La Liga

Guard Of Honor ၂ ကြိမ်နဲ့ သမိုင်းဝင်ဖြစ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရီးရဲလ်ဘက်တစ်တို့ပွဲစဉ်

Guards of honour ဟာ အသင်းတစ်သင်းက ရာသီမကုန်ဆုံးမီမှာ ဆုဖလားကို သိမ်းပိုက်နိုင်ပြီးနောက် အခြံအရံတွေနဲ့ ဂုဏ်ပြုခံရတာဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ပိုပြီး သာမန်ကိစ္စလို ဖြစ်လာခဲ့ပေမယ့် သောကြာနေ့ည လာလီဂါပွဲစဉ်မှာတော့ ကြုံတောင့်ကြုံခဲ Guards of honour ၂ ခုကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

အသစ်စက်စက် သရဖူဆောင်းထားတဲ့ချန်ပီယံတွေ ကွင်းထဲဝင်လာချိန်မှာ ပြိုင်ဘက်အသင်း ၂ သင်းအနေနဲ့ တစ်ဖက်နဲ့ တစ်ဖက် လေးစားမှုပြသတာမျိုးက အမြဲတမ်း ကြုံရလေ့ရှိတဲ့ ကိစ္စမျိုးမဟုတ်ပေမယ့် ဒီခေတ်ကာလမှာတော့ မကြာခဏပိုပြီး မြင်တွေ့လာရပြီဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ ဆုဖလား ရရှိခဲ့ပြီးနောက် တစ်ပွဲမှာ Guards of honour ပေးလေ့ရှိပေမယ့်လည်း ယခုနှစ် စပိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ရာသီကုန်ဖို့ ၃ ပတ်လောက်နီးပါး အလိုကတည်းက ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လက အက်စ်ပန်ညိုအသင်းကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လာလီဂါဖလားကို ကိုင်မြှောက်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံဖြစ်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့နောက်ထပ်ပွဲစဉ်ဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ပွဲစဉ်ဖြစ်ပြီး ဒီယေဂို ဆီမီယွန်နီရဲ့အသင်းဟာ မြို့ခံပြိုင်ဘက်အသငး်ကို Guards of honour မပေးခဲ့တာတော့ သိပ်တော့ အံ့အားသင့်စရာ မဟုတ်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဒါပေမယ့်လည်း သောကြာနေ့ညမှာ ရီးရဲလ်မက်ဒရစ်အသင်းက ကိုပါဒယ်ရေး ချန်ပီယံ ရီးရဲလ် ဘက်တစ်နဲ့ ရင်ဆိုင်ခဲ့ချိန်မှာတော့ အဲဒီထက်ပိုတဲ့ Guards of honour မျိုးကို ရရှိခဲ့ပြီး တစ်သင်းနဲ့တစ်သင်း ပွဲမကစားမီ လေးစားတဲ့အနေနဲ့ Guards of honour အပြန်အလှန်ပေးခဲ့ကြတာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ကာလို အန်ဆယ်လော့တီရဲ့အသင်းဟာ ရီးရဲလ် ဘက်တစ်ကစားသမားတွေ ကွင်းထဲ ဝင်လာချိန်မှာ တစ်ဖက်တစ်ချက်မှာ ရပ်နေရင်း လက်ခုပ်တီးဂုဏ်ပြုပေးခဲ့ကြတာဖြစ်ပြီး ပြီးတဲ့နောက်မှာတော့ ရီးရဲလ် ဘက်တစ်ကစားသမားတွေ ခြံရံထားတဲ့ လျှောက်လမ်းအတိုင်း ရီးရဲလ်မက်ဒရစ်ကစားသမားတွေက ဖြတ်လျှောက်ခဲ့တာဖြစ်ပါတယ်။

ပြည်တွင်းဖလား ချန်ပီယံတွေအနေနဲ့ Guards of honour ပေးခြင်းခံရတာဟာ မကြာခဏ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စမဟုတ်ဘဲ အင်္ဂလန်မှာဆိုရင် မမြင်ရသလောက်ဖြစ်ပြီး အထူးသဖြင့် ပုံမှန်အားဖြင့် လိဂ်ပြီးဆုံးပြီးနောက် အက်ဖ်အေဖလား ကစားရတာကြောင့်ဖြစ်ပါတယ်။

ပယ်လီဂရီနီရဲ့အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါချန်ပီယံမဖြစ်သေးခင် ပြီးခဲ့တဲ့ ဧပြီလမှာ ကိုပါဒယ်ရေးဖလားကို ရရှိခဲ့တာဖြစ်ပြီး ဗလင်စီယာအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလို ရှားပါးတဲ့ Guards of honour ၂ ခုကို စပိန်မှာ မြင်တွေ့ခဲ့ရတာကတော့ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ဘဲ ၂၀၀၆ ခုနှစ်တုန်းက ဘာစီလိုနာအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ ဆီးဗီးလားအသင်းတို့ကလည်း အလားတူ Guards of honour ပေးခဲ့ကြဖူးတာဖြစ်ပါတယ်။

သောကြာနေ့ပွဲစဉ်ဟာ Guards of honour ၂ ကြိမ် ပေးရလောက်အောင် ထိုက်တန်တဲ့ ဖျော်ဖြေမှုပေးစွမ်းနိုင်ခဲ့တဲ့ပွဲစဉ်တော့မဟုတ်ခဲ့ဘဲ ၂ သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့ဘဲ သရေနဲ့သာ ပွဲပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:Guards of honour ဟာ အသင္းတစ္သင္းက ရာသီမကုန္ဆုံးမီမွာ ဆုဖလားကို သိမ္းပိုက္နိုင္ၿပီးေနာက္ အၿခံအရံေတြနဲ႔ ဂုဏ္ျပဳခံရတာဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ပိုၿပီး သာမန္ကိစၥလို ျဖစ္လာခဲ့ေပမယ့္ ေသာၾကာေန႔ည လာလီဂါပြဲစဥ္မွာေတာ့ ၾကဳံေတာင့္ၾကဳံခဲ Guards of honour ၂ ခုကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

အသစ္စက္စက္ သရဖူေဆာင္းထားတဲ့ခ်န္ပီယံေတြ ကြင္းထဲဝင္လာခ်ိန္မွာ ၿပိဳင္ဘက္အသင္း ၂ သင္းအေနနဲ႔ တစ္ဖက္နဲ႔ တစ္ဖက္ ေလးစားမႈျပသတာမ်ိဳးက အျမဲတမ္း ၾကဳံရေလ့ရွိတဲ့ ကိစၥမ်ိဳးမဟုတ္ေပမယ့္ ဒီေခတ္ကာလမွာေတာ့ မၾကာခဏပိုၿပီး ျမင္ေတြ႕လာရၿပီျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ေတာ့ ဆုဖလား ရရွိခဲ့ၿပီးေနာက္ တစ္ပြဲမွာ Guards of honour ေပးေလ့ရွိေပမယ့္လည္း ယခုႏွစ္ စပိန္မွာ ရီးရဲလ္မက္ဒရစ္အသင္းက ရာသီကုန္ဖို႔ ၃ ပတ္ေလာက္နီးပါး အလိုကတည္းက ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့လက အက္စ္ပန္ညိဳအသင္းကို ၄-၀ နဲ႔အနိုင္ရခဲ့တဲ့ပြဲမွာ လာလီဂါဖလားကို ကိုင္ေျမႇာက္ခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံျဖစ္ခဲ့ၿပီးေနာက္ ရီးရဲလ္မက္ဒရစ္အသင္းရဲ့ေနာက္ထပ္ပြဲစဥ္ဟာ အက္သလက္တီကို မက္ဒရစ္နဲ႔ ပြဲစဥ္ျဖစ္ၿပီး ဒီေယဂို ဆီမီယြန္နီရဲ့အသင္းဟာ ၿမိဳ႕ခံၿပိဳင္ဘက္အသငး္ကို Guards of honour မေပးခဲ့တာေတာ့ သိပ္ေတာ့ အံ့အားသင့္စရာ မဟုတ္တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။

ဒါေပမယ့္လည္း ေသာၾကာေန႔ညမွာ ရီးရဲလ္မက္ဒရစ္အသင္းက ကိုပါဒယ္ေရး ခ်န္ပီယံ ရီးရဲလ္ ဘက္တစ္နဲ႔ ရင္ဆိုင္ခဲ့ခ်ိန္မွာေတာ့ အဲဒီထက္ပိုတဲ့ Guards of honour မ်ိဳးကို ရရွိခဲ့ၿပီး တစ္သင္းနဲ႔တစ္သင္း ပြဲမကစားမီ ေလးစားတဲ့အေနနဲ႔ Guards of honour အျပန္အလွန္ေပးခဲ့ၾကတာျဖစ္ပါတယ္။

ပထမဆုံးအေနနဲ႔ ကာလို အန္ဆယ္ေလာ့တီရဲ့အသင္းဟာ ရီးရဲလ္ ဘက္တစ္ကစားသမားေတြ ကြင္းထဲ ဝင္လာခ်ိန္မွာ တစ္ဖက္တစ္ခ်က္မွာ ရပ္ေနရင္း လက္ခုပ္တီးဂုဏ္ျပဳေပးခဲ့ၾကတာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာေတာ့ ရီးရဲလ္ ဘက္တစ္ကစားသမားေတြ ၿခံရံထားတဲ့ ေလၽွာက္လမ္းအတိုင္း ရီးရဲလ္မက္ဒရစ္ကစားသမားေတြက ျဖတ္ေလၽွာက္ခဲ့တာျဖစ္ပါတယ္။

ျပည္တြင္းဖလား ခ်န္ပီယံေတြအေနနဲ႔ Guards of honour ေပးျခင္းခံရတာဟာ မၾကာခဏ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ကိစၥမဟုတ္ဘဲ အဂၤလန္မွာဆိုရင္ မျမင္ရသေလာက္ျဖစ္ၿပီး အထူးသျဖင့္ ပုံမွန္အားျဖင့္ လိဂ္ၿပီးဆုံးၿပီးေနာက္ အက္ဖ္ေအဖလား ကစားရတာေၾကာင့္ျဖစ္ပါတယ္။

ပယ္လီဂရီနီရဲ့အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းက လာလီဂါခ်န္ပီယံမျဖစ္ေသးခင္ ၿပီးခဲ့တဲ့ ဧၿပီလမွာ ကိုပါဒယ္ေရးဖလားကို ရရွိခဲ့တာျဖစ္ၿပီး ဗလင္စီယာအသင္းကို ပင္နယ္တီ အဆုံးအျဖတ္မွာ အနိုင္ရရွိခဲ့ၿပီးေနာက္ ၂၀၀၅ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ဆုဖလားကိုင္ေျမႇာက္နိုင္ခဲ့တာျဖစ္ပါတယ္။

ဒီလို ရွားပါးတဲ့ Guards of honour ၂ ခုကို စပိန္မွာ ျမင္ေတြ႕ခဲ့ရတာကေတာ့ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ေတာ့ဘဲ ၂၀၀၆ ခုႏွစ္တုန္းက ဘာစီလိုနာအသင္းနဲ႔ ယူရိုပါလိဂ္ခ်န္ပီယံ ဆီးဗီးလားအသင္းတို႔ကလည္း အလားတူ Guards of honour ေပးခဲ့ၾကဖူးတာျဖစ္ပါတယ္။

ေသာၾကာေန႔ပြဲစဥ္ဟာ Guards of honour ၂ ႀကိမ္ ေပးရေလာက္ေအာင္ ထိုက္တန္တဲ့ ေဖ်ာ္ေျဖမႈေပးစြမ္းနိုင္ခဲ့တဲ့ပြဲစဥ္ေတာ့မဟုတ္ခဲ့ဘဲ ၂ သင္းစလုံး ဂိုးမသြင္းနိုင္ခဲ့ဘဲ သေရနဲ႔သာ ပြဲၿပီးဆုံးသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.