Premier League

ဒေါ့မွန်နဲ့ ပီအက်စ်ဂျီမှာ ယောင်လို့တောင်မရခဲ့ဖူးတဲ့အရာကို ရခဲ့လို့ ပျော်နေတဲ့ တူဟယ်

ချဲလ်ဆီးအသင်းနည်းပြ သောမတ်စ် တူဟယ်ဟာ လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မတိုင်ခင် Shed End မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို မမြင်တွေ့ခဲ့ဘဲ မေဆန် မောင့်ကို ဂုဏ်ပြုထားတဲ့ ဆိုင်းဘုတ်ကိုသာ မြင်တွေ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တူဟယ်ရဲ့ လက်ထောက်နည်းပြ အာနိုး မီချယ်လ်စ်ကတော့ မြင်တွေ့ခဲ့ပြီး ဂျာမန်လူမျိုးနည်းပြရဲ့ ပုံကို ပြသထားတဲ့ ဆိုင်းဘုတ်ကို မြင်တွေ့လိုက်ရကြောင်းကို အသိပေးခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြ တူဟယ်ဟာ လက်ထောက်နည်းပြရဲ့ အသိပေးမှုကြောင့် ဆိုင်းဘုတ်ကို မြင်တွေ့သွားချိန်မှာ အံ့အားသင့်သွားခဲ့ရပြီး မျက်နှာပေါ်မှာလည်း ကြီးမားတဲ့ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီးနောက် မီချယ်လ်စ်ကို ပွေ့ဖက်ပြီး ပွဲအပေါ်ကို အာရုံပြန်စိုက်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အရမ်းပျော်ရွှင်သွားခဲ့တယ်။ အရင်တုန်းက ကျွန်တော့်အတွက် ဆိုင်းဘုတ်လုပ်ပေးခဲ့တာမျိုး မရှိခဲ့ဖူးပါဘူး။ ကျွန်တော် မေဆန်အတွက် လုပ်ထားတဲ့ ဆိုင်းဘုတ်ကို ကြည့်နေခဲ့တာဖြစ်ပြီး တစ်ဖက်က နောက်ထပ် ဆိုင်းဘုတ်တစ်ခုက ကျွန်တော့်ပုံဆိုတာ တစ်စုံတယောက်က မပြောမချင်း မသိခဲ့ပါဘူး။ အရမ်းကောင်းပြီး ကျေးဇူးလည်း အများကြီးတင်ပါတယ်။ ကျွန်တော့်ကို အဲဒီလို လုပ်ပေးဖို့ ထိုက်တန်အောင် အကောင်းဆုံး လုပ်သွားမှာပါ”လို့ လက်စတာစီးတီးနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းပရိသတ်အများစုကတော့ တူဟယ်အနေနဲ့ ဒီလိုမျိုး အသိအမှတ်ပြုခံရတဲ့ အခိုက်အတန့်မျိုးနဲ့ ထိုက်တန်ခဲ့တယ်ဆိုတာကို သဘောတူကြမှာဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြအနေနဲ့ ၁၈ လအတွင်း ဆုဖလား ၃ လုံး ရယူပေးခဲ့လို့တင်မဟုတ်ဘဲ အသင်းရဲ့သမိုင်းထဲက အခက်ခဲဆုံးကာလတွေထဲက တစ်ခုအတွင်း ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာကို ပြသခဲ့တဲ့အတွက်လည်း ပါပါတယ်။

ချဲလ်ဆီးအသင်းဟာ ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ယူကရိန်းအရေးကြောင့် ပိတ်ဆို့ဒဏ်ခတ်ခဲ့ရာမှာ တစ်နွယ်ငင် တစ်စင်ပါဆိုသလို အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နည်းပြ တူဟယ်က အသင်းသားတွေနဲ့ ပရိသတ်တွေစိတ်ဓာတ်ကျစေမယ့် စကားမျိုးမပြောဘဲ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို လုပ်ပေးခဲ့တာက ဆုဖလားတွေ အနိုင်ရရှိခဲ့တာထက် ပိုလို့တောင် အဓိပ္ပာယ်ရှိခဲ့တာဖြစ်ကောင်းဖြစ်နိုင်တာကြောင့် ချဲလ်ဆီး ပရိသတ်တွေဆီကနေ ဒီလိုမျိုး ချစ်ခင်ကြောင်း ပြသခြင်းကို တူဟယ်အနေနဲ့ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် နည်းပြက မကြာသေးမီက ၎င်းရဲ့ နည်းပြဘဝသက်တမ်းမှာ အခုလောက် ဘယ်တုန်းကမှ မပျော်ရွှင်ခဲ့ဖူးဘူးလို့ ပြောကြားခဲ့ပြီး ချဲလ်ဆီးက အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင်က ကြုံတွေ့ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

သောမတ်စ် တူဟယ်ရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရွှင်မြူးပြီး သက်တောင့်သက်သာရှိတဲ့ အမူအရာက အများစု မျှော်မှန်းထားခဲ့တဲ့ နည်းပြပုံစံမျိုးနဲ့ ကွဲလွဲနေခဲ့ပြီး တူဟယ်ဟာ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီတို့ကို ကိုင်တွယ်ခဲ့စဉ်တုန်းက ပရိသတ်တွေနဲ့ အထူးသဖြင့် အသင်းသားတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့သူအဖြစ် လူသိများခဲ့တာဖြစ်ပါတယ်။

အဲဒါက ဒေါ့မွန်အသင်းမှာ ပရိသတ်တွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့တယ်လို့ တူဟယ်ကိုယ်တိုင် ဝန်ခံပြောကြားခဲ့တဲ့ ယာဂန် ကလော့ပ်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

“ကျွန်တော်က ဒေါ့မွန်မှာ သူ့နောက်က လူတစ်ယောက်ဖြစ်ခဲ့တယ်။ နည်းပြတစ်ယောက်က နည်းပြနေတယ်ဆိုတာထက် တခြားအခန်းကဏ္ဍက လူတစ်ယောက်လိုမျိုးဖြစ်ခဲ့ပြီး အဲဒါက မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ကလော့ပ်အပေါ်မှာ သူလုပ်နေတာတွေအတွက် အကြီးမားဆုံး လေးစားမှု ရှိပါတယ်”

“သူ ဒေါ့မွန်အသင်းကို လေ့ကျင့်ပေးနေတဲ့အချိန်မှာ တစ်နိုင်ငံလုံးက ဒေါ့မွန်ကို ချစ်ခဲ့ကြတယ်။ အခု သူ လီဗာပူးလ်ကို လေ့ကျင့်ပေးနေပြီး တစ်နိုင်ငံလုံးက လီဗာပူးလ်ကို ချစ်နေတယ်လို့ ခင်ဗျား ခံစားရမှာပါ။ အဲဒါက သူ့ကို ကြီးမားတဲ့ ချီးကျူးမှု ပြုလုပ်တာဖြစ်ပြီး ဒါက ခင်ဗျား သူနဲ့ ယှဉ်ပြိုင်ပြီး ကစားရတဲ့အခါမှာ ရင်ဆိုင်ဖြေရှင်းရမယ့်အရာပါ။ အမြဲတမ်း အဲဒီလိုပဲ ဖြစ်မှာပါ”လို့ ပြောဆိုသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းနည္းၿပ ေသာမတ္စ္ တူဟယ္ဟာ လက္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မတိုင္ခင္ Shed End မွာ ခ်ိတ္ထားတဲ့ ဆိုင္းဘုတ္ကို မျမင္ေတြ႕ခဲ့ဘဲ ေမဆန္ ေမာင့္ကို ဂုဏ္ျပဳထားတဲ့ ဆိုင္းဘုတ္ကိုသာ ျမင္ေတြ႕ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တူဟယ္ရဲ့ လက္ေထာက္နည္းၿပ အာနိုး မီခ်ယ္လ္စ္ကေတာ့ ျမင္ေတြ႕ခဲ့ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပရဲ့ ပုံကို ျပသထားတဲ့ ဆိုင္းဘုတ္ကို ျမင္ေတြ႕လိုက္ရေၾကာင္းကို အသိေပးခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးနည္းၿပ တူဟယ္ဟာ လက္ေထာက္နည္းျပရဲ့ အသိေပးမႈေၾကာင့္ ဆိုင္းဘုတ္ကို ျမင္ေတြ႕သြားခ်ိန္မွာ အံ့အားသင့္သြားခဲ့ရၿပီး မ်က္ႏွာေပၚမွာလည္း ႀကီးမားတဲ့ အျပဳံးတစ္ခု ထြက္ေပၚလာခဲ့ၿပီးေနာက္ မီခ်ယ္လ္စ္ကို ေပြ႕ဖက္ၿပီး ပြဲအေပၚကို အာ႐ုံျပန္စိုက္ခဲ့တာျဖစ္ပါတယ္။

“ကၽြန္ေတာ္ အရမ္းေပ်ာ္ရႊင္သြားခဲ့တယ္။ အရင္တုန္းက ကၽြန္ေတာ့္အတြက္ ဆိုင္းဘုတ္လုပ္ေပးခဲ့တာမ်ိဳး မရွိခဲ့ဖူးပါဘူး။ ကၽြန္ေတာ္ ေမဆန္အတြက္ လုပ္ထားတဲ့ ဆိုင္းဘုတ္ကို ၾကည့္ေနခဲ့တာျဖစ္ၿပီး တစ္ဖက္က ေနာက္ထပ္ ဆိုင္းဘုတ္တစ္ခုက ကၽြန္ေတာ့္ပုံဆိုတာ တစ္စုံတေယာက္က မေျပာမခ်င္း မသိခဲ့ပါဘူး။ အရမ္းေကာင္းၿပီး ေက်းဇူးလည္း အမ်ားႀကီးတင္ပါတယ္။ ကၽြန္ေတာ့္ကို အဲဒီလို လုပ္ေပးဖို႔ ထိုက္တန္ေအာင္ အေကာင္းဆုံး လုပ္သြားမွာပါ”လို႔ လက္စတာစီးတီးနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တဲ့ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းပရိသတ္အမ်ားစုကေတာ့ တူဟယ္အေနနဲ႔ ဒီလိုမ်ိဳး အသိအမွတ္ျပဳခံရတဲ့ အခိုက္အတန႔္မ်ိဳးနဲ႔ ထိုက္တန္ခဲ့တယ္ဆိုတာကို သေဘာတူၾကမွာျဖစ္ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပအေနနဲ႔ ၁၈ လအတြင္း ဆုဖလား ၃ လုံး ရယူေပးခဲ့လို႔တင္မဟုတ္ဘဲ အသင္းရဲ့သမိုင္းထဲက အခက္ခဲဆုံးကာလေတြထဲက တစ္ခုအတြင္း ဘယ္လို ျပဳမူေနထိုင္ရမယ္ဆိုတာကို ျပသခဲ့တဲ့အတြက္လည္း ပါပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ႐ုရွားဘီလ်ံနာ ေအဘရာမိုဗစ္ခ်္ကို ၿဗိတိန္အစိုးရက ယူကရိန္းအေရးေၾကာင့္ ပိတ္ဆို႔ဒဏ္ခတ္ခဲ့ရာမွာ တစ္ႏြယ္ငင္ တစ္စင္ပါဆိုသလို အၾကပ္အတည္းေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး နည္းၿပ တူဟယ္က အသင္းသားေတြနဲ႔ ပရိသတ္ေတြစိတ္ဓာတ္က်ေစမယ့္ စကားမ်ိဳးမေျပာဘဲ ႀကံ့ႀကံ့ခံ ရပ္တည္ခဲ့တာျဖစ္ပါတယ္။

အဲဒီလို လုပ္ေပးခဲ့တာက ဆုဖလားေတြ အနိုင္ရရွိခဲ့တာထက္ ပိုလို႔ေတာင္ အဓိပၸာယ္ရွိခဲ့တာျဖစ္ေကာင္းျဖစ္နိုင္တာေၾကာင့္ ခ်ဲလ္ဆီး ပရိသတ္ေတြဆီကေန ဒီလိုမ်ိဳး ခ်စ္ခင္ေၾကာင္း ျပသျခင္းကို တူဟယ္အေနနဲ႔ လက္ခံရရွိခဲ့တာျဖစ္ပါတယ္။ အသက္ ၄၈ ႏွစ္အရြယ္ နည္းျပက မၾကာေသးမီက ၎ရဲ့ နည္းျပဘဝသက္တမ္းမွာ အခုေလာက္ ဘယ္တုန္းကမွ မေပ်ာ္ရႊင္ခဲ့ဖူးဘူးလို႔ ေျပာၾကားခဲ့ၿပီး ခ်ဲလ္ဆီးက အလုပ္လုပ္ရတဲ့ ပတ္ဝန္းက်င္က ၾကဳံေတြ႕ခဲ့ဖူးသမၽွထဲမွာ အေကာင္းဆုံးျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေသာမတ္စ္ တူဟယ္ရဲ့ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ရႊင္ျမဴးၿပီး သက္ေတာင့္သက္သာရွိတဲ့ အမူအရာက အမ်ားစု ေမၽွာ္မွန္းထားခဲ့တဲ့ နည္းျပပုံစံမ်ိဳးနဲ႔ ကြဲလြဲေနခဲ့ၿပီး တူဟယ္ဟာ ေဒါ့မြန္နဲ႔ ပီအက္စ္ဂ်ီတို႔ကို ကိုင္တြယ္ခဲ့စဥ္တုန္းက ပရိသတ္ေတြနဲ႔ အထူးသျဖင့္ အသင္းသားေတြနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈေတြ ရွိခဲ့သူအျဖစ္ လူသိမ်ားခဲ့တာျဖစ္ပါတယ္။

အဲဒါက ေဒါ့မြန္အသင္းမွာ ပရိသတ္ေတြနဲ႔ ခိုင္မာတဲ့ ဆက္ဆံေရးကို တည္ေဆာက္နိုင္ခဲ့တယ္လို႔ တူဟယ္ကိုယ္တိုင္ ဝန္ခံေျပာၾကားခဲ့တဲ့ ယာဂန္ ကေလာ့ပ္ေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။

“ကၽြန္ေတာ္က ေဒါ့မြန္မွာ သူ႔ေနာက္က လူတစ္ေယာက္ျဖစ္ခဲ့တယ္။ နည္းျပတစ္ေယာက္က နည္းျပေနတယ္ဆိုတာထက္ တျခားအခန္းက႑က လူတစ္ေယာက္လိုမ်ိဳးျဖစ္ခဲ့ၿပီး အဲဒါက မလြယ္ကူခဲ့ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ ဘာမွမျဖစ္ပါဘူး။ ကေလာ့ပ္အေပၚမွာ သူလုပ္ေနတာေတြအတြက္ အႀကီးမားဆုံး ေလးစားမႈ ရွိပါတယ္”

“သူ ေဒါ့မြန္အသင္းကို ေလ့က်င့္ေပးေနတဲ့အခ်ိန္မွာ တစ္နိုင္ငံလုံးက ေဒါ့မြန္ကို ခ်စ္ခဲ့ၾကတယ္။ အခု သူ လီဗာပူးလ္ကို ေလ့က်င့္ေပးေနၿပီး တစ္နိုင္ငံလုံးက လီဗာပူးလ္ကို ခ်စ္ေနတယ္လို႔ ခင္ဗ်ား ခံစားရမွာပါ။ အဲဒါက သူ႔ကို ႀကီးမားတဲ့ ခ်ီးက်ဴးမႈ ျပဳလုပ္တာျဖစ္ၿပီး ဒါက ခင္ဗ်ား သူနဲ႔ ယွဥ္ၿပိဳင္ၿပီး ကစားရတဲ့အခါမွာ ရင္ဆိုင္ေျဖရွင္းရမယ့္အရာပါ။ အျမဲတမ္း အဲဒီလိုပဲ ျဖစ္မွာပါ”လို႔ ေျပာဆိုသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.