Premier League

ဝုလ်ဗ်စ်နဲ့ပွဲမတိုင်ခင် ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ရယူဖို့ ကြိုးပမ်းမှုမအောင်မြင်ခဲ့ဘူးဆိုရင်တောင်မှ ကြိုးစားတာကို ရပ်တန့်သွားမှာမဟုတ်ဘူးလို့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို သတိပေးခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ တနင်္ဂနွေနေ့ ဝုလ်ဗ်စ်နဲ့ ပွဲစဉ်မှာ ကလော့ပ်လက်ထက် ၃ ကြိမ်မြောက် ရမှတ် ၉၀ ကို ရယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး အဲဒီပွဲစဉ်ဟာ မာဆေးဆိုဒ်အသင်းအတွက် ဖလား ၄ လုံးတပြိုင်နက် ရရှိနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပေးစွမ်းနိုင်သေးတာဖြစ်ပါတယ်။

လီဗာပူးလ်က ဘရူနို လေ့ဂျ်ရဲ့ အသင်းကို အနိုင်ယူနိုင်ပြီး မန်ချက်စတာစီးတီးအသင်းက စတီဗင် ဂျရတ်ရဲ့ အက်စတန် ဗီလာနဲ့ ပွဲစဉ်မှာ အနိုင် ၃ မှတ် ရယူနိုင်ခြင်းမရှိဘူးဆိုရင် ကြိုးကြာနီတွေဟာ အကြိမ် ၂၀ မြောက် အင်္ဂလန်ချန်ပီယံဖြစ်တဲ့ စံချိန်ကို လိုက်မီတော့မှာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ မေလ ၂၈ ရက်နေ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့လည်း တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် ကလော့ပ်က လက်ရှိကနေ မေလကုန်အထိ ဘာတွေပဲ ဖြစ်လာဖြစ်လာ ၎င်းရဲ့အသင်းက လာမယ့်ရာသီမှာ နောက်ထပ်တစ်ကြိမ် အဓိကဆုဖလားတွေကို ရရှိဖို့ ကြိုးပမ်းသွားဦးမှာလို့ ပြောကြားခဲ့ပါတယ်။

“၂၀၁၉ ခုနှစ်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရဖို့ ရှိနေတဲ့အချိန်နဲ့ အလားတူပါပဲ။ လူတွေက ကျွန်တော်တို့ကို အနိုင်ရစေချင်တာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော်တို့ လိဂ်ဖလားကို မရခဲ့ဘဲ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရဖို့ကလည်း ရှိနေတယ်။ ဒါပေမယ့် ကျွန်တော် မသိပါဘူး”

“ကံမကောင်းစွာနဲ့ပဲ ဘဝက ဒီလိုမျိုး မဟုတ်ခဲ့ပါဘူး။ ၂၀၁၉ တုန်းက ရာသီနောက်ဆုံးပွဲစဉ်မတိုင်ခင်နဲ့ ပွဲအပြီးမှာ ကျွန်တော် ဘယ်လိုခံစားနေခဲ့ရလဲဆိုတာတော့ ၁၀၀ ရာခိုင်နှုန်းမမှတ်မိပါဘူး။ ကျွန်တော် အဆင်ပြေနေခဲ့ပါတယ်။ ကျွန်တော် ထရင့်ဘေးကနေ လမ်းလျှောက်ပြီး ကွင်းထဲက ပရိသတ်တွေလက်ခုပ်တီးဂုဏ်ပြုတာခံခဲ့တာကိုတော့ မှတ်မိပါတယ်။ ကျွန်တော်တို့ စကားနည်းနည်း ပြောနေခဲ့တာပါ။ ကျွန်တော်တို့ ၂ ယောက်စလုံး ပြုံးနေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အရမ်းကောင်းတဲ့ရာသီဖြစ်ခဲ့လို့ပါ။ တနင်္ဂနွေနေ့မှာ ဘာပဲဖြစ်လာဖြစ်လာ ကျွန်တော်ကတော့ လုံးဝကို ထူးခြားဆန်းကြယ်တဲ့ရာသီဖြစ်ခဲ့တယ်ဆိုတာကို မေ့မှာမဟုတ်ပါဘူး”

“အဲဒီတော့ ကျွန်တော် အမြဲပြောသလိုပဲ ကိုယ်လုပ်စရာရှိတာကိုပဲ ကောင်းကောင်းလုပ်နေပါ။ ဘာလို့လဲဆိုတော့ ဘာရလဒ်ထွက်လာမယ်ဆိုတာ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်လို့ပါ။ အဲဒီတော့ ခင်ဗျား အခုအချိန်မှာ ပျော်ရွှင်နေတာ ပိုကောင်းတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော်တို့ အခုထိ လုပ်လို့ရနေတဲ့အရာဖြစ်နေလို့ပါ။ ကျွန်တော့်ဘဝမှာ အကြီးမားဆုံးရှုံးနိမ့်မှုက အကြီးမားဆုံးအောင်မြင်မှုဆီ ရောက်ရှိစေခဲ့တယ်”

“မိုင့်ဇ်မှာပဲဖြစ်ဖြစ်၊ ဘယ်အသင်းမှာပဲဖြစ်ဖြစ် အဲဒီလိုပဲ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို မနိုင်ခဲ့ဘူးဆိုရင်တောင်မှ ပွဲအပြီးကျရင် ပါတီလုပ်မယ်။ ကျွန်တော် အဲဒါကို မိုင့်ဇ်မှာတုန်းက တန်းမတက်နိုင်ခဲ့တဲ့အချိန်မှာ သင်ယူခဲ့တာပါ။ ကျွန်တော်တို့ အိမ်ကွင်းကို ပြန်ရောက်လာပြီး တကယ်ကို ဝမ်းနည်းစရာလို့ တွေးမိခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ကို စောင့်နေတဲ့ လူ ၂ သောင်းလောက် ရှိခဲ့တယ်”

“ကျွန်တော်တို့ ဘွန်ဒက်စ်လီဂါကို တန်းတက်နိုင်မယ့် အိပ်မက် ဆုံးရှုံးခဲ့ရပြီးနောက်တစ်နေ့မှာပဲ ကျွန်တော်တို့ စင်ပေါ်ကို တက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ သူတို့တောင် အဆင်ပြေတယ်လို့ တွေးနေရင် ငါတို့လည်း အဆင်ပြေတယ်ဆိုတာ ကျွန်တော်တို့ သိသွားခဲ့ပါတယ်။ အဲဒီတော့ ဒီလိုအရာတွေဖြစ်တဲ့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုက တကယ်ကို အရေးကြီးပြီး တနင်္ဂနွေနေ့မှာ ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော်တို့ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကြိုးစားတာကို ရပ်တန့်မှာမဟုတ်ပါဘူး။ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးပြိုင်ဘက်နဲ့ တွေ့ရမှာဖြစ်ပေမယ့် ကျွန်တော်တို့ကို သူတို့တွေ ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်မလားဆိုတာကို ကြည့်ကြတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္နည္းၿပ ယာဂန္ ကေလာ့ပ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ရယူဖို႔ ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့ဘူးဆိုရင္ေတာင္မွ ႀကိဳးစားတာကို ရပ္တန႔္သြားမွာမဟုတ္ဘူးလို႔ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြကို သတိေပးခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ တနဂၤေႏြေန႔ ဝုလ္ဗ္စ္နဲ႔ ပြဲစဥ္မွာ ကေလာ့ပ္လက္ထက္ ၃ ႀကိမ္ေျမာက္ ရမွတ္ ၉၀ ကို ရယူဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး အဲဒီပြဲစဥ္ဟာ မာေဆးဆိုဒ္အသင္းအတြက္ ဖလား ၄ လုံးတၿပိဳင္နက္ ရရွိနိုင္ေသးတယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္ကို ေပးစြမ္းနိုင္ေသးတာျဖစ္ပါတယ္။

လီဗာပူးလ္က ဘ႐ူနို ေလ့ဂ်္ရဲ့ အသင္းကို အနိုင္ယူနိုင္ၿပီး မန္ခ်က္စတာစီးတီးအသင္းက စတီဗင္ ဂ်ရတ္ရဲ့ အက္စတန္ ဗီလာနဲ႔ ပြဲစဥ္မွာ အနိုင္ ၃ မွတ္ ရယူနိုင္ျခင္းမရွိဘူးဆိုရင္ ႀကိဳးၾကာနီေတြဟာ အႀကိမ္ ၂၀ ေျမာက္ အဂၤလန္ခ်န္ပီယံျဖစ္တဲ့ စံခ်ိန္ကို လိုက္မီေတာ့မွာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ေမလ ၂၈ ရက္ေန႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္နဲ႔လည္း ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ေပမယ့္ ကေလာ့ပ္က လက္ရွိကေန ေမလကုန္အထိ ဘာေတြပဲ ျဖစ္လာျဖစ္လာ ၎ရဲ့အသင္းက လာမယ့္ရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ အဓိကဆုဖလားေတြကို ရရွိဖို႔ ႀကိဳးပမ္းသြားဦးမွာလို႔ ေျပာၾကားခဲ့ပါတယ္။

“၂၀၁၉ ခုႏွစ္တုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ကစားရဖို႔ ရွိေနတဲ့အခ်ိန္နဲ႔ အလားတူပါပဲ။ လူေတြက ကၽြန္ေတာ္တို႔ကို အနိုင္ရေစခ်င္တာျဖစ္ေကာင္းျဖစ္နိုင္ေပမယ့္ ကၽြန္ေတာ္တို႔ လိဂ္ဖလားကို မရခဲ့ဘဲ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ကစားရဖို႔ကလည္း ရွိေနတယ္။ ဒါေပမယ့္ ကၽြန္ေတာ္ မသိပါဘူး”

“ကံမေကာင္းစြာနဲ႔ပဲ ဘဝက ဒီလိုမ်ိဳး မဟုတ္ခဲ့ပါဘူး။ ၂၀၁၉ တုန္းက ရာသီေနာက္ဆုံးပြဲစဥ္မတိုင္ခင္နဲ႔ ပြဲအၿပီးမွာ ကၽြန္ေတာ္ ဘယ္လိုခံစားေနခဲ့ရလဲဆိုတာေတာ့ ၁၀၀ ရာခိုင္ႏႈန္းမမွတ္မိပါဘူး။ ကၽြန္ေတာ္ အဆင္ေျပေနခဲ့ပါတယ္။ ကၽြန္ေတာ္ ထရင့္ေဘးကေန လမ္းေလၽွာက္ၿပီး ကြင္းထဲက ပရိသတ္ေတြလက္ခုပ္တီးဂုဏ္ျပဳတာခံခဲ့တာကိုေတာ့ မွတ္မိပါတယ္။ ကၽြန္ေတာ္တို႔ စကားနည္းနည္း ေျပာေနခဲ့တာပါ။ ကၽြန္ေတာ္တို႔ ၂ ေယာက္စလုံး ျပဳံးေနခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ အရမ္းေကာင္းတဲ့ရာသီျဖစ္ခဲ့လို႔ပါ။ တနဂၤေႏြေန႔မွာ ဘာပဲျဖစ္လာျဖစ္လာ ကၽြန္ေတာ္ကေတာ့ လုံးဝကို ထူးျခားဆန္းၾကယ္တဲ့ရာသီျဖစ္ခဲ့တယ္ဆိုတာကို ေမ့မွာမဟုတ္ပါဘူး”

“အဲဒီေတာ့ ကၽြန္ေတာ္ အျမဲေျပာသလိုပဲ ကိုယ္လုပ္စရာရွိတာကိုပဲ ေကာင္းေကာင္းလုပ္ေနပါ။ ဘာလို႔လဲဆိုေတာ့ ဘာရလဒ္ထြက္လာမယ္ဆိုတာ ခင္ဗ်ား ဘယ္ေတာ့မွ ႀကိဳမသိနိုင္လို႔ပါ။ အဲဒီေတာ့ ခင္ဗ်ား အခုအခ်ိန္မွာ ေပ်ာ္ရႊင္ေနတာ ပိုေကာင္းတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ကၽြန္ေတာ္တို႔ အခုထိ လုပ္လို႔ရေနတဲ့အရာျဖစ္ေနလို႔ပါ။ ကၽြန္ေတာ့္ဘဝမွာ အႀကီးမားဆုံးရႈံးနိမ့္မႈက အႀကီးမားဆုံးေအာင္ျမင္မႈဆီ ေရာက္ရွိေစခဲ့တယ္”

“မိုင့္ဇ္မွာပဲျဖစ္ျဖစ္၊ ဘယ္အသင္းမွာပဲျဖစ္ျဖစ္ အဲဒီလိုပဲ ျဖစ္ခဲ့တယ္။ ကၽြန္ေတာ္တို႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို မနိုင္ခဲ့ဘူးဆိုရင္ေတာင္မွ ပြဲအၿပီးက်ရင္ ပါတီလုပ္မယ္။ ကၽြန္ေတာ္ အဲဒါကို မိုင့္ဇ္မွာတုန္းက တန္းမတက္နိုင္ခဲ့တဲ့အခ်ိန္မွာ သင္ယူခဲ့တာပါ။ ကၽြန္ေတာ္တို႔ အိမ္ကြင္းကို ျပန္ေရာက္လာၿပီး တကယ္ကို ဝမ္းနည္းစရာလို႔ ေတြးမိခဲ့တယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ကို ေစာင့္ေနတဲ့ လူ ၂ ေသာင္းေလာက္ ရွိခဲ့တယ္”

“ကၽြန္ေတာ္တို႔ ဘြန္ဒက္စ္လီဂါကို တန္းတက္နိုင္မယ့္ အိပ္မက္ ဆုံးရႈံးခဲ့ရၿပီးေနာက္တစ္ေန႔မွာပဲ ကၽြန္ေတာ္တို႔ စင္ေပၚကို တက္ခဲ့ၾကတယ္။ အဲဒီအခ်ိန္မွာ သူတို႔ေတာင္ အဆင္ေျပတယ္လို႔ ေတြးေနရင္ ငါတို႔လည္း အဆင္ေျပတယ္ဆိုတာ ကၽြန္ေတာ္တို႔ သိသြားခဲ့ပါတယ္။ အဲဒီေတာ့ ဒီလိုအရာေတြျဖစ္တဲ့ ပရိသတ္ေတြရဲ့ တုံ႔ျပန္မႈက တကယ္ကို အေရးႀကီးၿပီး တနဂၤေႏြေန႔မွာ ဘာေတြပဲျဖစ္လာျဖစ္လာ ကၽြန္ေတာ္တို႔ ရပ္တန႔္သြားမွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ႀကိဳးစားတာကို ရပ္တန႔္မွာမဟုတ္ပါဘူး။ ဟုတ္ပါတယ္။ ကၽြန္ေတာ္တို႔ ကမၻာ့ေဘာလုံးေလာကမွာ အေကာင္းဆုံးၿပိဳင္ဘက္နဲ႔ ေတြ႕ရမွာျဖစ္ေပမယ့္ ကၽြန္ေတာ္တို႔ကို သူတို႔ေတြ ျပင္းျပင္းထန္ထန္ အျပစ္ေပးနိုင္မလားဆိုတာကို ၾကည့္ၾကတာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.