La Liga Ligue1 Premier League Serie A Transfer News

ရာသီသိမ်းချိန်မှာ အသင်းကြီးတွေနဲ့ ဘယ်နာမည်ကြီးတွေ လမ်းခွဲခဲ့ကြပြီလဲ

ဥရောပရဲ့ ဘောလုံးရာသီကတော့ တချို့နိုင်ငံတွေမှာ နောက်ဆုံးပွဲစဉ်ကစားပြီး ပိတ်သိမ်းခဲ့ပြီဖြစ်သလို ဒီတစ်ပတ်မှာတော့ လက်ကျန်နိုင်ငံတွေအနေနဲ့ ရာသီပိတ်ပွဲစဉ်ကို ကစားပြီး ပြည်ဖုံးကားချတော့မှာဖြစ်ပြီး အသက်အရွယ်ထောက်လာတဲ့ ကစားသမားတွေနဲ့ အသင်းတွေက မလိုအပ်တော့တဲ့ ကစားသမားတွေက စာချုပ်အရ လမ်းခွဲဖို့ ဖြစ်လာခဲ့ပါတယ်။

ဒီထဲမှာ အရွယ်အကောင်းဆုံးနဲ့ မျက်စိကျစရာအကောင်းဆုံး ကစားသမားကတော့ ရီးရဲလ်မက်ဒရစ်အသင်းဘက်က လမ်းခွဲဖို့ အတည်ပြုလိုက်တဲ့ စပိန်လက်ရွေးစင် အစ္စကိုပဲဖြစ်ပြီး အသက် ၃၀ အရွယ် ကစားသမားရဲ့ ဘာနေဗျူးက အလုပ်သဘောတည်ရှိမှုဟာ ဒီနေ့မှာပဲ ပြီးဆုံးသွားပြီလို့ နည်းပြ ကာလို အန်ချယ်လော့တီက အတည်ပြုလိုက်တာပါ။

၂၀၁၃ ခုနှစ် နွေရာသီမှာ လာလီဂါပြိုင်ဘက် မာလာဂါအသင်းကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ ရောက်ရှိလာခဲ့တဲ့ အစ္စကိုဟာ ရီးရဲလ် မက်ဒရစ်အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု ၁၀၀၊ သွင်းဂိုး ၅၃ ဂိုး၊ ချန်ပီယံလိဂ်ဖလား ၄ လုံးနဲ့ အမှတ်တရဖြစ်ခဲ့ပြီး သူ့ကို ပရီးမီးယားလိဂ်အသင်းတချို့က စိတ်ဝင်စားနေကြပါတယ်။

ရီးရဲလ်တို့နဲ့ ထပ်မံလမ်းခွဲမယ့်သူတစ်ဦးကတော့ အသင်းကပ္ပတိန် ဘရာဇီးလ်သား မာဆယ်လိုဖြစ်ပြီး အသက် ၃၄ နှစ်အရွယ် ကစားသမားအနေနဲ့ ဘာနေဗျူးပရိသတ်တွေရဲ့ မေတ္တာကို ပိုင်ဆိုင်ထားသူဖြစ်ချိန်မှာ ဒီနေရာကနေ ထွက်ခွာပြီး မွေးရပ်မြေကို ပြန်ဖို့ကတော့ ဝမ်းနည်းစရာ လမ်းခွဲလည်းဖြစ်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘက်တစ်နဲ့ ပွဲစဉ်မှာ အသင်းကို နှုတ်ဆက်ခဲ့သူ နောက်တစ်ဦးကတော့ ကိဗ်သူရဲကောင်း ဝေးလ်စ်တောင်ပံကစားသမား ဂါရက် ဘေးလ်ဖြစ်ပြီး တော်ဝင်ကလပ်နဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်သလို ကျောနံပါတ် ၁၁ ကိုပါ လက်လွှတ်ခဲ့ရတဲ့ အသက် ၃၂ နှစ်အရွယ် ကစားသမားအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာတော့မယ်လို့လည်း ဆိုနေကြပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ ခီလီယန် အမ်ဘာပေကို လက်မလွှတ်ရဖို့ အစွမ်းကုန် ကမ်းလှမ်းနေခဲ့ချိန်မှာ သူတို့ရဲ့ အသက်အရွယ်ထောက်လာခဲ့တဲ့ အာဂျင်တီးနားတောင်ပံကစားသမား အန်ဟဲလ် ဒီမာရီယာကို လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပြီး ဒီ ၃၄ နှစ်သားကြီးရဲ့ ပါရီကလပ်နဲ့ ၇ နှစ်တာ လက်တွဲမှုက ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကလည်း သူတို့ရဲ့ ကလပ်ကပ္ပတိန်ကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရင်ဆိုင်ကစားရမယ့် ရီးရဲလ်မက်ဒရစ်တို့လိုပဲ လမ်းခွဲဖို့ ပြင်ဆင်နေပြီဖြစ်ပြီး ဖာနန်ဒင်ညိုကို အသင်းဘက်က ခမ်းခမ်းနားနား နှုတ်ဆက်လမ်းခွဲဖို့ အစ်တီဟတ်က ၉ ရာသီမြောက်အပြီးမှာ လုပ်ဆောင်သွားဖို့နဲ့ ၃၇ နှစ်သားကြီးကို ဘရာဇီးလ်မြေမှာ တွေ့မြင်ရမလားတော့ စောင့်ကြည့်ရမှာပါ။

ချဲလ်ဆီးအသင်းရဲ့ ဝါရင့်ခံစစ်မှူး အန်တိုနီယို ရူဒီဂါကတော့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သေချာသွားခဲ့ပြီဖြစ်ပြီး အသက် ၂၉ နှစ် အရွယ် နောက်ခံလူအနေနဲ့ ဘာနေဗျူးမှာ လေးနှစ်စာချုပ်ကို ချုပ်ဆိုမှာဖြစ်သလို စတမ်းဖို့ဒ်ဘရစ်ချ်ဘက်က သူ့အတွက် စာချုပ်ကမ်းလှမ်းရာမှာ နှောင့်နှေး ကြန့်ကြာနေမှုတွေက အသင်းက ထွက်ခွာဖြစ်ခဲ့တယ်လို့ ဂျာမန်သားက ရှင်းလင်းထားခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဘာစီလိုနာကို ချေမှုန်းရာမှာ ချန်ပီယံလိဂ်သူရဲကောင်းဖြစ်ခဲ့တဲ့ တိုက်စစ်မှူး ဒီဗော့ခ် အိုရီဂီကတော့ အန်းဖီးလ်က စာချုပ် ကုန်ဆုံးဖို့ နီးကပ်လာချိန်မှာ အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုတွေ ပြီးပြတ်အောင်မြင်ခဲ့ပြီဖြစ်သလို နည်းပြ ယာဂန် ကလော့ပ်ကတော့ ဒီအသင်းရဲ့ ဂန္ထဝင်ကစားသမားလို့ ချီးကျူးရင်း နှုတ်ဆက်စကားဆိုခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဥေရာပရဲ႕ ေဘာလုံးရာသီကေတာ့ တခ်ိဳ႕ႏိုင္ငံေတြမွာ ေနာက္ဆုံးပြဲစဥ္ကစားၿပီး ပိတ္သိမ္းခဲ့ၿပီျဖစ္သလို ဒီတစ္ပတ္မွာေတာ့ လက္က်န္ႏိုင္ငံေတြအေနနဲ႔ ရာသီပိတ္ပြဲစဥ္ကို ကစားၿပီး ျပည္ဖုံးကားခ်ေတာ့မွာျဖစ္ၿပီး အသက္အ႐ြယ္ေထာက္လာတဲ့ ကစားသမားေတြနဲ႔ အသင္းေတြက မလိုအပ္ေတာ့တဲ့ ကစားသမားေတြက စာခ်ဳပ္အရ လမ္းခြဲဖို႔ ျဖစ္လာခဲ့ပါတယ္။

ဒီထဲမွာ အ႐ြယ္အေကာင္းဆုံးနဲ႔ မ်က္စိက်စရာအေကာင္းဆုံး ကစားသမားကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းဘက္က လမ္းခြဲဖို႔ အတည္ျပဳလိုက္တဲ့ စပိန္လက္ေ႐ြးစင္ အစၥကိုပဲျဖစ္ၿပီး အသက္ ၃၀ အ႐ြယ္ ကစားသမားရဲ႕ ဘာေနဗ်ဴးက အလုပ္သေဘာတည္ရွိမႈဟာ ဒီေန႔မွာပဲ ၿပီးဆုံးသြားၿပီလို႔ နည္းျပ ကာလို အန္ခ်ယ္ေလာ့တီက အတည္ျပဳလိုက္တာပါ။

၂၀၁၃ ခုႏွစ္ ေႏြရာသီမွာ လာလီဂါၿပိဳင္ဘက္ မာလာဂါအသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၃၀ နဲ႔ ေရာက္ရွိလာခဲ့တဲ့ အစၥကိုဟာ ရီးရဲလ္ မက္ဒရစ္အသင္းအတြက္ ဂိုးပါဝင္ပတ္သက္မႈ ၁၀၀၊ သြင္းဂိုး ၅၃ ဂိုး၊ ခ်န္ပီယံလိဂ္ဖလား ၄ လုံးနဲ႔ အမွတ္တရျဖစ္ခဲ့ၿပီး သူ႔ကို ပရီးမီးယားလိဂ္အသင္းတခ်ိဳ႕က စိတ္ဝင္စားေနၾကပါတယ္။

ရီးရဲလ္တို႔နဲ႔ ထပ္မံလမ္းခြဲမယ့္သူတစ္ဦးကေတာ့ အသင္းကပၸတိန္ ဘရာဇီးလ္သား မာဆယ္လိုျဖစ္ၿပီး အသက္ ၃၄ ႏွစ္အ႐ြယ္ ကစားသမားအေနနဲ႔ ဘာေနဗ်ဴးပရိသတ္ေတြရဲ႕ ေမတၱာကို ပိုင္ဆိုင္ထားသူျဖစ္ခ်ိန္မွာ ဒီေနရာကေန ထြက္ခြာၿပီး ေမြးရပ္ေျမကို ျပန္ဖို႔ကေတာ့ ဝမ္းနည္းစရာ လမ္းခြဲလည္းျဖစ္ခဲ့တာပါ။

မေန႔ညက ကစားခဲ့တဲ့ ဘက္တစ္နဲ႔ ပြဲစဥ္မွာ အသင္းကို ႏႈတ္ဆက္ခဲ့သူ ေနာက္တစ္ဦးကေတာ့ ကိဗ္သူရဲေကာင္း ေဝးလ္စ္ေတာင္ပံကစားသမား ဂါရက္ ေဘးလ္ျဖစ္ၿပီး ေတာ္ဝင္ကလပ္နဲ႔ စာခ်ဳပ္ကုန္ဆုံးခဲ့ၿပီျဖစ္သလို ေက်ာနံပါတ္ ၁၁ ကိုပါ လက္လႊတ္ခဲ့ရတဲ့ အသက္ ၃၂ ႏွစ္အ႐ြယ္ ကစားသမားအေနနဲ႔ ပရီးမီးယားလိဂ္ကို ျပန္လာေတာ့မယ္လို႔လည္း ဆိုေနၾကပါတယ္။

ပီအက္စ္ဂ်ီအသင္းကေတာ့ ခီလီယန္ အမ္ဘာေပကို လက္မလႊတ္ရဖို႔ အစြမ္းကုန္ ကမ္းလွမ္းေနခဲ့ခ်ိန္မွာ သူတို႔ရဲ႕ အသက္အ႐ြယ္ေထာက္လာခဲ့တဲ့ အာဂ်င္တီးနားေတာင္ပံကစားသမား အန္ဟဲလ္ ဒီမာရီယာကို လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း ေၾကျငာခဲ့ၿပီး ဒီ ၃၄ ႏွစ္သားႀကီးရဲ႕ ပါရီကလပ္နဲ႔ ၇ ႏွစ္တာ လက္တြဲမႈက ၿပီးဆုံးခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းကလည္း သူတို႔ရဲ႕ ကလပ္ကပၸတိန္ကို ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ရင္ဆိုင္ကစားရမယ့္ ရီးရဲလ္မက္ဒရစ္တို႔လိုပဲ လမ္းခြဲဖို႔ ျပင္ဆင္ေနၿပီျဖစ္ၿပီး ဖာနန္ဒင္ညိဳကို အသင္းဘက္က ခမ္းခမ္းနားနား ႏႈတ္ဆက္လမ္းခြဲဖို႔ အစ္တီဟတ္က ၉ ရာသီေျမာက္အၿပီးမွာ လုပ္ေဆာင္သြားဖို႔နဲ႔ ၃၇ ႏွစ္သားႀကီးကို ဘရာဇီးလ္ေျမမွာ ေတြ႕ျမင္ရမလားေတာ့ ေစာင့္ၾကည့္ရမွာပါ။

ခ်ဲလ္ဆီးအသင္းရဲ႕ ဝါရင့္ခံစစ္မႉး အန္တိုနီယို ႐ူဒီဂါကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေသခ်ာသြားခဲ့ၿပီျဖစ္ၿပီး အသက္ ၂၉ ႏွစ္ အ႐ြယ္ ေနာက္ခံလူအေနနဲ႔ ဘာေနဗ်ဴးမွာ ေလးႏွစ္စာခ်ဳပ္ကို ခ်ဳပ္ဆိုမွာျဖစ္သလို စတမ္းဖို႔ဒ္ဘရစ္ခ်္ဘက္က သူ႔အတြက္ စာခ်ဳပ္ကမ္းလွမ္းရာမွာ ေႏွာင့္ေႏွး ၾကန႔္ၾကာေနမႈေတြက အသင္းက ထြက္ခြာျဖစ္ခဲ့တယ္လို႔ ဂ်ာမန္သားက ရွင္းလင္းထားခဲ့ပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ဘာစီလိုနာကို ေခ်မႈန္းရာမွာ ခ်န္ပီယံလိဂ္သူရဲေကာင္းျဖစ္ခဲ့တဲ့ တိုက္စစ္မႉး ဒီေဗာ့ခ္ အိုရီဂီကေတာ့ အန္းဖီးလ္က စာခ်ဳပ္ ကုန္ဆုံးဖို႔ နီးကပ္လာခ်ိန္မွာ ေအစီမီလန္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ပုဂၢိဳလ္ေရး သေဘာတူညီမႈေတြ ၿပီးျပတ္ေအာင္ျမင္ခဲ့ၿပီျဖစ္သလို နည္းျပ ယာဂန္ ကေလာ့ပ္ကေတာ့ ဒီအသင္းရဲ႕ ဂႏၴဝင္ကစားသမားလို႔ ခ်ီးက်ဴးရင္း ႏႈတ္ဆက္စကားဆိုခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.