La Liga Ligue1

အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သစ်ချုပ်ဖို့ ဆုံးဖြတ်ခဲ့လို့ ယူအီးအက်ဖ်အေကို ငိုသံကြီးနဲ့ တိုင်ခဲ့တဲ့ လာလီဂါ

ဥရောပဘောလုံးလောကဟာ ယနေ့နံနက်မှာ အံ့အားသင့်ဖွယ် သတင်းအချို့ကို ကြားသိခဲ့ရပြီး ခီလီယန် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ရမယ့်အစား ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အမ်ဘာပေရဲ့ ဆုံးဖြတ်ချက်ဟာ လာလီဂါရဲ့ အမျက်ဒေါသကို ဆွခဲ့ပုံ ပေါ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းထက် ပီအက်စ်ဂျီမှာ ဆက်နေဖို့ ရွေးချယ်ခဲ့ပြီးနောက် လာလီဂါဥက္ကဌ တီဘက်စ်ဟာ လိဂန်းအသင်းကြီးရဲ့ ငွေကြေးသုံးစွဲမှုကို ပြစ်တင်ရှုတ်ချတဲ့ ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“ပြီးခဲ့တဲ့ရာသီတွေမှာ ယူရိုသန်း ၇၀၀ အရှုံးပြပြီး လစာပေးချေရတဲ့ ပမာဏ ယူရိုသန်း ၆၀၀ ကျော်ရှိခဲ့ပြီးနောက် ပီအက်စ်ဂျီက အမ်ဘာပေကို ကြီးမားတဲ့ပမာဏနဲ့ စာချုပ်သစ် ချုပ်နိုင်ခဲ့တာက ဘောလုံးလောကကို စော်ကားလိုက်တာပဲ။ သူတို့တွေက စူပါလိဂ်လောက်ကို အန္တရာယ်ကြီးနေပြီ”လို့ လာလီဂါဥက္ကဌက ပြောကြားခဲ့ကြောင်း ဖက်ဘရီဇီယို ရိုမာနိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အမ်ဘာပေက ပီအက်စ်ဂျီနဲ့ ဆက်နေဖို့ ဆုံးဖြတ်ချက် ချပြီးကတည်းက လာလီဂါက ပီအက်စ်ဂျီအသင်းရဲ့ ငွေကြေးသုံးစွဲမှုတွေအတွက် ယူအီးအက်ဖ်အေကို သတင်းပေး တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လာလီဂါက ပီအက်စ်ဂျီအသင်းကို ခီလီယန် အမ်ဘာပေရဲ့ သဘောတူညီမှုကြောင့် ယူအီးအက်ဖ်အေကို တိုင်ကြားခဲ့တဲ့စာကို ထုတ်ပြန်ကြေညာခဲ့ပြီး “ဒါက အရှုပ်တော်ပုံပါ။ ကျွန်တော်တို့ အခု ပီအက်စ်ဂျီကို ယူအီးအက်ဖ်အေ၊ ပြင်သစ်အာဏာပိုင်တွေနဲ့ အီးယူအာဏာပိုင်တွေထံ တိုင်ကြားသွားမှာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းကို တိုင်ကြားတဲ့ အကြောင်းအရာဟာ မှန်ကန်ပေမယ့်လည်း လာလီဂါထိပ်သီးအသင်းတွေရဲ့ ငွေကြေးသုံးစွဲမှုသမိုင်းကြောင်းကို ပြန်ကြည့်မိသူတိုင်းအတွက်တော့ တော်တော်လေး ရယ်စရာကောင်းတဲ့ အရင်းအမြစ်ဖြစ်နေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ ကမ္ဘာ့စျေးအကြီးဆုံးကစားသမား ၂ ဦးကို ပိုင်ဆိုင်ထားပြီး အဲဒီဂုဏ်ပုဒ်ဟာ ၂၀၁၆ ခုနှစ်မတိုင်ခင်အထိ ရီးရဲလ်မက်ဒရစ်က ပိုင်ဆိုင်ခဲ့တဲ့ ထူးခြားချက်တစ်ခု ဖြစ်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေနဲ့ နေမာတို့အတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပေးချေခဲ့တာတောင်မှပဲ လာလီဂါဟာ ကမ္ဘာ့ထိပ်တန်း ပြောင်းရွှေ့ကြေးရှင် ၅ ဦးထဲက ၃ ဦးကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ထိပ်တန်း ၁၂ ဦးမှာဆိုရင် ၆ ဦးအထိ ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

တခြားလိဂ်တွေကတော့ ကမ္ဘာ့ထိပ်တန်းပြောင်းရွှေ့ကြေးရှင် ၃ ဦးသာ ပိုင်ဆိုင်ထာားပြီး ပီအက်စ်ဂျီနဲ့ပတ်သက်ပြီး လာလီဂါရဲ့ မကျေနပ်ချက်တွေဟာ နောက်တစ်ကြိမ် နာမည်ကြီးကစားသမားကို ခေါ်ယူလို့ ရနိုင်တဲ့အခြေအနေကျရင် ရီးရဲလ်မက်ဒရစ်ကို ကြီးမားတဲ့ ငွေကြေးသုံးစွဲခြင်းကနေ တားဆီးနိုင်မှာမဟုတ်ဘူးလို့ ပြောချင်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဥေရာပေဘာလုံးေလာကဟာ ယေန႔နံနက္မွာ အံ့အားသင့္ဖြယ္ သတင္းအခ်ိဳ႕ကို ၾကားသိခဲ့ရၿပီး ခီလီယန္ အမ္ဘာေပဟာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႕ရမယ့္အစား ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ ေရြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အမ္ဘာေပရဲ့ ဆုံးျဖတ္ခ်က္ဟာ လာလီဂါရဲ့ အမ်က္ေဒါသကို ဆြခဲ့ပုံ ေပၚၿပီး ရီးရဲလ္မက္ဒရစ္အသင္းထက္ ပီအက္စ္ဂ်ီမွာ ဆက္ေနဖို႔ ေရြးခ်ယ္ခဲ့ၿပီးေနာက္ လာလီဂါဥကၠဌ တီဘက္စ္ဟာ လိဂန္းအသင္းႀကီးရဲ့ ေငြေၾကးသုံးစြဲမႈကို ျပစ္တင္ရႈတ္ခ်တဲ့ ထုတ္ျပန္ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ရာသီေတြမွာ ယူရိုသန္း ၇၀၀ အရႈံးျပၿပီး လစာေပးေခ်ရတဲ့ ပမာဏ ယူရိုသန္း ၆၀၀ ေက်ာ္ရွိခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီက အမ္ဘာေပကို ႀကီးမားတဲ့ပမာဏနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္နိုင္ခဲ့တာက ေဘာလုံးေလာကကို ေစာ္ကားလိုက္တာပဲ။ သူတို႔ေတြက စူပါလိဂ္ေလာက္ကို အႏၲရာယ္ႀကီးေနၿပီ”လို႔ လာလီဂါဥကၠဌက ေျပာၾကားခဲ့ေၾကာင္း ဖက္ဘရီဇီယို ရိုမာနိုက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အမ္ဘာေပက ပီအက္စ္ဂ်ီနဲ႔ ဆက္ေနဖို႔ ဆုံးျဖတ္ခ်က္ ခ်ၿပီးကတည္းက လာလီဂါက ပီအက္စ္ဂ်ီအသင္းရဲ့ ေငြေၾကးသုံးစြဲမႈေတြအတြက္ ယူအီးအက္ဖ္ေအကို သတင္းေပး တိုင္ၾကားမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ လာလီဂါက ပီအက္စ္ဂ်ီအသင္းကို ခီလီယန္ အမ္ဘာေပရဲ့ သေဘာတူညီမႈေၾကာင့္ ယူအီးအက္ဖ္ေအကို တိုင္ၾကားခဲ့တဲ့စာကို ထုတ္ျပန္ေၾကညာခဲ့ၿပီး “ဒါက အရႈပ္ေတာ္ပုံပါ။ ကၽြန္ေတာ္တို႔ အခု ပီအက္စ္ဂ်ီကို ယူအီးအက္ဖ္ေအ၊ ျပင္သစ္အာဏာပိုင္ေတြနဲ႔ အီးယူအာဏာပိုင္ေတြထံ တိုင္ၾကားသြားမွာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းကို တိုင္ၾကားတဲ့ အေၾကာင္းအရာဟာ မွန္ကန္ေပမယ့္လည္း လာလီဂါထိပ္သီးအသင္းေတြရဲ့ ေငြေၾကးသုံးစြဲမႈသမိုင္းေၾကာင္းကို ျပန္ၾကည့္မိသူတိုင္းအတြက္ေတာ့ ေတာ္ေတာ္ေလး ရယ္စရာေကာင္းတဲ့ အရင္းအျမစ္ျဖစ္ေနတာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ လက္ရွိမွာ ကမၻာ့ေစ်းအႀကီးဆုံးကစားသမား ၂ ဦးကို ပိုင္ဆိုင္ထားၿပီး အဲဒီဂုဏ္ပုဒ္ဟာ ၂၀၁၆ ခုႏွစ္မတိုင္ခင္အထိ ရီးရဲလ္မက္ဒရစ္က ပိုင္ဆိုင္ခဲ့တဲ့ ထူးျခားခ်က္တစ္ခု ျဖစ္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပနဲ႔ ေနမာတို႔အတြက္ ႀကီးမားတဲ့ ေျပာင္းေရႊ႕ေၾကး ေပးေခ်ခဲ့တာေတာင္မွပဲ လာလီဂါဟာ ကမၻာ့ထိပ္တန္း ေျပာင္းေရႊ႕ေၾကးရွင္ ၅ ဦးထဲက ၃ ဦးကို ပိုင္ဆိုင္ထားဆဲျဖစ္ၿပီး ထိပ္တန္း ၁၂ ဦးမွာဆိုရင္ ၆ ဦးအထိ ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

တျခားလိဂ္ေတြကေတာ့ ကမၻာ့ထိပ္တန္းေျပာင္းေရႊ႕ေၾကးရွင္ ၃ ဦးသာ ပိုင္ဆိုင္ထာားၿပီး ပီအက္စ္ဂ်ီနဲ႔ပတ္သက္ၿပီး လာလီဂါရဲ့ မေက်နပ္ခ်က္ေတြဟာ ေနာက္တစ္ႀကိမ္ နာမည္ႀကီးကစားသမားကို ေခၚယူလို႔ ရနိုင္တဲ့အေျခအေနက်ရင္ ရီးရဲလ္မက္ဒရစ္ကို ႀကီးမားတဲ့ ေငြေၾကးသုံးစြဲျခင္းကေန တားဆီးနိုင္မွာမဟုတ္ဘူးလို႔ ေျပာခ်င္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.