Premier League

နူးကမ့်ကို စွန့်ခွာတော့မယ့် ဒမ်ဘီလီကို နောက်ဆုံးပွဲအတွက် မျက်နှာချိုသွေးရဦးမယ့် ဘာစီလိုနာ

အူ့စ်မန် ဒမ်ဘီလီရဲ့ ဘာစီလိုနာအသင်းအတွက် နောက်ဆုံးပါဝင်ကစားပေးမယ့်ပွဲစဉ်ဟာ ကတ်တလန်ထိပ်သီးအသင်းကြီးကို ငွေကြေးများစွာ ပိုမို ကုန်ကျစေလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒေါ့မွန်အသင်းကနေ အပိုထပ်ဆောင်းပေးချေမှုတွေ ပါဝင်ရင် ယူရို သန်း ၁၅၀ ကျော်ဝန်းကျင်ရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ ပြင်သစ်တောင်ပံကစားသမားဟာ ဘာစီလိုနာအသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတစ်ခုဖြစ်ခဲ့ပါတယ်။

နောက်ထပ်ပျံ့နှံ့လာတဲ့ ကောလာဟလတစ်ခုအရ ဒမ်ဘီလီဟာ အသင်းအတွက် ပွဲပေါင်း ၁၅၀ ကျော် ပါဝင်ကစားပေးခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းအနေနဲ့ နောက်ထပ် ငွေကြေး ထပ်ဆောင်းပေးချေရဦးမယ်ရမယ်ဆိုတဲ့ အချက်တစ်ချက် စာချုပ်ထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ဆေးရုံကုတင်နဲ့ အရန်ခုံတန်းကို ကူးချည်သန်းချည်လုပ်နေခဲ့တာကြောင့် ဘာစီလိုနာအသင်းမှာ ရှိနေခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ၁၄၉ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဇာဗီရဲ့ ဘာစီလိုနာအသင်းဟာ တနင်္ဂနွေနေ့မှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ဒမ်ဘီလီကို ထည့်သွင်းကစားခွင့်ပေးလိုက်ရင် အသင်းအနေနဲ့ ငွေကုန်ကြေးကျပိုများနိုင်တယ်လို့ သိရပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ ဖော်ပြထားခြင်းမရှိတဲ့ အခကြေးငွေက ဘယ်လောက်လဲဆိုတဲ့အပေါ်မှာ ပြဿနာမရှိပေမယ့်လည်း ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ် ထပ်မချုပ်တော့မှာသေချာတဲ့ ဒမ်ဘီလီဖြစ်နေတာကြောင့်သာ ပြဿနာဖြစ်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီအတွက် ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပလုံခဲ့ရသလို ၂၀၂၂ ခုနှစ်ကျမှ အမှန်တကယ် ကောင်းကောင်း စကစားခဲ့တဲ့ ကစားသမားတစ်ယောက်ကို ထပ်ဆောင်းပေးချေမှုတွေနဲ့ လမ်းခွဲရမယ်ဆိုရင် မိအေး ၂ ခါနာရမှာဖြစ်ပြီး ဒမ်ဘီလီကတော့ အပိုငွေကြေးလေးပိုက်ပြီး အခြားဥရောပပြိုင်ဘက်အသင်းတွေဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြုံးပြုံးကြီး ထွက်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် ဇာဗီအနေနဲ့ ဒမ်ဘီလီကို တနင်္ဂနွေနေ့မှာ အရန်ခုံထိုင်ခိုင်းထားပြီး နူးကမ့်က နောက်ဆုံးပွဲစဉ်မှာ ပြင်သစ်တောင်ပံကစားသမားကို ပရိသတ်တွေနဲ့ နှုတ်ဆက်ခွင့်မပေးဘဲ ရူးချင်ယောင် ဆောင်နေရမယ့်ကိန်းဆိုက်နေပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အူ႔စ္မန္ ဒမ္ဘီလီရဲ့ ဘာစီလိုနာအသင္းအတြက္ ေနာက္ဆုံးပါဝင္ကစားေပးမယ့္ပြဲစဥ္ဟာ ကတ္တလန္ထိပ္သီးအသင္းႀကီးကို ေငြေၾကးမ်ားစြာ ပိုမို ကုန္က်ေစလိမ့္မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ေဒါ့မြန္အသင္းကေန အပိုထပ္ေဆာင္းေပးေခ်မႈေတြ ပါဝင္ရင္ ယူရို သန္း ၁၅၀ ေက်ာ္ဝန္းက်င္ရွိတဲ့ ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕လာခဲ့ ျပင္သစ္ေတာင္ပံကစားသမားဟာ ဘာစီလိုနာအသင္းအတြက္ ႀကီးမားတဲ့ ဆုံးရႈံးနစ္နာမႈတစ္ခုျဖစ္ခဲ့ပါတယ္။

ေနာက္ထပ္ပ်ံ႕ႏွံ့လာတဲ့ ေကာလာဟလတစ္ခုအရ ဒမ္ဘီလီဟာ အသင္းအတြက္ ပြဲေပါင္း ၁၅၀ ေက်ာ္ ပါဝင္ကစားေပးခဲ့မယ္ဆိုရင္ ဘာစီလိုနာအသင္းအေနနဲ႔ ေနာက္ထပ္ ေငြေၾကး ထပ္ေဆာင္းေပးေခ်ရဦးမယ္ရမယ္ဆိုတဲ့ အခ်က္တစ္ခ်က္ စာခ်ဳပ္ထဲမွာ ပါဝင္ေနတယ္လို႔ သိရပါတယ္။

ျပင္သစ္လက္ေရြးစင္ၾကယ္ပြင့္ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ေဆး႐ုံကုတင္နဲ႔ အရန္ခုံတန္းကို ကူးခ်ည္သန္းခ်ည္လုပ္ေနခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းမွာ ရွိေနခဲ့တဲ့ ၅ ႏွစ္တာကာလအတြင္း ၁၄၉ ပြဲသာ ပါဝင္ကစားေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ဇာဗီရဲ့ ဘာစီလိုနာအသင္းဟာ တနဂၤေႏြေန႔မွာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္အဆင့္အထိ တက္လွမ္းနိုင္ခဲ့တဲ့ ဗီလာရီးရဲလ္နဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး အဲဒီပြဲစဥ္မွာ ဒမ္ဘီလီကို ထည့္သြင္းကစားခြင့္ေပးလိုက္ရင္ အသင္းအေနနဲ႔ ေငြကုန္ေၾကးက်ပိုမ်ားနိုင္တယ္လို႔ သိရပါတယ္။

ပုံမွန္အားျဖင့္ဆိုရင္ေတာ့ ေဖာ္ျပထားျခင္းမရွိတဲ့ အခေၾကးေငြက ဘယ္ေလာက္လဲဆိုတဲ့အေပၚမွာ ျပႆနာမရွိေပမယ့္လည္း ဇြန္လ ၃၀ ရက္ေန႔မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး စာခ်ဳပ္သစ္ ထပ္မခ်ဳပ္ေတာ့မွာေသခ်ာတဲ့ ဒမ္ဘီလီျဖစ္ေနတာေၾကာင့္သာ ျပႆနာျဖစ္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဒမ္ဘီလီအတြက္ ႀကီးမားတဲ့ ေျပာင္းေရႊ႕ေၾကး ပလုံခဲ့ရသလို ၂၀၂၂ ခုႏွစ္က်မွ အမွန္တကယ္ ေကာင္းေကာင္း စကစားခဲ့တဲ့ ကစားသမားတစ္ေယာက္ကို ထပ္ေဆာင္းေပးေခ်မႈေတြနဲ႔ လမ္းခြဲရမယ္ဆိုရင္ မိေအး ၂ ခါနာရမွာျဖစ္ၿပီး ဒမ္ဘီလီကေတာ့ အပိုေငြေၾကးေလးပိုက္ၿပီး အျခားဥေရာပၿပိဳင္ဘက္အသင္းေတြဆီကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ျပဳံးျပဳံးႀကီး ထြက္သြားမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ဇာဗီအေနနဲ႔ ဒမ္ဘီလီကို တနဂၤေႏြေန႔မွာ အရန္ခုံထိုင္ခိုင္းထားၿပီး ႏူးကမ့္က ေနာက္ဆုံးပြဲစဥ္မွာ ျပင္သစ္ေတာင္ပံကစားသမားကို ပရိသတ္ေတြနဲ႔ ႏႈတ္ဆက္ခြင့္မေပးဘဲ ႐ူးခ်င္ေယာင္ ေဆာင္ေနရမယ့္ကိန္းဆိုက္ေနၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.