ခီလီယန် အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့ပြီး စိတ်အားထက်သန်စွာနဲ့ ပီအက်စ်ဂျီအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အောင်ပွဲခံခဲ့ကြပါတယ်။

စနေနေ့မှာ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးက ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးပြီး ဘောလုံးလောကကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လွန်ခဲ့တဲ့ ရက်တော်တော်များများတုန်းက အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းကို ဇွန်လ ၃၀ ရက်နေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စွန့်ခွာဖို့ ကျိန်းသေသလောက် ဖြစ်နေခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ မဟာရန်သူတော်ကြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့တာကြောင့်ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘာပေအတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ၂ ကြိမ်အထိ ငြင်းပယ်ခြင်းခံခဲ့ရပြီဖြစ်ပြီး ၂၀၁၇ ခုနှစ်တုန်းက မိုနာကိုအသင်းကို စွန့်ခွာပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တုန်းက ပထမဆုံးအကြိမ် ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ရာသီတွေမှာ ယူရိုသန်း ၇၀၀ အရှုံးပြပြီး လစာပေးချေရတဲ့ ပမာဏ ယူရိုသန်း ၆၀၀ ကျော်ရှိခဲ့ပြီးနောက် ပီအက်စ်ဂျီက အမ်ဘာပေကို ကြီးမားတဲ့ပမာဏနဲ့ စာချုပ်သစ် ချုပ်နိုင်ခဲ့တာက ဘောလုံးလောကကို စော်ကားလိုက်တာပဲ။ သူတို့တွေက စူပါလိဂ်လောက်ကို အန္တရာယ်ကြီးနေပြီ”လို့ လာလီဂါဥက္ကဌက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းအတွက်ကတော့ အမ်ဘာပေရဲ့ ဆုံးဖြတ်ချက်ဟာ အောင်ပွဲခံစရာဖြစ်ခဲ့တယ်လို့ As က ဖော်ပြခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးက ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာပြီးနောက် မတ်ဇ်နဲ့ ရာသီပိတ်ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့အတွက် ဘာစီလိုနာကစားသမားတွေရဲ့ WhatsApp ဂရုထဲမှာ မှတ်ချက်အမျိုးမျိုး ပလူပျံနေခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကစားသမားတွေရဲ့ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ကို ငြင်းပယ်ခဲ့တဲ့အပေါ်မှာ တုံ့ပြန်မှုက သရော်တော်တော်နိုင်ခဲ့ပေမယ့် အချို့ကတော့ ပျော်ရွှင်မှုကို ပွင့်ပွင့်လင်းလင်း ပြသခဲ့တာလို့ ဆိုကြပါတယ်။

“အမ်ဘာပေ ကိစ္စကလည်း ဆုဖလားလုရသလိုမျိုးနီးပါးပဲ”လို့ ဘာစီလိုနာကြယ်ပွင့်တစ်ဦးက ရေးသားခဲ့ပြီး အဲဒီ မှတ်ချက်ကို ဘာစီလိုနာကစားသမားတွေက လက်ခုပ်တီးတဲ့ ရုပ်ပုံနဲ့ ပျော်ရွှင်မှုကို ပြသတဲ့ ရုပ်ပုံတွေနဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ အဲဒီအပြင် ဘာစီလိုနာကစားသမားတွေဟာ အမ်ဘာပေအနေနဲ့ ၎င်းရဲ့အနာဂတ်ကို ဘယ်လိုစီစဉ်ထားလဲဆိုတာကို သိချင်ခဲ့ကြတာကြောင့် ပြင်သစ်တိုက်စစ်မှူးရဲ့ လက်ရှိအသင်းဖော်တွေဖြစ်တဲ့ ဘာစီလိုနာကြယ်ပွင့်ဟောင်း လီယွန်နယ် မက်ဆီနဲ့ နေမာတို့ကိုတောင် ဆက်သွယ်မေးမြန်းခဲ့ကြပေမယ့် တောင်အမေရိကကြယ်ပွင့်တွေက ၎င်းတို့လည်း မသိကြောင်းသာ ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ကျိန်းသေသွားတာတစ်ခုကတော့ အမ်ဘာပေဟာ လာလီဂါကို လာပြီး ကာတာလိုးနီးယားမှာ ဘာစီလိုနာကို မဟာရန်သူတော် ရီးရဲလ်မက်ဒရစ် ဂျာစီနဲ့ ဂိုးသွင်းယူပြီး အောင်ပွဲခံနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။ ဟာလန်းကလည်း မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ထားပြီးဖြစ်တာကြောင့် ဘာစီလိုနာအသင်းဟာ နောက်ထပ် နှစ်အနည်းငယ်အထိ မျိုးဆက်သစ် စူပါစတားတွေပါဝင်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရင်ဆိုင်ရဦးမှာမဟုတ်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာကစားသမားေတြဟာ ခီလီယန္ အမ္ဘာေပက ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ဖို႔ ျငင္းပယ္ခဲ့ၿပီး စိတ္အားထက္သန္စြာနဲ႔ ပီအက္စ္ဂ်ီအသင္းမွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တဲ့အေပၚ ေအာင္ပြဲခံခဲ့ၾကပါတယ္။

စေနေန႔မွာ ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးက ပီအက္စ္ဂ်ီအသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးၿပီး ေဘာလုံးေလာကကို အံ့အားသင့္ေစခဲ့တာျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ လြန္ခဲ့တဲ့ ရက္ေတာ္ေတာ္မ်ားမ်ားတုန္းက အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းကို ဇြန္လ ၃၀ ရက္ေန႔မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ စြန႔္ခြာဖို႔ က်ိန္းေသသေလာက္ ျဖစ္ေနခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္းရဲ့ မဟာရန္သူေတာ္ႀကီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ အမ္ဘာေပအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တဲ့ ၅ ႏွစ္တာကာလအတြင္း ၂ ႀကိမ္အထိ ျငင္းပယ္ျခင္းခံခဲ့ရၿပီျဖစ္ၿပီး ၂၀၁၇ ခုႏွစ္တုန္းက မိုနာကိုအသင္းကို စြန႔္ခြာၿပီး ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ခဲ့တုန္းက ပထမဆုံးအႀကိမ္ ျငင္းပယ္ခံခဲ့ရတာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ရာသီေတြမွာ ယူရိုသန္း ၇၀၀ အရႈံးျပၿပီး လစာေပးေခ်ရတဲ့ ပမာဏ ယူရိုသန္း ၆၀၀ ေက်ာ္ရွိခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီက အမ္ဘာေပကို ႀကီးမားတဲ့ပမာဏနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္နိုင္ခဲ့တာက ေဘာလုံးေလာကကို ေစာ္ကားလိုက္တာပဲ။ သူတို႔ေတြက စူပါလိဂ္ေလာက္ကို အႏၲရာယ္ႀကီးေနၿပီ”လို႔ လာလီဂါဥကၠဌက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းအတြက္ကေတာ့ အမ္ဘာေပရဲ့ ဆုံးျဖတ္ခ်က္ဟာ ေအာင္ပြဲခံစရာျဖစ္ခဲ့တယ္လို႔ As က ေဖာ္ျပခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးက ဆုံးျဖတ္ခ်က္ကို တရားဝင္ေၾကညာၿပီးေနာက္ မတ္ဇ္နဲ႔ ရာသီပိတ္ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူနိုင္ခဲ့တဲ့အတြက္ ဘာစီလိုနာကစားသမားေတြရဲ့ WhatsApp ဂ႐ုထဲမွာ မွတ္ခ်က္အမ်ိဳးမ်ိဳး ပလူပ်ံေနခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာကစားသမားေတြရဲ့ အမ္ဘာေပက ရီးရဲလ္မက္ဒရစ္ကို ျငင္းပယ္ခဲ့တဲ့အေပၚမွာ တုံ႔ျပန္မႈက သေရာ္ေတာ္ေတာ္နိုင္ခဲ့ေပမယ့္ အခ်ိဳ႕ကေတာ့ ေပ်ာ္ရႊင္မႈကို ပြင့္ပြင့္လင္းလင္း ျပသခဲ့တာလို႔ ဆိုၾကပါတယ္။

“အမ္ဘာေပ ကိစၥကလည္း ဆုဖလားလုရသလိုမ်ိဳးနီးပါးပဲ”လို႔ ဘာစီလိုနာၾကယ္ပြင့္တစ္ဦးက ေရးသားခဲ့ၿပီး အဲဒီ မွတ္ခ်က္ကို ဘာစီလိုနာကစားသမားေတြက လက္ခုပ္တီးတဲ့ ႐ုပ္ပုံနဲ႔ ေပ်ာ္ရႊင္မႈကို ျပသတဲ့ ႐ုပ္ပုံေတြနဲ႔ တုံ႔ျပန္ခဲ့ၾကပါတယ္။ အဲဒီအျပင္ ဘာစီလိုနာကစားသမားေတြဟာ အမ္ဘာေပအေနနဲ႔ ၎ရဲ့အနာဂတ္ကို ဘယ္လိုစီစဥ္ထားလဲဆိုတာကို သိခ်င္ခဲ့ၾကတာေၾကာင့္ ျပင္သစ္တိုက္စစ္မႉးရဲ့ လက္ရွိအသင္းေဖာ္ေတြျဖစ္တဲ့ ဘာစီလိုနာၾကယ္ပြင့္ေဟာင္း လီယြန္နယ္ မက္ဆီနဲ႔ ေနမာတို႔ကိုေတာင္ ဆက္သြယ္ေမးျမန္းခဲ့ၾကေပမယ့္ ေတာင္အေမရိကၾကယ္ပြင့္ေတြက ၎တို႔လည္း မသိေၾကာင္းသာ ျပန္ေျပာခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ က်ိန္းေသသြားတာတစ္ခုကေတာ့ အမ္ဘာေပဟာ လာလီဂါကို လာၿပီး ကာတာလိုးနီးယားမွာ ဘာစီလိုနာကို မဟာရန္သူေတာ္ ရီးရဲလ္မက္ဒရစ္ ဂ်ာစီနဲ႔ ဂိုးသြင္းယူၿပီး ေအာင္ပြဲခံနိုင္ျခင္းမရွိေတာ့တာျဖစ္ပါတယ္။ ဟာလန္းကလည္း မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေရႊ႕ဖို႔ ေရြးခ်ယ္ထားၿပီးျဖစ္တာေၾကာင့္ ဘာစီလိုနာအသင္းဟာ ေနာက္ထပ္ ႏွစ္အနည္းငယ္အထိ မ်ိဳးဆက္သစ္ စူပါစတားေတြပါဝင္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ ရင္ဆိုင္ရဦးမွာမဟုတ္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.