Premier League Serie A

ရိုးမားမှာ နှစ် ၆၀ စီးရီးအေ စံချိန်ကို ချိုးဖျက်ခဲ့တဲ့ တိုက်စစ်မှူး အေဘရာဟမ်

ရိုးမားအသင်းက တိုရီနိုအသင်းကို အဝေးကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလိပ်တိုက်စစ်မှူး တမ်မီ အေဘရာဟမ်အနေနဲ့ စီးရီးအေရဲ့ ဂိုးသွင်းစံချိန်ဟောင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့ပြီး သူ့အနေနဲ့ နှစ်ပေါင်း ၆၀ အထိ တည်တံ့နေခဲ့တဲ့ ဒီစံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုရီနိုအသင်းကို အနိုင်ရတဲ့ ပွဲစဉ်မှာ ရိုးမားတို့အတွက် အဖွင့်ဂိုးကို အေဘရာဟမ်က ပွဲချိန် ၃၃ မိနစ်မှာ တစ်ဖက်အသင်းရဲ့ ပေးပို့မှုအမှားကို ဖြတ်တောက်ရယူနိုင်ခဲ့တဲ့ ပယ်လီဂရီနီရဲ့ ဖန်တီးပေးပို့မှုကနေ ပြိုင်ဘက်နောက်ခံလူ ဒေးဗစ် ဇီမာကို လှည့်ထွက်ပြီး သွင်းယူနိုင်ခဲ့တာဖြစ်သလို သူ့ရဲ့ စီးရီးအေဂိုး ၁၆ ဂိုးမြောက်အဖြစ် သွင်းယူသွားနိုင်ခဲ့တာပါ။

နောက်ထပ် ၉ မိနစ်အကြာမှာတော့ တိုရီနိုတို့ရဲ့ ဆိုးရွားတဲ့ နောက်ပြန်ပေးမှုကို လိုက်လံလုယူရင်း ဂိုးသမား အက်ထရစ် ဘာရီရှာနဲ့ အတွေ့မှာ ဘောလုံးရယူနိုင်ခဲ့တဲ့ သူ့ရဲ့ ခြေထောက်ကို ဖျက်မိခဲ့တဲ့ အယ်လ်ဘေးနီးယားသားကြောင့် ပင်နယ်တီရခဲ့တာဖြစ်ပြီး ဒီအခွင့်အရေးကိုတော့ သူကိုယ်တိုင်ပဲ ပါးနပ်တဲ့ လှည့်စားမှုနဲ့ အနိုင်ယူကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးက သူ့အတွက် စံချိန်တင်သွင်းဂိုးဖြစ်လာခဲ့ပြီး စီးရီးအေမှာ ၁၇ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ အင်တာမီလန်အသင်းအတွက် ၁၉၆၁-၆၂ ရာသီမှာ ဂယ်ရီ ဟစ်ချင်စ်က တင်ရှိထားခဲ့တဲ့ အင်္ဂလိပ်တစ်ယောက်ရဲ့ တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးစံချိန် ၁၆ ဂိုးကို ပွဲစဉ် ၃၈ မှာ ကျော်ဖြတ်သွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ရိုးမားအသင်းအတွက် ပွဲသိမ်းဂိုးကိုတော့ ပွဲချိန် ၇၈ မိနစ်မှာ နီကိုလို ဇာနျိုလိုကြောင့် ရတဲ့ ပင်နယ်တီကို လူကာ ပယ်လီဂရီနီက ကန်သွင်းပြီး ရယူခဲ့တာဖြစ်ပြီး အဝေးကွင်း စတေဒီယို အိုလင်ပီကို ဂရန်ဒီ တိုရီနိုကွင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး စီးရီးအေ ၃၈ ပွဲမှာ ရမှတ် ၆၃ မှတ်က အဆင့် ၆ နေရာ၊ ယူရိုပါလိဂ်ကစားခွင့်နဲ့ ရာသီသိမ်းစေနိုင်ခဲ့တာပါ။

ချဲလ်ဆီးအသင်းနည်းပြဟောင်း ဂျိုဆေး မော်ရင်ညိုနဲ့ ပူးပေါင်းဖို့ ရိုးမားကို ရောက်လာခဲ့တဲ့ အေဘရာဟမ်ကတော့ “ဒီနှစ်က ကျွန်တော့်အတွက် တော်တော်ကောင်းတဲ့ နှစ်တစ်နှစ်ပဲ”လို့ ပြောသွားခဲ့သလို “ဒီနှစ် ရလဒ်ကောင်းတွေအပေါ် အခြေခံပြီး လာမယ့်နှစ်မှာ ပိုကောင်းတဲ့ အောင်မြင်မှုတွေနဲ့ ဆုဖလားတွေကို အသင်းနဲ့အတူ ရယူသွားဖို့ မျှော်လင့်ပါတယ်”လို့လည်း ပွဲအပြီးမှာ ဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဩဂုတ်လက ရိုးမားအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီပွဲမတိုင်ခင်မှာ သွင်းဂိုး ၁၅ ဂိုးသာ ရှိနေခဲ့ရာကနေ နှစ်ဂိုးသွင်းပြီး နှစ်ပေါင်း ၆၀ တည်ရှိနေတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်သလို ရောမသားတွေအတွက် ပြိုင်ပွဲစုံမှာ ၅၂ ပွဲ ကစားပြီး ၂၇ ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အေဘရာဟမ်အတွက် အောင်မြင်မှုတွေက ဒီရာသီမှာ ဒီလောက်နဲ့တော့ ရပ်တန့်မသွားနိုင်သေးတာလည်းဖြစ်ပြီး သူ့ရဲ့ ရိုးမားအသင်းအနေနဲ့ လာမယ့် မေလ ၂၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့မှာ ယူရိုပါ ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲစဉ်အဖြစ် နယ်သာလန်ကလပ် ဖေယင်နော့ဒ်အသင်းနဲ့ အယ်လ်ဘေးနီးယားနိုင်ငံ တီရာနာမြို့မှာ ကစားရဖို့လည်း ရှိနေသေးတာပါ။

ဒီပွဲစဉ်မှာ သူ့အနေနဲ့ ဂိုးသွင်းနိုင်မလား စောင့်ကြည့်ရဦးမှာဖြစ်ပြီး ဖေယင်နော့ဒ်တိုက်စစ်မှူး ဆီရီးလ် ဒက်ဆာစ်က သွင်းဂိုး ၁၀ ဂိုးနဲ့ ဦးဆောင်နေတဲ့ ကွန်ဖရင့်လိဂ် ဂိုးသွင်းဘုရင်ဆုကို နောက်ကနေ တစ်ဂိုးအကွာ သွင်းဂိုး ၉ ဂိုးနဲ့ ရှိနေတဲ့ အေဘရာဟမ်က ပူးတွဲရယူနိုင်မလား၊ ကျော်ဖြတ်ပြီး လုယူနိုင်မလားတော့ စိတ်ဝင်စားစရာဖြစ်နေကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုးမားအသင္းက တိုရီႏိုအသင္းကို အေဝးကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အဂၤလိပ္တိုက္စစ္မႉး တမ္မီ ေအဘရာဟမ္အေနနဲ႔ စီးရီးေအရဲ႕ ဂိုးသြင္းစံခ်ိန္ေဟာင္းတစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး သူ႔အေနနဲ႔ ႏွစ္ေပါင္း ၆၀ အထိ တည္တံ့ေနခဲ့တဲ့ ဒီစံခ်ိန္ကို ေက်ာ္ျဖတ္သြားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

တိုရီႏိုအသင္းကို အႏိုင္ရတဲ့ ပြဲစဥ္မွာ ႐ိုးမားတို႔အတြက္ အဖြင့္ဂိုးကို ေအဘရာဟမ္က ပြဲခ်ိန္ ၃၃ မိနစ္မွာ တစ္ဖက္အသင္းရဲ႕ ေပးပို႔မႈအမွားကို ျဖတ္ေတာက္ရယူႏိုင္ခဲ့တဲ့ ပယ္လီဂရီနီရဲ႕ ဖန္တီးေပးပို႔မႈကေန ၿပိဳင္ဘက္ေနာက္ခံလူ ေဒးဗစ္ ဇီမာကို လွည့္ထြက္ၿပီး သြင္းယူႏိုင္ခဲ့တာျဖစ္သလို သူ႔ရဲ႕ စီးရီးေအဂိုး ၁၆ ဂိုးေျမာက္အျဖစ္ သြင္းယူသြားႏိုင္ခဲ့တာပါ။

ေနာက္ထပ္ ၉ မိနစ္အၾကာမွာေတာ့ တိုရီႏိုတို႔ရဲ႕ ဆိုး႐ြားတဲ့ ေနာက္ျပန္ေပးမႈကို လိုက္လံလုယူရင္း ဂိုးသမား အက္ထရစ္ ဘာရီရွာနဲ႔ အေတြ႕မွာ ေဘာလုံးရယူႏိုင္ခဲ့တဲ့ သူ႔ရဲ႕ ေျခေထာက္ကို ဖ်က္မိခဲ့တဲ့ အယ္လ္ေဘးနီးယားသားေၾကာင့္ ပင္နယ္တီရခဲ့တာျဖစ္ၿပီး ဒီအခြင့္အေရးကိုေတာ့ သူကိုယ္တိုင္ပဲ ပါးနပ္တဲ့ လွည့္စားမႈနဲ႔ အႏိုင္ယူကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒီဂိုးက သူ႔အတြက္ စံခ်ိန္တင္သြင္းဂိုးျဖစ္လာခဲ့ၿပီး စီးရီးေအမွာ ၁၇ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာ အင္တာမီလန္အသင္းအတြက္ ၁၉၆၁-၆၂ ရာသီမွာ ဂယ္ရီ ဟစ္ခ်င္စ္က တင္ရွိထားခဲ့တဲ့ အဂၤလိပ္တစ္ေယာက္ရဲ႕ တစ္ရာသီအတြင္း ဂိုးသြင္းအမ်ားဆုံးစံခ်ိန္ ၁၆ ဂိုးကို ပြဲစဥ္ ၃၈ မွာ ေက်ာ္ျဖတ္သြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

႐ိုးမားအသင္းအတြက္ ပြဲသိမ္းဂိုးကိုေတာ့ ပြဲခ်ိန္ ၇၈ မိနစ္မွာ နီကိုလို ဇာန်ိဳလိုေၾကာင့္ ရတဲ့ ပင္နယ္တီကို လူကာ ပယ္လီဂရီနီက ကန္သြင္းၿပီး ရယူခဲ့တာျဖစ္ၿပီး အေဝးကြင္း စေတဒီယို အိုလင္ပီကို ဂရန္ဒီ တိုရီႏိုကြင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူၿပီး စီးရီးေအ ၃၈ ပြဲမွာ ရမွတ္ ၆၃ မွတ္က အဆင့္ ၆ ေနရာ၊ ယူ႐ိုပါလိဂ္ကစားခြင့္နဲ႔ ရာသီသိမ္းေစႏိုင္ခဲ့တာပါ။

ခ်ဲလ္ဆီးအသင္းနည္းျပေဟာင္း ဂ်ိဳေဆး ေမာ္ရင္ညိဳနဲ႔ ပူးေပါင္းဖို႔ ႐ိုးမားကို ေရာက္လာခဲ့တဲ့ ေအဘရာဟမ္ကေတာ့ “ဒီႏွစ္က ကြၽန္ေတာ့္အတြက္ ေတာ္ေတာ္ေကာင္းတဲ့ ႏွစ္တစ္ႏွစ္ပဲ”လို႔ ေျပာသြားခဲ့သလို “ဒီႏွစ္ ရလဒ္ေကာင္းေတြအေပၚ အေျခခံၿပီး လာမယ့္ႏွစ္မွာ ပိုေကာင္းတဲ့ ေအာင္ျမင္မႈေတြနဲ႔ ဆုဖလားေတြကို အသင္းနဲ႔အတူ ရယူသြားဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔လည္း ပြဲအၿပီးမွာ ဆိုသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ဩဂုတ္လက ႐ိုးမားအသင္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၄ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဒီပြဲမတိုင္ခင္မွာ သြင္းဂိုး ၁၅ ဂိုးသာ ရွိေနခဲ့ရာကေန ႏွစ္ဂိုးသြင္းၿပီး ႏွစ္ေပါင္း ၆၀ တည္ရွိေနတဲ့ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္သလို ေရာမသားေတြအတြက္ ၿပိဳင္ပြဲစုံမွာ ၅၂ ပြဲ ကစားၿပီး ၂၇ ဂိုးသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေအဘရာဟမ္အတြက္ ေအာင္ျမင္မႈေတြက ဒီရာသီမွာ ဒီေလာက္နဲ႔ေတာ့ ရပ္တန႔္မသြားႏိုင္ေသးတာလည္းျဖစ္ၿပီး သူ႔ရဲ႕ ႐ိုးမားအသင္းအေနနဲ႔ လာမယ့္ ေမလ ၂၅ ရက္ေန႔၊ ဗုဒၶဟူးေန႔မွာ ယူ႐ိုပါ ကြန္ဖရင့္လိဂ္ ဗိုလ္လုပြဲစဥ္အျဖစ္ နယ္သာလန္ကလပ္ ေဖယင္ေနာ့ဒ္အသင္းနဲ႔ အယ္လ္ေဘးနီးယားႏိုင္ငံ တီရာနာၿမိဳ႕မွာ ကစားရဖို႔လည္း ရွိေနေသးတာပါ။

ဒီပြဲစဥ္မွာ သူ႔အေနနဲ႔ ဂိုးသြင္းႏိုင္မလား ေစာင့္ၾကည့္ရဦးမွာျဖစ္ၿပီး ေဖယင္ေနာ့ဒ္တိုက္စစ္မႉး ဆီရီးလ္ ဒက္ဆာစ္က သြင္းဂိုး ၁၀ ဂိုးနဲ႔ ဦးေဆာင္ေနတဲ့ ကြန္ဖရင့္လိဂ္ ဂိုးသြင္းဘုရင္ဆုကို ေနာက္ကေန တစ္ဂိုးအကြာ သြင္းဂိုး ၉ ဂိုးနဲ႔ ရွိေနတဲ့ ေအဘရာဟမ္က ပူးတြဲရယူႏိုင္မလား၊ ေက်ာ္ျဖတ္ၿပီး လုယူႏိုင္မလားေတာ့ စိတ္ဝင္စားစရာျဖစ္ေနေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.