Premier League

ဟာလန်းနဲ့ပတ်သက်ပြီး ပြိုင်ဘက်အသင်းတွေကို သတိပေးသွားတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ဒေါ့မွန်တိုက်စစ်မှူးကို ခေါ်ယူခဲ့တဲ့ အသင်းရဲ့အပြောင်းအရွှေ့ကို ဝေဖန်သူတွေကို ဟာလန်းက ၎င်းတို့ရဲ့ ကစားဟန်နဲ့ ကွက်တိအံဝင်တယ်လို့ လေးလေးနက်နက် သတိပေးပြီး တုံ့ပြန်ခဲ့ပါတယ်။

ဟာလန်းဟာ ယခုရာသီကုန်မှာ ဒေါ့မွန်အသင်းကနေ ပေါင် ၅၁ သန်းနဲ့ အစ်တီဟတ်ကို အပြီးသတ် ပြောင်းရွှေ့လာတော့မှာဖြစ်ပြီး အချို့က နော်ဝေတိုက်စစ်မှူးရဲ့ ကစားပေါက်က ဂွါဒီယိုလာရဲ့ ကစားကွက်နဲ့ အံဝင်ပါ့မလားလို့ သံသယတွေ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စပိန်လူမျိုးနည်းပြက လက်ရှိမှာတော့ ဟာလန်းကို ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ မန်ချက်စတာစီးတီးရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေသူတွေကို ပြန်လည်တုံ့ပြန်လိုက်ပြီဖြစ်ပါတယ်။

“သူက ကျွန်တော်တို့ ကစားပုံနဲ့ အံဝင်မှာမဟုတ်ဘူးလို့ ပြောနေတာတွေ ကျွန်တော် ကြားနေရပြီး အဲဒါဆို ကျွန်တော်တို့က ဘယ်လိုမျိုးများ ကစားနေလို့လဲလို့ မေးချင်တယ်။ အဲဒီလို ပြောတဲ့သူတွေက ကျွန်တော်တို့ ဘယ်လိုကစားနေလဲဆိုတာကို မသိဘူးဆိုတာ လုံးဝ သေချာပါတယ်။ သူက ဒီနွေရာသီမှာ အာဂျင်တီးနားကနေ လာမယ့် ယူလီယန် အဲဗားရက်ဇ်လိုမျိုး ကောင်းကောင်းကို အံဝင်လိမ့်မယ်ဆိုတာ ကျွန်တော် သေချာပေါက်သိနေပြီး သူ ကောင်းကောင်းအံဝင်အောင် ကျွန်တော်တို့က ကူညီပေးသွားမှာပါ”

“အမြဲတမ်း အဲဒီလို ဖြစ်နေကျပါ။ ကစားသမားတွေက သူတို့တွေ ကောင်းမွန်နေတဲ့အချိန်မှာ စီးတီးလို အသင်းမျိုးတွေမှာ ရှိနေကြတာ သာမန်ပဲ။ သူတို့မှာ အကောင်းမြင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အင်အားတွေရှိပါတယ်။ သူတို့တွေက ကျွန်တော်တို့ သူတို့ကို ကူညီပေးချင်တယ်ဆိုတာကို နားလည်ပြီး ကျွန်တော်တို့ ကစားပုံက တကယ်တော့ အရမ်းကို ရိုးရှင်းပါတယ်။ ဟာလန်းနဲ့ပတ်သက်ပြီး ကျွန်တော် လုံးဝသေချာပါတယ်။ ဒါပေမယ့် ခင်ဗျားကို တကယ့် ထင်မြင်ချက်အစစ်ပေးရမယ်ဆိုရင် ကျွန်တော် သူနဲ့အရင်ဆုံး အလုပ်အတူတူ လုပ်ရမှာပါ။ သူ ဒီလောက် သွင်းဂိုး ပမာဏသွင်းယူနိုင်တာက သူ အရမ်းကောင်းလို့ပါ”

ဂွါဒီယိုလာက ဟာလန်းဟာ ရေရှည်အတွက် ခေါ်ယူခဲ့တာဖြစ်ပြီး တစ်ပွဲတိုးမဟုတ်ဘူးလို့လည်း ပြိုင်ဘက်အသင်းတွေကို သတိပေးပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာစီးတီးနည်းပြက ဟာလန်းအနေနဲ့ အသင်းသစ်နဲ့ ပူးပေါင်းတဲ့အချိန်ကျရင် လုပ်ပြနိုင်မယ့် အကျိုးသက်ရောက်မှုနဲ့ပတ်သက်ပြီး သံသယမရှိဘူးလို့ အခိုင်အမာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အထူးသဖြင့် အရေးကြီးတာက သူက နိုင်ငံအသစ်၊ အိမ်အသစ်၊ သူငယ်ချင်းအသစ်တွေဆီကို ရောက်လာတာပါ။ ဒီလိုအရာတွေအားလုံးနဲ့ သူ အဆင်ပြေအောင် ညှိယူရမှာပါ။ အဲဒါကြောင့် သူ ဒီမှာ စမကစားခင် သူ့မှာ ကောင်းမွန်တဲ့ အားလပ်ရက်ရှိသင့်တယ်။ ကြိုတင်ပြင်ဆင်မှုကောင်းကောင်းလုပ်သင့်ပြီး ကျွန်တော်တို့နဲ့ကစားဖို့ ဒဏ်ရာမရှိဘဲ လာသင့်ပါတယ်။ အဲဒါက ရက်သတ္တပတ်အနည်းငယ်လောက်ကြာရင်လည်း အဆင်ပြေတယ်။ လအနည်းငယ်လောက်ကြာရင်လည်း အဆင်ပြေပါတယ်။ သူ ဒီကို ၂ လ၊ ၃ လလောက်အတွက် ရောက်လာမှာမဟုတ်ပါဘူး။ သူက နှစ်ပေါင်းများစွာအတွက် ရောက်လာတာလို့ ကျွန်တော် မျှော်လင့်ပါတယ်”

“အဲဒီတော့ သူ အချိန်ပိုချင်တယ်ဆိုရင် ကျွန်တော်တို့ သူ့ကို အချိန်ပိုပေးသွားမှာပါ။ ကျွန်တော်တို့ သူ့ကို ကူညီဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး သူလည်း ကျွန်တော်တို့ကို ကူညီပေးလိမ့်မယ်ဆိုတာကို သေချာသိနေတဲ့အတွက် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ဘာသံသယမှ မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ ဟာလန်းဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေရဲ့ နှောင့်ယှက်ခြင်းကို ခံခဲ့ရပေမယ့်လည်း ပွဲ ၃၀ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူထားနိုင်ဆဲဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးနည္းၿပ ပက္ ဂြါဒီယိုလာက ေဒါ့မြန္တိုက္စစ္မႉးကို ေခၚယူခဲ့တဲ့ အသင္းရဲ့အေျပာင္းအေရႊ႕ကို ေဝဖန္သူေတြကို ဟာလန္းက ၎တို႔ရဲ့ ကစားဟန္နဲ႔ ကြက္တိအံဝင္တယ္လို႔ ေလးေလးနက္နက္ သတိေပးၿပီး တုံ႔ျပန္ခဲ့ပါတယ္။

ဟာလန္းဟာ ယခုရာသီကုန္မွာ ေဒါ့မြန္အသင္းကေန ေပါင္ ၅၁ သန္းနဲ႔ အစ္တီဟတ္ကို အၿပီးသတ္ ေျပာင္းေရႊ႕လာေတာ့မွာျဖစ္ၿပီး အခ်ိဳ႕က ေနာ္ေဝတိုက္စစ္မႉးရဲ့ ကစားေပါက္က ဂြါဒီယိုလာရဲ့ ကစားကြက္နဲ႔ အံဝင္ပါ့မလားလို႔ သံသယေတြ ျမင့္တက္ေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ စပိန္လူမ်ိဳးနည္းျပက လက္ရွိမွာေတာ့ ဟာလန္းကို ဝယ္ယူဖို႔ ဆုံးျဖတ္ခဲ့တဲ့ မန္ခ်က္စတာစီးတီးရဲ့ ဆုံးျဖတ္ခ်က္ကို ေမးခြန္းထုတ္ေနသူေတြကို ျပန္လည္တုံ႔ျပန္လိုက္ၿပီျဖစ္ပါတယ္။

“သူက ကၽြန္ေတာ္တို႔ ကစားပုံနဲ႔ အံဝင္မွာမဟုတ္ဘူးလို႔ ေျပာေနတာေတြ ကၽြန္ေတာ္ ၾကားေနရၿပီး အဲဒါဆို ကၽြန္ေတာ္တို႔က ဘယ္လိုမ်ိဳးမ်ား ကစားေနလို႔လဲလို႔ ေမးခ်င္တယ္။ အဲဒီလို ေျပာတဲ့သူေတြက ကၽြန္ေတာ္တို႔ ဘယ္လိုကစားေနလဲဆိုတာကို မသိဘူးဆိုတာ လုံးဝ ေသခ်ာပါတယ္။ သူက ဒီေႏြရာသီမွာ အာဂ်င္တီးနားကေန လာမယ့္ ယူလီယန္ အဲဗားရက္ဇ္လိုမ်ိဳး ေကာင္းေကာင္းကို အံဝင္လိမ့္မယ္ဆိုတာ ကၽြန္ေတာ္ ေသခ်ာေပါက္သိေနၿပီး သူ ေကာင္းေကာင္းအံဝင္ေအာင္ ကၽြန္ေတာ္တို႔က ကူညီေပးသြားမွာပါ”

“အျမဲတမ္း အဲဒီလို ျဖစ္ေနက်ပါ။ ကစားသမားေတြက သူတို႔ေတြ ေကာင္းမြန္ေနတဲ့အခ်ိန္မွာ စီးတီးလို အသင္းမ်ိဳးေတြမွာ ရွိေနၾကတာ သာမန္ပဲ။ သူတို႔မွာ အေကာင္းျမင္နိုင္ဖို႔အတြက္ ေကာင္းမြန္တဲ့ အင္အားေတြရွိပါတယ္။ သူတို႔ေတြက ကၽြန္ေတာ္တို႔ သူတို႔ကို ကူညီေပးခ်င္တယ္ဆိုတာကို နားလည္ၿပီး ကၽြန္ေတာ္တို႔ ကစားပုံက တကယ္ေတာ့ အရမ္းကို ရိုးရွင္းပါတယ္။ ဟာလန္းနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ လုံးဝေသခ်ာပါတယ္။ ဒါေပမယ့္ ခင္ဗ်ားကို တကယ့္ ထင္ျမင္ခ်က္အစစ္ေပးရမယ္ဆိုရင္ ကၽြန္ေတာ္ သူနဲ႔အရင္ဆုံး အလုပ္အတူတူ လုပ္ရမွာပါ။ သူ ဒီေလာက္ သြင္းဂိုး ပမာဏသြင္းယူနိုင္တာက သူ အရမ္းေကာင္းလို႔ပါ”

ဂြါဒီယိုလာက ဟာလန္းဟာ ေရရွည္အတြက္ ေခၚယူခဲ့တာျဖစ္ၿပီး တစ္ပြဲတိုးမဟုတ္ဘူးလို႔လည္း ၿပိဳင္ဘက္အသင္းေတြကို သတိေပးေျပာၾကားသြားခဲ့ပါတယ္။ မန္ခ်က္စတာစီးတီးနည္းျပက ဟာလန္းအေနနဲ႔ အသင္းသစ္နဲ႔ ပူးေပါင္းတဲ့အခ်ိန္က်ရင္ လုပ္ျပနိုင္မယ့္ အက်ိဳးသက္ေရာက္မႈနဲ႔ပတ္သက္ၿပီး သံသယမရွိဘူးလို႔ အခိုင္အမာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အထူးသျဖင့္ အေရးႀကီးတာက သူက နိုင္ငံအသစ္၊ အိမ္အသစ္၊ သူငယ္ခ်င္းအသစ္ေတြဆီကို ေရာက္လာတာပါ။ ဒီလိုအရာေတြအားလုံးနဲ႔ သူ အဆင္ေျပေအာင္ ညႇိယူရမွာပါ။ အဲဒါေၾကာင့္ သူ ဒီမွာ စမကစားခင္ သူ႔မွာ ေကာင္းမြန္တဲ့ အားလပ္ရက္ရွိသင့္တယ္။ ႀကိဳတင္ျပင္ဆင္မႈေကာင္းေကာင္းလုပ္သင့္ၿပီး ကၽြန္ေတာ္တို႔နဲ႔ကစားဖို႔ ဒဏ္ရာမရွိဘဲ လာသင့္ပါတယ္။ အဲဒါက ရက္သတၱပတ္အနည္းငယ္ေလာက္ၾကာရင္လည္း အဆင္ေျပတယ္။ လအနည္းငယ္ေလာက္ၾကာရင္လည္း အဆင္ေျပပါတယ္။ သူ ဒီကို ၂ လ၊ ၃ လေလာက္အတြက္ ေရာက္လာမွာမဟုတ္ပါဘူး။ သူက ႏွစ္ေပါင္းမ်ားစြာအတြက္ ေရာက္လာတာလို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္”

“အဲဒီေတာ့ သူ အခ်ိန္ပိုခ်င္တယ္ဆိုရင္ ကၽြန္ေတာ္တို႔ သူ႔ကို အခ်ိန္ပိုေပးသြားမွာပါ။ ကၽြန္ေတာ္တို႔ သူ႔ကို ကူညီဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး သူလည္း ကၽြန္ေတာ္တို႔ကို ကူညီေပးလိမ့္မယ္ဆိုတာကို ေသခ်ာသိေနတဲ့အတြက္ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ ဘာသံသယမွ မရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ ဟာလန္းဟာ ယခုရာသီမွာ ဒဏ္ရာျပႆနာေတြရဲ့ ေႏွာင့္ယွက္ျခင္းကို ခံခဲ့ရေပမယ့္လည္း ပြဲ ၃၀ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၂၉ ဂိုးအထိ သြင္းယူထားနိုင္ဆဲျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.