La Liga Premier League Transfer News

႐ိုက္စ္နဲ႔ ဟီမီနက္ဇ္တုိ႔ကို ေခၚဖို႔ ခံစစ္ပုိင္းက အသုံးမဝင္သူေတြကို ေရာင္းထုတ္သြားမယ့္ လမ္းပတ္

အိတ္ေပါက္နဲ႔ ဖားေကာက္ေနၿပီး တည္ၿငိမ္တဲ့ ခံစစ္မွဴးတစ္ဦးမွ မရွိတဲ့ ေနာက္တန္းအတြက္ အားျဖည့္မွဳေတြကို ျပဳလုပ္ခ်င္ေနတဲ့ ခ်ဲလ္ဆီး နည္းျပ ဖရန္႔ လမ္းပတ္အတြက္ ကစားသမားသစ္ေတြ ေခၚယူဖို႔ လက္ရွိခံစစ္မွဴးေတြထဲက အနည္းဆုံးတစ္ဦးကေန ႏွစ္ဦးသုံးဦးအထိ ေရာင္းခ်ၿပီး ေနရာလြတ္ရေအာင္လုပ္ဖို႔ရွိတယ္လို႔ ကၽြမ္းက်င္သူေတြက ခန္႔မွန္းေနၾကပါတယ္။

အန္တိုနီယို ႐ူဒီဂါ၊ ကတ္ ဇူးမား၊ ဖီကာယို တုိမိုရီ၊ အန္းဒရိစ္ ခရစၥတင္ဆန္တို႔ ေလးဦးဟာ အသင္းရဲ႕ စီနီယာဗဟိုေနာက္ခံလူေတြျဖစ္ၾကၿပီး သုံးေယာက္တန္းခံစစ္မွာေတာ့ အသင္းေခါင္းေဆာင္ ဆီဆာ အက္ဇ္ပီလီေကြတာက ပါဝင္ကစားေနေပမယ့္ ခိုင္မာေတာင့္တင္းတဲ့ ကစားပုံကို မျပသႏိုင္တဲ့ ခံစစ္ပုိင္းက အဓိက ျပႆနာတစ္ခုျဖစ္ေနၿပီး ဒီရာသီၿပဳိင္ပြဲအရပ္ရပ္ ၅၄ ပြဲမွာ ၇၅ ဂိုးေပးခဲ့ရတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒါေၾကာင့္ လမ္းပတ္အေနနဲ႔ လက္ရွိေနာက္ခံလူေတြထဲက အနည္းဆုံးတစ္ေယာက္အျပင္ မားကို႔စ္ အလြန္ဆုိနဲ႔ အီမာဆန္ ပယ္လ္မီယာရီတုိ႔လို အံမဝင္တဲ့ ဘယ္ေနာက္ခံလူေတြကိုလည္း ထုတ္ေရာက္ၿပီး ေငြေၾကးရွာေဖြသြားဖို႔ ရွိေနၿပီး ျပန္လည္အားျဖည့္ဖို႔အတြက္ကိုေတာ့ အက္သလက္တီကို မက္ဒရစ္ရဲ႕ ဥ႐ုေဂြးသား ဟိုေဆး ဟီမီနက္ဇ္နဲ႔ ဝက္စ္ဟမ္းရဲ႕ ဒက္လန္ ႐ုိက္စ္တုိ႔ကို အလိုရွိေနတာျဖစ္ပါတယ္။

လမ္းပတ္အေနနဲ႔ ဟီမီနက္ဇ္ကို အလိုရွိေနေပမယ့္ သူ႕ကိုေတာ့ တီကိုဘက္က ေရာင္းခ်လိုျခင္းမရွိဘဲ စာခ်ဳပ္ေလ်ာ္ေၾကးကို ကိုင္စြဲထားတဲ့ ျပႆနာကို ေျဖရွင္းရမွာျဖစ္ၿပီး ဒါကို အသင္းရဲ႕ ဆရာမႀကီး မာရီယာ ဂရာေနာ့ဗ္စကားယာတစ္ေယာက္ ေျပလည္ေအာင္လုပ္ေဆာင္ႏိုင္မလား ၾကည့္ရဖို႔ ရွိေနၿပီး သူ႕သူငယ္ခ်င္း ေမဆန္ေမာင့္နဲ႔ ပူးေပါင္းခ်င္ေနတဲ့ ႐ိုက္စ္ကိုေတာ့ ဝက္စ္ဟမ္းဘက္က ေပါင္ ၆၅ သန္း သတ္မွတ္ထားတယ္လို႔ ဆိုပါတယ္။

တယ္လီဂရပ္ဖ္သတင္းဌာနရဲ႕ အဆုိအရေတာ့ ခ်ဲလ္ဆီးအေနနဲ႔ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိကိုလည္း ေရာင္းခ်သြားမွာျဖစ္တယ္လို႔ သိရၿပီး အန္တိုနီယို ကြန္တီနဲ႔ အရင္နည္းျပေတြလက္ထက္က ေခၚယူထားၿပီး လက္ရွိမွာ အသုံးမဝင္တဲ့ ဒါဗီေဒး ဇက္ပါေကာ္စတာ၊ ဘာဘာ ရာမန္၊ တီးမူး ဘာကာယိုကိုတုိ႔လို ကစားသမားေတြကိုလည္း အတတ္ႏုိင္ဆုံး ရွင္းထုတ္ၿပီး ႐ုံခါသြားမယ့္ ရာသီသစ္ကို ေတြ႕ျမင္ရဖို႔ ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & TELEGRAPH
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အိတ်ပေါက်နဲ့ ဖားကောက်နေပြီး တည်ငြိမ်တဲ့ ခံစစ်မှူးတစ်ဦးမှ မရှိတဲ့ နောက်တန်းအတွက် အားဖြည့်မှုတွေကို ပြုလုပ်ချင်နေတဲ့ ချဲလ်ဆီး နည်းပြ ဖရန့် လမ်းပတ်အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ လက်ရှိခံစစ်မှူးတွေထဲက အနည်းဆုံးတစ်ဦးကနေ နှစ်ဦးသုံးဦးအထိ ရောင်းချပြီး နေရာလွတ်ရအောင်လုပ်ဖို့ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။

အန်တိုနီယို ရူဒီဂါ၊ ကတ် ဇူးမား၊ ဖီကာယို တိုမိုရီ၊ အန်းဒရိစ် ခရစ္စတင်ဆန်တို့ လေးဦးဟာ အသင်းရဲ့ စီနီယာဗဟိုနောက်ခံလူတွေဖြစ်ကြပြီး သုံးယောက်တန်းခံစစ်မှာတော့ အသင်းခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွေတာက ပါဝင်ကစားနေပေမယ့် ခိုင်မာတောင့်တင်းတဲ့ ကစားပုံကို မပြသနိုင်တဲ့ ခံစစ်ပိုင်းက အဓိက ပြဿနာတစ်ခုဖြစ်နေပြီး ဒီရာသီပြိုင်ပွဲအရပ်ရပ် ၅၄ ပွဲမှာ ၇၅ ဂိုးပေးခဲ့ရတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါကြောင့် လမ်းပတ်အနေနဲ့ လက်ရှိနောက်ခံလူတွေထဲက အနည်းဆုံးတစ်ယောက်အပြင် မားကို့စ် အလွန်ဆိုနဲ့ အီမာဆန် ပယ်လ်မီယာရီတို့လို အံမဝင်တဲ့ ဘယ်နောက်ခံလူတွေကိုလည်း ထုတ်ရောက်ပြီး ငွေကြေးရှာဖွေသွားဖို့ ရှိနေပြီး ပြန်လည်အားဖြည့်ဖို့အတွက်ကိုတော့ အက်သလက်တီကို မက်ဒရစ်ရဲ့ ဥရုဂွေးသား ဟိုဆေး ဟီမီနက်ဇ်နဲ့ ဝက်စ်ဟမ်းရဲ့ ဒက်လန် ရိုက်စ်တို့ကို အလိုရှိနေတာဖြစ်ပါတယ်။

လမ်းပတ်အနေနဲ့ ဟီမီနက်ဇ်ကို အလိုရှိနေပေမယ့် သူ့ကိုတော့ တီကိုဘက်က ရောင်းချလိုခြင်းမရှိဘဲ စာချုပ်လျော်ကြေးကို ကိုင်စွဲထားတဲ့ ပြဿနာကို ဖြေရှင်းရမှာဖြစ်ပြီး ဒါကို အသင်းရဲ့ ဆရာမကြီး မာရီယာ ဂရာနော့ဗ်စကားယာတစ်ယောက် ပြေလည်အောင်လုပ်ဆောင်နိုင်မလား ကြည့်ရဖို့ ရှိနေပြီး သူ့သူငယ်ချင်း မေဆန်မောင့်နဲ့ ပူးပေါင်းချင်နေတဲ့ ရိုက်စ်ကိုတော့ ဝက်စ်ဟမ်းဘက်က ပေါင် ၆၅ သန်း သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

တယ်လီဂရပ်ဖ်သတင်းဌာနရဲ့ အဆိုအရတော့ ချဲလ်ဆီးအနေနဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုကိုလည်း ရောင်းချသွားမှာဖြစ်တယ်လို့ သိရပြီး အန်တိုနီယို ကွန်တီနဲ့ အရင်နည်းပြတွေလက်ထက်က ခေါ်ယူထားပြီး လက်ရှိမှာ အသုံးမဝင်တဲ့ ဒါဗီဒေး ဇက်ပါကော်စတာ၊ ဘာဘာ ရာမန်၊ တီးမူး ဘာကာယိုကိုတို့လို ကစားသမားတွေကိုလည်း အတတ်နိုင်ဆုံး ရှင်းထုတ်ပြီး ရုံခါသွားမယ့် ရာသီသစ်ကို တွေ့မြင်ရဖို့ ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & TELEGRAPH
PHOTOS CREDIT TO OWNERS
SPORTS A2Z.