Premier League
ကစားသမားတွေကို အာရုံနောက်မခံဘဲ ပွဲကိုပဲ အာရုံစိုက်ဖို့ တိုက်တွန်းလိုက်တဲ့ ဂွါဒီယိုလာ
ပက် ဂွါဒီယိုလာက မန်ချက်စတာစီးတီးကစားသမားတွေကို ဆုဖလားပြိုင်ပွဲရဲ့ဖိအားတွေကို လျစ်လျူရှုထားဖို့နဲ့ တနင်္ဂနွေနေ့ အဆုံးအဖြတ်ပွဲစဉ်ကို တခြားပွဲစဉ်တွေလိုပဲ သဘောထားဖို့ တောင်းဆိုခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ တနင်္ဂနွေနေ့မှာ စတီဗင် ဂျရတ်ရဲ့ အက်စတန် ဗီလာအသင်းကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် ၅ ရာသီအတွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်သွားနိုင်တော့မှာ ဖြစ်ပါတယ်။
တကယ်လို့သာ မန်ချက်စတာစီးတီးအသင်းက ခြေချော်ပြီး သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ၁ မှတ်အကွာနဲ့ နောက်ဆုံးအချိန်အထိ ကျော်တက်ဖို့ စောင့်ဆိုင်းနေတဲ့ လီဗာပူးလ်အသင်းကို တံခါးဖွင့်ပေးလိုက်သလို ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။
“ကျွန်တော် ကစားသမားတွေကို အဲဒါက ဘောလုံးပွဲတစ်ပွဲပဲလို့ ပြောခဲ့ပါတယ်။ ပွဲအပေါ်မှာ အာရုံစိုက်ဖို့၊ နောက်ဆက်တွဲအကျိုးဆက်တွေအကြောင်းကို မစဉ်းစားဖို့၊ ကျွန်တော်တို့ အနိုင်ရရင် ဘယ်လောက်အထိ ပျော်ရမလဲ ဒါမှမဟုတ် ရှုံးနိမ့်ခဲ့ရင် ဘယ်လောက်အထိ ဝမ်းနည်းရမလဲဆိုတာတွေ မတွေးဖို့ ပြောခဲ့ပါတယ်။ အဲဒါက ဘောလုံးပွဲတစ်ပွဲပါပဲ။ ခင်ဗျား အက်စတန် ဗီလာနဲ့ပွဲမှာ နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားရမှာပါ။ ခင်ဗျား ဆုဖလားတစ်လုံး ပိုရမလား ဒါမှမဟုတ် လျော့ပြီး လိုချင်လားဆိုတာကို တွေးနေရင် ဟုတ်ပါတယ်။ ဒီလိုအရာက အရေးကြီးပါတယ်။ အားလုံး အဲဒါကို သိပါတယ်။ ဒါပေမယ့် အဲဒါက ဘောလုံးပွဲတစ်ပွဲပါပဲ”
“သူတို့တွေ ဝက်ကင်စ် ဒါမှမဟုတ် အင့်ဂ်စ်နဲ့ ဝက်ကင်စ်တို့အတွဲနဲ့ ကစားသွားမှာလား။ ဒေါက်ဂလပ် လူးဝစ်ဇ်က ကွင်းလယ်အထိုင်အနေနဲ့ ကစားမှာလား ဒါမှမဟုတ် ကွင်းလယ် ၃ ဦးထဲမှာ ကစားမှာလား။ ဂျွန် မက်ဂင်းက တောင်ပံထွက်ကစားမှာလား ဒါမှမဟုတ် မကစားဘူးလား။ အဲဒါက ကျွန်တော်တို့ မနက်ဖြန်မှာ ကိုင်တွယ်ရမယ့်အရာပါ။ ကျွန်တော်တို့ အနိုင်ရချင်တယ်ဆိုရင် ဒီလိုအကြောင်းတွေကိုပဲ စဉ်းစားရမှာပါ”
မန်ချက်စတာစီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေပေမယ့်လည်း ဂွါဒီယိုလာက အဲဒါက သမိုင်းကြောင်းအရ မျှော်မှန်းချက်ထုထည်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ၎င်းရဲ့အသင်းကို ကူညီပေးနေတယ်လို့ ခံစားနေရပါတယ်။
“ဒီနေရာမှာ အကြိမ်ပေါင်းများစွာမရှိခဲ့တဲ့ အသင်းဖြစ်တာကြောင့် ကျွန်တော်တို့ ဒီနေရာကို ရောက်နေတဲ့အခါမှာ စိုးရိမ်ရမလား ဒါမှမဟုတ် စိတ်လှုပ်ရှားရမလားဆိုရင် ဟင့်အင်းပါ။ ဖြစ်စရာအကြောင်းမရှိပါဘူး။ အဲဒီကို သွားပြီး ပွဲကို ခံစားနိုင်အောင် ကြိုးပမ်းပါ။ အခိုက်အတန့်တွေကို ပျော်ရွှင်ခံစားပါ။ ကျွန်တော်တို့ အခိုက်အတန့်တွေမှာ ခံစားရမှာဖြစ်ပေမယ့် ဂိုး ခွင့်ပြုလိုက်ရမယ်ဆိုရင် လုပ်စမ်းပါ။ လုပ်ကြစို့။ နောက်ထပ်တစ်ကြိမ် ကြိုးစားမယ်။ ထပ်ကြိုးစားမယ်ဆိုပြီး ဖြစ်နေရမှာပါ။ ကျွန်တော့်ရဲ့ သေးငယ်တဲ့ အတွေ့အကြုံကနေ ဒီဟာက ဒီလို အခြေအနေမျိုးကို ချဉ်းကပ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:ပက် ဂွါဒီယိုလာက မန်ချက်စတာစီးတီးကစားသမားတွေကို ဆုဖလားပြိုင်ပွဲရဲ့ဖိအားတွေကို လျစ်လျူရှုထားဖို့နဲ့ တနင်္ဂနွေနေ့ အဆုံးအဖြတ်ပွဲစဉ်ကို တခြားပွဲစဉ်တွေလိုပဲ သဘောထားဖို့ တောင်းဆိုခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.