Ligue1

ရီးရဲလ်ရော ပီအက်စ်ဂျီနဲ့ပါ သဘောတူထားပြီး မနုဿီဟ ဖင်နှစ်ခွလိုဖြစ်နေတဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ ၂၀၂၁-၂၀၂၂ ရာသီ ကုန်ဆုံးတဲ့အချိန်မှာ ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်သွားတော့မှာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးရဲ့ မိခင်က ပီအက်စ်ဂျီကြယ်ပွင့်ဟာ လာမယ့်ရာသီ ၎င်းရဲ့ ကစားသမားဘဝကို ဘယ်နေရာမှာ ရှေ့ဆက်ရမလဲဆိုတာကို အတိအကျ ဆုံးဖြတ်ဖို့ ပြင်ဆင်နေပြီး ပီအက်စ်ဂျီအသင်းနဲ့ရော ရီးရဲလ်မက်ဒရစ်အသင်းနဲ့ပါ သဘောတူညီမှု ရရှိထားတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မေလ ၁၇ ရက်နေ့တုန်းက ပြင်သစ်ကမ္ဘာ့ဖလားချန်ပီယံဟာ စပိန်မှာ စိန်ခေါ်မှုအသစ်တွေနဲ့ ကိုယ့်ကိုကိုယ် စမ်းသပ်ဖို့အတွက် လာလီဂါထိပ်သီးအသင်းကြီးနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အဲဒီနေ့မတိုင်ခင် ရက်အနည်းငယ်က လိဂန်းတစ်နှစ်တာအကောင်းဆုံးကစားသမားဆုပေးပွဲမှာ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးက ၎င်းရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချမှတ်ပြီးလုနီးပါးဖြစ်နေပြီဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေရဲ့ အေးဂျင့်လည်းဖြစ်တဲ့ မိခင်ဖြစ်သူ ဖေဇာ အယ်လ်-အမာရီက ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ဆက်ရှိနေဖို့အတွက် အခွင့်အရေးရှိနေတယ်လို့ ပြောကြားခဲ့ပြီး ၂ သင်းစလုံးနဲ့ သဘောတူညီမှု ရရှိထားတာကြောင့် ဘယ်အသင်းကို ပြောင်းမလဲဆိုတာကို ဆုံးဖြတ်ချက်ချမှတ်ဖို့သာ ကျန်တော့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်မတို့ အမ်ဘာပေရဲ့အနာဂတ်ကို ဆွေးနွေးဖို့အတွက် တွေ့ဆုံမှုအသစ်တွေ ရှိမှာမဟုတ်ပါဘူး။ ဒီ တွေ့ဆုံမှုတွေက အခုဆိုရင် ပြီးဆုံးသွားပါပြီ။ အခု ကျွန်မတို့ ရီးရဲလ်မက်ဒရစ်နဲ့ရော ပီအက်စ်ဂျီနဲ့ပါ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဆွေးနွေးပြောဆိုမှုတွေ ပြီးသွားပါပြီ။ ခီလီယန်က အခု ဘယ်အသင်းကို ပြောင်းမလဲပဲ ရွေးချယ်ရတော့မှာပါ။ ကမ်းလှမ်းမှု ၂ ခုစလုံးက ဆင်တူပါတယ်။ ကြီးကြီးမားမား ကွာခြားတာမရှိပါဘူး။ အခု ကျွန်မတို့ ခီလီယန်ရဲ့ ရွေးချယ်မှုကို စောင့်ဆိုင်းနေကြပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုမှာ ကျွန်မတို့ ပုံရိပ်အသုံးပြုခွင့်ကို အပြည့်အဝ ထိန်းချုပ်ခွင့်ရမှာဖြစ်ပြီး တစ်ဖက်မှာလည်း ဒီအတွက် လျော်ကြေးပေးရမယ့် လျော်ကြေးတစ်ခုလည်း ရှိနေပါတယ်။ ကမ်းလှမ်းမှု ၂ ခုကြားမှာ ကြီးမားတဲ့ကွာခြားမှုတော့ မရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်သတင်းဌာန L’Equipe က အမ်ဘာပေဟာ တနင်္ဂနွေနေ့မှာ ၎င်းရဲ့ ဆုံးဖြတ်ချက်ကို ကမ္ဘာသိအောင် ကြေညာသွားဖို့ ပြင်ဆင်နေတယ်လို့ ကြာသပတေးနေ့က ထုတ်ဖော်ပြောကြားခဲ့ပြီး ပီအက်စ်ဂျီအသင်းဟာ မက်ဇ်နဲ့ စနေနေ့မှာ လိဂန်း ရာသီပိတ် နောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ချက်ကို ယခုအပတ်အတွင်း ကြေညာသွားနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားရုံသာဖြစ်ပြီး ဘယ်နေ့ဘယ်ရက်မှာ ကြေညာသွားမယ်ဆိုတာ အတိအကျမပြောသွားပေမယ့် တနင်္ဂနွေနေ့မှာ ထုတ်လွှင့်တဲ့ လူသိများထင်ရှားတဲ့ Telefoot ရုပ်သံအစီစဉ်ကို အသုံးပြုပြီး ထုတ်ပြန်ကြေညာချက်ကို ကြေညာသွားဖွယ်ရှိတယ်လို့ ပြောဆိုမှုတွေ ရှိနေပေမယ့် အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေက အဲဒီပြောဆိုမှုတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ကြယ်ပွင့်ကစားသမား အမ်ဘာပေအတွက် တိုက်ပွဲမဝင်ဘဲနဲ့ လက်လျှော့သွားမှာမဟုတ်ဘူးလို့ အမြဲတမ်း ပြောဆိုခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ လိဂန်းထိပ်သီးအသင်းကြီးအတွက် ၂၁၆ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၁၆၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခီလီယန္ အမ္ဘာေပဟာ ၂၀၂၁-၂၀၂၂ ရာသီ ကုန္ဆုံးတဲ့အခ်ိန္မွာ ၎ရဲ့ အနာဂတ္နဲ႔ပတ္သက္ၿပီး ႀကီးမားတဲ့ ဆုံးျဖတ္ခ်က္ကို ခ်မွတ္သြားေတာ့မွာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးရဲ့ မိခင္က ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ လာမယ့္ရာသီ ၎ရဲ့ ကစားသမားဘဝကို ဘယ္ေနရာမွာ ေရွ႕ဆက္ရမလဲဆိုတာကို အတိအက် ဆုံးျဖတ္ဖို႔ ျပင္ဆင္ေနၿပီး ပီအက္စ္ဂ်ီအသင္းနဲ႔ေရာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ပါ သေဘာတူညီမႈ ရရွိထားတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ေမလ ၁၇ ရက္ေန႔တုန္းက ျပင္သစ္ကမၻာ့ဖလားခ်န္ပီယံဟာ စပိန္မွာ စိန္ေခၚမႈအသစ္ေတြနဲ႔ ကိုယ့္ကိုကိုယ္ စမ္းသပ္ဖို႔အတြက္ လာလီဂါထိပ္သီးအသင္းႀကီးနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈ ရရွိခဲ့တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ အဲဒီေန႔မတိုင္ခင္ ရက္အနည္းငယ္က လိဂန္းတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုေပးပြဲမွာ အသက္ ၂၃ ႏွစ္အရြယ္ တိုက္စစ္မႉးက ၎ရဲ့ အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္ ခ်မွတ္ၿပီးလုနီးပါးျဖစ္ေနၿပီျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပရဲ့ ေအးဂ်င့္လည္းျဖစ္တဲ့ မိခင္ျဖစ္သူ ေဖဇာ အယ္လ္-အမာရီက ျပင္သစ္လက္ေရြးစင္တိုက္စစ္မႉးအေနနဲ႔ ပီအက္စ္ဂ်ီအသင္းမွာ ဆက္ရွိေနဖို႔အတြက္ အခြင့္အေရးရွိေနတယ္လို႔ ေျပာၾကားခဲ့ၿပီး ၂ သင္းစလုံးနဲ႔ သေဘာတူညီမႈ ရရွိထားတာေၾကာင့္ ဘယ္အသင္းကို ေျပာင္းမလဲဆိုတာကို ဆုံးျဖတ္ခ်က္ခ်မွတ္ဖို႔သာ က်န္ေတာ့တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကၽြန္မတို႔ အမ္ဘာေပရဲ့အနာဂတ္ကို ေဆြးေႏြးဖို႔အတြက္ ေတြ႕ဆုံမႈအသစ္ေတြ ရွိမွာမဟုတ္ပါဘူး။ ဒီ ေတြ႕ဆုံမႈေတြက အခုဆိုရင္ ၿပီးဆုံးသြားပါၿပီ။ အခု ကၽြန္မတို႔ ရီးရဲလ္မက္ဒရစ္နဲ႔ေရာ ပီအက္စ္ဂ်ီနဲ႔ပါ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး ေဆြးေႏြးေျပာဆိုမႈေတြ ၿပီးသြားပါၿပီ။ ခီလီယန္က အခု ဘယ္အသင္းကို ေျပာင္းမလဲပဲ ေရြးခ်ယ္ရေတာ့မွာပါ။ ကမ္းလွမ္းမႈ ၂ ခုစလုံးက ဆင္တူပါတယ္။ ႀကီးႀကီးမားမား ကြာျခားတာမရွိပါဘူး။ အခု ကၽြန္မတို႔ ခီလီယန္ရဲ့ ေရြးခ်ယ္မႈကို ေစာင့္ဆိုင္းေနၾကပါတယ္။ ရီးရဲလ္မက္ဒရစ္ရဲ့ ကမ္းလွမ္းမႈမွာ ကၽြန္မတို႔ ပုံရိပ္အသုံးျပဳခြင့္ကို အျပည့္အဝ ထိန္းခ်ဳပ္ခြင့္ရမွာျဖစ္ၿပီး တစ္ဖက္မွာလည္း ဒီအတြက္ ေလ်ာ္ေၾကးေပးရမယ့္ ေလ်ာ္ေၾကးတစ္ခုလည္း ရွိေနပါတယ္။ ကမ္းလွမ္းမႈ ၂ ခုၾကားမွာ ႀကီးမားတဲ့ကြာျခားမႈေတာ့ မရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္သတင္းဌာန L’Equipe က အမ္ဘာေပဟာ တနဂၤေႏြေန႔မွာ ၎ရဲ့ ဆုံးျဖတ္ခ်က္ကို ကမၻာသိေအာင္ ေၾကညာသြားဖို႔ ျပင္ဆင္ေနတယ္လို႔ ၾကာသပေတးေန႔က ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းဟာ မက္ဇ္နဲ႔ စေနေန႔မွာ လိဂန္း ရာသီပိတ္ ေနာက္ဆုံးပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

အမ္ဘာေပရဲ့ ကိုယ္စားလွယ္ေတြက ဆုံးျဖတ္ခ်က္ကို ယခုအပတ္အတြင္း ေၾကညာသြားနိုင္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြား႐ုံသာျဖစ္ၿပီး ဘယ္ေန႔ဘယ္ရက္မွာ ေၾကညာသြားမယ္ဆိုတာ အတိအက်မေျပာသြားေပမယ့္ တနဂၤေႏြေန႔မွာ ထုတ္လႊင့္တဲ့ လူသိမ်ားထင္ရွားတဲ့ Telefoot ႐ုပ္သံအစီစဥ္ကို အသုံးျပဳၿပီး ထုတ္ျပန္ေၾကညာခ်က္ကို ေၾကညာသြားဖြယ္ရွိတယ္လို႔ ေျပာဆိုမႈေတြ ရွိေနေပမယ့္ အမ္ဘာေပရဲ့ ကိုယ္စားလွယ္ေတြက အဲဒီေျပာဆိုမႈေတြကို ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ အသင္းရဲ့ ၾကယ္ပြင့္ကစားသမား အမ္ဘာေပအတြက္ တိုက္ပြဲမဝင္ဘဲနဲ႔ လက္ေလၽွာ့သြားမွာမဟုတ္ဘူးလို႔ အျမဲတမ္း ေျပာဆိုခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ လိဂန္းထိပ္သီးအသင္းႀကီးအတြက္ ၂၁၆ ပြဲပါဝင္ကစားေပးခဲ့ရာမွာ ၁၆၈ ဂိုးအထိ သြင္းယူေပးထားနိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.